Arranged marriage ဆိုတာ တစ္ခါမွမေတြ႕ဖူးတဲ့ သူႏွစ္ေယာက္ကို မိဘေဆြမ်ိဳးမ်ားက လက္ထပ္ေပးဖို႕စီစဥ္ၾကတာပဲျဖစ္ပါတယ္။

ဒီလို arranged marriage ေတြဟာ အေနာက္ႏိုင္ငံေတြမွာထက္ အာရွႏုိင္ငံေတြမွာ ပိုမ်ားပါတယ္။ တခ်ိဳ႕တစ္ေလဆို ကိုယ္နဲ႕လက္ထပ္မယ့္လူကို ျဖဴသလား မည္းသလားေတာင္မသိဘဲ မဂၤလာေဆာင္ကာမွရုပ္ျမင္ဖူးၾကတဲ့အထိ ရွိတတ္ၾကပါတယ္။

ဒါဟာလည္း သူတို႕ရဲ႕ ရိုးရာဓေလ့ေပပဲမို႕ ေခတ္လူငယ္ေတြအေနနဲ႔ လက္မခံခ်င္လည္း လက္ခံေနရဆဲပါပဲ။ အခုေခတ္က တစ္ခါမွမျမင္ဖူးတဲ့လူကို လက္ထပ္ဖို႕မဆိုထားနဲ႕ ႏွစ္ေပါင္းၾကာရွည္တြဲခဲ့တဲ့ ခ်စ္သူနဲ႕ေတာင္ တကယ္တမ္းလက္ထပ္ဖို႕ စဥ္းစားတဲ့အခါ ဘယ္လိုမွအဆင္မေျပခဲ့ရင္ လမ္းခြဲတတ္ၾကတာမဟုတ္လား။

တစ္ခါမွမျမင္ဖူးတဲ့ကုိယ့္ရဲ႕သတို႕သမီးကို မဂၤလာပြဲက်မွေတြ႕ၿပီး လန္႕ဖ်န္႕ကာ ထြက္ေျပးရင္းျမစ္ထဲခုန္ခ်ခဲ့တဲ့ အမ်ိဳးသားတစ္ေယာက္ရွိပါတယ္။ ဒီအျဖစ္အပ်က္ဟာ (၂၀၁၃)ခုႏွစ္က တရုတ္ႏိုင္ငံ Hubei ျပည္နယ္က Shiyen ၿမိဳ႕မွာ ျဖစ္ပြားခဲ့တာပါ။

Kang Hu ဟာ အသက္ (၃၃) ႏွစ္အရြယ္ လက္ထပ္ဖို႕အရြယ္ေကာင္းျဖစ္ေနၿပီျဖစ္တဲ့အတြက္ မိဘမ်ားက သူ႕ရဲ႕မဂၤလာပြဲအတြက္ စီစဥ္ခဲ့ပါတယ္။ မိသားစုရဲ႕ဓေလ့အရ arranged marriage လုပ္ေလ့ရွိတာေၾကာင့္ Kang Hu အလွည့္မွာလဲ ဒီအတိုင္းပဲ လုပ္ေပးခဲ့ပါတယ္။

Kang Hu နဲ႔ လက္ထပ္ေပးဖို႕ စီစဥ္ခဲ့တဲ့အမ်ိဳးသမီးကေတာ့ အသက္ (၃၀) အရြယ္ Na Sung လို႕ သိရၿပီး ႏွစ္ဖက္မိဘမ်ားရဲ႕အခ်င္းခ်င္းစီစဥ္မႈအရ မဂၤလာပြဲကို ျပဳလုပ္ခဲ့ပါတယ္။ Kang Hu ဟာ Na Sung ရဲ႕ ရုပ္ရည္သြင္ျပင္ဘယ္လိုရွိလဲ၊ ျဖဴသလားမည္းသလားပုသလားရွည္သလားေတာင္ မသိခဲ့ရပါဘူး။

မဂၤလာေဆာင္ကိုေတာ့ မိတ္ေဆြ၊ ေဆြမ်ိဳးေတြဖိတ္ကာ ႀကီးႀကီးက်ယ္က်ယ္ျပဳလုပ္ခဲ့ပါတယ္။ Kang Hu ဟာ သူနဲ႕လက္ထပ္မယ့္ သတို႕သမီးေလး Na Sung ကို မဂၤလာပြဲက်င္းပေတာ့မွ ဧည့္သည္ေတြေရွ႕မွာ ေတြ႕ခဲ့ရတာပါ။

ဇနီးေလာင္းလ်ာေလး Na Sung ကို ေတြ႕ေတြ႕ခ်င္းပဲ သတို႕သား Kang Hu ဟာ သူမကိုမယူႏုိင္ဘူးလို႕ေျပာၿပီး ပြဲမွရုတ္တရက္ေျပးထြက္သြားခဲ့ပါတယ္။ မဂၤလာပြဲမွထြက္ေျပးသြားၿပီး Kang Hu တစ္ေယာက္ျမစ္ကမ္းနေဘးမွာ စိတ္ညစ္စြာနဲ႕ လမ္းေလွ်ာက္ေနခဲ့ပါတယ္။

အသက္သံုးဆယ္ေက်ာ္ေနၿပီျဖစ္ေပမယ့္ သူတို႕ရဲ႕ ယဥ္ေက်းမႈထံုးစံေတြေၾကာင့္ မိဘမ်ားကို လြန္ဆန္ဖို႕ဆိုတာမျဖစ္ႏိုင္ပါဘူး။

မလြန္ဆန္ဘဲ ေပးစားတဲ့အမ်ိဳးသမီးနဲ႕ယူဖို႕က်ျပန္ေတာ့လည္း သူ႕ရဲ႕ဇနီးေလာင္းေလးဟာ သူေမွ်ာ္မွန္းထားတာနဲ႕ ဘယ္အရာကမွ မနီးစပ္ေနခဲ့တာပါ။ Kang Hu ဟာ အလွအပကိုႀကိဳက္သူပီပီ ဇနီးျဖစ္မယ့္သူကိုလည္း မလွေတာင္ ၾကည္ေပ်ာ္ရႈေပ်ာ္ေတာ့္ ရွိေစခ်င္ခဲ့တာပါ။

ဘယ္လိုမွၾကံရာမရတဲ့အဆံုး လမ္းေလွ်ာက္ေနရင္း ျမစ္ထဲကို ခုန္ခ်ကာ ကိုယ့္ကိုယ္ကိုသတ္ေသခဲ့ပါတယ္။ ျမစ္ထဲမွာ ပက္လက္ႀကီးေဗာေလာေပၚေနတာကို ျမင္တဲ့လူမ်ားက ရဲကိုဖုန္းဆက္လွမ္းေခၚခဲ့ၾကပါတယ္။

တာဝန္ရွိသူမ်ားေရာက္လာတဲ့အခ်ိန္မွာေတာ့ Kang Hu ဟာ သတိေမ့ေျမာေနတဲ့အေနထားမွာပဲ ရွိေနၿပီး အသက္မဆံုးရံႈးေသးပါဘူး။ ေဆးရံုကိုပို႕ကာ ကုသမႈခံယူအၿပီးမွာေတာ့ သူ႕ရဲ႕ခက္ခဲမႈေတြကို ရင္ဖြင့္ခဲ့ပါတယ္။

သတို႕သမီအတြက္ေတာ့ သူအခုလိုလုပ္လိုက္တဲ့အတြက္ အရမ္းအားနာမိေၾကာင္းနဲ႕ သူ႕မွာ မိဘေတြအတင္းအၾကပ္စီစဥ္လို႕ ဘယ္လိုမွ ထြက္ေပါက္မရွိေတာ့တာေၾကာင့္ သတ္ေသခဲ့တာပါတဲ့။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Luckymyanmar

#Unicode Version#
Arranged marriage ဆိုတာ တစ်ခါမှမတွေ့ဖူးတဲ့ သူနှစ်ယောက်ကို မိဘဆွေမျိုးများက လက်ထပ်ပေးဖို့စီစဉ်ကြတာပဲဖြစ်ပါတယ်။

ဒီလို arranged marriage တွေဟာ အနောက်နိုင်ငံတွေမှာထက် အာရှနိုင်ငံတွေမှာ ပိုများပါတယ်။ တချို့တစ်လေဆို ကိုယ်နဲ့လက်ထပ်မယ့်လူကို ဖြူသလား မည်းသလားတောင်မသိဘဲ မင်္ဂလာဆောင်ကာမှရုပ်မြင်ဖူးကြတဲ့အထိ ရှိတတ်ကြပါတယ်။

ဒါဟာလည်း သူတို့ရဲ့ ရိုးရာဓလေ့ပေပဲမို့ ခေတ်လူငယ်တွေအနေနဲ့ လက်မခံချင်လည်း လက်ခံနေရဆဲပါပဲ။ အခုခေတ်က တစ်ခါမှမမြင်ဖူးတဲ့လူကို လက်ထပ်ဖို့မဆိုထားနဲ့ နှစ်ပေါင်းကြာရှည်တွဲခဲ့တဲ့ ချစ်သူနဲ့တောင် တကယ်တမ်းလက်ထပ်ဖို့ စဉ်းစားတဲ့အခါ ဘယ်လိုမှအဆင်မပြေခဲ့ရင် လမ်းခွဲတတ်ကြတာမဟုတ်လား။

တစ်ခါမှမမြင်ဖူးတဲ့ကိုယ့်ရဲ့သတို့သမီးကို မင်္ဂလာပွဲကျမှတွေ့ပြီး လန့်ဖျန့်ကာ ထွက်ပြေးရင်းမြစ်ထဲခုန်ချခဲ့တဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။ ဒီအဖြစ်အပျက်ဟာ (၂၀၁၃)ခုနှစ်က တရုတ်နိုင်ငံ Hubei ပြည်နယ်က Shiyen မြို့မှာ ဖြစ်ပွားခဲ့တာပါ။

Kang Hu ဟာ အသက် (၃၃) နှစ်အရွယ် လက်ထပ်ဖို့အရွယ်ကောင်းဖြစ်နေပြီဖြစ်တဲ့အတွက် မိဘများက သူ့ရဲ့မင်္ဂလာပွဲအတွက် စီစဉ်ခဲ့ပါတယ်။ မိသားစုရဲ့ဓလေ့အရ arranged marriage လုပ်လေ့ရှိတာကြောင့် Kang Hu အလှည့်မှာလဲ ဒီအတိုင်းပဲ လုပ်ပေးခဲ့ပါတယ်။

Kang Hu နဲ့ လက်ထပ်ပေးဖို့ စီစဉ်ခဲ့တဲ့အမျိုးသမီးကတော့ အသက် (၃၀) အရွယ် Na Sung လို့ သိရပြီး နှစ်ဖက်မိဘများရဲ့အချင်းချင်းစီစဉ်မှုအရ မင်္ဂလာပွဲကို ပြုလုပ်ခဲ့ပါတယ်။ Kang Hu ဟာ Na Sung ရဲ့ ရုပ်ရည်သွင်ပြင်ဘယ်လိုရှိလဲ၊ ဖြူသလားမည်းသလားပုသလားရှည်သလားတောင် မသိခဲ့ရပါဘူး။

မင်္ဂလာဆောင်ကိုတော့ မိတ်ဆွေ၊ ဆွေမျိုးတွေဖိတ်ကာ ကြီးကြီးကျယ်ကျယ်ပြုလုပ်ခဲ့ပါတယ်။ Kang Hu ဟာ သူနဲ့လက်ထပ်မယ့် သတို့သမီးလေး Na Sung ကို မင်္ဂလာပွဲကျင်းပတော့မှ ဧည့်သည်တွေရှေ့မှာ တွေ့ခဲ့ရတာပါ။

ဇနီးလောင်းလျာလေး Na Sung ကို တွေ့တွေ့ချင်းပဲ သတို့သား Kang Hu ဟာ သူမကိုမယူနိုင်ဘူးလို့ပြောပြီး ပွဲမှရုတ်တရက်ပြေးထွက်သွားခဲ့ပါတယ်။ မင်္ဂလာပွဲမှထွက်ပြေးသွားပြီး Kang Hu တစ်ယောက်မြစ်ကမ်းနဘေးမှာ စိတ်ညစ်စွာနဲ့ လမ်းလျှောက်နေခဲ့ပါတယ်။

အသက်သုံးဆယ်ကျော်နေပြီဖြစ်ပေမယ့် သူတို့ရဲ့ ယဉ်ကျေးမှုထုံးစံတွေကြောင့် မိဘများကို လွန်ဆန်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

မလွန်ဆန်ဘဲ ပေးစားတဲ့အမျိုးသမီးနဲ့ယူဖို့ကျပြန်တော့လည်း သူ့ရဲ့ဇနီးလောင်းလေးဟာ သူမျှော်မှန်းထားတာနဲ့ ဘယ်အရာကမှ မနီးစပ်နေခဲ့တာပါ။ Kang Hu ဟာ အလှအပကိုကြိုက်သူပီပီ ဇနီးဖြစ်မယ့်သူကိုလည်း မလှတောင် ကြည်ပျော်ရှုပျော်တော့် ရှိစေချင်ခဲ့တာပါ။

ဘယ်လိုမှကြံရာမရတဲ့အဆုံး လမ်းလျှောက်နေရင်း မြစ်ထဲကို ခုန်ချကာ ကိုယ့်ကိုယ်ကိုသတ်သေခဲ့ပါတယ်။ မြစ်ထဲမှာ ပက်လက်ကြီးဗောလောပေါ်နေတာကို မြင်တဲ့လူများက ရဲကိုဖုန်းဆက်လှမ်းခေါ်ခဲ့ကြပါတယ်။

တာဝန်ရှိသူများရောက်လာတဲ့အချိန်မှာတော့ Kang Hu ဟာ သတိမေ့မြောနေတဲ့အနေထားမှာပဲ ရှိနေပြီး အသက်မဆုံးရှုံးသေးပါဘူး။ ဆေးရုံကိုပို့ကာ ကုသမှုခံယူအပြီးမှာတော့ သူ့ရဲ့ခက်ခဲမှုတွေကို ရင်ဖွင့်ခဲ့ပါတယ်။

သတို့သမီအတွက်တော့ သူအခုလိုလုပ်လိုက်တဲ့အတွက် အရမ်းအားနာမိကြောင်းနဲ့ သူ့မှာ မိဘတွေအတင်းအကြပ်စီစဉ်လို့ ဘယ်လိုမှ ထွက်ပေါက်မရှိတော့တာကြောင့် သတ်သေခဲ့တာပါတဲ့။


ဖိုးသူတော်(www.phothutaw.com)
Credit:Luckymyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top