စင်္ကာပူတွင်ကျင်းပမည့် ကိုယ်ပိုင်ကမ်းခြေအသစ် Kangyi Paradise ရှိ မြေကွက် နှင့် Service Apartment အရောင်းပြပွဲ
×







ဖိုးသူတော် (www.phothutaw.com)
Credit: Cele Gabar

#Unicode Version#

ပရိသတ်ကြီးဝမ်းသာလို့ရပါပြီနော်။မနေ့ကကိုယ့်ကိုကိုယ်သေကြောင်းကြံစည်တယ်ဆိုတဲ့သတင်းကြောင့်ခြူးရဲ့ပရိသတ်တွေမျက်ရလည်ရွှဲဖြစ်ခဲ့ကြရပါတယ်။ခြူးရဲ့သတင်းကိုလူမှုကွန်ရက်ပေါ်ကနေရေးသားဖြန့်ဝေခဲ့တဲ့သရုပ်ဆောင်ဂျူးဂျူးပန်ထွာကိုလည်းပရိသတ်အချို့ကဝေဖန်ခဲ့ကြသလိုခြူးရဲ့ရည်းစားဟောင်းဟိန်းကိုကိုကျော်ကိုလည်းပရိသတ်တွေကဝိုင်းဝန်းဝေဖန်ခဲ့ကြတာ ပါ ။

ခြူးတစ်ယောက်သေကြောင်းကြံစည်ဖို့အထိကြိုးစားခဲ့တယ်ဆိုပေမယ့်ခြူးဟာခေတ္တခဏသာလဲပြိုခဲ့တယ်လို့သုံးသပ်ရမှာပါ ။မနေ့ညကTalentManagementCenterရဲ့ရိုက်ကွင်းပုံရိပ်တွေအရရှုတင်မှာပျော်နေတဲ့ခြူးကိုအပြုံးတွေနဲ့တွေ့ရသလိုဂျူးဂျူးပန်ထွာနဲ့အတူတွဲရိုက်ထားတဲ့ဓါတ်ပုံတွေကိုလည်းပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ခြူးတစ်ယောက်သူ့ကိုအားပေးတဲ့ပရိသတ်ကြီးအတွက်ဘယ်တော့မှလဲပြိုမှာမဟုတ်ဘူးလို့သက်သေပြလိုက်သလိုပါပဲ။

ခြူးသေကြောင်းကြံစည်တယ်ဆိုတဲ့သတင်းကိုတင်ခဲ့တဲ့ဂျူးဂျူးပန်ထွာကတော့အခုလိုရေးသားတင်ခဲ့တာဟာကာယကံရှင်ခြူးရဲ့ခွင့်ပြုချက်နဲ့ရေးသားခဲ့ခြင်းဖြစ်တယ်လို့ပရိသတ်တွေကိုဖြေရှင်းထားပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေလဲကျရာကနေ အမြန်ဆုံးပြန်ထနိုင်ခဲ့တဲ့ ခြူးအတွက် မှတ်ချက်ကနေ အားပေးစကားလေးတွေ ပြောပြခဲ့ကြပါနော်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top