ျမန္မာ့သမိုင္းရာဇဝင္ထဲမွာမိမိရဲ႕တိုင္းျပည္ သာယာစည္ပင္ဝေျပာဖို႔အတြက္
မိမိတို႕၏ ဘုန္းလက္ရံုးဉာဏ္စြမ္းကို အသံုးခ်ၿပီး မင္းက်င့္တရားမ်ားနဲ႔အညီ တိုင္းျပည္ကို အုပ္ခ်ဳပ္
မင္းလုပ္ခဲ့ၾကတဲ့ ဘုရင္မင္းျမတ္ေတြမ်ားစြာရွိခဲ့ၾကတယ္။

အဲဒီမင္းေတြထဲမွာ တစ္ခ်ိဳ႕ေသာမင္းေတြဟာ မိမိထီးနန္းရရွိေရးအတြက္ မိမိရဲ႕ အဖ၊ေသြးရင္းသားရင္းေတြကို သတ္ျဖတ္သုတ္သင္ၿပီး
ေသြးစြန္းေသာလက္မ်ားျဖင့္ အာဏာပလႅင္ေပၚကိုတက္လွမ္းခဲ့ၾကသူမ်ားလည္းရွိခဲ့ၾကသလို တစ္ခ်ိဳ႕ေသာမင္းေတြၾကေတာ့ မိမိရဲ႕ဘုန္းလက္ရံုးအာဏာကို ဆထက္တပိုးတိုးတက္ေအာင္ အျခားေသာ တိုင္းႏိုင္ငံမ်ားကို စစ္တိုက္ၿပီး နိုင္ငံကို တည္ေဆာက္ခဲ့ၾကတယ္။

အဲဒီလိုမင္းေတြ ဘုရင္ေတြထဲမွာ မိမိရရွိၿပီး
ျဖစ္တဲ့ ရာဇပလႅင္ကို ၾကည္ျဖဴစြာနဲ႔ စြန္႔
လႊတ္ၿပီးမိမိထက္ ပိုၿပီး ႏိုင္ငံကို အက်ိဳးျပဳႏိုင္မဲ့ သူကို ထီး
နန္းလႊဲအပ္ႏိုင္ခဲ့တဲ့ မင္းမ်ိဳးကေတာ့ ျမန္မာ့သမိုင္း
ရာဇဝင္မွာ အလြန္ရွားပါးခဲ့ပါတယ္ ။

မိမိထက္သာလြန္ေသာ ဘုန္းလက္ရံုးရွိသူအေပၚမွာ မနာလိုဝန္တို မစၧရိယစိတ္ကင္းစြာနဲ႔ ၾကည္ျဖဴႏိုင္တဲ့စိတ္( မုဒိတာ) ၊မိမိရရွိေနတဲ့မင္းစည္းစိမ္ကို စြဲလန္းတက္မက္မွဳ႕ကင္းစြာနဲ႔ စြန္လႊတ္ရဲတဲ့စိတ္( ဥပကၡာ)၊မိမိရဲ႕ ေသြးရင္းသားရင္းအေပၚမွာ၊ တိုင္းသူျပည္သားေတြအေပၚမွာထားရွိတဲ့ ျဖဴစင္တဲ့စိတ္( ေမတၱာ)၊ မိမိရဲ႕ကတိစကားကို တည္ၾကည္စြာနဲ႔ လိုက္နာေစာင့္ထိန္းႏိုင္တဲ့ (သစၥာ) စတဲ့ ျဗဟၼစိုရ္တရားနဲ႔အညီ
ေနထိုင္က်င့္သံုးႏိုင္ခဲ့တဲ့ မင္းကေတာ့ ျမန္မာ့ရာဇဝင္မွာ တပါးတည္းသာရွိခဲ့ပါတယ္။

အဲဒီမင္းကေတာ့ ပင္းယေခတ္မွာ ေပၚထြန္းခဲ့တဲ့ဥဇနာမင္းပဲျဖစ္ပါတယ္။

ဥဇနာမင္းဟာ ပင္းယမင္းဆက္မွာ ဒုတိယေျမာက္မင္းျဖစ္ခဲ့ၿပီး ပင္းယမင္းဆက္ကို တည္ေထာင္ခဲ့တဲ့တစီးရွင္ သီဟသူကို ဆက္ခံခဲ့သူျဖစ္ပါတယ္။ သကၠရာဇ္ ၁၃၂၄ မွ ၁၃၄၃ ထိ ပင္းယနန္းကိုစံခဲ့သူျဖစ္ပါတယ္။

ဥဇနာ ဟာ ပုဂံမင္း က်စြာႏွင့္ မိဖုရား မိေစာဦးတို႔မွ ဆင္းသက္သူျဖစ္သည္။ ပုဂံမင္းက်စြာကို ပင္းယမင္းဆက္တည္ေထာင္မည့္ သီဟသူညီေနာင္ သုံးဦးကနန္းခ်လုပ္ႀကံၿပီးေနာက္တြင္ဥဇနာအားကြယ္ဝန္လြယ္ထားသည့္ မိေစာဦးကို ပင္းယမင္းဆက္ရဲ႕ ပထမမင္း တစီးရွင္သီဟသူ က သိမ္းပိုက္ကာ
မိဖုရားေျမာက္ခဲ့သည္ ။ တစီးရွင္ သီဟသူသည္ မိဖုရား မိေစာဦးကို အလြန္ခ်စ္ျမတ္ႏိုးလွ၍ မိမိ၏ ဒူးမနာသားျဖစ္ေသာ ဥဇနာကိုလည္း သားရင္းကဲ့သို႔ေမတၱာထားခဲ့သည္။

ဥဇနာဟာ ငယ္စဥ္ကတည္းက မ်က္ႏွာျမင္ခ်စ္ခင္ပါေစဟူေသာ ဆုေတာင္းျပည့္ခဲ့သူျဖစ္ၿပီး ငယ္စဥ္ကတည္းက သိမ့္ေမြ႕စြာ ေနထိုင္ေျပာဆိုတတ္သူျဖစ္ေသာေၾကာင့္ လူခ်စ္လူခင္ ေပါမ်ားသူျဖစ္ခဲ့သည္ ။
လက္ေအာက္ငယ္သားမင္းမွဳ႕ထမ္းမ်ားအေပၚတြင္လည္း မင္းသားဟူေသာ ဂုဏ္ျဖင့္ ေမာက္မာ ျခင္းအလ်င္းမရွိပဲ ခ်ိဳသာပ်ဴငွာစြာ ေျပာဆိုဆက္ဆံေသာေၾကာင့္ အမွဳ႕ထမ္းမ်ားက အလြန္ျမတ္ႏိုး ႐ိုက်ိဳးၾကသည္။ ငယ္စဥ္ကတည္းက ဗုဒၶတရားေတာ္ စာေပက်န္းဂန္မ်ားကို ဆရာေတာ္မ်ားထံမွ ေလ့လာသင္ယူခဲ့သည္။

ေနာင္တြင္ တစီးရွင္သီဟသူကြယ္လြန္ေသာအခါ မွဴးမတ္မ်ား ၊ျပည္သူမ်ား၏ ေထာက္ခံမွဳ႕ျဖင့္ သီဟသူ၏သားရင္းမဟုတ္ေသာ္လည္း ပင္းယ နန္းကို ဆက္ခံခြင့္ရခဲ့သည္။

ဥဇနာ တြင္ မိမိႏွင့္ အမိတူအဖကြဲ ညီေတာ္တစ္ေယာက္ရွိသည္ ။ ထိုညီျဖစ္သူမွာ ေနာင္တခ်ိန္တြင္
ျမန္မာ့သမိုင္း၌ ငါးစီးရွင္ေက်ာ္စြာဟု ထင္ရွားလာမည့္ ေက်ာ္စြာမင္းသားငယ္ျဖစ္သည္ ။

ေက်ာ္စြာသည္ အဖ တစီးရွင္ သီဟသူ အမိ မိဖုရား မိေစာဦး တို႔မွ ဖြားျမင္ေသာ သားျဖစ္သည္ ။ ငယ္စဥ္ကတည္းက လ်ာစက္အာစက္ အာဏာစက္ျပင္း၍
လူတိုင္းက႐ိုေသခန္႔ညားရသည္ဟု ဆိုသည္။သို႔ေသာ္ ဖခင္သီဟသူက သူ႔ကို အိမ္ေရွ႕အရာ မေပးခဲ့ပဲ ငယ္ေသးသည္ဟုဆိုကာ ပင္လယ္ၿမိဳ႕ကိုသာ စားေစခဲ့သည္။

ေက်ာ္စြာ မင္းသားငယ္သည္ ပင္လယ္စားမင္းသား အျဖစ္ႏွင့္ပင္ ဆင္ျဖဴငါးစီးကို ကိုယ္တိုင္ပင္ ေက်ာ့ဖမ္း၍ရယူနိုင္ခဲ့သည္။ ဆင္ျဖဴမ်ားကို လွိုင္းတက္၊ မုံေတာေျမာင္းက်ပ္၊ ပ်က္စြယ္ေတာင္ေျခ၊ စမုံေခ်ာင္းဖ်ား၊ဘသန္းကိုး႐ြာေျမာက္ပိုင္းရွိ ၫႊန္က်ဳံး တို႔မွ အသီးသီးရရွိခဲ့ေလသည္။ ရရွိလာသည့္ဆင္ျဖဴေတာ္မ်ားကို ဘြဲ႕အားျဖင့္

၁-ပုလဲတမူး၊
၂-မဟာေကသရ၊
၃-သန္ျမန္စြာ၊
၄-ဥေပါသထာ၊
၅-ခ်စ္စြာမရဲ

စသည္ျဖင့္ အမည္ ေပးခဲ့သည္။

လက္ေအာက္ခံၿမိဳ႕စားသာျဖစ္ေသာ ေက်ာ္စြက ပထမဆင္ျဖဴရရွိေၾကာင္းကို အေထာက္ေတာ္က လာေရာက္ေလွ်ာက္တင္ေသာအခါ ဥဇနာမင္းသည္ အျခားေသာ မင္းမ်ားကဲ့သို႔ မိမိထက္ ရာထူးဂုဏ္ငယ္သူက မိမိထက္ ထူးျမတ္ေသာ ဂုဏ္ရရွိခဲ့သည္ကို မနာလိုစိတ္ လံုးဝမျဖစ္ပဲ

" ေအာ္ ငါ့ညီ ဆင္ျဖဴရသကိုး ၊ဝမ္းသာေပစြ"

ဟုဆိုကာ လာေရာက္ သံေတာ္ဦးတင္ေသာ အေထာက္ေတာ္ကိုပင္
ဆုလဒ္ ခ်ီးျမႇင့္ခဲ့သည္။ ဒုတိယအစီးမွ ပဥၥမ အစီးသည့္တိုင္ေအာင္ လာေရာက္ေလွ်ာက္ထားေသာ အေထာက္ေတာ္ကို ဝမ္းေျမာက္စကားဆိုၿပီး ဆုလဒ္ေပးသနားခဲ့သည္။

ဆင္ျဖဴမ်ားကို သိမ္းယူဖို႔ အၾကံ့ေပးၾကေသာ မွဴးမတ္မ်ား၏ ေလွ်ာက္ထား
ခ်က္ကိုလည္း " သူနဲ႔ထိုက္လို႔ရတာ ၊ငါ့ညီရပါေစကြာ" ဟုဆိုၿပီး ျငင္းပယ္ခဲ့ေလသည္။

ပင္လယ္စား ညီငယ္ ေက်ာ္စြာမွ ဆင္ျဖဴငါးစီးရသည့္ အေၾကာင္းၾကားေသာ္ "ငါ့ညီ ငါ့စည္းစိမ္ကို ယူပါေတာ့။ ငါမူကား ငါ့ေကာင္းမႈ စကားခုႏွစ္ေက်ာင္းကို လႈလိုသမွ် လႈ၍ ေနေတာ့မည္။"ဟုဆိုကာ ညီေတာ္အားထီး နန္းအပ္လိုက္ေလေတာ့သည္။

သို႔ျဖင့္ ဥဇနာမင္း သည္ ၾကည္ျဖဴစြာပင္
နန္းေတာ္အေနာက္တံခါးမွ ထြက္ၿပီး ညီျဖစ္သူ ငါးစီးရွင္ေက်ာ္စြာ ကိုအေရွ႕တံခါးမွ ဝင္ေစ၍ မင္းျပဳေစသည္။ ထို႔ေနာက္ ဥဇနာမင္းသည္ မိမိဆိုခဲ့သည့္ကတိစကားအတိုင္း ပင္းယစကားခုႏွစ္ေက်ာင္းတြင္ ေနထိုင္ကာ ေန႔စဥ္တရားဘာဝနာပြားမ်ား၊ အလွဴႀကီးေပးၿပီး ကုသိုလ္ပြားမ်ားလ်က္ ႏွစ္အနည္းငယ္အၾကာတြင္ မကၡရာဝန္းက်င္တြင္ ေတာထြက္ ရဟန္းျပဳသြားခဲ့ေလသည္။

ဥဇနာမင္းသည္ နန္းသက္ကာလအတြင္းတြင္လည္း ေကာင္းမႈ့ကုသိုလ္အေျမာက္အမ်ားကို ျပဳလုပ္ခဲ့သည္။ ဗုဒၶသာသနာေတာ္ကို ခ်ီးေျမာက္ခဲ့ၿပီး သူ႔လက္ထက္တြင္ ရဟန္းပညာရွိ၊ လူပညာရွိမ်ား အလြန္ေပါမ်ားကာ သာသနာ ထြန္းေတာက္ခဲ့သည္။ ဥဇနာမင္း၏ ထင္ရွားသည့္ ကုသိုလ္ေတာ္မွာ ပင္းယ စကားခုႏွစ္ေက်ာင္း ျဖစ္သည္။ အျခားေသာသူ၏ ေကာင္းမွဳ႕ေတာ္မ်ားမွ

ဇမၺဴက
ေဝဠဳဝန္
အိမ္နိမ့္
ေဇတဝန္
ကုလားေက်ာင္း
ေ႐ႊေက်ာင္း
ေတာင္စြန္ေက်ာင္း စသည္တို႔ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Melting Pot 4 U

# Unicode Version ျဖင့္ ဖတ္ပါ #

 မြန်မာ့သမိုင်းရာဇဝင်ထဲမှာမိမိရဲ့တိုင်းပြည် သာယာစည်ပင်ဝပြောဖို့အတွက်
မိမိတို့၏ ဘုန်းလက်ရုံးဉာဏ်စွမ်းကို အသုံးချပြီး မင်းကျင့်တရားများနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်
မင်းလုပ်ခဲ့ကြတဲ့ ဘုရင်မင်းမြတ်တွေများစွာရှိခဲ့ကြတယ်။

အဲဒီမင်းတွေထဲမှာ တစ်ချို့သောမင်းတွေဟာ မိမိထီးနန်းရရှိရေးအတွက် မိမိရဲ့ အဖ၊သွေးရင်းသားရင်းတွေကို သတ်ဖြတ်သုတ်သင်ပြီး
သွေးစွန်းသောလက်များဖြင့် အာဏာပလ္လင်ပေါ်ကိုတက်လှမ်းခဲ့ကြသူများလည်းရှိခဲ့ကြသလို တစ်ချို့သောမင်းတွေကြတော့ မိမိရဲ့ဘုန်းလက်ရုံးအာဏာကို ဆထက်တပိုးတိုးတက်အောင် အခြားသော တိုင်းနိုင်ငံများကို စစ်တိုက်ပြီး နိုင်ငံကို တည်ဆောက်ခဲ့ကြတယ်။

အဲဒီလိုမင်းတွေ ဘုရင်တွေထဲမှာ မိမိရရှိပြီး
ဖြစ်တဲ့ ရာဇပလ္လင်ကို ကြည်ဖြူစွာနဲ့ စွန့်
လွှတ်ပြီးမိမိထက် ပိုပြီး နိုင်ငံကို အကျိုးပြုနိုင်မဲ့ သူကို ထီး
နန်းလွှဲအပ်နိုင်ခဲ့တဲ့ မင်းမျိုးကတော့ မြန်မာ့သမိုင်း
ရာဇဝင်မှာ အလွန်ရှားပါးခဲ့ပါတယ် ။

မိမိထက်သာလွန်သော ဘုန်းလက်ရုံးရှိသူအပေါ်မှာ မနာလိုဝန်တို မစ္ဆရိယစိတ်ကင်းစွာနဲ့ ကြည်ဖြူနိုင်တဲ့စိတ်( မုဒိတာ) ၊မိမိရရှိနေတဲ့မင်းစည်းစိမ်ကို စွဲလန်းတက်မက်မှု့ကင်းစွာနဲ့ စွန်လွှတ်ရဲတဲ့စိတ်( ဥပက္ခာ)၊မိမိရဲ့ သွေးရင်းသားရင်းအပေါ်မှာ၊ တိုင်းသူပြည်သားတွေအပေါ်မှာထားရှိတဲ့ ဖြူစင်တဲ့စိတ်( မေတ္တာ)၊ မိမိရဲ့ကတိစကားကို တည်ကြည်စွာနဲ့ လိုက်နာစောင့်ထိန်းနိုင်တဲ့ (သစ္စာ) စတဲ့ ဗြဟ္မစိုရ်တရားနဲ့အညီ
နေထိုင်ကျင့်သုံးနိုင်ခဲ့တဲ့ မင်းကတော့ မြန်မာ့ရာဇဝင်မှာ တပါးတည်းသာရှိခဲ့ပါတယ်။

အဲဒီမင်းကတော့ ပင်းယခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ဥဇနာမင်းပဲဖြစ်ပါတယ်။

ဥဇနာမင်းဟာ ပင်းယမင်းဆက်မှာ ဒုတိယမြောက်မင်းဖြစ်ခဲ့ပြီး ပင်းယမင်းဆက်ကို တည်ထောင်ခဲ့တဲ့တစီးရှင် သီဟသူကို ဆက်ခံခဲ့သူဖြစ်ပါတယ်။ သက္ကရာဇ် ၁၃၂၄ မှ ၁၃၄၃ ထိ ပင်းယနန်းကိုစံခဲ့သူဖြစ်ပါတယ်။

ဥဇနာ ဟာ ပုဂံမင်း ကျစွာနှင့် မိဖုရား မိစောဦးတို့မှ ဆင်းသက်သူဖြစ်သည်။ ပုဂံမင်းကျစွာကို ပင်းယမင်းဆက်တည်ထောင်မည့် သီဟသူညီနောင် သုံးဦးကနန်းချလုပ်ကြံပြီးနောက်တွင်ဥဇနာအားကွယ်ဝန်လွယ်ထားသည့် မိစောဦးကို ပင်းယမင်းဆက်ရဲ့ ပထမမင်း တစီးရှင်သီဟသူ က သိမ်းပိုက်ကာ
မိဖုရားမြောက်ခဲ့သည် ။ တစီးရှင် သီဟသူသည် မိဖုရား မိစောဦးကို အလွန်ချစ်မြတ်နိုးလှ၍ မိမိ၏ ဒူးမနာသားဖြစ်သော ဥဇနာကိုလည်း သားရင်းကဲ့သို့မေတ္တာထားခဲ့သည်။

ဥဇနာဟာ ငယ်စဉ်ကတည်းက မျက်နှာမြင်ချစ်ခင်ပါစေဟူသော ဆုတောင်းပြည့်ခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက သိမ့်မွေ့စွာ နေထိုင်ပြောဆိုတတ်သူဖြစ်သောကြောင့် လူချစ်လူခင် ပေါများသူဖြစ်ခဲ့သည် ။
လက်အောက်ငယ်သားမင်းမှု့ထမ်းများအပေါ်တွင်လည်း မင်းသားဟူသော ဂုဏ်ဖြင့် မောက်မာ ခြင်းအလျင်းမရှိပဲ ချိုသာပျူငှာစွာ ပြောဆိုဆက်ဆံသောကြောင့် အမှု့ထမ်းများက အလွန်မြတ်နိုး ရိုကျိုးကြသည်။ ငယ်စဉ်ကတည်းက ဗုဒ္ဓတရားတော် စာပေကျန်းဂန်များကို ဆရာတော်များထံမှ လေ့လာသင်ယူခဲ့သည်။

နောင်တွင် တစီးရှင်သီဟသူကွယ်လွန်သောအခါ မှူးမတ်များ ၊ပြည်သူများ၏ ထောက်ခံမှု့ဖြင့် သီဟသူ၏သားရင်းမဟုတ်သော်လည်း ပင်းယ နန်းကို ဆက်ခံခွင့်ရခဲ့သည်။

ဥဇနာ တွင် မိမိနှင့် အမိတူအဖကွဲ ညီတော်တစ်ယောက်ရှိသည် ။ ထိုညီဖြစ်သူမှာ နောင်တချိန်တွင်
မြန်မာ့သမိုင်း၌ ငါးစီးရှင်ကျော်စွာဟု ထင်ရှားလာမည့် ကျော်စွာမင်းသားငယ်ဖြစ်သည် ။

ကျော်စွာသည် အဖ တစီးရှင် သီဟသူ အမိ မိဖုရား မိစောဦး တို့မှ ဖွားမြင်သော သားဖြစ်သည် ။ ငယ်စဉ်ကတည်းက လျာစက်အာစက် အာဏာစက်ပြင်း၍
လူတိုင်းကရိုသေခန့်ညားရသည်ဟု ဆိုသည်။သို့သော် ဖခင်သီဟသူက သူ့ကို အိမ်ရှေ့အရာ မပေးခဲ့ပဲ ငယ်သေးသည်ဟုဆိုကာ ပင်လယ်မြို့ကိုသာ စားစေခဲ့သည်။

ကျော်စွာ မင်းသားငယ်သည် ပင်လယ်စားမင်းသား အဖြစ်နှင့်ပင် ဆင်ဖြူငါးစီးကို ကိုယ်တိုင်ပင် ကျော့ဖမ်း၍ရယူနိုင်ခဲ့သည်။ ဆင်ဖြူများကို လှိုင်းတက်၊ မုံတောမြောင်းကျပ်၊ ပျက်စွယ်တောင်ခြေ၊ စမုံချောင်းဖျား၊ဘသန်းကိုးရွာမြောက်ပိုင်းရှိ ညွှန်ကျုံး တို့မှ အသီးသီးရရှိခဲ့လေသည်။ ရရှိလာသည့်ဆင်ဖြူတော်များကို ဘွဲ့အားဖြင့်

၁-ပုလဲတမူး၊
၂-မဟာကေသရ၊
၃-သန်မြန်စွာ၊
၄-ဥပေါသထာ၊
၅-ချစ်စွာမရဲ

စသည်ဖြင့် အမည် ပေးခဲ့သည်။

လက်အောက်ခံမြို့စားသာဖြစ်သော ကျော်စွက ပထမဆင်ဖြူရရှိကြောင်းကို အထောက်တော်က လာရောက်လျှောက်တင်သောအခါ ဥဇနာမင်းသည် အခြားသော မင်းများကဲ့သို့ မိမိထက် ရာထူးဂုဏ်ငယ်သူက မိမိထက် ထူးမြတ်သော ဂုဏ်ရရှိခဲ့သည်ကို မနာလိုစိတ် လုံးဝမဖြစ်ပဲ

" အော် ငါ့ညီ ဆင်ဖြူရသကိုး ၊ဝမ်းသာပေစွ"

ဟုဆိုကာ လာရောက် သံတော်ဦးတင်သော အထောက်တော်ကိုပင်
ဆုလဒ် ချီးမြှင့်ခဲ့သည်။ ဒုတိယအစီးမှ ပဉ္စမ အစီးသည့်တိုင်အောင် လာရောက်လျှောက်ထားသော အထောက်တော်ကို ဝမ်းမြောက်စကားဆိုပြီး ဆုလဒ်ပေးသနားခဲ့သည်။

ဆင်ဖြူများကို သိမ်းယူဖို့ အကြံ့ပေးကြသော မှူးမတ်များ၏ လျှောက်ထား
ချက်ကိုလည်း " သူနဲ့ထိုက်လို့ရတာ ၊ငါ့ညီရပါစေကွာ" ဟုဆိုပြီး ငြင်းပယ်ခဲ့လေသည်။

ပင်လယ်စား ညီငယ် ကျော်စွာမှ ဆင်ဖြူငါးစီးရသည့် အကြောင်းကြားသော် "ငါ့ညီ ငါ့စည်းစိမ်ကို ယူပါတော့။ ငါမူကား ငါ့ကောင်းမှု စကားခုနှစ်ကျောင်းကို လှုလိုသမျှ လှု၍ နေတော့မည်။"ဟုဆိုကာ ညီတော်အားထီး နန်းအပ်လိုက်လေတော့သည်။

သို့ဖြင့် ဥဇနာမင်း သည် ကြည်ဖြူစွာပင်
နန်းတော်အနောက်တံခါးမှ ထွက်ပြီး ညီဖြစ်သူ ငါးစီးရှင်ကျော်စွာ ကိုအရှေ့တံခါးမှ ဝင်စေ၍ မင်းပြုစေသည်။ ထို့နောက် ဥဇနာမင်းသည် မိမိဆိုခဲ့သည့်ကတိစကားအတိုင်း ပင်းယစကားခုနှစ်ကျောင်းတွင် နေထိုင်ကာ နေ့စဉ်တရားဘာဝနာပွားများ၊ အလှူကြီးပေးပြီး ကုသိုလ်ပွားများလျက် နှစ်အနည်းငယ်အကြာတွင် မက္ခရာဝန်းကျင်တွင် တောထွက် ရဟန်းပြုသွားခဲ့လေသည်။

ဥဇနာမင်းသည် နန်းသက်ကာလအတွင်းတွင်လည်း ကောင်းမှု့ကုသိုလ်အမြောက်အများကို ပြုလုပ်ခဲ့သည်။ ဗုဒ္ဓသာသနာတော်ကို ချီးမြောက်ခဲ့ပြီး သူ့လက်ထက်တွင် ရဟန်းပညာရှိ၊ လူပညာရှိများ အလွန်ပေါများကာ သာသနာ ထွန်းတောက်ခဲ့သည်။ ဥဇနာမင်း၏ ထင်ရှားသည့် ကုသိုလ်တော်မှာ ပင်းယ စကားခုနှစ်ကျောင်း ဖြစ်သည်။ အခြားသောသူ၏ ကောင်းမှု့တော်များမှ

ဇမ္ဗူက
ဝေဠုဝန်
အိမ်နိမ့်
ဇေတဝန်
ကုလားကျောင်း
ရွှေကျောင်း
တောင်စွန်ကျောင်း စသည်တို့ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Melting Pot 4 U
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top