ရန်ကင်းရှိ ဇူလိုင်လတွင်အခန်းအပ်မည့် Skysuites ကွန်ဒိုအရောင်းပြပွဲ
×





Credit: Buzzy News

# Unicode Version ဖြင့် ဖတ်ပါ #
မိတ်ကပ်မကြိုက်တဲ့ မိန်းကလေးဆိုတာ ဒီခေတ်မှာတော့ ရှားသွားပါပြီ။ ဓာတ်ပုံထဲမှာရော ဘယ်နေရာရာသွားသွား သင့်တော်ကြည့်ကောင်းနေဖို့အတွက် မိတ်ကပ်ကို ပြင်ဆင်တတ်ဖို့ လိုလာပါတယ်။

မိန်းကလေးတွေမှာ တက္ကသိုလ်စတက်ကာစ အရွယ်လေးတွေဆို မိတ်ကပ်တွေစတင်လိမ်းခြယ်လာကြတယ်။ မိန်းမငယ်တစ်ယောက်ရဲ့ မျက်ကပ်မှန်၊ မိတ်ကပ်နဲ့ ဆွဲဆောင်မှုရှိတဲ့ အဝတ်စားတွေဟာ ခဏအတွင်း အင်တာနက်ပေါ်မှာ နာမည်ကြီးသွားခဲ့တယ်။

အသက် ၁၈နှစ်သာရှိသေးတဲ့ သူမရဲ့မိတ်ကပ်ပြင်ဆင်မှုဟာ မိန်းကလေးအများစုရဲ့စိတ်ဝင်စားခြင်းကို အများဆုံးခံခဲ့ရပါတယ်။ လှတော့လှပေမယ့် သူမပုံတွေအောက်မှာ အကောင်းမမြင်တဲ့ ဝေဖန်စာတွေကတော့ ထုံးစံမပျက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီကလေးမကတော့ ဂရုစိုက်မအားပါဘူး။ မိတ်ကပ်လိမ်းရာမှာ အထာကျတဲ့သူမဟာ တစ်နေ့မှာ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားတာပါတဲ့။

သူမအကောင့်မှာတင်ထားတဲ့ ပုံတော်တော်များများဟာ သူမဖုန်းနဲ့သာ ရိုက်ကူးထားတဲ့ပုံတွေဖြစ်ပါတယ်။ ဝေဖန်မှုတွေရှိလည်းပဲ သူမအလုပ်ကို ဆက်လုပ်နေမြဲပါ။ သူမမိတ်ကပ်လိမ်းလို့ ဘယ်သူ့ကိုမှလည်း ထိခိုက်မှုရှိတာမဟုတ်ဘူးလို့ ဆိုပါတယ်။ သူမရဲ့ပုံရိပ်အလန်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy News
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top