မစ္ဂဲလ္နဲ႔ သူ႔ရဲ႕ လိင္တူခ်စ္သူ ထရာဗစ္စ္တို႔ဟာ ပလ၀မ္းက လွပတဲ့ ကိုရြန္ကြ်န္းေလးတစ္ကြ်န္းေပၚမွာ အပန္းေျဖလာခဲ့ၾကတာပါ။ ခ်စ္သူႏွစ္ဦးဟာ အသက္ရွဴပိုက္နဲ႔ ေရငုပ္ၿပီး ေဆာ့ကစားေနၾကစဥ္မွာ မေမွ်ာ္လင့္တဲ့ အျဖစ္အပ်က္တစ္ခု ျဖစ္ခဲ့ပါတယ္။ အဲဒါကေတာ့ မစ္ဂဲလ္က ရုတ္တရက္ အသက္ရွဴၾကပ္လာတာပါ။ ေအာ့အန္ၿပီး ေမးျမန္းလို႔မရေတာ့တာေၾကာင့္ ထရာဗစ္စ္ဟာ ခ်က္ျခင္းပဲ မစ္ဂဲလ္ကုိ ခရိုင္ေဆးရံုဆီ ပို႔ေဆာင္ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း သနားစရာ မစ္ဂဲလ္ခမ်ာ ေဆးရံုေရာက္စဥ္မွာပဲ ေသဆံုးသြားခဲ့ပါတယ္။

ကနဦးပိုင္းမွာေတာ့ ရဲေတြက မစ္ဂဲလ္ဟာ ေရနစ္ေသဆံုးခဲ့တာလို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။ ဒါေပမယ့္ ထရာဗစ္စ္ကေတာ့ သူ႔ခ်စ္သူဟာ အမ်ားထင္ထားသလို ေရနစ္ေသတာ မဟုတ္ဘူးလို႔ ျငင္းဆိုခဲ့ပါတယ္။ “ငါ တစ္ခုခုေပၚ နင္းလိုက္မိတယ္… ၿပီးေတာ့ အသက္ရွဴရၾကပ္လာတာပဲ…” လို႔ မေသခင္ ေနာက္ဆံုးစကားေျပာသြားခဲ့ေၾကာင္း ထရာဗစ္စ္က ေျပာျပပါတယ္။

အေလာင္းကို ရင္ခြဲၿပီးတဲ့အခါ ပညာရွင္ေတြ သံုးသပ္ထားတဲ့ရလဒ္က မစ္ဂဲလ္ဟာ ေရေနသတၱ၀ါတစ္ေကာင္ေကာင္ေၾကာင့္ ေသဆံုးခဲ့တယ္ဆိုတာကိုပါ။ အစပိုင္းမွာေတာ့ ကမာၻေပၚမွာ အလြန္အဆိပ္ျပင္းတဲ့ငါးတစ္မ်ိဳးျဖစ္တဲ့ ေက်ာက္ငါးနဲ႔ ေတြ႔ၿပီး ေသဆံုးခဲ့တယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ေဆးပညာကြ်မ္းက်င္သူေတြက မစ္ဂဲလ္ဟာ ပင္လယ္ သံပျခဳပ္ေကာင္ကို တက္နင္းမိလို႔ ေသဆံုးခဲ့တာဆိုၿပီး မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

သံပျခဳပ္ေတြဟာ ရန္မလိုတတ္တဲ့သတၱ၀ါေတြျဖစ္ၿပီး ျဖည္းညွင္းစြာ သြားေလ့ရွိတဲ့ ေရေနသတၱ၀ါတစ္မ်ိဳးပါ။ အခ်ိဳ႕ သံပျခဳပ္မ်ိဳးစိတ္ေတြမွာ ရွည္လ်ားၿပီး ခြ်န္ထြက္တဲ့အဆူးေတြရွိပါတယ္။ ၄င္းဆူးေတြဟာ အဆိပ္ေတြနဲ႔ ျပည့္ေနတာေၾကာင့္ အင္မတန္ ေၾကာက္ဖို႔ေကာင္းပါတယ္။ တကယ္လို႔ ဆူးနဲ႔ထိုးမိတဲ့အခါ မူးေ၀လာတာ၊ အေၾကာဆြဲတာ၊ အသက္ရွဴရခက္လာတာနဲ႔ အဆိပ္ျပင္းလြန္းရင္ အသက္အႏၱရာယ္ထိခိုက္တဲ့အထိ ျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ သံပျခဳပ္ဆူးနဲ႔ ထိုးမိရင္ ဒဏ္ရာကို (၁၁၀-၁၃၀) ဒီဂရီဖာရင္ဟုိက္ရွိတဲ့ ေရပူထဲမွာ ႏွစ္စိမ္ထားေပးပါ။ အဆိပ္ေတြ ေျပေလ်ာ့ေအာင္လို႔ ျဖစ္ပါတယ္။ စိုက္မိတဲ့ ဆူးေတြကိုေတာ့ ဇာဂနာသံုးၿပီး ဖယ္ရွားႏိုင္ပါတယ္။ ဒါေပမယ့္လည္း အခန္႔မသင့္ရင္ ဆူးေတြဟာ အေရျပားထဲ နစ္၀င္ၿပီး က်န္ခဲ့ႏိုင္တာေၾကာင့္ သံပျခဳပ္ဆူးနဲ႔ တိုးခဲ့ရင္ ဆရာ၀န္နဲ႔ ေသခ်ာျပၿပီး ကုသမႈခံယူတာဟာ အေကာငး္ဆံုးျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #
မစ်ဂဲလ်နဲ့ သူ့ရဲ့ လိင်တူချစ်သူ ထရာဗစ်စ်တို့ဟာ ပလဝမ်းက လှပတဲ့ ကိုရွန်ကျွန်းလေးတစ်ကျွန်းပေါ်မှာ အပန်းဖြေလာခဲ့ကြတာပါ။ ချစ်သူနှစ်ဦးဟာ အသက်ရှူပိုက်နဲ့ ရေငုပ်ပြီး ဆော့ကစားနေကြစဉ်မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ မစ်ဂဲလ်က ရုတ်တရက် အသက်ရှူကြပ်လာတာပါ။ အော့အန်ပြီး မေးမြန်းလို့မရတော့တာကြောင့် ထရာဗစ်စ်ဟာ ချက်ခြင်းပဲ မစ်ဂဲလ်ကို ခရိုင်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သနားစရာ မစ်ဂဲလ်ခမျာ ဆေးရုံရောက်စဉ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ကနဦးပိုင်းမှာတော့ ရဲတွေက မစ်ဂဲလ်ဟာ ရေနစ်သေဆုံးခဲ့တာလို့ ကောက်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် ထရာဗစ်စ်ကတော့ သူ့ချစ်သူဟာ အများထင်ထားသလို ရေနစ်သေတာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ “ငါ တစ်ခုခုပေါ် နင်းလိုက်မိတယ်… ပြီးတော့ အသက်ရှူရကြပ်လာတာပဲ…” လို့ မသေခင် နောက်ဆုံးစကားပြောသွားခဲ့ကြောင်း ထရာဗစ်စ်က ပြောပြပါတယ်။

အလောင်းကို ရင်ခွဲပြီးတဲ့အခါ ပညာရှင်တွေ သုံးသပ်ထားတဲ့ရလဒ်က မစ်ဂဲလ်ဟာ ရေနေသတ္တဝါတစ်ကောင်ကောင်ကြောင့် သေဆုံးခဲ့တယ်ဆိုတာကိုပါ။ အစပိုင်းမှာတော့ ကမ္ဘာပေါ်မှာ အလွန်အဆိပ်ပြင်းတဲ့ငါးတစ်မျိုးဖြစ်တဲ့ ကျောက်ငါးနဲ့ တွေ့ပြီး သေဆုံးခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဆေးပညာကျွမ်းကျင်သူတွေက မစ်ဂဲလ်ဟာ ပင်လယ် သံပခြုပ်ကောင်ကို တက်နင်းမိလို့ သေဆုံးခဲ့တာဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

သံပခြုပ်တွေဟာ ရန်မလိုတတ်တဲ့သတ္တဝါတွေဖြစ်ပြီး ဖြည်းညှင်းစွာ သွားလေ့ရှိတဲ့ ရေနေသတ္တဝါတစ်မျိုးပါ။ အချို့ သံပခြုပ်မျိုးစိတ်တွေမှာ ရှည်လျားပြီး ချွန်ထွက်တဲ့အဆူးတွေရှိပါတယ်။ ၎င်းဆူးတွေဟာ အဆိပ်တွေနဲ့ ပြည့်နေတာကြောင့် အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ တကယ်လို့ ဆူးနဲ့ထိုးမိတဲ့အခါ မူးဝေလာတာ၊ အကြောဆွဲတာ၊ အသက်ရှူရခက်လာတာနဲ့ အဆိပ်ပြင်းလွန်းရင် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် သံပခြုပ်ဆူးနဲ့ ထိုးမိရင် ဒဏ်ရာကို (၁၁၀-၁၃၀) ဒီဂရီဖာရင်ဟိုက်ရှိတဲ့ ရေပူထဲမှာ နှစ်စိမ်ထားပေးပါ။ အဆိပ်တွေ ပြေလျော့အောင်လို့ ဖြစ်ပါတယ်။ စိုက်မိတဲ့ ဆူးတွေကိုတော့ ဇာဂနာသုံးပြီး ဖယ်ရှားနိုင်ပါတယ်။ ဒါပေမယ့်လည်း အခန့်မသင့်ရင် ဆူးတွေဟာ အရေပြားထဲ နစ်ဝင်ပြီး ကျန်ခဲ့နိုင်တာကြောင့် သံပခြုပ်ဆူးနဲ့ တိုးခဲ့ရင် ဆရာဝန်နဲ့ သေချာပြပြီး ကုသမှုခံယူတာဟာ အကောင်းဆုံးဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top