စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

ဖိလစ္ပိုင္ႏုိင္ငံက စုံတြဲတစ္တြဲကေတာ့ ဂ်င္းထည့္သြားတဲ့ မဂၤလာပြဲစီစဥ္သူေၾကာင့္ အဆင္မေျပျဖစ္ခဲ့ရၿပီး ၾကြေရာက္လာတဲ့ ဧည့္ပရိသတ္ေတြေရွ႕မွာ ငုိေၾကြးခဲ့ရတယ္လုိ႔ သိရပါတယ္။ အဆုိပါစုံတြဲဟာ မဂၤလာပြဲစီစဥ္သူကို ဝန္ေဆာင္ခအျဖစ္ ပီဆုိ (၁၄၀၀၀၀)အထိ ေပးခဲ့ရပါတယ္။

အဆုိပါ ေငြပမာဏဟာ အေမရိကန္ေဒၚလာ (၂၆၇၃)အထိ ရွိပါတယ္။ ဒါေပမယ့္ မဂၤလာပြဲစီစဥ္သူက တကယ္အေရးႀကီးတဲ့ မဂၤလာကိတ္မုန္႔ကို ပစၥည္းေတြမကြဲရွေအာင္ထုတ္ပုိးရာမွာ သုံးတဲ့ေဖာ့(Polystyrene Foam)နဲ႔ အတုျပဳလုပ္ၿပီး မဂၤလာေမာင္ႏွံကုိ ေပးခဲ့တာ့ပါ။

ဓားနဲ႔လွီးမွ မဂၤလာကိတ္အတုမွန္း သိလုိက္ရလုိ႔ သတို႔သမီးမွာ မ်က္ရည္မဆည္ႏုိင္ ျဖစ္ခဲ့ရပါတယ္။ ပုိဆုိးတာက ဘာအစားအစာမွ စီစဥ္မထားလုိ႔ နီးစပ္ရာ စားေသာက္ဆုိင္ကေန ဧည့္သည္ေတြအတြက္ အစားအစာေတြ မွာယူခဲ့ရပါတယ္။မဂၤလာပြဲကိုေတာ့ ၿပီးခဲ့တဲ့ ဒီဇဘၤာ(၃)ရက္က Pasig City ၿမိဳ႕မွာ က်င္းပခဲ့ၾကတာပါ။

မဂၤလာေမာင္ႏွံရဲ႕အမည္ကေတာ့ Jhon Chen (၄၀)ႏွစ္နဲ႔ Shine Tamayo (၂၆)ႏွစ္တုိ႔ ျဖစ္ၾကပါတယ္။ သူတုိ႔ကို ဂ်င္းထည့္သြားတဲ့ ပြဲစီစဥ္သူအမ်ိဳးသမီးကို လုံးဝမေက်နပ္ဘဲ တရားစြဲဆုိခဲ့ပါတယ္။ ရဲက အဲဒီမဂၤလာပြဲစီစဥ္သူကုိ လိမ္လည္မႈ၊ တစ္ဖက္သားကုိ နစ္နာေစမႈနဲ႔ ဖမ္းဆီးစစ္ေဆးေနတယ္လုိ႔ သိရပါတယ္။

source : worldofbuzz.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လင္းသူရိန္ (MyanmarNote)

# Unicode Version ျဖင့္ ဖတ္ပါ #

ဖိလစ်ပိုင်နိုင်ငံက စုံတွဲတစ်တွဲကတော့ ဂျင်းထည့်သွားတဲ့ မင်္ဂလာပွဲစီစဉ်သူကြောင့် အဆင်မပြေဖြစ်ခဲ့ရပြီး ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေရှေ့မှာ ငိုကြွေးခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါစုံတွဲဟာ မင်္ဂလာပွဲစီစဉ်သူကို ဝန်ဆောင်ခအဖြစ် ပီဆို (၁၄၀၀၀၀)အထိ ပေးခဲ့ရပါတယ်။

အဆိုပါ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ (၂၆၇၃)အထိ ရှိပါတယ်။ ဒါပေမယ့် မင်္ဂလာပွဲစီစဉ်သူက တကယ်အရေးကြီးတဲ့ မင်္ဂလာကိတ်မုန့်ကို ပစ္စည်းတွေမကွဲရှအောင်ထုတ်ပိုးရာမှာ သုံးတဲ့ဖော့(Polystyrene Foam)နဲ့ အတုပြုလုပ်ပြီး မင်္ဂလာမောင်နှံကို ပေးခဲ့တာ့ပါ။

ဓားနဲ့လှီးမှ မင်္ဂလာကိတ်အတုမှန်း သိလိုက်ရလို့ သတို့သမီးမှာ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ရပါတယ်။ ပိုဆိုးတာက ဘာအစားအစာမှ စီစဉ်မထားလို့ နီးစပ်ရာ စားသောက်ဆိုင်ကနေ ဧည့်သည်တွေအတွက် အစားအစာတွေ မှာယူခဲ့ရပါတယ်။မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ ဒီဇင်္ဘာ(၃)ရက်က Pasig City မြို့မှာ ကျင်းပခဲ့ကြတာပါ။

မင်္ဂလာမောင်နှံရဲ့အမည်ကတော့ Jhon Chen (၄၀)နှစ်နဲ့ Shine Tamayo (၂၆)နှစ်တို့ ဖြစ်ကြပါတယ်။ သူတို့ကို ဂျင်းထည့်သွားတဲ့ ပွဲစီစဉ်သူအမျိုးသမီးကို လုံးဝမကျေနပ်ဘဲ တရားစွဲဆိုခဲ့ပါတယ်။ ရဲက အဲဒီမင်္ဂလာပွဲစီစဉ်သူကို လိမ်လည်မှု၊ တစ်ဖက်သားကို နစ်နာစေမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

source : worldofbuzz.com

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းသူရိန် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top