ကိုယ္အေလးခ်ိန္ ၄၃၄ ေပါင္ခန႔္ရွိေသာ ေလယာဥ္စီးခရီးသည္ အမ်ိဳးသားလူဝႀကီးတစ္ဦးဟာ ထိုင္ဝမ္ေလေၾကာင္းလိုင္းမွ ေလယာဥ္မယ္တစ္ဦးအား သူအိမ္သာတက္ရာမွာ အစအဆုံး ဝန္ေဆာင္မွုေပးဖို႔ ႀကိမ္းေမာင္းၿပီး ခိုင္းေစခဲ့ပါတယ္။

ဇန္နဝါရီ ၁၉ ရက္ေန႔က ေလာ့စ္အိန္းဂ်လိစ္ကေန ထိုင္ဝမ္သို႔ ပ်ံသန္းခဲ့သည့္ Eva Air ေပၚတြင္ ျဖစ္ပ်က္ခဲ့ျခင္းျဖစ္သည္။ Eva Air သည္ ေလယာဥ္အမွူထမ္းမ်ားအား အမ်ိဳးသမီးသာ ခန႔္ထားသည့္ ေလၾကာင္းလိုင္းလည္းျဖစ္သည္။အမည္ေဖာ္ျပထားျခင္းမရွိတဲ့ ခရီးသည္ အမ်ိဳးသားႀကီးတစ္ဦးဟာ ကိုယ္အေလးခ်ိန္ေပါင္ ၄၃၄ ခန႔္ရွိၿပီး ေလယာဥ္၏ ရိုးရိုးတန္း ခုံ ၃ ခုံစာကို ဝယ္ယူကာ လိုက္ပါလာခဲ့သည္။ေလယာဥ္ပ်ံသန္းၿပီး မၾကာမီမွာပင္ သန႔္စင္ခန္းသြားခ်င္တဲ့အတြက္ အထူးတန္းသန႔္စင္ခန္း သြားခြင့္ျပဳရန္ လူဝႀကီးက ေတာင္းဆိုခဲ့ရာ ေလယာဥ္ေပၚတြင္ ခရီးသည္ သိပ္မမ်ားသည္ကတစ္ေၾကာင္း၊ ရိုးရိုးတန္း သန႔္စင္ခန္းက သူ႔ခႏၶာကိုယ္နဲ႔ မဆံ့သည္က တစ္ေၾကာင္းတို႔ျဖင့္ ခြင့္ျပဳခဲ့သည္။


လူဝႀကီးကို ေလယာဥ္မယ္ျဖစ္သည့္ “Kuo” က ေဖးမၿပီး အထူးတန္း သန႔္စင္ခန္းလိုက္ပို႔ေပးခဲ့သည္၊ သန႔္စင္ခန္းေရာက္သည့္အခါ လူဝႀကီးက ေလယာဥ္မယ္ကို သူ႔ရဲ့ေဘာင္းဘီခၽြတ္ေပးရန္ ေျပာဆိုခဲ့ရာ အမ်ိဳးသမီး ေလယာဥ္မယ္ျဖစ္သည့္အေလၽွာက္ မသင့္ေတာ္သျဖင့္ ျငင္းဆန္ခဲ့သည္။ ထိုအခါ လူဝႀကီးက သန႔္စင္ခန္းဝတြင္ ဒီအတိုင္းသြားခ်လိုက္မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သျဖင့္ မတတ္သာသည့္အဆုံး ေဘာင္းဘီခၽြတ္ေပးခဲ့ရသည္ ကိစၥၿပီးသည့္အခါ ေလယာဥ္မယ္အား အီအီးကုန္းေပးရန္ ထပ္မံခိုင္းေစခဲ့ျပန္သည္။ ျငင္းဆန္ခဲ့ရာ ေအာ္ဟစ္ေျပာဆိုၿခိမ္းေျခာက္သည့္အတြက္ ေနာက္ဆုံးတြင္ လိုက္ေလ်ာၿပီး လက္အိတ္ သုံးထပ္စြပ္ကာ အီအီးကုန္းေပးခဲ့ရသည္။ သို႔ေသာ္ မသန႔္ရွင္းေသးဘူးဟုဆိုကာ ထပ္မံသန႔္ရွင္းခိုင္းခဲ့ျပန္သည္။ ေလယာဥ္မယ္က ျငင္းဆန္ခဲ့ရာ ႀကီးၾကပ္ေရးမွူးအရာရွိအား တိုင္ၾကားသျဖင့္ ႀကီးၾကပ္ေရးမွူး၏ ေမတၱာရပ္ခံခ်က္အရ ထပ္မံ၍ သန႔္ရွင္းေရးလုပ္ေပးခဲ့ရေၾကာင္း ေလယာဥ္မယ္ျဖစ္သူက ေလယာဥ္အမွူထမ္းမ်ားအဖြဲ႕အစည္းသို႔ တိုင္ၾကားေျပာဆိုခဲ့သည္။

ေလယာဥ္အမွူထမ္းမ်ားယူနီယံအေနနဲ႔ အဆိုပါ ျပႆနာဟာ ဝန္ေဆာင္မွုေပးရတဲ့ လုပ္ငန္းသေဘာသဘာဝအရ စားသုံးသူရဲ့ဆႏၵကို အတတ္နိုင္ဆုံးျဖည့္ဆည္းေပးရမယ့္ အစဥ္အလာရွိေနခဲ့တာက အျငင္းပြားစရာျဖစ္ေနေၾကာင္း၊ ယူနီယံအေနနဲ႔ အႀကံေပးခဲတာ ႏွစ္ခုကေတာ့ ယင္းကဲ့သို႔ေသာ ခရီးသည္ကို ေလေၾကာင္းလိုင္းကေန ေလယာဥ္စီးခြင့္ ပိတ္တာမ်ိဳး ဒါမွမဟုတ္ အမ်ိဳးသား ေလယာဥ္အမွူထမ္းမ်ား ခန႔္ထားေရးတို႔ ျဖစ္ပါတယ္။


ေလယာဥ္မယ္ “Kuo” နဲ႔ သူ႔ရဲ့ လုပ္ေဖာ္ကိုင္ဖက္မ်ားကေတာ့ ေလယာဥ္စီးခရီးသည္မ်ားအေနနဲ႔ ေလယာဥ္အမွူထမ္းမ်ားအေပၚ ေလးစားမွုရွိသင့္ေၾကာင္း “Respect” ဆိုတဲ့ စာတမ္းကို ကိုင္ကာ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#

ကိုယ်အလေးချိန် ၄၃၄ ပေါင်ခန့်ရှိသော လေယာဉ်စီးခရီးသည် အမျိုးသားလူဝကြီးတစ်ဦးဟာ ထိုင်ဝမ်လေကြောင်းလိုင်းမှ လေယာဉ်မယ်တစ်ဦးအား သူအိမ်သာတက်ရာမှာ အစအဆုံး ဝန်ဆောင်မှုပေးဖို့ ကြိမ်းမောင်းပြီး ခိုင်းစေခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က လော့စ်အိန်းဂျလိစ်ကနေ ထိုင်ဝမ်သို့ ပျံသန်းခဲ့သည့် Eva Air ပေါ်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ Eva Air သည် လေယာဉ်အမှူထမ်းများအား အမျိုးသမီးသာ ခန့်ထားသည့် လေကြာင်းလိုင်းလည်းဖြစ်သည်။အမည်ဖော်ပြထားခြင်းမရှိတဲ့ ခရီးသည် အမျိုးသားကြီးတစ်ဦးဟာ ကိုယ်အလေးချိန်ပေါင် ၄၃၄ ခန့်ရှိပြီး လေယာဉ်၏ ရိုးရိုးတန်း ခုံ ၃ ခုံစာကို ဝယ်ယူကာ လိုက်ပါလာခဲ့သည်။လေယာဉ်ပျံသန်းပြီး မကြာမီမှာပင် သန့်စင်ခန်းသွားချင်တဲ့အတွက် အထူးတန်းသန့်စင်ခန်း သွားခွင့်ပြုရန် လူဝကြီးက တောင်းဆိုခဲ့ရာ လေယာဉ်ပေါ်တွင် ခရီးသည် သိပ်မများသည်ကတစ်ကြောင်း၊ ရိုးရိုးတန်း သန့်စင်ခန်းက သူ့ခန္ဓာကိုယ်နဲ့ မဆံ့သည်က တစ်ကြောင်းတို့ဖြင့် ခွင့်ပြုခဲ့သည်။

လူဝကြီးကို လေယာဉ်မယ်ဖြစ်သည့် “Kuo” က ဖေးမပြီး အထူးတန်း သန့်စင်ခန်းလိုက်ပို့ပေးခဲ့သည်၊ သန့်စင်ခန်းရောက်သည့်အခါ လူဝကြီးက လေယာဉ်မယ်ကို သူ့ရဲ့ဘောင်းဘီချွတ်ပေးရန် ပြောဆိုခဲ့ရာ အမျိုးသမီး လေယာဉ်မယ်ဖြစ်သည့်အလျှောက် မသင့်တော်သဖြင့် ငြင်းဆန်ခဲ့သည်။ ထိုအခါ လူဝကြီးက သန့်စင်ခန်းဝတွင် ဒီအတိုင်းသွားချလိုက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် မတတ်သာသည့်အဆုံး ဘောင်းဘီချွတ်ပေးခဲ့ရသည် ကိစ္စပြီးသည့်အခါ လေယာဉ်မယ်အား အီအီးကုန်းပေးရန် ထပ်မံခိုင်းစေခဲ့ပြန်သည်။ ငြင်းဆန်ခဲ့ရာ အော်ဟစ်ပြောဆိုခြိမ်းခြောက်သည့်အတွက် နောက်ဆုံးတွင် လိုက်လျောပြီး လက်အိတ် သုံးထပ်စွပ်ကာ အီအီးကုန်းပေးခဲ့ရသည်။ သို့သော် မသန့်ရှင်းသေးဘူးဟုဆိုကာ ထပ်မံသန့်ရှင်းခိုင်းခဲ့ပြန်သည်။ လေယာဉ်မယ်က ငြင်းဆန်ခဲ့ရာ ကြီးကြပ်ရေးမှူးအရာရှိအား တိုင်ကြားသဖြင့် ကြီးကြပ်ရေးမှူး၏ မေတ္တာရပ်ခံချက်အရ ထပ်မံ၍ သန့်ရှင်းရေးလုပ်ပေးခဲ့ရကြောင်း လေယာဉ်မယ်ဖြစ်သူက လေယာဉ်အမှူထမ်းများအဖွဲ့အစည်းသို့ တိုင်ကြားပြောဆိုခဲ့သည်။

လေယာဉ်အမှူထမ်းများယူနီယံအနေနဲ့ အဆိုပါ ပြဿနာဟာ ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းသဘောသဘာဝအရ စားသုံးသူရဲ့ဆန္ဒကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရမယ့် အစဉ်အလာရှိနေခဲ့တာက အငြင်းပွားစရာဖြစ်နေကြောင်း၊ ယူနီယံအနေနဲ့ အကြံပေးခဲတာ နှစ်ခုကတော့ ယင်းကဲ့သို့သော ခရီးသည်ကို လေကြောင်းလိုင်းကနေ လေယာဉ်စီးခွင့် ပိတ်တာမျိုး ဒါမှမဟုတ် အမျိုးသား လေယာဉ်အမှူထမ်းများ ခန့်ထားရေးတို့ ဖြစ်ပါတယ်။

လေယာဉ်မယ် “Kuo” နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်များကတော့ လေယာဉ်စီးခရီးသည်များအနေနဲ့ လေယာဉ်အမှူထမ်းများအပေါ် လေးစားမှုရှိသင့်ကြောင်း “Respect” ဆိုတဲ့ စာတမ်းကို ကိုင်ကာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top