ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အသက္(၆၀)အရြယ္ ထုိင္းႏုိင္ငံသူ အမ်ိဳးသမီးႀကီးဟာ သူမထက္ အသက္ပုိငယ္ (အတိအက်ေဖာ္ျပမထား)တဲ့ နယူးဇီလန္ႏုိ္ငငံသားနဲ႔ လက္ထပ္ခဲ့ပါတယ္။ သူမတုိ႔ဇနီးေမာင္ႏွံဟာ Auckland, New Zealand ေနထုိင္ၾကပါတယ္။ အိမ္ေထာင္သက္ (၁၈)ႏွစ္ေက်ာ္အထိ ခ်စ္ေမတၱာ ခုိင္ၿမဲခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ခင္ပြန္းသည္က သူ႕အေပၚမွာ နည္းနည္းမွ သည္းမခံႏုိင္ေတာ့ဘဲ သူမကို အမ်ိဳးမ်ိဳး ႏွိပ္စက္ပါေတာ့တယ္။ ဒီလုိနဲ႔ သူမကို အိမ္မွာမေနႏုိင္ေအာင္အထိ အမ်ိဳးမ်ိဳး ႏွိပ္စက္လာခဲ့ပါတယ္။

ဒီအေၾကာင္းကို လူမႈကြန္ရက္ အေကာင့္တစ္ခုျဖစ္တဲ့ Surat Ebata က စတင္မွ်ေဝခဲ့တာပါ။ Surat ရဲ႕အဆုိအရ အဆုိပါ အမ်ိဳးသမီးႀကီးကုိ သူက အန္တီလုိ႔ ေခၚေၾကာင္း၊ အိမ္နီးခ်င္းျဖစ္ၿပီး အလြန္ခင္မင္ႏွစ္လုိ႔ဖြယ္ေကာင္းေၾကာင္း စသျဖင့္ အစပ်ိဳးထားပါတယ္။

အဲဒီေနာက္ ခင္ပြန္းသည္က သူမကို အိမ္ကေန ႏွင္ခ်သည္အထိ အစအဆုံးေဖာ္ျပထားပါတယ္။ သူမရဲ႕နာမည္ကိုေတာ့ Auntie P လုိ႔သာ ေဖာ္ျပထားပါတယ္။ ခင္ပြန္းသည္က အိမ္ကေန ႏွင္ခ်လုိက္ခဲ့တဲ့အတြက္ အိမ္ယာမဲ့ျဖစ္သြားၿပီး အမ်ားျပည္သူရဲ႕ အကူအညီ လုိေနတယ္လုိ႔ ေျပာပါတယ္။

သူမအတြက္ ရံပုံေငြ စုေဆာင္းေနရာ လက္ရွိအခ်ိန္မွာေတာ့ ေဒၚလာ (၁၇၄၄)အထိ ရရွိေနၿပီလုိ႔ သိရပါတယ္။ Auntie P ကေတာ့ စာရိတ္ျပည့္မီတာနဲ႔ မိခင္ဇာတိ ထုိင္းႏုိင္ငံကို ျပန္ဖုိ႔ရွိေနပါတယ္။ သူမကို ကူညီၾကတဲ့ ကမာၻတစ္ဝွမ္းက ပရိသတ္ေတြကိုလည္း ေက်းဇူးတင္ေနရွာပါတယ္။

(မွတ္ခ်က္ အဖြားနဲ႔ဓာတ္ပုံထဲမွာ အတူရွိေနသူမွာ အလွဴအေငြအတြက္ အကူအညီေပးေနတဲ့ Surat Ebata ျဖစ္ပါတယ္။)

source : nextshark.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လင္းသူရိန္ (MyanmarNote)

# Unicode Version ျဖင့္ ဖတ္ပါ #

အသက်(၆၀)အရွယ် ထိုင်းနိုင်ငံသူ အမျိုးသမီးကြီးဟာ သူမထက် အသက်ပိုငယ်(အတိအကျဖော်ပြမထား)တဲ့ နယူးဇီလန်နိုငငံသားနဲ့ လက်ထပ်ခဲ့ပါတယ်။ သူမတို့ဇနီးမောင်နှံဟာ Auckland, New Zealand နေထိုင်ကြပါတယ်။ အိမ်ထောင်သက် (၁၈)နှစ်ကျော်အထိ ချစ်မေတ္တာ ခိုင်မြဲခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ခင်ပွန်းသည်က သူ့အပေါ်မှာ နည်းနည်းမှ သည်းမခံနိုင်တော့ဘဲ သူမကို အမျိုးမျိုး နှိပ်စက်ပါတော့တယ်။ ဒီလိုနဲ့ သူမကို အိမ်မှာမနေနိုင်အောင်အထိ အမျိုးမျိုး နှိပ်စက်လာခဲ့ပါတယ်။

ဒီအကြောင်းကို လူမှုကွန်ရက် အကောင့်တစ်ခုဖြစ်တဲ့ Surat Ebata က စတင်မျှဝေခဲ့တာပါ။ Surat ရဲ့အဆိုအရ အဆိုပါ အမျိုးသမီးကြီးကို သူက အန်တီလို့ ခေါ်ကြောင်း၊ အိမ်နီးချင်းဖြစ်ပြီး အလွန်ခင်မင်နှစ်လို့ဖွယ်ကောင်းကြောင်း စသဖြင့် အစပျိုးထားပါတယ်။

အဲဒီနောက် ခင်ပွန်းသည်က သူမကို အိမ်ကနေ နှင်ချသည်အထိ အစအဆုံးဖော်ပြထားပါတယ်။ သူမရဲ့နာမည်ကိုတော့ Auntie P လို့သာ ဖော်ပြထားပါတယ်။ ခင်ပွန်းသည်က အိမ်ကနေ နှင်ချလိုက်ခဲ့တဲ့အတွက် အိမ်ယာမဲ့ဖြစ်သွားပြီး အများပြည်သူရဲ့ အကူအညီ လိုနေတယ်လို့ ပြောပါတယ်။

သူမအတွက် ရံပုံငွေ စုဆောင်းနေရာ လက်ရှိအချိန်မှာတော့ ဒေါ်လာ (၁၇၄၄)အထိ ရရှိနေပြီလို့ သိရပါတယ်။ Auntie P ကတော့ စာရိတ်ပြည့်မီတာနဲ့ မိခင်ဇာတိ ထိုင်းနိုင်ငံကို ပြန်ဖို့ရှိနေပါတယ်။ သူမကို ကူညီကြတဲ့ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကိုလည်း ကျေးဇူးတင်နေရှာပါတယ်။

(မှတ်ချက် အဖွားနဲ့ဓာတ်ပုံထဲမှာ အတူရှိနေသူမှာ အလှူအငွေအတွက် အကူအညီပေးနေတဲ့ Surat Ebata ဖြစ်ပါတယ်။)

source : nextshark.com

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းသူရိန် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top