


source : thesun.co.uk


# Unicode Version ဖြင့် ဖတ်ပါ #

Scotty Denton  အမည်ရ အမျိုးသားဟာ အားလပ်ချိန်မှာ သူ့ရဲ့ကလေးတွေကို ကစားကွင်းကို လိုက်ပို့ခဲ့ရာ အလွန်ထူးဆန်းတဲ့ အဖြစ်ကို ကြုံခဲ့ရပါတယ်။ ပတ်ဝန်းကျင်မှာ လေလည်း မတိုက်ပါဘဲနဲ့ ကစားကွင်းထဲမှာရှိတဲ့ ဒန်းဟာ လူတစ်ယောက် လွှဲစီးနေသလို ဖြစ်နေတာပါ။

အခင်းဖြစ်နေချိန်မှာ Scotty တို့ သားအဖဟာ ကားပေါ်မှာပဲရှိနေသေးပြီး သမီးဖြစ်သူကလည်း အလွန်ကို အံ့သြနေပါတယ်။ ဘေးမှာရှိတဲ့ ဒန်းတွေကတော့ ငြိမ်နေပြီး၊ ထူးထူးခြားခြား ဒန်းတစ်ခုတည်းသာ ကွက်ပြီး လူတစ်ယောက်က စီးနေသလို ဟိုလွှဲသည်လွှဲ ဖြစ်နေတာပါ။

ဒီဗွီဒီယိုဖိုင်ကို ဝင်ရောက်ကြည့်ရှုသူ (၅)သန်းအထိ ရှိသွားခဲ့ပြီး၊ React ပြုလုပ်သူ (၄)သောင်းကျော်၊ Share ပြုလုပ်သူ (၆)ထောင် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး ဘယ်သူမှလည်း လုံလောက်မှန်ကန်တဲ့ ထင်မြင်ချက်ကို မပေးနိုင်ကြသေးပါဘူး။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းသုတ (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top