သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×


အာဆင္နယ္အေနနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမားဝယ္ယူမႈ ျပဳလုပ္ႏိုင္မွာမဟုတ္ပဲ အငွားနဲ႔ ေခၚယူမႈသာ ျပဳလုပ္ႏိုင္မွာ ျဖစ္တယ္လို႔ အာဆင္နယ္နည္းျပ အူႏိုင္းအမ္မရီက ဝန္ခံေျပာၾကားသြားခဲ့ပါတယ္။ ဗဟိုေနာက္ခံလူတစ္ဦး နဲ႔ ေတာင္ပံကစားသမားတစ္ဦးကို အလိုရွိတယ္လို႔ အမ္မရီက ေျပာၾကားခဲ့ေပမယ့္လည္း အသင္းက လူဝယ္ယူဖို႔အတြက္ အခက္အခဲရွိေနခဲ့တာ ျဖစ္ပါတယ္။

ဒီႏွစ္ရာသီအစမွာ လီႏို၊ လက္စတိုင္နာ၊ ေဆာ့စ္ကရိတ္စ္ပါပါစတာသိုပူးေလာ့စ္၊ ေတာ္ရဲယား နဲ႔ ဂြမ္ေဒါင္ဇီတို႔ကို အာဆင္နယ္က ေပါင္သန္း (၇၀)အထိ အသုံးျပဳကာ ေခၚယူခဲ့ၿပီးေနာက္ ေဆာင္းရာသီေဈးကြက္မွာ အသုံးစရိတ္ေခြၽတာဖို႔ အာဆင္နယ္က ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ဒီအတြက္ အက္ဖ္ေအဖလား၊ ယူ႐ိုပါလိဂ္ နဲ႔ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲ (၃)ခုကို ကစားရမယ့္ အမ္မရီအတြက္လည္း ေခါင္းစားခဲ့ရၿပီ ျဖစ္ပါတယ္။


"အၿပီးသတ္ကစားသမား ေခၚယူမႈကို ကြၽန္ေတာ္တို႔ ျပဳလုပ္ႏိုင္မွာမဟုတ္ပါဘူး၊ ဇန္နဝါရီမွာ အငွားေခၚယူမႈကိုပဲ ျပဳလုပ္ႏိုင္မွာပါ" အူႏိုင္းအမ္မရီက ဝက္စ္ဟမ္းနဲ႔ ကစားရမယ့္ပြဲမတိုင္ခင္မွာ ေျပာၾကားခဲ့တယ္လို႔ Sky Sports က ေဖာ္ျပသြားခဲ့ပါတယ္။ အမ္မရီက သူ႔အေနနဲ႔ ရမ္ေဆးဆီက စြမ္းေဆာင္ရည္ေကာင္းကို ေမွ်ာ္လင့္ေနတယ္လို႔လည္း ေျပာခဲ့ပါေသးတယ္။

ဘာစီလိုနာကြင္းလယ္လူ ဒန္းနစ္ဆြာရက္ဇ္ကို ေခၚယူဖို႔အတြက္ အာဆင္နယ္က ႀကိဳးစားေနရာမွာလည္း ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။ ကနဦးအေနနဲ႔ အငွားေခၚယူသြားမွာျဖစ္ၿပီး ရာသီကုန္မွာ အၿပီးသတ္ေခၚယူဖို႔အတြက္ စီစဥ္ေနတယ္လို႔လည္း Sky Italy က ေဖာ္ျပသြားခဲ့ပါတယ္။

ဒန္းနစ္ဆြာရက္ဇ္ နဲ႔ အမ္မရီတို႔ဟာ ဆီဗီလာမွာ လက္တြဲခဲ့ဖူးသူေတြျဖစ္ၿပီး အာဆင္နယ္မွာ ျပန္လည္လက္တြဲဖို႔အတြက္ အမ္မရီက ေမွ်ာ္လင့္ေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒန္းနစ္ဆြာရက္ရဲ႕ အေျပာင္းအေ႐ႊ႕အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ သူ ဘာမွမသိဘူးလို႔လည္း အူႏိုင္းအမ္မရီက ျပန္လည္ေျဖၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

အာဆင်နယ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားဝယ်ယူမှု ပြုလုပ်နိုင်မှာမဟုတ်ပဲ အငှားနဲ့ ခေါ်ယူမှုသာ ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ဗဟိုနောက်ခံလူတစ်ဦး နဲ့ တောင်ပံကစားသမားတစ်ဦးကို အလိုရှိတယ်လို့ အမ်မရီက ပြောကြားခဲ့ပေမယ့်လည်း အသင်းက လူဝယ်ယူဖို့အတွက် အခက်အခဲရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ရာသီအစမှာ လီနို၊ လက်စတိုင်နာ၊ ဆော့စ်ကရိတ်စ်ပါပါစတာသိုပူးလော့စ်၊ တော်ရဲယား နဲ့ ဂွမ်ဒေါင်ဇီတို့ကို အာဆင်နယ်က ပေါင်သန်း (၇၀)အထိ အသုံးပြုကာ ခေါ်ယူခဲ့ပြီးနောက် ဆောင်းရာသီဈေးကွက်မှာ အသုံးစရိတ်ချွေတာဖို့ အာဆင်နယ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် အက်ဖ်အေဖလား၊ ယူရိုပါလိဂ် နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ (၃)ခုကို ကစားရမယ့် အမ်မရီအတွက်လည်း ခေါင်းစားခဲ့ရပြီ ဖြစ်ပါတယ်။

"အပြီးသတ်ကစားသမား ခေါ်ယူမှုကို ကျွန်တော်တို့ ပြုလုပ်နိုင်မှာမဟုတ်ပါဘူး၊ ဇန်နဝါရီမှာ အငှားခေါ်ယူမှုကိုပဲ ပြုလုပ်နိုင်မှာပါ" အူနိုင်းအမ်မရီက ဝက်စ်ဟမ်းနဲ့ ကစားရမယ့်ပွဲမတိုင်ခင်မှာ ပြောကြားခဲ့တယ်လို့ Sky Sports က ဖော်ပြသွားခဲ့ပါတယ်။ အမ်မရီက သူ့အနေနဲ့ ရမ်ဆေးဆီက စွမ်းဆောင်ရည်ကောင်းကို မျှော်လင့်နေတယ်လို့လည်း ပြောခဲ့ပါသေးတယ်။

ဘာစီလိုနာကွင်းလယ်လူ ဒန်းနစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်က ကြိုးစားနေရာမှာလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကနဦးအနေနဲ့ အငှားခေါ်ယူသွားမှာဖြစ်ပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့လည်း Sky Italy က ဖော်ပြသွားခဲ့ပါတယ်။

ဒန်းနစ်ဆွာရက်ဇ် နဲ့ အမ်မရီတို့ဟာ ဆီဗီလာမှာ လက်တွဲခဲ့ဖူးသူတွေဖြစ်ပြီး အာဆင်နယ်မှာ ပြန်လည်လက်တွဲဖို့အတွက် အမ်မရီက မျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒန်းနစ်ဆွာရက်ရဲ့ အပြောင်းအရွှေ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူ ဘာမှမသိဘူးလို့လည်း အူနိုင်းအမ်မရီက ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top