ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


၂၀၁၉ ထဲဝင္လာတာ ပထမတစ္ပတ္ေတာ့ၿပီးသြားၿပီ။ လုပ္မယ္ဆိုတဲ့ New Year resolution ေတြစလုပ္ေနၿပီလား။ အရင္ႏွစ္ကအမွားေတြကို ဆက္လုပ္ေနမိေသးလား။ အဲဒီအမွားေတြကို ထပ္မလုပ္မိေအာင္ ဘယ္လိုေရွာင္ရွားၾကမလဲ ၾကည့္ရေအာင္ပါ။

မိႆရာသီ (မတ္ လ ၂၁ရက္ - ဧၿပီ ၁၉ ရက္)

၂၀၁၈မွာ သင္အရာေတာ္ေတာ္မ်ားမ်ားကို ျမန္ျမန္ဆန္ဆန္ေတြပဲ လုပ္ခဲ့တယ္။ မေတြးဘဲနဲ႔စကားေတြ ေျပာတယ္။ မသိတဲ့အရာေတြ၊ မလုပ္ဖူးတဲ့အရာေတြကို ဝုန္းဒိုင္း ဆိုၿပီး စိတ္ျမန္ လက္ျမန္လုပ္ခဲ့တယ္။ အေကာင္းဆုံးျဖစ္မယ့္လမ္းေတြအစား အျမန္ဆုံးလမ္းကို သင္ေ႐ြးခဲ့တယ္။ ၂၀၁၉ မွာ စိတ္ရွည္ျခင္းကို ေမြးယူပါ။ ကေလးေလး တစ္ေယာက္ေယာက္ ေျခလွမ္းစလွမ္းသလို သင့္ေျခလွမ္းေတြကို ျဖည္းညင္းစြာလွမ္းပါ။ ျမန္တဲ့နည္းလမ္းေတြထက္ မွန္ကန္တဲ့နည္းလမ္းေတြကို ေ႐ြးခ်ယ္ဖို႔ သင့္ကိုယ္သင္ အခြင့္အေရးေပးပါ။

ၿပိႆရာသီ (ဧၿပီ ၂၀ရက္ - ေမ ၂၀ရက္)

၂၀၁၈မွာ ကိုယ့္ ဘာသာ မယုံၾကည္ပဲ သံသယ ဝင္ေနတာေတြမ်ားခဲ့ၿပီးၿပီ။ ရလာတဲ့ အခြင့္အေရး ေတြကို လက္ခံၿပီး ေအာင္ျမင္ေအာင္ လုပ္ရမယ့္ အစား ကိုယ္ ေနေန ၾက အဝန္းအဝိုင္း ေလး ထဲက ေန ႐ုန္း မထြက္ႏိုင္ခဲ့ဘူး။၂၀၁၉မွာ စြန္႔စားမႈေတြ စလုပ္ပါေတာ့။ ၂၀၁၉ ႏွစ္ကုန္တဲ့အခါ ၂၀၁၈ တုန္းရခဲ့တဲ့ ေနာင္တအေဟာင္းထပ္မရခ်င္ဘူးမလား။ ေၾကာက္ေနတာနဲ႔ပဲ ေကာင္းမြန္တဲ့ အရာေတြ မရလိုက္တဲ့အျဖစ္ေတြ ရပ္တန္႔သင့္ေနပါၿပီ။

ေမထုန္ရာသီ (ေမ ၂၁ ရက္ - ဇြန္ ၂၀ရက္)

၂၀၁၈မွာ ကိုယ့္အတြက္အေရးႀကီးတဲ့သူေတြကို ဆက္သြယ္ဖို႔ ပ်က္ကြယ္ခဲ့တယ္။ ဖုန္းေတြလည္းသိပ္မဆက္ေတာ့ဘူး။ မတ္ေဆ့ခ္်ေတြလည္း မပို႔ေတာ့ဘူး။ အလည္အပတ္ေတြလည္း နည္းသြားခဲ့တယ္။ ကိုယ့္မ်က္စိေရွ႕မွာပဲ သင္နဲ႔သင္ခ်စ္တဲ့သူေတြ ေဝးသြားတာကို ဒီတိုင္းၾကည့္ေနခဲ့တယ္။ ၂၀၁၉ ခုႏွစ္မွာ ကိုယ့္ဘဝအတြက္ အေရးႀကီးတဲ့သူေတြကို ျပန္ဆက္သြယ္ပါ။ သူတို႔ကို ေတြ႕ဖို႔၊ ဖုန္းေျပာဖို႔၊ မတ္ေဆ့ခ္်ပို႔ဖို႔သတိရပါ၊ အားထုတ္ပါ။ သူတို႔ကို ဒီႏွစ္မွာ အခ်ိန္ပိုေပးပါ။

ကရကဋ္ရာသီ (ဇြန္ ၂၁ ရက္ - ဇူလိုင္ ၂၂ရက္)

၂၀၁၈ အတြင္းမွာ သင္အကူအညီလိုတဲ့အခါ သူမ်ားေတြကို အကူအညီမေတာင္းခဲ့ဘူး။ အကူအညီေတာင္းလို႔ရပါလ်က္နဲ႔ကိုယ့္ဘာသာညင္းဆဲၿပီးေတာ့ ကိုယ့္ျပႆနာကိုယ္ရွင္းႏိုင္တယ္ဆိုၿပီး ေခါင္းမာခဲ့တယ္။ ဘယ္သူကိုမွ အေႏွာင့္အယွက္မေပးခ်င္ဘူးဆိုၿပီး ကိုယ့္ဘာသာ ဒုကၡေတြ ျပန္ေပးေနခဲ့တယ္။၂၀၁၉မွာ ကိုယ့္ရဲ႕အားနည္းခ်က္ေလးေတြကိုလည္း သူမ်ား ျမင္သာေအာင္ ေဖာ္ျပပါ။ အကူအညီေတာင္းလို႔ရတာေတြဆို ေတာင္းပါ။ မလုပ္ႏိုင္ဘူးဆိုရင္လည္း မလုပ္ႏိုင္ေၾကာင္းေျပာပါ။ ကိုယ့္ကိုယ္ကိုယ္ကို မႏွိပ္စက္ပါနဲ႔။

သိဟ္ ရာသီ ( ဇူလိုင္ ၂၃ -ၾသဂုတ္ ၂၂ရက္)

၂၀၁၈မွာ သင္ေမၽွာ္လင့္ထားသေလာက္ မေအာင္ျမင္ခဲ့လူး။ တခ်ိဳ႕ပေရာဂ်က္ေတြ မၿပီးခဲ့ဘူး။ တခ်ိဳ႕အိပ္မက္ေတြကို သင္အေကာင္အထည္မေဖာ္ႏိုင္ခဲ့ဘူး။ သင္ ၂၀၁၈ ႏွစ္စမွာ ခ်ထားတဲ့ New Year resolution ေတြကို ေအာင္ျမင္ဖို႔ေနေနသာသာ အဲဒါေတြလုပ္ဖို႔အခ်ိန္လည္း မရွိခဲ့ဘူး၊ စိတ္ခြန္အားလည္း မရွိခဲ့ျပန္ဘူး။၂၀၁၉ မွာ သင္ခ်ထားတဲ့ စည္းကမ္းေတြကို သင္ကိုယ္တိုင္လိုက္နာပါ။ သင္စခဲ့တဲ့ဇာတ္လမ္းေတြ သင္ကိုယ္တိုင္အဆုံးသတ္ပါ။ လမ္းအလယ္ေလာက္ေရာက္မွ လက္ေျမာက္အ႐ႈံးေပးဖို႔လည္းမစဥ္းစားပါနဲ႔။ ပ်င္းရိဖို႔အခ်ိန္မေပးပါနဲ႔။ စိတ္ကိုတင္းထားပါ။ သင့္ကိုယ္သင္ ပိုၿပီးလုပ္ႏိုင္တယ္ဆိုတာ ယုံၾကည္ပါ။

ကန္ရာသီ (ဩဂုတ္ ၂၃ ရက္ - စက္တင္ဘာ၂၂ ရက္)

၂၀၁၈မွာ ကိုယ့္အေပၚ မေကာင္းတဲ့သူကိုမွ ေမတၱာေပးမိခဲ့တယ္မလား။ သူတို႔ေတာင္းပန္တာအကုန္လုံးကိုလည္းလက္ခံတယ္။ သူတို႔ရဲ႕အမွားေတြအကုန္လုံး ခြင့္လႊတ္ေပးခဲ့တယ္။ သင္ သူတို႔ကို ဒီေလာက္ယုံၾကည္ခဲ့တာေတာင္ သူတို႔အၿမဲပဲ ယုံၾကည္မႈကို တစ္ခါၿပီးတစ္ခါ ခ်ိဳးေဖာက္ေနခဲ့တယ္။ ၂၀၁၉ မွာ ဒီလူေတြ သင့္ကို စိတ္ဒုကၡေပးေနတာေတြကို လက္မခံပါနဲ႔ေတာ့။ အခ်စ္တစ္ခု တည္းအတြက္နဲ႔သင့္ စံႏႈန္းေတြကို နိမ့္ပစ္ဖို႔မလိုပါဘူး။ သင့္ကမၻာထဲမွာ မေကာင္းတဲ့သူေတြကို လက္မခံထားပါနဲ႔။ လူေကာင္းသူေကာင္းေတြနဲ႔ေတြ႕ႀကဳံရဖို႔ သင္ထိုက္တန္ ပါတယ္။

တူရာသီ (စက္တင္ဘာ ၂၃ ရက္ -ေအာက္တိုဘာ ၂၂ရက္)

၂၀၁၈ မွာ သင့္ နည္းနည္းေလး သိပ္ သေဘာေကာင္းမိခဲ့တယ္။ လူေတြ သင့္အေပၚက ေက်ာ္ခြသြားတာေတြကို သင္ခြင့္ျပဳခဲ့တယ္။ သင့္အေပၚမွာ အျမတ္ထုတ္တာေတြကိုလည္း သင္လက္ခံခဲ့တယ္။ ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ေတာင္ သင္စကားေကာင္းေကာင္းမေျပာခဲ့ဘူး။ ၂၀၁၉ မွာ သင့္ရဲ႕အေရးအႀကီးဆုံးအရာက သင္ကိုယ္တိုင္ပါ။ သင့္အတြက္သင္ တစ္ကိုယ္ေကာင္းဆန္ပါ။ သူမ်ားေတြကို ဂ႐ုစိုက္ဖို႔သင္ မစဥ္းစားခင္ သင့္ကိုယ္သင္ ဂ႐ုစိုက္ဖို႔အရင္စဥ္းစားပါ။

ၿဗိစၦာရာသီ ( ေအာက္တိုဘာ ၂၃ ရက္- ႏိုဝင္ဘာ ၂၁ရက္)

၂၀၁၈မွာ အတိတ္ကအမွားေတြအတြက္ သင့္ကိုယ္သင့္ အျပစ္တင္လို႔မဆုံးခဲ့ဘူး။ ဘာေတြမွားသြားခဲ့လဲ၊ မမွားခဲ့ရင္ ေကာင္းသားဆိုတဲ့ အေတြးေတြထဲမွာပဲ တဝဲလည္လည္ ျဖစ္ေနခဲ့တယ္။ အခ်ိန္ ေတာ္ေတာ္မ်ားမ်ားမွာ ကိုယ့္ဘာသာ မုန္းတီးေနတာနဲ႔ပဲ အခ်ိန္ကုန္ေနခဲ့တယ္။ ၂၀၁၉မွာ ကိုယ့္ ဘာသာကိုယ္ခြင့္ လႊတ္ပါေတာ့။ မွားခဲ့တာေတြကို အသိအမွတ္ျပဳပါ။ အနာဂတ္မွာ ပိုေကာင္းမြန္ေအာင္ လုပ္မယ္ လို႔သံႏၵိဌာန္ ခ်ထားပါ။ အေရွ႕ကိုပဲ ၾကည့္ပါ။

ဓႏုရာသီ ( ႏိုဝင္ဘာ ၂၂ရက္ - ဒီဇင္ဘာ ၂၁ရက္)

၂၀၁၈မွာ သင္ အိမ္မွာေနတဲ့အခ်ိန္ အရမ္းမ်ားခဲ့တယ္။ ရွိတဲ့ အစီအစဥ္ေတြကိုလည္းဖ်က္ပစ္တယ္။ လိုအပ္တာထက္ပိုအိပ္တယ္။ အိပ္ခန္းကထြက္တဲ့အခ်ိန္က ေတာ္ေတာ္နည္းခဲ့တယ္။ ၂၀၁၉မွာ အိမ္အျပင္ေလး ဘာေလးထြက္ပါဦး။ ကိုယ့္ဘက္က အရင္ မတ္ေဆ့ခ္် စပို႔ပါ။ သူငယ္ခ်င္းေတြနဲ႔လည္း ေတြ႕ပါ။ သင့္ရဲ႕လူမႈဆက္ဆံေရး အသိုင္းအဝိုင္းေလးကို ေကာင္းေကာင္းမြန္မြန္တည္ေဆာက္ပါ။

မကာရရာသီ (ဒီဇင္ဘာ ၂၂ရက္ - ဇန္နဝါရီ ၁၉ရက္)

၂၀၁၈မွာ သင္ နားခ်ိန္ မရွိေလာက္ေအာင္ အလုပ္ေတြ လုပ္ခဲ့တယ္။ ကိုယ့္ဘာဘာကိုယ္ နားခ်ိန္ေပးဖို႔ေနေနသာသာ ယားလို႔ကုတ္ခ်ိန္ေတာင္ မရွိခဲ့ဘူး။ ၂၀၁၉မွာ ကိုယ့္ဘာသာကိုယ္ နားဖို႔အခ်ိန္ေလးေတြ ခ်န္ခ်န္ထားပါ။ ကိုယ့္ကိုယ္ကိုယ္ မညင္းဆဲပါနဲ႔။ အရမ္းပင္ပန္းလြန္းလို႔ဖ်ားနာတဲ့အဆင့္အထိ ကိုယ့္ကိုယ္ကို မတြန္းပို႔ပါနဲ႔။

ကုံရာသီဖြား (ဇန္နဝါရီ ၂ဝရက္ - ေဖေဖာ္ဝါရီ ၁၈ရက္)

၂၀၁၈တုန္း က မနက္ျဖန္ ဒါမွမဟုတ္ မေန႔ကအတြက္ စိုးရိမ္ပူပန္ေနရတာနဲ႔ပဲ သင့္မွာ အခ်ိန္ကုန္ေနခဲ့တယ္။ သင့္မွာ တစ္ခုမဟုတ္ တစ္ခုအတြက္ စိုးရိမ္ထိတ္လန္႔ေနခဲ့တယ္။ သင့္မွာ အႀကီးအက်ယ္ ပူပန္စရာတစ္ခုခုကေတာ့ အၿမဲရွိခဲ့တယ္။ ၂၀၁၉မွာ ပစၸဳန္မွာ အၿမဲရွိဖို႔စဥ္းစားပါ။ မေန႔ကတုန္းက သင္မွားေျပာခဲ့တဲ့ အူေၾကာင္ေၾကာင္ စကားအတြက္ သင္ စိတ္ညစ္ေနဖို႔လည္း မလိုသလို မနက္ျဖန္ ငါဘာေၾကာင္ေတာင္ေတာင္လုပ္ဦးမလဲဆိုၿပီးေတာ့လည္း စိတ္ပူမေနပါနဲ႔။ အခုလက္ရွိအခ်ိန္ေလးမွာပဲ ေအးခ်မ္းစြာေနပါ

မိန္ရာသီ ( ေဖေဖာ္ဝါရီ ၁၉ရက္ - မတ္လ ၂ဝရက္)

၂၀၁၈မွာ သင့္ခႏၶာကိုယ္နဲ႔ပတ္သက္ၿပီး သင့္မွာ ဘယ္လိုမွ စိတ္တိုင္းမက်ႏိုင္ခဲ့ဘူး။ ဓာတ္ပုံေတြကို ျပန္ဖ်က္ပစ္တယ္။ “ဆိုးလိုက္တဲ့ ႐ုပ္” လို႔သင္ေတြးတယ္။ အစားအစာေတြကိုလည္း ပုံမွန္ ေကာင္းေကာင္းမစားဘူး။ ေလ့က်င့္ခန္းေတြကိုလည္း ေကာင္းေကာင္းမြန္မြန္မလုပ္ဘူး။ ကိုယ့္ခႏၶာကိုယ္၊ ႐ုပ္ရည္ပဲ ပတ္သက္ၿပီး သင့္မွာ အၿမဲ အဆိုးျမင္ေနခဲ့တယ္။ ၂၀၁၉မွာ ကိုယ့္ ခႏၶာကိုယ္ကို ကိုယ္ခ်စ္ႏိုင္ဖို႔ႀကိဳးစားပါ။ မခ်စ္ႏိုင္ေသးရင္ေတာင္ ကိုယ့္ကိုယ္ကို ေလးေလးစားစား ဆက္ဆံပါ။ သင္ ၾကည့္လို႔ေကာင္းတဲ့ ႐ုပ္ရည္ရွိတယ္ဆိုတာ ကိုယ့္ဘာသာ လက္ခံပါ။ ကိုယ့္ကိုယ္ကို အဆိုးျမင္တာေတြရပ္ၿပီး ၾကင္ၾကင္နာနာဆက္ဆံေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yoyarlay

#Unicode Version#

၂၀၁၉ ထဲဝင်လာတာ ပထမတစ်ပတ်တော့ပြီးသွားပြီ။ လုပ်မယ်ဆိုတဲ့ New Year resolution တွေစလုပ်နေပြီလား။ အရင်နှစ်ကအမှားတွေကို ဆက်လုပ်နေမိသေးလား။ အဲဒီအမှားတွေကို ထပ်မလုပ်မိအောင် ဘယ်လိုရှောင်ရှားကြမလဲ ကြည့်ရအောင်ပါ။

မိဿရာသီ (မတ် လ ၂၁ရက် - ဧပြီ ၁၉ ရက်)

၂၀၁၈မှာ သင်အရာတော်တော်များများကို မြန်မြန်ဆန်ဆန်တွေပဲ လုပ်ခဲ့တယ်။ မတွေးဘဲနဲ့စကားတွေ ပြောတယ်။ မသိတဲ့အရာတွေ၊ မလုပ်ဖူးတဲ့အရာတွေကို ဝုန်းဒိုင်း ဆိုပြီး စိတ်မြန် လက်မြန်လုပ်ခဲ့တယ်။ အကောင်းဆုံးဖြစ်မယ့်လမ်းတွေအစား အမြန်ဆုံးလမ်းကို သင်ရွေးခဲ့တယ်။ ၂၀၁၉ မှာ စိတ်ရှည်ခြင်းကို မွေးယူပါ။ ကလေးလေး တစ်ယောက်ယောက် ခြေလှမ်းစလှမ်းသလို သင့်ခြေလှမ်းတွေကို ဖြည်းညင်းစွာလှမ်းပါ။ မြန်တဲ့နည်းလမ်းတွေထက် မှန်ကန်တဲ့နည်းလမ်းတွေကို ရွေးချယ်ဖို့ သင့်ကိုယ်သင် အခွင့်အရေးပေးပါ။

ပြိဿရာသီ (ဧပြီ ၂၀ရက် - မေ ၂၀ရက်)

၂၀၁၈မှာ ကိုယ့် ဘာသာ မယုံကြည်ပဲ သံသယ ဝင်နေတာတွေများခဲ့ပြီးပြီ။ ရလာတဲ့ အခွင့်အရေး တွေကို လက်ခံပြီး အောင်မြင်အောင် လုပ်ရမယ့် အစား ကိုယ် နေနေ ကြ အဝန်းအဝိုင်း လေး ထဲက နေ ရုန်း မထွက်နိုင်ခဲ့ဘူး။၂၀၁၉မှာ စွန့်စားမှုတွေ စလုပ်ပါတော့။ ၂၀၁၉ နှစ်ကုန်တဲ့အခါ ၂၀၁၈ တုန်းရခဲ့တဲ့ နောင်တအဟောင်းထပ်မရချင်ဘူးမလား။ ကြောက်နေတာနဲ့ပဲ ကောင်းမွန်တဲ့ အရာတွေ မရလိုက်တဲ့အဖြစ်တွေ ရပ်တန့်သင့်နေပါပြီ။

မေထုန်ရာသီ (မေ ၂၁ ရက် - ဇွန် ၂၀ရက်)

၂၀၁၈မှာ ကိုယ့်အတွက်အရေးကြီးတဲ့သူတွေကို ဆက်သွယ်ဖို့ ပျက်ကွယ်ခဲ့တယ်။ ဖုန်းတွေလည်းသိပ်မဆက်တော့ဘူး။ မတ်ဆေ့ခ်ျတွေလည်း မပို့တော့ဘူး။ အလည်အပတ်တွေလည်း နည်းသွားခဲ့တယ်။ ကိုယ့်မျက်စိရှေ့မှာပဲ သင်နဲ့သင်ချစ်တဲ့သူတွေ ဝေးသွားတာကို ဒီတိုင်းကြည့်နေခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့သူတွေကို ပြန်ဆက်သွယ်ပါ။ သူတို့ကို တွေ့ဖို့၊ ဖုန်းပြောဖို့၊ မတ်ဆေ့ခ်ျပို့ဖို့သတိရပါ၊ အားထုတ်ပါ။ သူတို့ကို ဒီနှစ်မှာ အချိန်ပိုပေးပါ။

ကရကဋ်ရာသီ (ဇွန် ၂၁ ရက် - ဇူလိုင် ၂၂ရက်)

၂၀၁၈ အတွင်းမှာ သင်အကူအညီလိုတဲ့အခါ သူများတွေကို အကူအညီမတောင်းခဲ့ဘူး။ အကူအညီတောင်းလို့ရပါလျက်နဲ့ကိုယ့်ဘာသာညင်းဆဲပြီးတော့ ကိုယ့်ပြဿနာကိုယ်ရှင်းနိုင်တယ်ဆိုပြီး ခေါင်းမာခဲ့တယ်။ ဘယ်သူကိုမှ အနှောင့်အယှက်မပေးချင်ဘူးဆိုပြီး ကိုယ့်ဘာသာ ဒုက္ခတွေ ပြန်ပေးနေခဲ့တယ်။၂၀၁၉မှာ ကိုယ့်ရဲ့အားနည်းချက်လေးတွေကိုလည်း သူများ မြင်သာအောင် ဖော်ပြပါ။ အကူအညီတောင်းလို့ရတာတွေဆို တောင်းပါ။ မလုပ်နိုင်ဘူးဆိုရင်လည်း မလုပ်နိုင်ကြောင်းပြောပါ။ ကိုယ့်ကိုယ်ကိုယ်ကို မနှိပ်စက်ပါနဲ့။

သိဟ် ရာသီ ( ဇူလိုင် ၂၃ -သြဂုတ် ၂၂ရက်)

၂၀၁၈မှာ သင်မျှော်လင့်ထားသလောက် မအောင်မြင်ခဲ့လူး။ တချို့ပရောဂျက်တွေ မပြီးခဲ့ဘူး။ တချို့အိပ်မက်တွေကို သင်အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ သင် ၂၀၁၈ နှစ်စမှာ ချထားတဲ့ New Year resolution တွေကို အောင်မြင်ဖို့နေနေသာသာ အဲဒါတွေလုပ်ဖို့အချိန်လည်း မရှိခဲ့ဘူး၊ စိတ်ခွန်အားလည်း မရှိခဲ့ပြန်ဘူး။၂၀၁၉ မှာ သင်ချထားတဲ့ စည်းကမ်းတွေကို သင်ကိုယ်တိုင်လိုက်နာပါ။ သင်စခဲ့တဲ့ဇာတ်လမ်းတွေ သင်ကိုယ်တိုင်အဆုံးသတ်ပါ။ လမ်းအလယ်လောက်ရောက်မှ လက်မြောက်အရှုံးပေးဖို့လည်းမစဉ်းစားပါနဲ့။ ပျင်းရိဖို့အချိန်မပေးပါနဲ့။ စိတ်ကိုတင်းထားပါ။ သင့်ကိုယ်သင် ပိုပြီးလုပ်နိုင်တယ်ဆိုတာ ယုံကြည်ပါ။

ကန်ရာသီ (ဩဂုတ် ၂၃ ရက် - စက်တင်ဘာ၂၂ ရက်)

၂၀၁၈မှာ ကိုယ့်အပေါ် မကောင်းတဲ့သူကိုမှ မေတ္တာပေးမိခဲ့တယ်မလား။ သူတို့တောင်းပန်တာအကုန်လုံးကိုလည်းလက်ခံတယ်။ သူတို့ရဲ့အမှားတွေအကုန်လုံး ခွင့်လွှတ်ပေးခဲ့တယ်။ သင် သူတို့ကို ဒီလောက်ယုံကြည်ခဲ့တာတောင် သူတို့အမြဲပဲ ယုံကြည်မှုကို တစ်ခါပြီးတစ်ခါ ချိုးဖောက်နေခဲ့တယ်။ ၂၀၁၉ မှာ ဒီလူတွေ သင့်ကို စိတ်ဒုက္ခပေးနေတာတွေကို လက်မခံပါနဲ့တော့။ အချစ်တစ်ခု တည်းအတွက်နဲ့သင့် စံနှုန်းတွေကို နိမ့်ပစ်ဖို့မလိုပါဘူး။ သင့်ကမ္ဘာထဲမှာ မကောင်းတဲ့သူတွေကို လက်မခံထားပါနဲ့။ လူကောင်းသူကောင်းတွေနဲ့တွေ့ကြုံရဖို့ သင်ထိုက်တန် ပါတယ်။

တူရာသီ (စက်တင်ဘာ ၂၃ ရက် -အောက်တိုဘာ ၂၂ရက်)

၂၀၁၈ မှာ သင့် နည်းနည်းလေး သိပ် သဘောကောင်းမိခဲ့တယ်။ လူတွေ သင့်အပေါ်က ကျော်ခွသွားတာတွေကို သင်ခွင့်ပြုခဲ့တယ်။ သင့်အပေါ်မှာ အမြတ်ထုတ်တာတွေကိုလည်း သင်လက်ခံခဲ့တယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တောင် သင်စကားကောင်းကောင်းမပြောခဲ့ဘူး။ ၂၀၁၉ မှာ သင့်ရဲ့အရေးအကြီးဆုံးအရာက သင်ကိုယ်တိုင်ပါ။ သင့်အတွက်သင် တစ်ကိုယ်ကောင်းဆန်ပါ။ သူများတွေကို ဂရုစိုက်ဖို့သင် မစဉ်းစားခင် သင့်ကိုယ်သင် ဂရုစိုက်ဖို့အရင်စဉ်းစားပါ။

ဗြိစ္ဆာရာသီ ( အောက်တိုဘာ ၂၃ ရက်- နိုဝင်ဘာ ၂၁ရက်)

၂၀၁၈မှာ အတိတ်ကအမှားတွေအတွက် သင့်ကိုယ်သင့် အပြစ်တင်လို့မဆုံးခဲ့ဘူး။ ဘာတွေမှားသွားခဲ့လဲ၊ မမှားခဲ့ရင် ကောင်းသားဆိုတဲ့ အတွေးတွေထဲမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့တယ်။ အချိန် တော်တော်များများမှာ ကိုယ့်ဘာသာ မုန်းတီးနေတာနဲ့ပဲ အချိန်ကုန်နေခဲ့တယ်။ ၂၀၁၉မှာ ကိုယ့် ဘာသာကိုယ်ခွင့် လွှတ်ပါတော့။ မှားခဲ့တာတွေကို အသိအမှတ်ပြုပါ။ အနာဂတ်မှာ ပိုကောင်းမွန်အောင် လုပ်မယ် လို့သံန္ဒိဌာန် ချထားပါ။ အရှေ့ကိုပဲ ကြည့်ပါ။

ဓနုရာသီ ( နိုဝင်ဘာ ၂၂ရက် - ဒီဇင်ဘာ ၂၁ရက်)

၂၀၁၈မှာ သင် အိမ်မှာနေတဲ့အချိန် အရမ်းများခဲ့တယ်။ ရှိတဲ့ အစီအစဉ်တွေကိုလည်းဖျက်ပစ်တယ်။ လိုအပ်တာထက်ပိုအိပ်တယ်။ အိပ်ခန်းကထွက်တဲ့အချိန်က တော်တော်နည်းခဲ့တယ်။ ၂၀၁၉မှာ အိမ်အပြင်လေး ဘာလေးထွက်ပါဦး။ ကိုယ့်ဘက်က အရင် မတ်ဆေ့ခ်ျ စပို့ပါ။ သူငယ်ချင်းတွေနဲ့လည်း တွေ့ပါ။ သင့်ရဲ့လူမှုဆက်ဆံရေး အသိုင်းအဝိုင်းလေးကို ကောင်းကောင်းမွန်မွန်တည်ဆောက်ပါ။

မကာရရာသီ (ဒီဇင်ဘာ ၂၂ရက် - ဇန်နဝါရီ ၁၉ရက်)

၂၀၁၈မှာ သင် နားချိန် မရှိလောက်အောင် အလုပ်တွေ လုပ်ခဲ့တယ်။ ကိုယ့်ဘာဘာကိုယ် နားချိန်ပေးဖို့နေနေသာသာ ယားလို့ကုတ်ချိန်တောင် မရှိခဲ့ဘူး။ ၂၀၁၉မှာ ကိုယ့်ဘာသာကိုယ် နားဖို့အချိန်လေးတွေ ချန်ချန်ထားပါ။ ကိုယ့်ကိုယ်ကိုယ် မညင်းဆဲပါနဲ့။ အရမ်းပင်ပန်းလွန်းလို့ဖျားနာတဲ့အဆင့်အထိ ကိုယ့်ကိုယ်ကို မတွန်းပို့ပါနဲ့။

ကုံရာသီဖွား (ဇန်နဝါရီ ၂ဝရက် - ဖေဖော်ဝါရီ ၁၈ရက်)

၂၀၁၈တုန်း က မနက်ဖြန် ဒါမှမဟုတ် မနေ့ကအတွက် စိုးရိမ်ပူပန်နေရတာနဲ့ပဲ သင့်မှာ အချိန်ကုန်နေခဲ့တယ်။ သင့်မှာ တစ်ခုမဟုတ် တစ်ခုအတွက် စိုးရိမ်ထိတ်လန့်နေခဲ့တယ်။ သင့်မှာ အကြီးအကျယ် ပူပန်စရာတစ်ခုခုကတော့ အမြဲရှိခဲ့တယ်။ ၂၀၁၉မှာ ပစ္ပုန်မှာ အမြဲရှိဖို့စဉ်းစားပါ။ မနေ့ကတုန်းက သင်မှားပြောခဲ့တဲ့ အူကြောင်ကြောင် စကားအတွက် သင် စိတ်ညစ်နေဖို့လည်း မလိုသလို မနက်ဖြန် ငါဘာကြောင်တောင်တောင်လုပ်ဦးမလဲဆိုပြီးတော့လည်း စိတ်ပူမနေပါနဲ့။ အခုလက်ရှိအချိန်လေးမှာပဲ အေးချမ်းစွာနေပါ

မိန်ရာသီ ( ဖေဖော်ဝါရီ ၁၉ရက် - မတ်လ ၂ဝရက်)

၂၀၁၈မှာ သင့်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး သင့်မှာ ဘယ်လိုမှ စိတ်တိုင်းမကျနိုင်ခဲ့ဘူး။ ဓာတ်ပုံတွေကို ပြန်ဖျက်ပစ်တယ်။ “ဆိုးလိုက်တဲ့ ရုပ်” လို့သင်တွေးတယ်။ အစားအစာတွေကိုလည်း ပုံမှန် ကောင်းကောင်းမစားဘူး။ လေ့ကျင့်ခန်းတွေကိုလည်း ကောင်းကောင်းမွန်မွန်မလုပ်ဘူး။ ကိုယ့်ခန္ဓာကိုယ်၊ ရုပ်ရည်ပဲ ပတ်သက်ပြီး သင့်မှာ အမြဲ အဆိုးမြင်နေခဲ့တယ်။ ၂၀၁၉မှာ ကိုယ့် ခန္ဓာကိုယ်ကို ကိုယ်ချစ်နိုင်ဖို့ကြိုးစားပါ။ မချစ်နိုင်သေးရင်တောင် ကိုယ့်ကိုယ်ကို လေးလေးစားစား ဆက်ဆံပါ။ သင် ကြည့်လို့ကောင်းတဲ့ ရုပ်ရည်ရှိတယ်ဆိုတာ ကိုယ့်ဘာသာ လက်ခံပါ။ ကိုယ့်ကိုယ်ကို အဆိုးမြင်တာတွေရပ်ပြီး ကြင်ကြင်နာနာဆက်ဆံပေးပါ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top