ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

Discover Magazine ရဲ႕ေဖာ္ျပခ်က္အရ အရက္ေသာက္သူေတြဟာ ႐ုပ္ရည္ပုိင္းအရ စြဲေဆာင္မႈပုိရွိတယ္လုိ႔ ဆုိပါတယ္။ ဒီေဖာ္ျပမႈဟာ သိပၸံပညာရွင္ေတြရဲ႕ စနစ္တက် သုေတသနျပဳမႈကို ေကာက္ႏႈတ္ေဖာ္ျပထားတာလုိ႔ ဆုိပါတယ္။ ဒါေမပယ့္ ျခြင္းခ်က္ေတြလည္း ရွိေနပါတယ္။

အရက္ကို ပမာဏမ်ားမ်ား ေသာက္သုံးပါက ေဘးထြက္ဆုိးက်ိဳးေတြရွိတယ္ဆုိတာကုိ ဘယ္သိပၸံပညာရွင္ကမွ ျငင္းမထားပါဘူး။ သုေတသနျပဳခ်က္မွာေတာ့ အရက္ေသာက္သုံးသူေတြရဲ႕ မ်က္ႏွာျပင္အမ်ိဳးမ်ိဳးကို ဓာတ္ပုံ႐ုိက္ကူးထားၿပီး၊ သူတုိ႔တစ္ေတြ ဘယ္ေလာက္စြဲေဆာင္မႈရွိတယ္၊ မရွိဘူးဆုိတာကို မဲေပးေရြးခ်ယ္ေစခဲ့တာပါ။

အဲဒီဓာတ္ပုံေတြထဲမွာ အရက္ကို ပုံမွန္မေသာက္သူေတြလည္း ေရာေထြးထားၿပီး အံ့ၾသစရာေကာင္းတာက အဲဒီလူလူေတြရဲ႕႐ုပ္ရည္စြဲေဆာင္မႈအဆင့္က အမွတ္ေပးဇယားရဲ႕ ဘိတ္ခ်ည္းမွာ ရပ္တည္ေနၾကပါတယ္တဲ့။ အရက္ကုိ လြန္လြန္ကၽြံကၽြံေသာက္ရင္လည္း ပုံဆုိးပန္းဆုိး ျဖစ္ေနမွာပါ။

သိပၸံပညာရွင္ေတြရဲ႕ အဆုိကေတာ့ အရက္ေသာက္ထားလုိ႔ နီေၾကာင္ေၾကာင္ျဖစ္ေနတဲ့ မ်က္ႏွာက ပုိၿပီးက်န္းမာၿပီး၊ စြဲေဆာင္မႈေကာင္းတယ္လုိ႔ လူေတာ္ေတာ္မ်ားမ်ားက ယူဆေၾကာင္းဆုိပါတယ္။ ဒါေပမယ့္ အလြန္ျပင္းထန္တဲ့ အရက္မ်ိဳးကို မေသာက္သင့္ပါဘူး။

University of Bristol in the United Kingdom ရဲဲ႕ သုေတသန ေတြ႕ရွိခ်က္မွာေတာ့ “အရက္တစ္ခြက္ဝင္သြားရင္ သင္ ၾကည့္ေကာင္းသြားတယ္ဆုိတာ မွန္ပါတယ္ … ဒါေပမယ့္ ႏွစ္ခြက္အထိေတာ့ မေသာက္သင့္ဘူး”လုိ႔ အႀကံျပဳထားပါတယ္။

အရက္ျပင္းဆုိရင္ေတာ့ ေန႔စဥ္ ပုံမွန္တစ္ခြက္ထက္ ပုိမေသာက္သုံးသင့္ပဲ၊ ဝုိင္ဆုိရင္ေတာ့ ေန႔စဥ္ မနက္၊ ေန႔လည္၊ ည သုံးခြက္ထက္ ပုိမေသာက္သင့္ဘူးလုိ႔ University of Bristol in the United Kingdom က အႀကံေပးထားပါတယ္။ အရမ္းလွခ်င္လြန္းလုိ႔ အရက္ေတြ စြတ္ေသာက္မိရင္လည္း အသက္တုိကိန္းပါ။

လင္းသုတ (MyanmarNote)

Ref : lucisphilippines.press
yourtango.com
livescience.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: University of Bristol in the United Kingdom Research


# Unicode Version ျဖင့္ ဖတ္ပါ #


Discover Magazine ရဲ့ဖော်ပြချက်အရ အရက်သောက်သူတွေဟာ ရုပ်ရည်ပိုင်းအရ စွဲဆောင်မှုပိုရှိတယ်လို့ ဆိုပါတယ်။ ဒီဖော်ပြမှုဟာ သိပ္ပံပညာရှင်တွေရဲ့ စနစ်တကျ သုတေသနပြုမှုကို ကောက်နှုတ်ဖော်ပြထားတာလို့ ဆိုပါတယ်။ ဒါမေပယ့် ခြွင်းချက်တွေလည်း ရှိနေပါတယ်။

အရက်ကို ပမာဏများများ သောက်သုံးပါက ဘေးထွက်ဆိုးကျိုးတွေရှိတယ်ဆိုတာကို ဘယ်သိပ္ပံပညာရှင်ကမှ ငြင်းမထားပါဘူး။ သုတေသနပြုချက်မှာတော့ အရက်သောက်သုံးသူတွေရဲ့ မျက်နှာပြင်အမျိုးမျိုးကို ဓာတ်ပုံရိုက်ကူးထားပြီး၊ သူတို့တစ်တွေ ဘယ်လောက်စွဲဆောင်မှုရှိတယ်၊ မရှိဘူးဆိုတာကို မဲပေးရွေးချယ်စေခဲ့တာပါ။

အဲဒီဓာတ်ပုံတွေထဲမှာ အရက်ကို ပုံမှန်မသောက်သူတွေလည်း ရောထွေးထားပြီး အံ့သြစရာကောင်းတာက အဲဒီလူလူတွေရဲ့ရုပ်ရည်စွဲဆောင်မှုအဆင့်က အမှတ်ပေးဇယားရဲ့ ဘိတ်ချည်းမှာ ရပ်တည်နေကြပါတယ်တဲ့။ အရက်ကို လွန်လွန်ကျွံကျွံသောက်ရင်လည်း ပုံဆိုးပန်းဆိုး ဖြစ်နေမှာပါ။

သိပ္ပံပညာရှင်တွေရဲ့ အဆိုကတော့ အရက်သောက်ထားလို့ နီကြောင်ကြောင်ဖြစ်နေတဲ့ မျက်နှာက ပိုပြီးကျန်းမာပြီး၊ စွဲဆောင်မှုကောင်းတယ်လို့ လူတော်တော်များများက ယူဆကြောင်းဆိုပါတယ်။ ဒါပေမယ့် အလွန်ပြင်းထန်တဲ့ အရက်မျိုးကို မသောက်သင့်ပါဘူး။

University of Bristol in the United Kingdom ရဲ့ သုတေသန တွေ့ရှိချက်မှာတော့ “အရက်တစ်ခွက်ဝင်သွားရင် သင် ကြည့်ကောင်းသွားတယ်ဆိုတာ မှန်ပါတယ် … ဒါပေမယ့် နှစ်ခွက်အထိတော့ မသောက်သင့်ဘူး”လို့ အကြံပြုထားပါတယ်။

အရက်ပြင်းဆိုရင်တော့ နေ့စဉ် ပုံမှန်တစ်ခွက်ထက် ပိုမသောက်သုံးသင့်ပဲ၊ ဝိုင်ဆိုရင်တော့ နေ့စဉ် မနက်၊ နေ့လည်၊ ည သုံးခွက်ထက် ပိုမသောက်သင့်ဘူးလို့ University of Bristol in the United Kingdom က အကြံပေးထားပါတယ်။ အရမ်းလှချင်လွန်းလို့ အရက်တွေ စွတ်သောက်မိရင်လည်း အသက်တိုကိန်းပါ။

လင်းသုတ (MyanmarNote)

Ref : lucisphilippines.press
yourtango.com
livescience.com

ဖိုးသူတော် (www.phothutaw.com)
Credit: University of Bristol in the United Kingdom Research
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top