စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×


ဟယ္ရီကိန္းအေနနဲ႔ တစ္ခ်ိန္မွာ စပါးအသင္းရဲ႕ ဂိုးအမ်ားဆုံး သြင္းထားသူ ဂ်င္မီဂရီဗက္စ္ကို ေက်ာ္လြန္ၿပီး စပါးအသင္းအတြက္ ဂိုးအမ်ားဆုံးသြင္းယူသူ ျဖစ္လာမယ္လို႔ ကစားသမားေဟာင္း ေရာ္ဘီကိန္းက သုံးသပ္ထားပါတယ္။

ခ်ဲလ္ဆီးကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္မွာ ဟယ္ရီကိန္းက အသင္းအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ပင္နယ္တီ ျပစ္ဒဏ္ေဘာက တဆင့္ သြင္းယူေပးခဲ့ပါတယ္။


မူလက သြင္းဂိုး ၁၅၉ ဂိုးနဲ႔ အသင္းသမိုင္းတစ္ေလွ်ာက္ ၆ ဦးေျမာက္ ဂိုးအမ်ားဆုံး သြင္းထားသူ အျဖစ္ ရွိေနရာမွ ယခုအခါ သြင္းဂိုး ၁၆၀ ျပည့္ေျမာက္သြားၿပီ ျဖစ္လို႔ ကစားသမားေဟာင္းႀကီး ကလစ္ဖ္ဂ်ဳံးကို ေက်ာ္ျဖတ္ၿပီး အဆင့္ ၄ေနရာမွာ တက္လွမ္းရယူထားပါၿပီ။

အခုလို ေျခစြမ္းျပ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းကို စပါး ကစားသမားေဟာင္း ႀကီး ေရာ္ဘီကိန္းက - “ သူအသင္းမွာ အခ်ိန္အၾကာႀကီး ဆက္ရွိေနမွာပါ။ဒီလို ေနရဖို႔ သူကိုယ္တိုင္လည္း ေနခ်င္မယ္လို႔ ယုံၾကည္ပါတယ္။တစ္ခ်ိန္မွာ အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားတဲ့ ဂ်င္မီကို ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။” လို႔ ပြဲသုံးသပ္မႈ အစီအစဥ္မွာ ေျပာသြားပါတယ္။


စပါးအသင္း သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားသူက ၁၉၆၅ ခုႏွစ္ေလာက္က တိုက္စစ္မႉး ဂ်င္မီဂရီဗက္စ္ ျဖစ္ၿပီး စုစုေပါင္း သြင္းဂိုး ၂၆၆ ဂိုးသြင္းထားတာပါ။

အဲ့ေနာက္ေဘာ္ဘီစမစ္က ၂၀၈ ဂိုး၊မာတင္ခ်ီဗာက ၁၇၄ ဂိုးနဲ႔ ဒုတိယနဲ႔ တတိယေနရာေတြမွာ အသီးသီး ရပ္ တည္ေနၾကပါတယ္။

စပါးအသင္းကေတာ့ လာမယ့္ တနဂၤေႏြေန႔မွာ မန္ယူအသင္းကို ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အိမ္ကြင္း ဧည့္ခံ ကစားရပါဦးမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ဟယ်ရီကိန်းအနေနဲ့ တစ်ချိန်မှာ စပါးအသင်းရဲ့ ဂိုးအများဆုံး သွင်းထားသူ ဂျင်မီဂရီဗက်စ်ကို ကျော်လွန်ပြီး စပါးအသင်းအတွက် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာမယ်လို့ ကစားသမားဟောင်း ရော်ဘီကိန်းက သုံးသပ်ထားပါတယ်။

ချဲလ်ဆီးကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ဟယ်ရီကိန်းက အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီ ပြစ်ဒဏ်ဘောက တဆင့် သွင်းယူပေးခဲ့ပါတယ်။

မူလက သွင်းဂိုး ၁၅၉ ဂိုးနဲ့ အသင်းသမိုင်းတစ်လျှောက် ၆ ဦးမြောက် ဂိုးအများဆုံး သွင်းထားသူ အဖြစ် ရှိနေရာမှ ယခုအခါ သွင်းဂိုး ၁၆၀ ပြည့်မြောက်သွားပြီ ဖြစ်လို့ ကစားသမားဟောင်းကြီး ကလစ်ဖ်ဂျုံးကို ကျော်ဖြတ်ပြီး အဆင့် ၄နေရာမှာ တက်လှမ်းရယူထားပါပြီ။

အခုလို ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို စပါး ကစားသမားဟောင်း ကြီး ရော်ဘီကိန်းက - “ သူအသင်းမှာ အချိန်အကြာကြီး ဆက်ရှိနေမှာပါ။ဒီလို နေရဖို့ သူကိုယ်တိုင်လည်း နေချင်မယ်လို့ ယုံကြည်ပါတယ်။တစ်ချိန်မှာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ ဂျင်မီကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။” လို့ ပွဲသုံးသပ်မှု အစီအစဉ်မှာ ပြောသွားပါတယ်။

စပါးအသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူက ၁၉၆၅ ခုနှစ်လောက်က တိုက်စစ်မှူး ဂျင်မီဂရီဗက်စ် ဖြစ်ပြီး စုစုပေါင်း သွင်းဂိုး ၂၆၆ ဂိုးသွင်းထားတာပါ။

အဲ့နောက်ဘော်ဘီစမစ်က ၂၀၈ ဂိုး၊မာတင်ချီဗာက ၁၇၄ ဂိုးနဲ့ ဒုတိယနဲ့ တတိယနေရာတွေမှာ အသီးသီး ရပ် တည်နေကြပါတယ်။

စပါးအသင်းကတော့ လာမယ့် တနင်္ဂနွေနေ့မှာ မန်ယူအသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်း ဧည့်ခံ ကစားရပါဦးမယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top