စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ႏွာေခါင္းေသြးဟာ ႏွာ႐ိုးက်ိဳးတာအပါအဝင္ ႏွာေခါင္းယားယံတာနဲ႔ အေအးမိ၊ ႏွာေစးစတဲ့ ျပႆနာအမ်ိဳးမ်ိဳးေၾကာင့္ လၽွံတတ္ပါတယ္။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ အေၾကာင္းျပခ်က္ ေရေရရာရာမရွိဘဲ ထစ္ခနဲရွိႏွာေခါင္းေသြးလၽွံတတ္သူေတြအတြက္ အေရးေပၚကုသနည္းေတြကို ဒီေဆာင္းပါးေလးကေနတစ္ဆင့္ ေျပာျပေပးခ်င္ပါတယ္။
၁။ အေနအထားမွန္ေအာင္ ျပဳျပင္လိုက္ပါ
ႏွာေခါင္းေသြးလၽွံလာၿပီဆို လည္ေခ်ာင္းတြင္းစီးဆင္းေနတဲ့ ေသြးေတြကိုတားဆီးဖို႔ရာ အရင္ဆုံးေက်ာမွီထိုင္ခုံမွာထိုင္ၿပီး ဦးေခါင္းကို ေမာ့ထားလိုက္ပါ။ ႏွာေခါင္းတစ္ေလၽွာက္ပိတ္ေနတဲ့ေသြးေတြကို အျပင္ထြက္ေစဖို႔ ျဖည္းျဖည္းမွန္မွန္႐ႉထုတ္ေပးပါ။ ဒီဖိအားကို ပုံေသျဖစ္ေစဖို႔ ႐ိုးဆက္အ႐ြတ္နားက ႏွာေခါင္းရဲ႕အႏူးညံ့ဆုံးအပိုင္းကို လက္ၫႈိးနဲ႔ လက္မႏွစ္ခုၾကား ဆယ္မိနစ္ေလာက္ၫွပ္ထားလိုက္ပါ။ ဒီစာဖတ္ေနစဥ္အတြင္း စမ္းလုပ္ၾကည့္ပါ။
၂။ ဖိေပးပါ
ဒုတိယအဆင့္အေနနဲ႔ ဂြမ္း (သို႔) လက္ကိုင္ပဝါစေလးကိုလိပ္ၿပီး သြားဖုံးနဲ႔ အေပၚႏႈတ္ခမ္းၾကား ဆယ္မိနစ္ေလာက္ထည့္ထားေပးပါ။ အဲဒါကို ဆယ္မိနစ္ေလာက္မထားႏိုင္ဘူးဆိုရင္ေတာ့ အေႂကြေစ့ေလးတစ္ေစ့ကို ႏႈတ္ခမ္းအေပၚဘက္နဲ႔ ႏွာေခါင္းၾကားတင္ၿပီး လက္ေခ်ာင္းေလးေတြနဲ႔ ဆယ္မိနစ္ေလာက္ဖိေပးလိုက္ပါ။
၃။ အေအးတင္ေပးပါ
ႏွာေခါင္းေသြးထြက္တဲ့ဘက္ျခမ္းကို ေရခဲတုံး (သို႔) ပဝါစေအးေအးေလးနဲ႔ သင္ခံႏိုင္ရည္ရွိသေလာက္ ဖိလိုက္၊ ဖယ္လိုက္တင္ထားေပးပါ။ အေအးဓာတ္က ေသြးေၾကာေတြကိုက်ဳံ႕ေစၿပီး ႏွာေခါင္းေသြးလၽွံတာကို တားဆီးေပးႏိုင္ပါတယ္။
၄။ ႀကိဳတင္ကာကြယ္ျခင္း
– ေနာက္ထပ္ ႏွာေခါင္းေခၽြးေပါက္ေတြကို က်ဥ္းေစတဲ့ အဲကြန္းေအာက္မွာလည္း အၾကာႀကီးမေနပါနဲ႔။- ႏွာေခါင္းရဲ႕အခၽြဲဂလင္းေတြနဲ႔ ေသြးေၾကာေတြကိုရွည္လ်ားေစတဲ့ ဗီတာမင္စီကိုလည္း မ်ားမ်ားသုံးစြဲေပးပါ။- ေရမ်ားမ်ားေသာက္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:YoYarLay

# Unicode Version # ျဖင့္ ဖတ္ပါ #

နှာခေါင်းသွေးဟာ နှာရိုးကျိုးတာအပါအဝင် နှာခေါင်းယားယံတာနဲ့ အအေးမိ၊ နှာစေးစတဲ့ ပြဿနာအမျိုးမျိုးကြောင့် လျှံတတ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အကြောင်းပြချက် ရေရေရာရာမရှိဘဲ ထစ်ခနဲရှိနှာခေါင်းသွေးလျှံတတ်သူတွေအတွက် အရေးပေါ်ကုသနည်းတွေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောပြပေးချင်ပါတယ်။
၁။ အနေအထားမှန်အောင် ပြုပြင်လိုက်ပါ
နှာခေါင်းသွေးလျှံလာပြီဆို လည်ချောင်းတွင်းစီးဆင်းနေတဲ့ သွေးတွေကိုတားဆီးဖို့ရာ အရင်ဆုံးကျောမှီထိုင်ခုံမှာထိုင်ပြီး ဦးခေါင်းကို မော့ထားလိုက်ပါ။ နှာခေါင်းတစ်လျှောက်ပိတ်နေတဲ့သွေးတွေကို အပြင်ထွက်စေဖို့ ဖြည်းဖြည်းမှန်မှန်ရှူထုတ်ပေးပါ။ ဒီဖိအားကို ပုံသေဖြစ်စေဖို့ ရိုးဆက်အရွတ်နားက နှာခေါင်းရဲ့အနူးညံ့ဆုံးအပိုင်းကို လက်ညှိုးနဲ့ လက်မနှစ်ခုကြား ဆယ်မိနစ်လောက်ညှပ်ထားလိုက်ပါ။ ဒီစာဖတ်နေစဉ်အတွင်း စမ်းလုပ်ကြည့်ပါ။
၂။ ဖိပေးပါ
ဒုတိယအဆင့်အနေနဲ့ ဂွမ်း (သို့) လက်ကိုင်ပဝါစလေးကိုလိပ်ပြီး သွားဖုံးနဲ့ အပေါ်နှုတ်ခမ်းကြား ဆယ်မိနစ်လောက်ထည့်ထားပေးပါ။ အဲဒါကို ဆယ်မိနစ်လောက်မထားနိုင်ဘူးဆိုရင်တော့ အကြွေစေ့လေးတစ်စေ့ကို နှုတ်ခမ်းအပေါ်ဘက်နဲ့ နှာခေါင်းကြားတင်ပြီး လက်ချောင်းလေးတွေနဲ့ ဆယ်မိနစ်လောက်ဖိပေးလိုက်ပါ။
၃။ အအေးတင်ပေးပါ
နှာခေါင်းသွေးထွက်တဲ့ဘက်ခြမ်းကို ရေခဲတုံး (သို့) ပဝါစအေးအေးလေးနဲ့ သင်ခံနိုင်ရည်ရှိသလောက် ဖိလိုက်၊ ဖယ်လိုက်တင်ထားပေးပါ။ အအေးဓာတ်က သွေးကြောတွေကိုကျုံ့စေပြီး နှာခေါင်းသွေးလျှံတာကို တားဆီးပေးနိုင်ပါတယ်။
၄။ ကြိုတင်ကာကွယ်ခြင်း
– နောက်ထပ် နှာခေါင်းချွေးပေါက်တွေကို ကျဉ်းစေတဲ့ အဲကွန်းအောက်မှာလည်း အကြာကြီးမနေပါနဲ့။- နှာခေါင်းရဲ့အချွဲဂလင်းတွေနဲ့ သွေးကြောတွေကိုရှည်လျားစေတဲ့ ဗီတာမင်စီကိုလည်း များများသုံးစွဲပေးပါ။- ရေများများသောက်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:YoYarLay

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top