iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ားႏွင့္က်န္းမာေရး
       ဒီလိုသားဥအိမ္ အရည္အိတ္ဟာ အမ်ိဳးသမီးေတြမွာ အင္မတန္အျဖစ္မ်ားတယ္။ ဒါေပမဲ့ အရမ္းႀကီးေတာ့ စိတ္မပူပါနဲ႔။ အမ်ားစုက ဓမၼတာခ်ိန္နဲ႔ ေပၚလိုက္၊ ေပ်ာက္လိုက္ ျဖစ္တတ္တာမ်ိဳးျဖစ္လို႔ ဘာမွဆက္ၿပီး လုပ္စရာ မလိုအပ္ပါဘူး။ ဒါေပမဲ့ ၂၀ ရာခိုင္ႏႈန္းေလာက္မွာေတာ့ သူ႔အလိုလို မေပ်ာက္သြားဘဲ ခြဲစိတ္ဖို႔ လိုႏိုင္တာ၊ ကင္ဆာေျပာင္းသြားႏိုင္တာမ်ိဳး ရွိႏုိင္တယ္။
          ၿပီးေတာ့ သားဥအိမ္ အရည္အိတ္ရဲ႕ လကၡဏာေတြဟာ သားအိမ္ အသားလံုးေတြ၊ ရာသီမလာခင္ လကၡဏာေတြနဲ႔ ဆင္ေနတတ္တယ္။
          ဒါေပမဲ့ ရာသီလာလို႔ နာတာက ရာသီၿပီးရင္ ေပ်ာက္သြားတတ္ေပမယ့္ ေတာက္ေလွ်ာက္ နာေနတယ္ဆိုရင္ အာထရာေစာင္း ႐ိုက္ၾကည့္ဖို႔သင့္တယ္။
          ဒီလိုလကၡဏာေတြ ေတြ႕ေနရတယ္ဆိုရင္ သတိထားဖို႔ လိုတယ္ေနာ္။
၁။     တင္ပါးဆံုေအာက္ပိုင္းက နာေနတယ္။
          သားဥအိမ္ အရည္အိတ္ေၾကာင့္နာရင္ သားဥအိမ္ရွိတဲ့ ဘယ္ဘက္ျဖစ္ျဖစ္၊ ညာဘက္ျဖစ္ျဖစ္မွာ နာေနတတ္တယ္။
          ဘာလုပ္လုပ္ကို ေတာက္ေလွ်ာက္နာေနတတ္ၿပီး ရာသီၿပီးခ်ိန္မွာလည္း မေပ်ာက္သြားတတ္ဘူး။
          ႐ုတ္တရက္ႀကီး အရမ္းနာလာရင္ေတာ့ သားဥအိမ္ အရည္အိတ္ လိမ္သြားလို႔ ျဖစ္ႏိုင္ၿပီးေတာ့ အေရးေပၚအေျခအေနတစ္ခု ျဖစ္ပါတယ္။ ဒီလိုလိမ္တာမ်ိဳးက အရည္အိတ္ ႀကီးလာၿပီး ပိုပုိေ႐ြလ်ားမႈ မ်ားလာတာေၾကာင့္ ျဖစ္တာမ်ားတယ္။
၂။     ရင္ျပည့္ရင္ကယ္ ျဖစ္ေနတတ္တယ္။
          ရင္ျပည့္ရင္ကယ္ ျဖစ္တယ္ဆိုတာ ျဖစ္႐ိုးျဖစ္စဥ္ေပမယ့္ သားဥအိမ္ အရည္အိတ္ရဲ႕ အ႐ြယ္အစားနဲ႔ ဆိုင္ေနတတ္တယ္။
         အမ်ားစုမွာ အ႐ြယ္အစားက ၁၀ စင္တီမိတာထက္ မပိုေပမယ့္ တခ်ိဳ႕မွာေတာ့ ဖရဲသီးေလာက္ႀကီးတာမ်ိဳးေတာင္ ေတြ႕ရတတ္တယ္။
         အမ်ိဳးသမီးအမ်ားစုက ဒါကို ကိုယ္အေလးခ်ိန္ တက္လာတယ္ပဲ ထင္တတ္ၾကတယ္။ ဒါေပမဲ့ ဗိုက္နာၿပီး ရင္ျပည့္ရင္ကယ္ျဖစ္ေနရင္ ဒါ အလံုးရွိေနႏိုင္လို႔ မေပါ့ဆနဲ႔ေနာ္။
၃။     အၿမဲတမ္း ဗိုက္ထဲ ျပည့္ေနတယ္။
         သားအိမ္အသားလံုးလိုပဲ သားဥအိမ္ အရည္အိတ္ကလည္း ဗိုက္ထဲေလးေလးႀကီး ျဖစ္ေနတတ္တယ္။
         ဝမ္းခ်ဳပ္ေနသလို ခံစားရတတ္တယ္။ ဒါေပမဲ့ ဝမ္းလည္း ေကာင္းေကာင္းသြားၿပီး ၂ ပတ္၊ ၃ ပတ္ေလာက္ထိ ၾကာလာၿပီဆုိရင္ ဘာေၾကာင့္ျဖစ္လဲဆိုတာ ရွာဖို႔လိုတယ္။
၄။     ခဏခဏ ဆီးသြားခ်င္ေနတယ္။
        ေနာက္ထပ္ လကၡဏာတစ္ခုကေတာ့ ခဏခဏ ဆီးသြားခ်င္ေနတာပါပဲ။          အရည္အိတ္က ဆီးအိမ္ကို ဖိတဲ့အခါ ဆီးခဏခဏ သြားခ်င္သလို ခံစားရလိမ့္မယ္။ ဒါေပမဲ့ ဆီးလမ္းေၾကာင္းကို ပိတ္ေနလို႔ ဆီးသြားရ ခက္ခဲတယ္။
၅။     အမ်ိဳးသားနဲ႔ အတူေနတဲ့အခ်ိန္ နာက်င္တတ္တယ္။
         အမ်ိဳးသားနဲ႔ အတူေနတဲ့အခါ တစ္ဖက္ထက္ အျခားတစ္ဖက္က ပိုနာေနတယ္ဆိုရင္ အရည္အိတ္ ျဖစ္ႏိုင္ပါတယ္။ တခ်ိဳ႕အရည္အိတ္ေတြက အရမ္းႀကီးလာတဲ့အခါ သားအိမ္ အေနာက္ဘက္ သားအိမ္ေခါင္းေဘးမွာ ေရာက္ေနတဲ့အတြက္ နာနာေနတတ္တယ္။
  ဒီလိုမ်ိဳးျဖစ္ေနခဲ့ရင္ မီးယပ္ဆရာဝန္နဲ႔ ခ်က္ခ်င္းျပၾကည့္ပါ။
၆။     ေနာက္ေက်ာနာတာ၊ ေျခသလံုး နာတာမ်ိဳး ရွိတယ္။
         တင္ပါးဆံုေလးက က်ဥ္းက်ဥ္းေလးျဖစ္လို႔ အလံုး ႀကီးႀကီးလာတဲ့အခါ ဟိုဖိဒီဖိ ေလွ်ာက္ဖိေတာ့တာေပါ့။ ေနာက္ေက်ာကို သြားတဲ့၊ ေျခသလံုးကို သြားတဲ့ အာ႐ံုေၾကာေတြကို ဖိမိတဲ့အခါ ေနာက္ေက်ာ နာတာ၊ ေျခသလံုး နာတာမ်ိဳးေတြ ျဖစ္လာႏိုင္တယ္။
          ဒါေၾကာင့္ ဒီလိုနာေနတဲ့အေၾကာင္းရင္းကို ရွာမေတြ႕ဘူးဆိုရင္ သားဥအိမ္အလံုးကို ရွာၾကည့္သင့္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

# Unicode Version # ျဖင့္ ဖတ္ပါ #

အမျိုးသမီးများနှင့်ကျန်းမာရေး
       ဒီလိုသားဥအိမ် အရည်အိတ်ဟာ အမျိုးသမီးတွေမှာ အင်မတန်အဖြစ်များတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ စိတ်မပူပါနဲ့။ အများစုက ဓမ္မတာချိန်နဲ့ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်တတ်တာမျိုးဖြစ်လို့ ဘာမှဆက်ပြီး လုပ်စရာ မလိုအပ်ပါဘူး။ ဒါပေမဲ့ ၂၀ ရာခိုင်နှုန်းလောက်မှာတော့ သူ့အလိုလို မပျောက်သွားဘဲ ခွဲစိတ်ဖို့ လိုနိုင်တာ၊ ကင်ဆာပြောင်းသွားနိုင်တာမျိုး ရှိနိုင်တယ်။
          ပြီးတော့ သားဥအိမ် အရည်အိတ်ရဲ့ လက္ခဏာတွေဟာ သားအိမ် အသားလုံးတွေ၊ ရာသီမလာခင် လက္ခဏာတွေနဲ့ ဆင်နေတတ်တယ်။
          ဒါပေမဲ့ ရာသီလာလို့ နာတာက ရာသီပြီးရင် ပျောက်သွားတတ်ပေမယ့် တောက်လျှောက် နာနေတယ်ဆိုရင် အာထရာစောင်း ရိုက်ကြည့်ဖို့သင့်တယ်။
          ဒီလိုလက္ခဏာတွေ တွေ့နေရတယ်ဆိုရင် သတိထားဖို့ လိုတယ်နော်။
၁။     တင်ပါးဆုံအောက်ပိုင်းက နာနေတယ်။
          သားဥအိမ် အရည်အိတ်ကြောင့်နာရင် သားဥအိမ်ရှိတဲ့ ဘယ်ဘက်ဖြစ်ဖြစ်၊ ညာဘက်ဖြစ်ဖြစ်မှာ နာနေတတ်တယ်။
          ဘာလုပ်လုပ်ကို တောက်လျှောက်နာနေတတ်ပြီး ရာသီပြီးချိန်မှာလည်း မပျောက်သွားတတ်ဘူး။
          ရုတ်တရက်ကြီး အရမ်းနာလာရင်တော့ သားဥအိမ် အရည်အိတ် လိမ်သွားလို့ ဖြစ်နိုင်ပြီးတော့ အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီလိုလိမ်တာမျိုးက အရည်အိတ် ကြီးလာပြီး ပိုပိုရွေလျားမှု များလာတာကြောင့် ဖြစ်တာများတယ်။
၂။     ရင်ပြည့်ရင်ကယ် ဖြစ်နေတတ်တယ်။
          ရင်ပြည့်ရင်ကယ် ဖြစ်တယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပေမယ့် သားဥအိမ် အရည်အိတ်ရဲ့ အရွယ်အစားနဲ့ ဆိုင်နေတတ်တယ်။
         အများစုမှာ အရွယ်အစားက ၁၀ စင်တီမိတာထက် မပိုပေမယ့် တချို့မှာတော့ ဖရဲသီးလောက်ကြီးတာမျိုးတောင် တွေ့ရတတ်တယ်။
         အမျိုးသမီးအများစုက ဒါကို ကိုယ်အလေးချိန် တက်လာတယ်ပဲ ထင်တတ်ကြတယ်။ ဒါပေမဲ့ ဗိုက်နာပြီး ရင်ပြည့်ရင်ကယ်ဖြစ်နေရင် ဒါ အလုံးရှိနေနိုင်လို့ မပေါ့ဆနဲ့နော်။
၃။     အမြဲတမ်း ဗိုက်ထဲ ပြည့်နေတယ်။
         သားအိမ်အသားလုံးလိုပဲ သားဥအိမ် အရည်အိတ်ကလည်း ဗိုက်ထဲလေးလေးကြီး ဖြစ်နေတတ်တယ်။
         ဝမ်းချုပ်နေသလို ခံစားရတတ်တယ်။ ဒါပေမဲ့ ဝမ်းလည်း ကောင်းကောင်းသွားပြီး ၂ ပတ်၊ ၃ ပတ်လောက်ထိ ကြာလာပြီဆိုရင် ဘာကြောင့်ဖြစ်လဲဆိုတာ ရှာဖို့လိုတယ်။
၄။     ခဏခဏ ဆီးသွားချင်နေတယ်။
        နောက်ထပ် လက္ခဏာတစ်ခုကတော့ ခဏခဏ ဆီးသွားချင်နေတာပါပဲ။          အရည်အိတ်က ဆီးအိမ်ကို ဖိတဲ့အခါ ဆီးခဏခဏ သွားချင်သလို ခံစားရလိမ့်မယ်။ ဒါပေမဲ့ ဆီးလမ်းကြောင်းကို ပိတ်နေလို့ ဆီးသွားရ ခက်ခဲတယ်။
၅။     အမျိုးသားနဲ့ အတူနေတဲ့အချိန် နာကျင်တတ်တယ်။
         အမျိုးသားနဲ့ အတူနေတဲ့အခါ တစ်ဖက်ထက် အခြားတစ်ဖက်က ပိုနာနေတယ်ဆိုရင် အရည်အိတ် ဖြစ်နိုင်ပါတယ်။ တချို့အရည်အိတ်တွေက အရမ်းကြီးလာတဲ့အခါ သားအိမ် အနောက်ဘက် သားအိမ်ခေါင်းဘေးမှာ ရောက်နေတဲ့အတွက် နာနာနေတတ်တယ်။
  ဒီလိုမျိုးဖြစ်နေခဲ့ရင် မီးယပ်ဆရာဝန်နဲ့ ချက်ချင်းပြကြည့်ပါ။
၆။     နောက်ကျောနာတာ၊ ခြေသလုံး နာတာမျိုး ရှိတယ်။
         တင်ပါးဆုံလေးက ကျဉ်းကျဉ်းလေးဖြစ်လို့ အလုံး ကြီးကြီးလာတဲ့အခါ ဟိုဖိဒီဖိ လျှောက်ဖိတော့တာပေါ့။ နောက်ကျောကို သွားတဲ့၊ ခြေသလုံးကို သွားတဲ့ အာရုံကြောတွေကို ဖိမိတဲ့အခါ နောက်ကျော နာတာ၊ ခြေသလုံး နာတာမျိုးတွေ ဖြစ်လာနိုင်တယ်။
          ဒါကြောင့် ဒီလိုနာနေတဲ့အကြောင်းရင်းကို ရှာမတွေ့ဘူးဆိုရင် သားဥအိမ်အလုံးကို ရှာကြည့်သင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top