ကေလးေမြးၿပီးတဲ့အခ်ိန္ဟာ မိသားစု တစ္စုအတြက္ အေပ်ာ္ရႊင္ရဆုံးအခ်ိန္ေတြထဲက တစ္ခ်ိန္လို႔ေျပာနိုင္ပါတယ္။ ဒါေပမယ့္ ဖိလစ္ပိုင္ေနမိသားစုတစ္စုကေန ေပ်ာ္စရာေတြအစား မေမၽွာ္လင့္ပဲေၾကကြဲစရာေတြနဲ႔သာၾကဳံေတြ႕ခဲ့ရပါတယ္။ မိခင္တစ္ဦးျဖစ္လာတဲ့ ကာမီးလ္ဆန္တိုကားေလာ့စ္ဟာ ဆရာဝန္ေတြရဲ့ျဖစ္ကတတ္ဆန္းဗိုက္ခြဲေမြးတာကို ခံခဲ့ရတယ္လို႔ထင္ပါတယ္။ ကေလးေမြးၿပီးေနာက္ပိုင္းမွာ ဆြံ့အသြားၿပီး အိပ္ရာကေနေတာင္မထနိုင္ေတာ့တဲ့အထိျဖစ္ခဲ့ရပါတယ္။

ကာမီးလ္ရဲ့မိခင္ျဖစ္သူကေတာ့ သမီးျဖစ္သူအတြက္စစ္မွန္တဲ့တရားမၽွတမွုရရွိဖို႔ ေဖ့စ္ဘုတ္ေပၚကေနတဆင့္ အသနားခံစာတင္လိုက္ပါတယ္။ သူမက ကာမီးလ္ဟာေဆး႐ုံတက္ေနတာ (၁၀)လေလာက္ရွိၿပီျဖစ္ေပမယ့္ တစ္ေန႔တစ္ျခားအေျခအေနေတြပိုမိုဆိုးဝါးလာေၾကာင္းဆိုခဲ့ပါတယ္။ ကေလးမေမြးခင္အထိ ကာမီးလ္ေရာကေလးပါ က်န္းမာလ်က္ရွိတာေၾကာင့္ အခုလိုအျဖစ္ဆိုးမ်ိဳးနဲ႔ၾကဳံေတြ႕ဖို႔ ဘယ္လိုမွထင္မထားခဲ့ဘူးလို႔သိရပါတယ္။ ေအာက္မွာေတြ႕ရတဲ့သူမရဲ့ဓာတ္ပုံေတြမွာလည္း မိခင္ေလာင္းအမ်ားစုလိုပဲ စိတ္လွုပ္ရွားၿပီးေပ်ာ္ရႊင္ေနတဲ့ကာမီးလ္ကိုျမင္ရမွာပါ။

ၿပီးခဲ့တဲ့၂၀၁၇ခုႏွစ္ ၾသဂုတ္လ(၇)ရက္တုန္းက ကာမီးလ္ဟာ တာလက္မွာရွိတဲ့ျပည္သူ႔ေဆး႐ုံတစ္႐ုံမွာ ဗိုက္ခြဲေမြးဖို႔ေဆး႐ုံတက္ခဲ့ပါတယ္။ ဒါေပမယ့္ ခြဲေမြးၿပီးေနာက္ပိုင္းမွာေတာ့ သူမရဲ့အေျခအေနေတြဟာ အရင္လိုျပန္ျဖစ္မလာေတာ့ပါဘူး။ တစ္ခ်ိန္တည္းမွာပဲ မွတ္ဉာဏ္ခ်ိဳ႕ယြင္းသြားတယ္လို႔လည္း ယူဆရပါတယ္။ ဒါ့အျပင္ သူမဟာ အျမင္အာ႐ုံေတြဆုံးရွုံးသြားခဲ့ပါတယ္။ စကားလဲမေျပာနိုင္ေတာ့သလို ကိုယ္တိုင္လွုပ္ရွားမသြားလာနိုင္ေတာ့ပါဘူး။

အခုေတာ့ (၁၀)လတာအတြင္းမွာပဲ အေၾကာေသသြားခဲ့တဲ့ကာမီးလ္ဟာ ဟင္းရြက္ကန္စြန္းသဖြယ္ျဖစ္ေနခဲ့ပါၿပီ။ သူမနဲ႔ပတ္သက္ၿပီးေတာ့ ဆရာဝန္ေတြဟာလက္ေလ်ာ့ထားၿပီျဖစ္ေၾကာင္း မိခင္ကဆိုခဲ့ပါတယ္။ ဒါေၾကာင့္သနားစရာေကာင္းတဲ့သမီးျဖစ္သူရဲ့အေၾကာင္းစုံကို သူမကေဖ့စ္ဘုတ္မွာတင္ကာ ေဆး႐ုံကဆရာဝန္ေတြကိုတရားစြဲဆိုမွာျဖစ္တယ္လို႔သိရပါတယ္။

ဒီထက္ပိုရင့္နင့္စရာေကာင္းတာတစ္ခုက ကာမီးလ္ရဲ့ကေလးဟာလည္း ေမြးဖြားၿပီး(၂)ရက္အၾကာမွာေသဆုံးသြားခဲ့တာျဖစ္ပါတယ္။ ကာမီးလ္ ရဲ့စိတ္မေကာင္းဖြယ္ရာ အျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး ဥပေဒသက္ေရာက္မွုေတြျမန္ျမန္ဆန္ဆန္ရရွိဖို႔ ဖိလစ္ပိုင္အသံလႊင့္ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ ရက္ဖ္ဖီတယ္လ္ဖိုကို အကူအညီေတာင္းၾကည့္ဖို႔ လူေတြကအႀကံေပးၾကတယ္လို႔သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ကလေးမွေးပြီးတဲ့အချိန်ဟာ မိသားစု တစ်စုအတွက် အပျော်ရွှင်ရဆုံးအချိန်တွေထဲကတစ်ချိန်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နေမိသားစုတစ်စုကနေ ပျော်စရာတွေအစား မမျှော်လင့်ပဲကြေကွဲစရာတွေနဲ့သာကြုံတွေ့ခဲ့ရပါတယ်။ မိခင်တစ်ဦးဖြစ်လာတဲ့ ကာမီးလ်ဆန်တိုကားလော့စ်ဟာ ဆရာဝန်တွေရဲ့ဖြစ်ကတတ်ဆန်းဗိုက်ခွဲမွေးတာကို ခံခဲ့ရတယ်လို့ထင်ပါတယ်။ ကလေးမွေးပြီးနောက်ပိုင်းမှာ ဆွံ့အသွားပြီး အိပ်ရာကနေတောင်မထနိုင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်။

ကာမီးလ်ရဲ့မိခင်ဖြစ်သူကတော့ သမီးဖြစ်သူအတွက်စစ်မှန်တဲ့တရားမျှတမှုရရှိဖို့ ဖေ့စ်ဘုတ်ပေါ်ကနေတဆင့် အသနားခံစာတင်လိုက်ပါတယ်။ သူမက ကာမီးလ်ဟာဆေးရုံတက်နေတာ (၁၀)လလောက်ရှိပြီဖြစ်ပေမယ့် တစ်နေ့တစ်ခြားအခြေအနေတွေပိုမိုဆိုးဝါးလာကြောင်းဆိုခဲ့ပါတယ်။ ကလေးမမွေးခင်အထိ ကာမီးလ်ရောကလေးပါ ကျန်းမာလျက်ရှိတာကြောင့် အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ဖို့ ဘယ်လိုမှထင်မထားခဲ့ဘူးလို့သိရပါတယ်။ အောက်မှာတွေ့ရတဲ့သူမရဲ့ဓာတ်ပုံတွေမှာလည်း မိခင်လောင်းအများစုလိုပဲ စိတ်လှုပ်ရှားပြီးပျော်ရွှင်နေတဲ့ကာမီးလ်ကိုမြင်ရမှာပါ။

ပြီးခဲ့တဲ့၂၀၁၇ခုနှစ် သြဂုတ်လ(၇)ရက်တုန်းက ကာမီးလ်ဟာ တာလက်မှာရှိတဲ့ပြည်သူ့ဆေးရုံတစ်ရုံမှာ ဗိုက်ခွဲမွေးဖို့ဆေးရုံတက်ခဲ့ပါတယ်။ ဒါပေမယ့် ခွဲမွေးပြီးနောက်ပိုင်းမှာတော့ သူမရဲ့အခြေအနေတွေဟာ အရင်လိုပြန်ဖြစ်မလာတော့ပါဘူး။ တစ်ချိန်တည်းမှာပဲ မှတ်ဉာဏ်ချို့ယွင်းသွားတယ်လို့လည်း ယူဆရပါတယ်။ ဒါ့အပြင် သူမဟာ အမြင်အာရုံတွေဆုံးရှုံးသွားခဲ့ပါတယ်။ စကားလဲမပြောနိုင်တော့သလို ကိုယ်တိုင်လှုပ်ရှားမသွားလာနိုင်တော့ပါဘူး။

အခုတော့ (၁၀)လတာအတွင်းမှာပဲ အကြောသေသွားခဲ့တဲ့ကာမီးလ်ဟာ ဟင်းရွက်ကန်စွန်းသဖွယ်ဖြစ်နေခဲ့ပါပြီ။ သူမနဲ့ပတ်သက်ပြီးတော့ ဆရာဝန်တွေဟာလက်လျော့ထားပြီဖြစ်ကြောင်း မိခင်ကဆိုခဲ့ပါတယ်။ ဒါကြောင့်သနားစရာကောင်းတဲ့သမီးဖြစ်သူရဲ့အကြောင်းစုံကို သူမကဖေ့စ်ဘုတ်မှာတင်ကာ ဆေးရုံကဆရာဝန်တွေကိုတရားစွဲဆိုမှာဖြစ်တယ်လို့သိရပါတယ်။

ဒီထက်ပိုရင့်နင့်စရာကောင်းတာတစ်ခုက ကာမီးလ်ရဲ့ကလေးဟာလည်း မွေးဖွားပြီး(၂)ရက်အကြာမှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကာမီးလ် ရဲ့စိတ်မကောင်းဖွယ်ရာ အဖြစ်အပျက်နဲ့ပတ်သက်ပြီး ဥပဒေသက်ရောက်မှုတွေမြန်မြန်ဆန်ဆန်ရရှိဖို့ ဖိလစ်ပိုင်အသံလွှင့်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ရက်ဖ်ဖီတယ်လ်ဖိုကို အကူအညီတောင်းကြည့်ဖို့ လူတွေကအကြံပေးကြတယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top