၅။အိမ်မှာမှိုတွေဖုန့်မှုန့်တွေရှိနေတာကအိမ်ကိုညစ်ပတ်စေရုံသာမကကျန်းမာရေးအတွက်လဲမကောင်းပါဘူး။
ဖိုးသူတော် (www.phothutaw.com)
Credit: Daily Hot News
#Unicode Version#
သင့်အိမ်ကိုသန့်သန့်ရှင်းရှင်းထားတာဟာကျန်းမာရေးအတွက်သင့်တော်သလိုပျော်ရွှင်မှူလည်းရစေပါတယ်
၁။အဝတ်အခြောက်ခံစက်တွေကိုသုံးပြီးတိုင်းအခြောက်ခံစက်ထဲကအဝတ်စ၊ဂွမ်းစ၊သိုးမွှေးစတွေကိုဖယ်ရှားပါ။
ဘာလို့ဆို၎င်းတို့ကြောင့်အိမ်ကိုမီးတောင်လောင်စေပါတယ်အခြောက်ခံစက်ကိုမပိတ်ဘဲထားမိမယ်အဝတ်စတွေလည်းရှိနေရင်မီးလောင်လွယ်တတ်တယ်။အဲလိုမဖြစ်စေဖို့အခြောက်ခံစက်သုံးပြီးတိုင်းဖယ်ရှားပေးပါ။
၂။အဝတ်အစွန်းချွတ်ဆေးနဲ့အမိုးနီးယားကိုလုံးဝတွဲမသုံးသင့်ပါဘူး
၎င်းတို့၂ခုရောလိုက်မိရင်အဆိပ်ငွေ့တွေထွက်တတ်ပါတယ်။အဲဒီအဆိပ်ငွေ့ကိုရူသွင်းမိရင်အသက်ရူလမ်းကြောင်းကိုထိခိုက်စေပြီးဒီထက်ဆိုးတာတောင်ဖြစ်နိုင်တယ်။အစွန်းချွတ်ဆေးနဲ့ဘာနဲ့မှရောမသုံးသင့်ပါ။
၃။သင့်အိမ်မှာရေခဲသေတ္တာထဲကမုန့်တွေကိုမြန်မြန်နဲ့လွယ်လွယ်ဆွဲစားတတ်တဲ့ကလေးရှိရင်ရေခဲသေတ္တာကိုအမြဲရှင်းလင်းစွာထားပါ။အပတ်စဉ်ရေခဲသေတ္တာထဲကသက်တမ်းကုန်နေတဲ့မုန့်တွေကိုဖယ်ရှားပြီးသန့်ရှင်းပေးပါ။
၄။အသားစိမ်းငါးစိမ်းတွေကိုင်တွယ်ပြီးတိုင်းအသုံးပြူခဲ့တဲ့ပစ္စည်းတွေကိုမသန့်စင်တာဟာသင်နဲ့သင့်မိသားစုကျန်းမာရေးကိုထိခိုက်စေပါတယ်။အသာ၊းငါးစိမ်းလှီးထားတဲ့ဓားနဲ့ဟင်းသီးဟင်းရွက်မလှီးသင့်ပါဘူး။အသား၊ငါးလှီးပြီးတိုင်းဓားတွေ၊စဉ့်နီတုံးတွေကိုဆပ်ပြာနဲ့သေချာဆေးပေးပါ။
၅။အိမ်မှာမှိူတွေဖုန့်မှုန့်တွေရှိနေတာကအိမ်ကိုညစ်ပတ်စေရုံသာမကကျန်းမာရေးအတွက်လဲမကောင်းပါဘူး။
မှိုအလက်ဂျစ်ကသင့်ကိုချောင်းဆိုးစေရုံသာမကမျက်လုံးကိုလည်းယားယံစေပါတယ်ဒါကြောင့်သင့်အိမ်မှာမှို၊ဖုန့်မှုန်တွေရှိနေရင်သန့်ရှင်းရေးလုပ်ပါ။
၆။အိမ်မှာသန့်ရှင်းရေးလုပ်ရင်ပြတင်းပေါက်တွေဖွင့်ပြီးလုပ်ပါ
သန့်ရှင်းရေးလုပ်တဲ့စက်(ဥပမာ ဖုန်စုပ်စက်) တွေရဲ့effects ဟာကျန်းမာရေးကိုဆေးလိပ်သောက်သကဲ့သို့ထိခိုက်စေတယ်လို့ဆိုပါတယ်
ဒါကြောင့်သန့်ရှင်းရေးမလုပ်တဲ့နေ့မှာတောင်ပြတင်းပေါက်တွေဖွင့်ထားသင့်ပါတယ်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top