စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×


ဧရာဝတီတိုင္းေဒသႀကီး ဖ်ာပုံၿမိဳ႕နယ္ ေဒးဒလူေက်း႐ြာအုပ္စု ေခ်ာင္းဝ ေက်း႐ြာမွ ေက်ာင္းသား ေက်ာင္းသူ ၁၅၀ ေက်ာ္မွာ ႏွစ္ ဆုံးစာေမးပြဲေျဖဆိုခါနီးအခ်ိန္တြင္ မီးေဘး သင့္ခဲ့မႈေၾကာင့္ အကူအညီမ်ား လိုအပ္ေန ေၾကာင္း သိရသည္။

အကူအညီလို

မီးေလာင္မႈအတြင္း ေခ်ာင္းဝေက်း႐ြာ အထက္တန္းေက်ာင္းခြဲတြင္ တာဝန္ထမ္းေဆာင္ ေနသည့္ ဆရာမ ႏွစ္ဦးႏွင့္ ပညာသင္ၾကား ေနသည့္ ေက်ာင္းသား ေက်ာင္းသူ ၁၅၇ ဦး တို႔၏ ေက်ာင္းစိမ္းဝတ္စုံမ်ား၊ ေက်ာင္းသုံး ပစၥည္းမ်ား မီးထဲပါသြားသည့္အတြက္ အကူ အညီမ်ား လိုအပ္ေနေၾကာင္း ေက်ာင္းတာဝန္ ရွိသူမ်ားထံမွ သိရသည္။

"ကေလးေတြက ေက်ာင္းအားကစားလုပ္ ေနတဲ့အတြက္ ေက်ာင္းဝင္းထဲမွာေတာ့ ရွိတယ္။ ဒါေပမဲ့ သူတို႔အိမ္ေတြ မီးေလာင္သြားတဲ့ အတြက္ သူတို႔ ကိုယ္မွာရွိတဲ့ ယူနီေဖာင္း တစ္စုံကလြဲၿပီး က်န္တာအကုန္လုံး မီးထဲပါ သြားတာ။ ကေလးေတြအတြက္ အဓိကလိုအပ္ ေနတာက ေဆာင္းတြင္းျဖစ္တဲ့အတြက္ အေႏြး ထည္လိုမယ္၊ ေက်ာင္းစိမ္းဝတ္စုံေတြလိုမယ္၊ ထမင္းခ်ိဳင့္လိုမယ္၊ အဲဒါေတြ အဓိကလိုအပ္ေန တာပါ" ဟု ေခ်ာင္းဝေက်း႐ြာ အထက္တန္း ေက်ာင္း (ခြဲ) ေက်ာင္းအုပ္ဆရာႀကီး ဦးမင္း သီဟက ေျပာဆိုသည္။

ကယ္ဆယ္ေရးပစၥည္း

ေခ်ာင္းဝေက်း႐ြာတြင္ ဇန္နဝါရီ ၃ ရက္က မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့၍ ေနအိမ္ ၁၆၇ လုံး မီးေလာင္ဆုံးရႈံးခဲ့ၿပီး လူဦးေရ ၇၀ဝ ခန္႔ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့၍ လတ္တေလာတြင္ မီးေဘး ဒုကၡသည္ အိမ္ေထာင္စုမ်ားကို ဖ်ာပုံခ႐ိုင္ သဘာဝေဘးစီမံခန္႔ခြဲမႈ ဦးစီးဌာနမွ အေရး ေပၚကယ္ဆယ္ေရးပစၥည္း ၁၆ မ်ိဳးပါဝင္သည့္ ပုံးမ်ားကို အိမ္ေထာင္စုတစ္စုလွ်င္ တစ္ပုံးႏႈန္း၊ ေထာက္ပံ့ေပးထားေၾကာင္း သိရသည္။

"ဖ်ာပုံခ႐ိုင္ သဘာဝေဘးစီမံခန္႔ခြဲေရးဌာန က မေန႔က ညေနပိုင္းမွာတင္ ခ်က္ခ်င္းပဲ ကယ္ဆယ္ေရးပစၥည္း ၁၆ မ်ိဳးပါဝင္တဲ့ ပုံးေတြ ကို အိမ္ေထာင္စုတစ္စုကို တစ္ပုံးႏႈန္း ေထာက္ပံ့ ေပးခဲ့ပါတယ္။ က်န္ရွိေနတဲ့ အိမ္ေတြလည္း ဆက္ၿပီးေတာ့ ေထာက္ပံ့ေပးသြားဖို႔ ရွိတယ္။ ဆန္ရိကၡာနဲ႔ အိမ္ေဆာက္ပစၥည္းေတြလည္း ေပးအပ္သြားဖို႔ စီစဥ္ေနပါတယ္" ဟု ဧရာဝတီ တိုင္းေဒသႀကီး ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးသန္းစိုးက ေျပာဆိုသည္။

ဆက္သြယ္လႉဒါန္းႏိုင္

မီးေလာင္မႈေၾကာင့္ ေခ်ာင္းဝေက်း႐ြာ အထက္တန္းေက်ာင္းခြဲတြင္ တာဝန္ထမ္းေဆာင္ ေနသည့္ ဆရာမ ႏွစ္ဦးႏွင့္ ပညာသင္ၾကားေန သည့္ ေက်ာင္းသားေက်ာင္းသူ ၁၅၇ ဦးတို႔၏ ေက်ာင္းစိမ္းဝတ္စုံမ်ား၊ ေက်ာင္းသုံးပစၥည္းမ်ား ဆုံးရႈံးခဲ့သျဖင့္ လႉဒါန္းလိုသည့္ အလႉရွင္မ်ား အေနျဖင့္ ေက်ာင္းအုပ္ဆရာႀကီး ဦးမင္းသီဟ ဖုန္း- ဝ၉-၇၈၄၅၄၃၂၄၉ ထံသို႔ ဆက္သြယ္လႉ ဒါန္းႏိုင္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Time

#Unicode Version#

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စု ချောင်းဝ ကျေးရွာမှ ကျောင်းသား ကျောင်းသူ ၁၅၀ ကျော်မှာ နှစ် ဆုံးစာမေးပွဲဖြေဆိုခါနီးအချိန်တွင် မီးဘေး သင့်ခဲ့မှုကြောင့် အကူအညီများ လိုအပ်နေ ကြောင်း သိရသည်။

အကူအညီလို

မီးလောင်မှုအတွင်း ချောင်းဝကျေးရွာ အထက်တန်းကျောင်းခွဲတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာမ နှစ်ဦးနှင့် ပညာသင်ကြား နေသည့် ကျောင်းသား ကျောင်းသူ ၁၅၇ ဦး တို့၏ ကျောင်းစိမ်းဝတ်စုံများ၊ ကျောင်းသုံး ပစ္စည်းများ မီးထဲပါသွားသည့်အတွက် အကူ အညီများ လိုအပ်နေကြောင်း ကျောင်းတာဝန် ရှိသူများထံမှ သိရသည်။

"ကလေးတွေက ကျောင်းအားကစားလုပ် နေတဲ့အတွက် ကျောင်းဝင်းထဲမှာတော့ ရှိတယ်။ ဒါပေမဲ့ သူတို့အိမ်တွေ မီးလောင်သွားတဲ့ အတွက် သူတို့ ကိုယ်မှာရှိတဲ့ ယူနီဖောင်း တစ်စုံကလွဲပြီး ကျန်တာအကုန်လုံး မီးထဲပါ သွားတာ။ ကလေးတွေအတွက် အဓိကလိုအပ် နေတာက ဆောင်းတွင်းဖြစ်တဲ့အတွက် အနွေး ထည်လိုမယ်၊ ကျောင်းစိမ်းဝတ်စုံတွေလိုမယ်၊ ထမင်းချိုင့်လိုမယ်၊ အဲဒါတွေ အဓိကလိုအပ်နေ တာပါ" ဟု ချောင်းဝကျေးရွာ အထက်တန်း ကျောင်း (ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးမင်း သီဟက ပြောဆိုသည်။

ကယ်ဆယ်ရေးပစ္စည်း

ချောင်းဝကျေးရွာတွင် ဇန်နဝါရီ ၃ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ နေအိမ် ၁၆၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၇၀ဝ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့၍ လတ်တလောတွင် မီးဘေး ဒုက္ခသည် အိမ်ထောင်စုများကို ဖျာပုံခရိုင် သဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာနမှ အရေး ပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်သည့် ပုံးများကို အိမ်ထောင်စုတစ်စုလျှင် တစ်ပုံးနှုန်း၊ ထောက်ပံ့ပေးထားကြောင်း သိရသည်။

"ဖျာပုံခရိုင် သဘာဝဘေးစီမံခန့်ခွဲရေးဌာန က မနေ့က ညနေပိုင်းမှာတင် ချက်ချင်းပဲ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်တဲ့ ပုံးတွေ ကို အိမ်ထောင်စုတစ်စုကို တစ်ပုံးနှုန်း ထောက်ပံ့ ပေးခဲ့ပါတယ်။ ကျန်ရှိနေတဲ့ အိမ်တွေလည်း ဆက်ပြီးတော့ ထောက်ပံ့ပေးသွားဖို့ ရှိတယ်။ ဆန်ရိက္ခာနဲ့ အိမ်ဆောက်ပစ္စည်းတွေလည်း ပေးအပ်သွားဖို့ စီစဉ်နေပါတယ်" ဟု ဧရာဝတီ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောဆိုသည်။

ဆက်သွယ်လှူဒါန်းနိုင်

မီးလောင်မှုကြောင့် ချောင်းဝကျေးရွာ အထက်တန်းကျောင်းခွဲတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာမ နှစ်ဦးနှင့် ပညာသင်ကြားနေ သည့် ကျောင်းသားကျောင်းသူ ၁၅၇ ဦးတို့၏ ကျောင်းစိမ်းဝတ်စုံများ၊ ကျောင်းသုံးပစ္စည်းများ ဆုံးရှုံးခဲ့သဖြင့် လှူဒါန်းလိုသည့် အလှူရှင်များ အနေဖြင့် ကျောင်းအုပ်ဆရာကြီး ဦးမင်းသီဟ ဖုန်း- ဝ၉-၇၈၄၅၄၃၂၄၉ ထံသို့ ဆက်သွယ်လှူ ဒါန်းနိုင်ကြောင်း သိရသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top