iMyanmarHouse.com - Best Property Website for Myanmar
×

စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္အတြင္း ေငြသြင္းေကာင္တာအေရွ႕ တမံတလင္း ေပၚတြင္ ထားရွိေသာ ေငြက်ပ္သိန္း ၃၅၀ ပိုက္ဆံထုပ္တစ္ခုသည္ ဇန္နဝါရီလ ၂၁ ရက္ေန႔ ေန႔လယ္ ၁၂ နာရီအခ်ိန္တြင္ ခိုးယူခံရမႈ ျဖစ္ပြားခဲ့သည္။

ေပ်ာက္ဆုံးသူသည္ ဘဏ္သို႔ေငြသြင္းရန္အတြက္ ကုမၸဏီပိုင္ေငြက်ပ္သိန္း ၃၅၀ ပါအိတ္(၁)အိတ္၊ က်ပ္သိန္း ၁၃၀ ပါ (၁)အိတ္၊ စုစုေပါင္း ၂ အိတ္အား ယူေဆာင္၍ ဘဏ္ေငြသြင္းေကာင္တာေရွ႕တြင္ က်ပ္သိန္း (၁၃၀)ပါ ေငြထုပ္အား ေအာက္မွထားၿပီး သိန္း(၃၅၀)ပါ ေငြထုပ္အား အေပၚမွတင္ကာ ေငြထုပ္ ၂ ထုပ္အား ေျခေထာက္ အေရွ႕ တမံသလင္းေပၚတြင္ ခ်ထားၿပီး ေငြသြင္းရန္ အလွည့္ေစာင့္ဆိုင္းေနခဲ့သည္။

ထို႔ေနာက္ ပိုက္ဆံထုပ္ ၂ ထုပ္အား ထားခဲ့ၿပီး အလွည့္ေက်ာ္သြားသည္ထင္၍ ဘယ္ဘက္သို႔ေနရာေ႐ြ႕ကာ အလွည့္ေရာက္မေရာက္ သြားေရာက္ေမးျမန္းကာ ပိုက္ဆံထားသည့္ေနရာသို႔ ျပန္လွည့္လာၿပီး ပိုက္ဆံထုပ္(၂) ထုပ္အားယူမည္ျပဳစဥ္ သိန္း (၁၃၀)က်ပ္ပါေငြထုပ္ကိုသာ ေတြ႕ရွိခဲ့ၿပီး သိန္း (၃၅၀)ပါ ေငြထုပ္မွာ ေပ်ာက္ဆုံးသြားျခင္း ျဖစ္သည္။

" အခင္းျဖစ္တဲ့ေနရာကို သြားစစ္ေဆးတဲ့အခါမွာ ဘဏ္အတြင္းထဲ CCTV (၄) လုံးက ပ်က္ေနေတာ့ ေကာင္တာ မွာ ဘာေတြျဖစ္သြားတယ္ဆိုတာ ၾကည့္လို႔မရဘူး။ က်န္တဲ့ CCTV (၃)လုံးက ရတဲ့မွတ္တမ္းေတြကလဲ လမ္း အျပင္ဘက္ရယ္၊ ပင္စင္ထုတ္ေပးတဲ့ေနရာရယ္၊ ATM စက္ရယ္ပဲ ၾကည့္လို႔ရတယ္။ ဘဏ္အဝင္အထြက္ကို ၾကည့္လို႔မရဘူး။ အဲ့ဒီအတြက္ ဘာမွလုပ္လို႔မရဘူးျဖစ္ေနတယ္။ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျပင္ပ CCTV မွတ္တမ္း ေတြနဲ႔ စုံစမ္းတာေတြ၊ တရားခံဖမ္းဆီးႏိုင္ေရး အတြက္ နယ္ထိန္းတပ္ဖြဲ႕ဝင္ေတြနဲ႔ လိုက္လံစုံစမ္းတာေတြ ျပဳလုပ္ေနပါတယ္ " ဟု မုံ႐ြာၿမိဳ ့မရဲစခန္း စခန္းမွ မဇၩိမ သို႔ေျပာသည္။

ဘဏ္အတြင္းတြင္ CCTV (၄)လုံး၊ ဘဏ္ျပင္ပတြင္ CCTV (၃)လုံး တပ္ဆင္ထားၿပီး ယင္း CCTV မ်ားအားလုံး ေကာင္းမြန္ေနေၾကာင္း ေငြက်ပ္သိန္း ၃၅၀ ေပ်ာက္ဆုံးမႈႏွင့္ ပတ္သက္၍ ဘဏ္သို႔ သြားေရာက္ေမးျမန္းစဥ္ ေတြ႕ ရွိခဲ့ရသည္။ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဘဏ္မန္ေနဂ်ာအား ေမးျမန္းရာ ရဲအေရးပိုင္သည့္ အမႈျဖစ္၍ ရဲကိုသာေမးရန္ ျပန္လည္ေျဖၾကားခဲ့သည္။

" ေငြသြင္းဖို႔ေရာက္လာကတည္းက ေငြထုပ္ကိုေကာင္တာေပၚမွာ တင္ထားတာမဟုတ္ပါဘူး။ အဲ့ဒီေငြက အျပင္ကေန ပါလာသလား၊ မပါလားဆိုတာလဲ မသိဘူး။ ၿပီးေတာ့ ဒီကိစၥက ဘဏ္နဲ႔လဲလုံးဝမဆိုင္ပါဘူး။ CCTVက ရတဲ့မွတ္တမ္းေတြကို ရဲကကူးသြားပါၿပီ ဒီျဖစ္စဥ္က ဘဏ္နဲ႔ လုံးဝမဆိုင္ပါဘူး " အမည္မေဖာ္လိုသူ ဘဏ္ဝန္ထမ္းတစ္ဦးမွ ဆိုသည္။

အဆိုပါ ဘက္အတြင္း ေငြက်ပ္ သိန္း(၃၅၀)ေပ်ာက္ဆုံးမႈႏွင့္ပတ္သက္၍ မုံ႐ြာၿမိဳ႕မရဲစခန္းတြင္ (ပ)၇၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ - ၃၈၀ ျဖင့္အမႈေရးဖြင့္ထားၿပီး မုံ႐ြာၿမိဳ႕တြင္ ယခုကဲ့သို႔ ဘဏ္အတြင္းေငြေပ်ာက္ဆုံးမႈမွာ ပထမဆုံးအႀကိမ္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

မုံ႐ြာၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလမွ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ အထိ ၃ လအတြင္း ဘဏ္မွေငြထုတ္အျပန္ ဆိုင္ကယ္တူးေဘာက္အတြင္းမွ ေငြက်ပ္ (၂၅)သိန္းခိုးခံရမႈတစ္မႈ၊ ေငြက်ပ္ ၄၅သိန္း ခိုးခံရမႈတစ္မႈ စုစုေပါင္း (၂)မႈ ျဖစ္ပြားခဲ့ၿပီး တရားခံဖမ္းဆီးရမိျခင္း မရွိေသးေပ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese

# Unicode Version # ျဖင့္ ဖတ္ပါ #

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အတွင်း ငွေသွင်းကောင်တာအရှေ့ တမံတလင်း ပေါ်တွင် ထားရှိသော ငွေကျပ်သိန်း ၃၅၀ ပိုက်ဆံထုပ်တစ်ခုသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ခိုးယူခံရမှု ဖြစ်ပွားခဲ့သည်။

ပျောက်ဆုံးသူသည် ဘဏ်သို့ငွေသွင်းရန်အတွက် ကုမ္ပဏီပိုင်ငွေကျပ်သိန်း ၃၅၀ ပါအိတ်(၁)အိတ်၊ ကျပ်သိန်း ၁၃၀ ပါ (၁)အိတ်၊ စုစုပေါင်း ၂ အိတ်အား ယူဆောင်၍ ဘဏ်ငွေသွင်းကောင်တာရှေ့တွင် ကျပ်သိန်း (၁၃၀)ပါ ငွေထုပ်အား အောက်မှထားပြီး သိန်း(၃၅၀)ပါ ငွေထုပ်အား အပေါ်မှတင်ကာ ငွေထုပ် ၂ ထုပ်အား ခြေထောက် အရှေ့ တမံသလင်းပေါ်တွင် ချထားပြီး ငွေသွင်းရန် အလှည့်စောင့်ဆိုင်းနေခဲ့သည်။

ထို့နောက် ပိုက်ဆံထုပ် ၂ ထုပ်အား ထားခဲ့ပြီး အလှည့်ကျော်သွားသည်ထင်၍ ဘယ်ဘက်သို့နေရာရွေ့ကာ အလှည့်ရောက်မရောက် သွားရောက်မေးမြန်းကာ ပိုက်ဆံထားသည့်နေရာသို့ ပြန်လှည့်လာပြီး ပိုက်ဆံထုပ်(၂) ထုပ်အားယူမည်ပြုစဉ် သိန်း (၁၃၀)ကျပ်ပါငွေထုပ်ကိုသာ တွေ့ရှိခဲ့ပြီး သိန်း (၃၅၀)ပါ ငွေထုပ်မှာ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

" အခင်းဖြစ်တဲ့နေရာကို သွားစစ်ဆေးတဲ့အခါမှာ ဘဏ်အတွင်းထဲ CCTV (၄) လုံးက ပျက်နေတော့ ကောင်တာ မှာ ဘာတွေဖြစ်သွားတယ်ဆိုတာ ကြည့်လို့မရဘူး။ ကျန်တဲ့ CCTV (၃)လုံးက ရတဲ့မှတ်တမ်းတွေကလဲ လမ်း အပြင်ဘက်ရယ်၊ ပင်စင်ထုတ်ပေးတဲ့နေရာရယ်၊ ATM စက်ရယ်ပဲ ကြည့်လို့ရတယ်။ ဘဏ်အဝင်အထွက်ကို ကြည့်လို့မရဘူး။ အဲ့ဒီအတွက် ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်ပ CCTV မှတ်တမ်း တွေနဲ့ စုံစမ်းတာတွေ၊ တရားခံဖမ်းဆီးနိုင်ရေး အတွက် နယ်ထိန်းတပ်ဖွဲ့ဝင်တွေနဲ့ လိုက်လံစုံစမ်းတာတွေ ပြုလုပ်နေပါတယ် " ဟု မုံရွာမြို့မရဲစခန်း စခန်းမှ မဇ္ဈိမ သို့ပြောသည်။

ဘဏ်အတွင်းတွင် CCTV (၄)လုံး၊ ဘဏ်ပြင်ပတွင် CCTV (၃)လုံး တပ်ဆင်ထားပြီး ယင်း CCTV များအားလုံး ကောင်းမွန်နေကြောင်း ငွေကျပ်သိန်း ၃၅၀ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဘဏ်သို့ သွားရောက်မေးမြန်းစဉ် တွေ့ ရှိခဲ့ရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ဘဏ်မန်နေဂျာအား မေးမြန်းရာ ရဲအရေးပိုင်သည့် အမှုဖြစ်၍ ရဲကိုသာမေးရန် ပြန်လည်ဖြေကြားခဲ့သည်။

" ငွေသွင်းဖို့ရောက်လာကတည်းက ငွေထုပ်ကိုကောင်တာပေါ်မှာ တင်ထားတာမဟုတ်ပါဘူး။ အဲ့ဒီငွေက အပြင်ကနေ ပါလာသလား၊ မပါလားဆိုတာလဲ မသိဘူး။ ပြီးတော့ ဒီကိစ္စက ဘဏ်နဲ့လဲလုံးဝမဆိုင်ပါဘူး။ CCTVက ရတဲ့မှတ်တမ်းတွေကို ရဲကကူးသွားပါပြီ ဒီဖြစ်စဉ်က ဘဏ်နဲ့ လုံးဝမဆိုင်ပါဘူး " အမည်မဖော်လိုသူ ဘဏ်ဝန်ထမ်းတစ်ဦးမှ ဆိုသည်။

အဆိုပါ ဘက်အတွင်း ငွေကျပ် သိန်း(၃၅၀)ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မုံရွာမြို့မရဲစခန်းတွင် (ပ)၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၈၀ ဖြင့်အမှုရေးဖွင့်ထားပြီး မုံရွာမြို့တွင် ယခုကဲ့သို့ ဘဏ်အတွင်းငွေပျောက်ဆုံးမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အထိ ၃ လအတွင်း ဘဏ်မှငွေထုတ်အပြန် ဆိုင်ကယ်တူးဘောက်အတွင်းမှ ငွေကျပ် (၂၅)သိန်းခိုးခံရမှုတစ်မှု၊ ငွေကျပ် ၄၅သိန်း ခိုးခံရမှုတစ်မှု စုစုပေါင်း (၂)မှု ဖြစ်ပွားခဲ့ပြီး တရားခံဖမ်းဆီးရမိခြင်း မရှိသေးပေ။


ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top