ခပ္မိုက္မိုက္ ဟာသဗီဒီယိုေတြကို ေဖ့ဘုတ္ေပၚတင္ျပီး Socail Media ေပၚမွာ လူေတာ္ေတာ္မ်ားမ်ားရဲ့ အားေပးမႈကို ရထားတဲ့ စတီဗင္ေဇာ္ၾကီးကိုေတာ့ ရင္းႏွီးၾကမွာပါ။ အသက္ရြယ္တခုကို ရေနျပီျဖစ္ေသ္ာလည္း သူ႔ရဲ့ဒီဇိုင္း၊ ဗီဒီယိုေတြကေတာ့ လူငယ္ေတြၾကားမွာ ျဖစ္ေနတဲ့အရာေတြ။ ႏိုင္ငံေရးေထာက္ကြက္ေတြကို ခ်ျပခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေတာ္ေတာ္မ်ားမ်ားက အားေပးလက္ခံလာၾကာတာ ျဖစ္ပါတယ္။ စတီဗင္ေဇာ္ၾကီးကေတာ့ ယခုေနာက္ပိုင္းမွာ ဟာသ ဗီဒီယိုေလးေတြ သိပ္မလုပ္ေတာ့တာေၾကာင့္ ပရိသတ္ေတြကို ေမးခြန္းထုတ္လာျပီး ဒီကိစၥနဲ႔ ပတ္သက္ျပီး ေျဖရွင္းသြားခဲ့တာ ျဖစ္ပါတယ္။

အင္တာဗ်ဴးမွာေတာ့ စတီဗင္ေဇာ္ၾကီးက အရင္လို Online သိပ္မသံုးျဖစ္တာနဲ႔ ပတ္သက္ျပီး “ဒီလိုအရာေတြေပၚမွာ အနည္းငယ္ျငီးေငြ႔သြားတာလည္း ျဖစ္ပါတယ္။ ျပီးေတာ့ ကိုယ္ပိုင္စီးပြားေရးဖက္ကိုလည္း လုပ္လာတာ ပါတာေပါ့။ အဲ့ဒါေၾကာင့္ ဦးေဇာ္သိပ္မသံုးျဖစ္ေတာ့တာပါ”

Video မလုပ္ျဖစ္တဲ့ကာလမွာ ဘာေတြလုပ္ေနလဲဆိုတဲ့ အေပၚမွာေတာ့ “မလုပ္ျဖစ္တဲ့ၾကားမွာေတာ့ ကိုယ္ပိုင္စီးပြားေရးေလး လုပ္ျဖစ္တယ္။ တခါတေလေတာ့ ျဖစ္ပ်က္ေနတာေလးေတြကို ေထာက္ျပတယ္။ ပရဟိတေလးေတြ လုပ္ျဖစ္တယ္။ သိပ္ျပီးလူမသိသူမသိတ့ဲ ပရဟိတေလးေတြေတာ့ လုပ္ျဖစ္ပါတယ္”

ဘာေၾကာင့္ Video ေတြကို အရင္လိုအမ်ားၾကီး မလုပ္ျဖစ္တာလဲဆိုတဲ့ ေမးခြန္းကိုေတာ့ “ဘာလို႔မလုပ္ျဖစ္တာလဲဆိုေတာ့ ဒီေပၚမွာလည္း အာရံုနည္းသြားတာလည္း ပါပါတယ္။ ဒီအေပၚမွာကလည္း ကိုယ့္အေပၚဘာမွ အက်ိဳးသက္ေရာက္မႈမရွိတာေၾကာင့္လည္း ပါပါတယ္”

Facebook မွာထင္ေပၚေက်ာ္ၾကားမႈ လုပ္လာၾကတဲ့အေပၚမွာ ဦးေဇာ္အျမင္က “တခ်ိဳ႔ကေလးေတြကလည္း ဒီေပၚမွာ Attention ယူတယ္။ သူတို႔ကို လူသိေစခ်င္တယ္။ အထူးသျဖင့္ မိန္းကေလးေတြေပါ့ သူတို႔ကိုလူတအားသိေစခ်င္တယ္။ အားစိုက္မႈကဘာလဲေပါ့။ ဒီအေပၚမွာ ၈၀ ရာခိုင္ႏႈန္းေလာက္ စိတ္ပါေနရင္ေတာ့ တမ်ိဳးေပါ့။ အက်ိဳးသက္ေရာက္မႈ မရွိပဲနဲ႔ေတာ့မလုပ္သင့္ဘူး။ လတ္တေလာမွာပဲ လူၾကည့္မယ္ လူသိတယ္။ အဲ့ေလာက္ပဲ။ တကယ္ေတာ့ဘာအက်ိဳးမွ သက္ေရာက္မႈမရွိဘူးေလ”

၂၀၁၉ မွာ Video အသစ္ေတြ လုပ္ဖို႔ရွိလားဆိုတဲ့အေပၚမွာေတာ့ “၂၀၁၉ ထဲမွာေတာ့ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေလးေတြ ရွိလာရင္ေတာ့ ဦးေဇာ္ေထာက္ျပသြားမယ္ေလ။ ဦးေဇာ္လိုအပ္လို႔ရွိရင္ ျပန္ေထာက္ဖို႔ေတာ့ ဦးေဇာ္ျပန္လာမွာပါ”

အရင္ Video ကိုစလုပ္ေတာ့ ႏိုင္ငံေရးအတြက္လားဆိုတဲ့ အေပၚမွာေတ့ာ “အစကေတာ့ အေပ်ာ္သက္သက္ပါပဲ။ ေနာက္ပိုင္းေတာ့ လုပ္ရင္းလုပ္ရင္း ႏိုင္ငံေရး ေထာက္ကြက္ေလးေတြကို ျမင္ရင္းနဲ႔ ႏိုင္ငံေရး ေထာက္ကြက္ေလးကို ဝါသနာပါသြားတယ္။ ဒါေပမယ့္လည္း ဒီဖက္ေခတ္ကေတာ့ အရင္လို စိတ္လြတ္ကိုယ္လြတ္ မလုပ္ရဲေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ဒီဖက္ေခတ္က နည္းနည္းအမွားမခံဘူး။ အရင္အစိုးရေတြ အာဏာလုတုန္းက ေထာက္ျပတာက ဦးေဇာ္တို႔အတြက္ ျပသာနာမရွိပါဘူး။ ဒီဖက္ေခတ္မွာ ေထာက္ျပလို႔ရွိရင္ သူက ၅၀၅ နဲ႔ ညိွႏိုင္တယ္။ ဒါေၾကာင့္ ဦးေဇာ္တို႔ စိတ္လြတ္ကိုယ္လြတ္ မေထာက္ျပရဲေတာ့ဘူး” ဟု ေျပာၾကားသြား ခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

# Unicode Version # ျဖင့္ ဖတ္ပါ #

ခပ်မိုက်မိုက် ဟာသဗီဒီယိုတွေကို ဖေ့ဘုတ်ပေါ်တင်ပြီး Socail Media ပေါ်မှာ လူတော်တော်များများရဲ့ အားပေးမှုကို ရထားတဲ့ စတီဗင်ဇော်ကြီးကိုတော့ ရင်းနှီးကြမှာပါ။ အသက်ရွယ်တခုကို ရနေပြီဖြစ်သေ်ာလည်း သူ့ရဲ့ဒီဇိုင်း၊ ဗီဒီယိုတွေကတော့ လူငယ်တွေကြားမှာ ဖြစ်နေတဲ့အရာတွေ။ နိုင်ငံရေးထောက်ကွက်တွေကို ချပြခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တော်တော်များများက အားပေးလက်ခံလာကြာတာ ဖြစ်ပါတယ်။ စတီဗင်ဇော်ကြီးကတော့ ယခုနောက်ပိုင်းမှာ ဟာသ ဗီဒီယိုလေးတွေ သိပ်မလုပ်တော့တာကြောင့် ပရိသတ်တွေကို မေးခွန်းထုတ်လာပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းသွားခဲ့တာ ဖြစ်ပါတယ်။

အင်တာဗျူးမှာတော့ စတီဗင်ဇော်ကြီးက အရင်လို Online သိပ်မသုံးဖြစ်တာနဲ့ ပတ်သက်ပြီး “ဒီလိုအရာတွေပေါ်မှာ အနည်းငယ်ငြီးငွေ့သွားတာလည်း ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်စီးပွားရေးဖက်ကိုလည်း လုပ်လာတာ ပါတာပေါ့။ အဲ့ဒါကြောင့် ဦးဇော်သိပ်မသုံးဖြစ်တော့တာပါ”

Video မလုပ်ဖြစ်တဲ့ကာလမှာ ဘာတွေလုပ်နေလဲဆိုတဲ့ အပေါ်မှာတော့ “မလုပ်ဖြစ်တဲ့ကြားမှာတော့ ကိုယ်ပိုင်စီးပွားရေးလေး လုပ်ဖြစ်တယ်။ တခါတလေတော့ ဖြစ်ပျက်နေတာလေးတွေကို ထောက်ပြတယ်။ ပရဟိတလေးတွေ လုပ်ဖြစ်တယ်။ သိပ်ပြီးလူမသိသူမသိတဲ့ ပရဟိတလေးတွေတော့ လုပ်ဖြစ်ပါတယ်”

ဘာကြောင့် Video တွေကို အရင်လိုအများကြီး မလုပ်ဖြစ်တာလဲဆိုတဲ့ မေးခွန်းကိုတော့ “ဘာလို့မလုပ်ဖြစ်တာလဲဆိုတော့ ဒီပေါ်မှာလည်း အာရုံနည်းသွားတာလည်း ပါပါတယ်။ ဒီအပေါ်မှာကလည်း ကိုယ့်အပေါ်ဘာမှ အကျိုးသက်ရောက်မှုမရှိတာကြောင့်လည်း ပါပါတယ်”

Facebook မှာထင်ပေါ်ကျော်ကြားမှု လုပ်လာကြတဲ့အပေါ်မှာ ဦးဇော်အမြင်က “တချို့ကလေးတွေကလည်း ဒီပေါ်မှာ Attention ယူတယ်။ သူတို့ကို လူသိစေချင်တယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့ သူတို့ကိုလူတအားသိစေချင်တယ်။ အားစိုက်မှုကဘာလဲပေါ့။ ဒီအပေါ်မှာ ၈၀ ရာခိုင်နှုန်းလောက် စိတ်ပါနေရင်တော့ တမျိုးပေါ့။ အကျိုးသက်ရောက်မှု မရှိပဲနဲ့တော့မလုပ်သင့်ဘူး။ လတ်တလောမှာပဲ လူကြည့်မယ် လူသိတယ်။ အဲ့လောက်ပဲ။ တကယ်တော့ဘာအကျိုးမှ သက်ရောက်မှုမရှိဘူးလေ”

၂၀၁၉ မှာ Video အသစ်တွေ လုပ်ဖို့ရှိလားဆိုတဲ့အပေါ်မှာတော့ “၂၀၁၉ ထဲမှာတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလေးတွေ ရှိလာရင်တော့ ဦးဇော်ထောက်ပြသွားမယ်လေ။ ဦးဇော်လိုအပ်လို့ရှိရင် ပြန်ထောက်ဖို့တော့ ဦးဇော်ပြန်လာမှာပါ”

အရင် Video ကိုစလုပ်တော့ နိုင်ငံရေးအတွက်လားဆိုတဲ့ အပေါ်မှာတေ့ာ “အစကတော့ အပျော်သက်သက်ပါပဲ။ နောက်ပိုင်းတော့ လုပ်ရင်းလုပ်ရင်း နိုင်ငံရေး ထောက်ကွက်လေးတွေကို မြင်ရင်းနဲ့ နိုင်ငံရေး ထောက်ကွက်လေးကို ဝါသနာပါသွားတယ်။ ဒါပေမယ့်လည်း ဒီဖက်ခေတ်ကတော့ အရင်လို စိတ်လွတ်ကိုယ်လွတ် မလုပ်ရဲတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီဖက်ခေတ်က နည်းနည်းအမှားမခံဘူး။ အရင်အစိုးရတွေ အာဏာလုတုန်းက ထောက်ပြတာက ဦးဇော်တို့အတွက် ပြသာနာမရှိပါဘူး။ ဒီဖက်ခေတ်မှာ ထောက်ပြလို့ရှိရင် သူက ၅၀၅ နဲ့ ညှိနိုင်တယ်။ ဒါကြောင့် ဦးဇော်တို့ စိတ်လွတ်ကိုယ်လွတ် မထောက်ပြရဲတော့ဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top