စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

ဂ်င္းေကာင္လို႔ ပရိသတ္ေတြ ခ်စ္စႏိုးေခၚၾကတဲ့ ျမင့္ျမတ္ကေတာ့ ဗီဒီယိုေလာကတင္မက ရုပ္ရွင္ေလာကကိုပါ ၾကီးစိုးလာႏိုင္တဲ့မင္းသားတစ္လက္ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္အတြက္ အကယ္ဒမီဆုကိုလည္းသိမ္းပိုက္ရရွိထားျပီးျဖစ္တဲ့အျပင္ သားသားေလးပါ ရရွိပိုင္ဆုိင္သြားရတဲ့ ျမင့္ျမတ္အတြက္ေတာ့ ကံအေကာင္းဆံုးလူသားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ ဂ်ဴနီယာျမင့္ျမတ္ေလးကို နာမည္မေပးရေသးတဲ့အတြက္ ျမင့္ျမတ္တစ္ေယာက္ နာမည္စဥ္းစားေနရပါတယ္။

ျမင့္ျမတ္ဟာ ထာဝရထက္ႏွစ္ဆ ရုပ္ရွင္ကားၾကီးကို မင္းေမာ္ကြန္း၊ ေရႊမွုန္ရတီတုိ႔နဲ႔အတူ သံုးပြင့္ဆိုင္အခ်စ္ဇာတ္လမ္းပံုစံကို ရုိက္ကူးခဲ့တာျဖစ္ပါတယ္။ ထာဝရထက္ႏွစ္ဆ ရုပ္ရွင္ကား ပိုစတာထြက္ရွိလာခ်ိန္မွာေတာ့ ပရိသတ္ေတြက လူငယ္ေတြၾကားလူၾကိဳက္မ်ားေနတဲ့ အိႏၵိယနာမည္ၾကီးဇာတ္ကား ဆာရူးကားကို ေကာ္ပီျပန္ရိုက္ထားတယ္ဆိုျပီး မွတ္ခ်က္ေပးေဝဖန္မွုေတြရွိလာခဲ့တာျဖစ္ပါတယ္။

Sanam Teri Kasam ဇာတ္ကားဟာ ေဘာလီးဝုဒ္ရုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္ျပီး ျမန္မာပရိသတ္ေတြရဲ႕ အသည္းထဲထိေအာင္ ေနရာဝင္ယူႏိုင္ေလာက္တဲ့အထိ ေအာင္ျမင္ခဲ့တဲ့ အခ်စ္ Drama ဇာတ္ကားတစ္ကားျဖစ္ခဲ့ပါတယ္။ ယခုလိုမ်ိဳးထာဝရထက္ႏွစ္ဆ ရုပ္ရွင္ကားဟာ အိႏၵိယ ရုပ္ရွင္ကားကို ေကာ္ပီယူထားမွန္း ျမင့္ျမတ္တစ္ေယာက္ မသိခဲ့ပါဘူးလို႔ဆိုပါတယ္။

“ဟုတ္တယ္ဗ် အဲ့ကား ဇာတ္လမ္းေတာ္ေတာ္ေကာင္းတယ္။ ေတာ္ေတာ္ကိုေကာင္းတာ က်ေတာ္လည္း အခုရိုက္ျပီးသြားျပီေပါ့ေနာ္။ ရိုက္ျပီးသြားတဲ့အခ်ိန္မွာ ဇာတ္ကားေတာ့ က်ေတာ္မၾကည့္ရေသးဘူး။ ဒါေပမယ့္ ရိုက္ကူးတဲ့အခ်ိန္က အဲ့ဇာတ္လမ္းက အရမ္းလည္းေကာင္းတယ္။ ေနာက္ပါဝင္တဲ့ ဇာတ္ဝင္ေတးေတြ အရမ္းေကာင္းတယ္။ သရုပ္ေဆာင္ရတာလည္း က်ေတာ္အရမ္းအားရတယ္။ တစ္ဇာတ္လံုးအျပစ္ေျပာစရာမရွိေလာက္ေအာင္ က်ေတာ္ ေနျပည္ေတာ္မွာရိုက္ထားတာ။ အရမ္းေကာင္းတယ္။ အဲလိုထြက္တာေတာ့ ဟုတ္တယ္။ က်ေတာ္လည္း ခုနက တစ္ေယာက္အင္တာဗ်ဴးမွာေမးေတာ့မွ က်ေတာ္လည္း သိတာ။ မသိဘူး အိႏၵိယ Movie ျဖစ္ေနမွန္းေတာ့ ဒါေပမယ့္ ဇာတ္လမ္းေတာ့ေတာ္ေတာ္ေကာင္းတယ္။” လို႔ 8Days မီဒီယာရဲ႕ အင္တာဗ်ဴးမွာေျဖၾကားသြားခဲ့တာျဖစ္ပါတယ္။

ပရိသတ္ၾကီးေရ….ထာဝရထက္ႏွစ္ဆ ရုပ္ရွင္ကားဟာလည္း နာမည္ၾကီးမင္းသား၊ မင္းသမီးေတြကို အသံုးျပဳျပီးရိုက္ထားတာျဖစ္တဲ့အတြက္ ပရိသတ္ေတြကိုလည္း ရသတစ္မ်ိဳးေပးစြမ္းႏိုင္ဦးမွာမို႔ ရံုတင္ရင္ သြားေရာက္ၾကည့္ရွုဖို႔တိုက္တြန္းလိုက္ပါတယ္ေနာ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:BurmeseAsia

#Unicode Version#
ဂျင်းကောင်လို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မြင့်မြတ်ကတော့ ဗီဒီယိုလောကတင်မက ရုပ်ရှင်လောကကိုပါ ကြီးစိုးလာနိုင်တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီဆုကိုလည်းသိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့အပြင် သားသားလေးပါ ရရှိပိုင်ဆိုင်သွားရတဲ့ မြင့်မြတ်အတွက်တော့ ကံအကောင်းဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျူနီယာမြင့်မြတ်လေးကို နာမည်မပေးရသေးတဲ့အတွက် မြင့်မြတ်တစ်ယောက် နာမည်စဉ်းစားနေရပါတယ်။

မြင့်မြတ်ဟာ ထာဝရထက်နှစ်ဆ ရုပ်ရှင်ကားကြီးကို မင်းမော်ကွန်း၊ ရွှေမှုန်ရတီတို့နဲ့အတူ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ထာဝရထက်နှစ်ဆ ရုပ်ရှင်ကား ပိုစတာထွက်ရှိလာချိန်မှာတော့ ပရိသတ်တွေက လူငယ်တွေကြားလူကြိုက်များနေတဲ့ အိန္ဒိယနာမည်ကြီးဇာတ်ကား ဆာရူးကားကို ကော်ပီပြန်ရိုက်ထားတယ်ဆိုပြီး မှတ်ချက်ပေးဝေဖန်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။

Sanam Teri Kasam ဇာတ်ကားဟာ ဘောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး မြန်မာပရိသတ်တွေရဲ့ အသည်းထဲထိအောင် နေရာဝင်ယူနိုင်လောက်တဲ့အထိ အောင်မြင်ခဲ့တဲ့ အချစ် Drama ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ယခုလိုမျိုးထာဝရထက်နှစ်ဆ ရုပ်ရှင်ကားဟာ အိန္ဒိယ ရုပ်ရှင်ကားကို ကော်ပီယူထားမှန်း မြင့်မြတ်တစ်ယောက် မသိခဲ့ပါဘူးလို့ဆိုပါတယ်။

“ဟုတ်တယ်ဗျ အဲ့ကား ဇာတ်လမ်းတော်တော်ကောင်းတယ်။ တော်တော်ကိုကောင်းတာ ကျတော်လည်း အခုရိုက်ပြီးသွားပြီပေါ့နော်။ ရိုက်ပြီးသွားတဲ့အချိန်မှာ ဇာတ်ကားတော့ ကျတော်မကြည့်ရသေးဘူး။ ဒါပေမယ့် ရိုက်ကူးတဲ့အချိန်က အဲ့ဇာတ်လမ်းက အရမ်းလည်းကောင်းတယ်။ နောက်ပါဝင်တဲ့ ဇာတ်ဝင်တေးတွေ အရမ်းကောင်းတယ်။ သရုပ်ဆောင်ရတာလည်း ကျတော်အရမ်းအားရတယ်။ တစ်ဇာတ်လုံးအပြစ်ပြောစရာမရှိလောက်အောင် ကျတော် နေပြည်တော်မှာရိုက်ထားတာ။ အရမ်းကောင်းတယ်။ အဲလိုထွက်တာတော့ ဟုတ်တယ်။ ကျတော်လည်း ခုနက တစ်ယောက်အင်တာဗျူးမှာမေးတော့မှ ကျတော်လည်း သိတာ။ မသိဘူး အိန္ဒိယ Movie ဖြစ်နေမှန်းတော့ ဒါပေမယ့် ဇာတ်လမ်းတော့တော်တော်ကောင်းတယ်။” လို့ 8Days မီဒီယာရဲ့ အင်တာဗျူးမှာဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ….ထာဝရထက်နှစ်ဆ ရုပ်ရှင်ကားဟာလည်း နာမည်ကြီးမင်းသား၊ မင်းသမီးတွေကို အသုံးပြုပြီးရိုက်ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေကိုလည်း ရသတစ်မျိုးပေးစွမ်းနိုင်ဦးမှာမို့ ရုံတင်ရင် သွားရောက်ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်နော်။

ဖိုးသူတော်(www.phothutaw.com)
Credit:BurmeseAsia




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top