ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ဂ်ပန္အစားအစာေတြကို အိမ္မွာ မိသားစုနဲ႔ အရသာရွိရွိ က်န္းမာေရးနဲ႔ ညီၫြတ္စြာျပဳလုပ္စားသုံးခ်င္သူေတြအတြက္ လြယ္လြယ္ကူကူ ျပဳလုပ္စားသုံးႏိုင္တဲ့ ဂ်ပန္အစားအစာေတြကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

(၁) Chawan Mushi


ဒါကေတာ့ ၾကက္ဥရွိ႐ုံနဲ႔ အလြယ္တကူျပဳလုပ္စားသုံးႏိုင္မယ့္ Chawan Mushi လို႔ေခၚတဲ့ ဂ်ပန္ၾကက္ဥေပါင္းပဲ ျဖစ္ပါတယ္။ ၾကက္ဥ ၅ လုံးခန႔္ကို ေဖာက္ၿပီးေမႊထားတဲ့အထဲကို ၾကက္သြန္ၿမိတ္၊ ၾကက္သား ဒါမွမဟုတ္ မိမိႏွစ္သက္ရာ အသားတမ်ိဳးမ်ိဳးကိုေရာစပ္ၿပီး ဆားအနည္းငယ္၊ ငံျပာရည္ (shoyu) အနည္းငယ္နဲ႔ ဂ်ပန္အခ်ိဳ႕မႈန႔္ Dashi အနည္းငယ္ထည့္ကာ သမေအာင္ ေမႊေပးပါ။ ၿပီးရင္ေတာ့ ၁၀ မိနစ္ခန႔္ေပါင္းေပး႐ုံနဲ႔ အရသာရွိၿပီးအာဟာရလည္းျပည့္တဲ့ Chawan Mushi ကို စားသုံးႏိုင္ၿပီပဲ ျဖစ္ပါတယ္။

(၂) Tempura


ဂ်ပန္အစားအစာေတြမွာ နာမည္ႀကီးလွတဲ့ အစားအစာတခုျဖစ္တဲ့ Tempura ကိုျပဳလုပ္စားသုံးဖို႔အတြက္ တန္ပူရာအမႈန႔္ အနည္းငယ္၊ ၾကက္ဥတလုံး၊ ေရခဲေရတို႔ကို ေရာစပ္ၿပီး သမေအာင္ေမႊေပးရပါမယ္။ၿပီးရင္ေတာ့ မိမိႀကိဳက္ႏွစ္သက္ရာ အသီးအ႐ြက္၊ အသား၊ ပုစြန္ အစရွိတာေတြကို တန္ပူရာ အႏွစ္ရည္ထဲကို ႏွစ္ၿပီး ဆီပူပူမွာ ေၾကာ္ေပး႐ုံနဲ႔ ႂကြပ္ႂကြပ္႐ြ႐ြနဲ႔အရသာရွိတဲ့ Tempura ကို စားသုံးႏိုင္ၿပီပဲျဖစ္ပါတယ္။

(၃) Japanese Potato salad


ဂ်ပန္လူမ်ိဳးေတြ အမ်ားဆုံးျပဳလုပ္စားသုံးၾကတဲ့အထဲမွာ ဂ်ပန္စတိုင္ အာလူးသုပ္ကလည္း တမ်ိဳးအပါအဝင္ပဲျဖစ္ပါတယ္။ အခြံခြာထားၿပီးသား အာလူးနဲ႔ မုန္လာဥနီတို႔ကို အဝတ္စ ခပ္ပါးပါးထဲ ထည့္ကာ မိနစ္ ၃၀ ခန႔္ေပါင္းေပးၿပီး အာလူးကို ေခ်လိုက္ပါ။ ၿပီးရင္ေတာ့ င႐ုတ္ေကာင္း၊ ဆား၊ သၾကား၊ မေရာနိစ္၊ ရွာလကာရည္ အနည္းငယ္၊ ပါးပါးလွီးထားတဲ့ၾကက္သြန္နီ၊ သခြားသီးနဲ႔ မညက္တညက္ ေခ်ထားတဲ့ မုန္လာဥနီတို႔ကို ေရာစပ္နယ္ေပး႐ုံနဲ႔ အရသာရွိရွိ စားသုံးႏိုင္မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy

#Unicode Version#

ဂျပန်အစားအစာတွေကို အိမ်မှာ မိသားစုနဲ့ အရသာရှိရှိ ကျန်းမာရေးနဲ့ ညီညွတ်စွာပြုလုပ်စားသုံးချင်သူတွေအတွက် လွယ်လွယ်ကူကူ ပြုလုပ်စားသုံးနိုင်တဲ့ ဂျပန်အစားအစာတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) Chawan Mushi

ဒါကတော့ ကြက်ဥရှိရုံနဲ့ အလွယ်တကူပြုလုပ်စားသုံးနိုင်မယ့် Chawan Mushi လို့ခေါ်တဲ့ ဂျပန်ကြက်ဥပေါင်းပဲ ဖြစ်ပါတယ်။ ကြက်ဥ ၅ လုံးခန့်ကို ဖောက်ပြီးမွှေထားတဲ့အထဲကို ကြက်သွန်မြိတ်၊ ကြက်သား ဒါမှမဟုတ် မိမိနှစ်သက်ရာ အသားတမျိုးမျိုးကိုရောစပ်ပြီး ဆားအနည်းငယ်၊ ငံပြာရည် (shoyu) အနည်းငယ်နဲ့ ဂျပန်အချို့မှုန့် Dashi အနည်းငယ်ထည့်ကာ သမအောင် မွှေပေးပါ။ ပြီးရင်တော့ ၁၀ မိနစ်ခန့်ပေါင်းပေးရုံနဲ့ အရသာရှိပြီးအာဟာရလည်းပြည့်တဲ့ Chawan Mushi ကို စားသုံးနိုင်ပြီပဲ ဖြစ်ပါတယ်။

(၂) Tempura

ဂျပန်အစားအစာတွေမှာ နာမည်ကြီးလှတဲ့ အစားအစာတခုဖြစ်တဲ့ Tempura ကိုပြုလုပ်စားသုံးဖို့အတွက် တန်ပူရာအမှုန့် အနည်းငယ်၊ ကြက်ဥတလုံး၊ ရေခဲရေတို့ကို ရောစပ်ပြီး သမအောင်မွှေပေးရပါမယ်။ပြီးရင်တော့ မိမိကြိုက်နှစ်သက်ရာ အသီးအရွက်၊ အသား၊ ပုစွန် အစရှိတာတွေကို တန်ပူရာ အနှစ်ရည်ထဲကို နှစ်ပြီး ဆီပူပူမှာ ကြော်ပေးရုံနဲ့ ကြွပ်ကြွပ်ရွရွနဲ့အရသာရှိတဲ့ Tempura ကို စားသုံးနိုင်ပြီပဲဖြစ်ပါတယ်။

(၃) Japanese Potato salad

ဂျပန်လူမျိုးတွေ အများဆုံးပြုလုပ်စားသုံးကြတဲ့အထဲမှာ ဂျပန်စတိုင် အာလူးသုပ်ကလည်း တမျိုးအပါအဝင်ပဲဖြစ်ပါတယ်။ အခွံခွာထားပြီးသား အာလူးနဲ့ မုန်လာဥနီတို့ကို အဝတ်စ ခပ်ပါးပါးထဲ ထည့်ကာ မိနစ် ၃၀ ခန့်ပေါင်းပေးပြီး အာလူးကို ချေလိုက်ပါ။ ပြီးရင်တော့ ငရုတ်ကောင်း၊ ဆား၊ သကြား၊ မရောနိစ်၊ ရှာလကာရည် အနည်းငယ်၊ ပါးပါးလှီးထားတဲ့ကြက်သွန်နီ၊ သခွားသီးနဲ့ မညက်တညက် ချေထားတဲ့ မုန်လာဥနီတို့ကို ရောစပ်နယ်ပေးရုံနဲ့ အရသာရှိရှိ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top