သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×

ဇင္မ်ိဳး ဟာ ေက်ာေထာက္ေနာက္ခံပိုက္ဆံအေနအထားသိပ္မဟန္ခဲ့လို႔သာ အရံ ဇာတ္႐ုပ္ေတြနဲ႔ မင္းသားသူငယ္ခ်င္းကာရိုက္တာေတြၾကား လူးလာေခါက္တုံ႔ရင္းနာမည္ႀကီးလာသူျဖစ္ေပမယ့္ တကယ္တမ္းမွာ မင္းသားခန္းေတြခ်ည္းရိုက္ရင္ေတာင္ေအာင္ျမင္ေလာက္တဲ့အထိ အႏုပညာ အရည္အခ်င္းေရာ ႐ုပ္ရည္ပါရွိသူျဖစ္သလို ပရိသတ္အားေပးမွုလည္းတခဲနက္ရရွိထားသူျဖစ္ပါတယ္။ ဇင္မ်ိဳးက သိပ္မၾကာခင္က မီဒီယာေတြနဲ႔အင္တာဗ်ဴးူမွာ မင္းသားသူငယ္ခ်င္းဇာတ္႐ုပ္ေတြ သ႐ုပ္ေဆာင္ရာမွာ ေက်ာင္သားအျဖစ္ပဲျမင္ေနရလို႔ ထာဝရေက်ာင္းသားႀကီးေတြဆိုၿပီး ပရိသတ္ကေဝဖန္ေနတာကို တုံ႔ျပန္သြားခဲ့ပါတယ္။

ဇင္မ်ိဳးက သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “အဓိပတိလမ္း က နဂၢတစ္မ်ား”ဇာတ္ကားနဲ႔ပတ္သက္ၿပီး “ဒီအဓိပတိကားကေတာ့ ကၽြန္ေတာ္တို႔ရိုက္ထားတာ လြန္ခဲ့တဲ့သုံးႏွစ္ဝန္းက်င္ကေပါ့ ရိုက္ထားတဲ့ကားေလးပါ။ ကၽြန္ေတာ္တို႔က အရြယ္ေျပာင္းလာတာလည္းပါတာေပါ့ေနာ္။ေက်ာင္းသားအေနနဲ႔ရိုက္ထားတာမွ ကၽြန္ေတာ္က အဲဒီကားထဲမွာ ေက်ာင္းေပ်ာ္ႀကီးေပါ့ေနာ္။အသက္ႀကီးတဲ့ေက်ာင္းေပ်ာ္ႀကီးေပါ့။ အဲဒီေနရာကေန ဝင္ရိုက္ရပါတယ္”လို႔ ေျပာျပထားပါတယ္။

ေက်ာင္းသားဇာတ္႐ုပ္ေတြရိုက္လာခဲ့တဲ့အတိတ္ကိုလည္းဇင္မ်ိဳးက “ေက်ာင္းသားဇာတ္႐ုပ္ကေတာ့ ကၽြန္ေတာ္ဟိုးအရင္တုန္းက ကိုသားႀကီးတို႔ ကိုလြင္မိုးတို႔နဲ႔လည္းရိုက္ခဲ့တာပဲ။ ကိုလူမင္းတို႔နဲ႔တုန္းကလည္း ကၽြန္ေတာ္သူငယ္ခ်င္းခန္းရိုက္ခဲ့တာပဲ။ မင္းေမာ္ကြန္းတို႔နိုင္းနိုင္းတို႔နဲ႔လည္းသူငယ္ခ်င္းခန္းေတြရိုက္ခဲ့တယ္”လို႔ ျပန္ေျပာင္းသတိရထားၿပီးသူငယ္ခ်င္းခန္းေတြတင္မက ဇာတ္႐ုပ္စုံေအာင္လည္းလုပ္ဖူးေၾကာင္းကို “သူငယ္ခ်င္းခန္းမွမဟုတ္ပါဘူး။ အျခားဟာေတြလည္းအမ်ားႀကီးရိုက္ရပါတယ္။ အစ္ကိုေတြေရာ ေမာင္ေတြေရာ ဒရာမာေတြေရာ ဟာသေတြေရာ မင္းသမီးပိုးခိုင္းတာေတြေရာ စုံေနတာပဲ။ အခုေနာက္ပိုင္းကေတာ့ ပုံမွန္အရင္ကလို ေက်ာင္းသားသူငယ္ခ်င္းကားကေတာ့ ရွားလာပါၿပီ”လို႔ ေျပာျပထားပါတယ္။

ထာဝရေက်ာင္းသားႀကီးလို႔ေဝဖန္ေနၾကတာေတြကိုေတာ့ ဇင္မ်ိဳးက “ဒါကေတာ့ ေျပာရမယ္ဆိုရင္ အခုေနာက္ပိုင္းမွာတစ္ႏွစ္တစ္ေခါက္ေတာင္မွေက်ာင္းသားမလုပ္ျဖစ္ပါဘူး။ အျမဲတမ္းလည္းေက်ာင္းသားခန္းမလုပ္ျဖစ္ပါဘူး။ ေက်ာင္းသားခန္းကေတာ့ ရွားလာပါၿပီ။ ရွားလာၿပီဆိုတာကလည္း အသက္ႏွစ္ဆယ္ေလာက္ကြာတဲ့မင္းသားနဲ႔ သူငယ္ခ်င္းလုပ္မယ္ဆိုရင္ ဒါရိုက္တာကရိုက္ခိုင္းမွာမဟုတ္ဘူး။ ဒါကေတာ့ ဟိုးအရင္တုန္းက ရိုက္တဲ့ကားေတြကိုၾကည့္ၿပီး ေျပာၾကတာျဖစ္မွာပါ”လို႔ မွတ္ခ်က္ေပးထားပါတယ္။

ဇင္မ်ိဳးက ႐ုပ္ရွင္ကားေတြရိုက္ၿပီး ႏွစ္ေတြၾကာမွ ႐ုံတင္ခြင့္ရလို႔၊ ခ်က္ခ်င္း႐ုံတင္ခြင့္မရလို႔ဒီလိုေဝဖန္မွုေတြခံေနရတာလို႔လည္းေျပာသြားပါေသးတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ ေက်ာင္းသားဇာတ္႐ုပ္ေတြနဲ႔အေတြ႕ရမ်ားတဲ့ဇင္မ်ိဳးကို အားေပးၾကလား။ ဇင္မ်ိဳးရဲ့အျခားကာရိုက္တာနဲ႔ဇာတ္ကားေတြထပ္ထြက္လာရင္ေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ဇင်မျိုး ဟာ ကျောထောက်နောက်ခံပိုက်ဆံအနေအထားသိပ်မဟန်ခဲ့လို့သာ အရံ ဇာတ်ရုပ်တွေနဲ့ မင်းသားသူငယ်ချင်းကာရိုက်တာတွေကြား လူးလာခေါက်တုံ့ရင်းနာမည်ကြီးလာသူဖြစ်ပေမယ့် တကယ်တမ်းမှာ မင်းသားခန်းတွေချည်းရိုက်ရင်တောင်အောင်မြင်လောက်တဲ့အထိ အနုပညာ အရည်အချင်းရော ရုပ်ရည်ပါရှိသူဖြစ်သလို ပရိသတ်အားပေးမှုလည်းတခဲနက်ရရှိထားသူဖြစ်ပါတယ်။ ဇင်မျိုးက သိပ်မကြာခင်က မီဒီယာတွေနဲ့အင်တာဗျူးူမှာ မင်းသားသူငယ်ချင်းဇာတ်ရုပ်တွေသရုပ်ဆောင်ရာမှာ ကျောင်သားအဖြစ်ပဲမြင်နေရလို့ ထာဝရကျောင်းသားကြီးတွေဆိုပြီးပရိသတ်ကဝေဖန်နေတာကို တုံ့ပြန်သွားခဲ့ပါတယ်။

ဇင်မျိုးက သူပါဝင်သရုပ်ဆောင်ထားတဲ့ “အဓိပတိလမ်း က နဂ္ဂတစ်များ”ဇာတ်ကားနဲ့ပတ်သက်ပြီး “ဒီအဓိပတိကားကတော့ ကျွန်တော်တို့ရိုက်ထားတာ လွန်ခဲ့တဲ့သုံးနှစ်ဝန်းကျင်ကပေါ့ ရိုက်ထားတဲ့ကားလေးပါ။ ကျွန်တော်တို့က အရွယ်ပြောင်းလာတာလည်းပါတာပေါ့နော်။ကျောင်းသားအနေနဲ့ရိုက်ထားတာမှ ကျွန်တော်က အဲဒီကားထဲမှာ ကျောင်းပျော်ကြီးပေါ့နော်။အသက်ကြီးတဲ့ကျောင်းပျော်ကြီးပေါ့။ အဲဒီနေရာကနေ ဝင်ရိုက်ရပါတယ်”လို့ ပြောပြထားပါတယ်။

ကျောင်းသားဇာတ်ရုပ်တွေရိုက်လာခဲ့တဲ့အတိတ်ကိုလည်းဇင်မျိုးက “ကျောင်းသားဇာတ်ရုပ်ကတော့ ကျွန်တော်ဟိုးအရင်တုန်းက ကိုသားကြီးတို့ ကိုလွင်မိုးတို့နဲ့လည်းရိုက်ခဲ့တာပဲ။ ကိုလူမင်းတို့နဲ့တုန်းကလည်း ကျွန်တော်သူငယ်ချင်းခန်းရိုက်ခဲ့တာပဲ။ မင်းမော်ကွန်းတို့နိုင်းနိုင်းတို့နဲ့လည်းသူငယ်ချင်းခန်းတွေရိုက်ခဲ့တယ်”လို့ ပြန်ပြောင်းသတိရထားပြီးသူငယ်ချင်းခန်းတွေတင်မက ဇာတ်ရုပ်စုံအောင်လည်းလုပ်ဖူးကြောင်းကို “သူငယ်ချင်းခန်းမှမဟုတ်ပါဘူး။ အခြားဟာတွေလည်းအများကြီးရိုက်ရပါတယ်။ အစ်ကိုတွေရော မောင်တွေရော ဒရာမာတွေရော ဟာသတွေရော မင်းသမီးပိုးခိုင်းတာတွေရော စုံနေတာပဲ။ အခုနောက်ပိုင်းကတော့ ပုံမှန်အရင်ကလို ကျောင်းသားသူငယ်ချင်းကားကတော့ ရှားလာပါပြီ”လို့ ပြောပြထားပါတယ်။

ထာဝရကျောင်းသားကြီးလို့ဝေဖန်နေကြတာတွေကိုတော့ ဇင်မျိုးက “ဒါကတော့ ပြောရမယ်ဆိုရင် အခုနောက်ပိုင်းမှာတစ်နှစ်တစ်ခေါက်တောင်မှကျောင်းသားမလုပ်ဖြစ်ပါဘူး။ အမြဲတမ်းလည်းကျောင်းသားခန်းမလုပ်ဖြစ်ပါဘူး။ ကျောင်းသားခန်းကတော့ ရှားလာပါပြီ။ ရှားလာပြီဆိုတာကလည်း အသက်နှစ်ဆယ်လောက်ကွာတဲ့မင်းသားနဲ့ သူငယ်ချင်းလုပ်မယ်ဆိုရင် ဒါရိုက်တာကရိုက်ခိုင်းမှာမဟုတ်ဘူး။ ဒါကတော့ ဟိုးအရင်တုန်းက ရိုက်တဲ့ကားတွေကိုကြည့်ပြီး ပြောကြတာဖြစ်မှာပါ”လို့ မှတ်ချက်ပေးထားပါတယ်။

ဇင်မျိုးက ရုပ်ရှင်ကားတွေရိုက်ပြီး နှစ်တွေကြာမှ ရုံတင်ခွင့်ရလို့၊ ချက်ချင်းရုံတင်ခွင့်မရလို့ဒီလိုဝေဖန်မှုတွေခံနေရတာလို့လည်းပြောသွားပါသေးတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကျောင်းသားဇာတ်ရုပ်တွေနဲ့အတွေ့ရများတဲ့ဇင်မျိုးကို အားပေးကြလား။ ဇင်မျိုးရဲ့အခြားကာရိုက်တာနဲ့ဇာတ်ကားတွေထပ်ထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top