ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ျပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီေပးပြဲကလည္း မၾကာခင္ ျပဳလုပ္ေတာ့မွာ ျဖစ္တာေၾကာင့္ အႏုပညာရွင္ေတြေရာ ပရိသတ္ေတြကပါ အကယ္ဒမီအတြက္ ရင္ခုန္ေနၾကတာ ျဖစ္ပါတယ္။ အကယ္ဒမီရင္ခုန္ေနၾကတဲ့ သူေတြအနက္ျပည္သူ႕အခ်စ္ေတာ္ မင္းသမီးသက္မြန္ျမင့္လည္း ပါဝင္ပါတယ္။ သက္မြန္ျမင့္ကေတာ့ အင္တာဗ်ဴးမွာ သူ႔ရဲ့ အကယ္ဒမီရင္ခုန္သံကို ေျပာၾကားသြားခဲ့ပါတယ္။

သက္မြန္ျမင့္ကေတာ့ Sunday Journal နဲ႔ အင္တာဗ်ဴးတြင္ အကယ္ဒမီနဲ႔ ပတ္သက္ျပီး “ဒီႏွစ္အကယ္ဒမီေပးပြဲကေတာ့ တက္ျဖစ္မွာပါ။ ဘယ္လိုရင္ခုန္လည္းဆိုေတာ့ ျပီးခဲ့တဲ့ ၂၀၁၈ မွာက ဇာတ္ကားေကာင္းေတြ အမ်ားၾကီးထြက္တယ္။ ျပီးေတာ့ သရုပ္ေဆာင္ေတြကလည္း သူတို႔က်ရာဇာတ္ေကာင္ေတြမွာ ပီပီျပင္ျပင္ သရုပ္ေဆာင္ႏိုင္ၾကတာဆိုေတာ့ ဒိုင္ေတြေတာ့ ေခါင္းစားမယ္ထင္တယ္။ ပရိသတ္ေတြလည္း ေတာ္ေတာ္ရင္ခုန္ရမွာပါ”

“ေနတိုးကေတာ့ ေထြေထြထူးထူးေျပာစရာမလိုပါဘူး။ သူ႔ရ့ဲဇာတ္ေကာင္တိုင္းမွာကို သူက ပီပီျပင္ျပင္ သရုပ္ေဆာင္ႏိုင္တယ္။ သရုပ္ေဆာင္ႏိုင္တာအျပင္ကို သူကအဝတ္စားအျပင္ဆင္ပိုင္းမွာလည္း အရမ္းကို ေကာင္းမြန္ေအာင္ ျပင္ဆင္တတ္တဲ့ သူတေယာက္ပဲေလ။ သူကေတာ့ အကယ္ဒမီရႏိုင္ပါတယ္။ မုန္းစြဲဆိုလည္း သက္မြန္တို႔ ေတာ္ေတာ္ၾကိဳက္တယ္။ အသိတရားလည္း ရတယ္။ ဇာတ္လမ္းလည္း ေကာင္းတယ္”

“အတိက်ၾကီးေတာ့ မေျပာတတ္ပါဘူး။ သူကလည္း ေအာင္ျမင္မႈအမ်ားၾကီး ရထားေတာ့ ဆုတခုခုေတာ့ ရမယ္ထင္ပါတယ္။ ခုနက ေျပာသလို ၂၀၁၈ ထဲမွာ ကားေကာင္းေတြက အမ်ားၾကီးထြက္လာတာဆိုေတာ့ အကယ္ဒမီအတြက္ကေတာ့ အျပိဳင္အဆိုင္ပါပဲ”

“သက္မြန္ရိုက္ကူးေရး နည္းသြားတာဆိုတာက ဇာတ္ေကာင္လည္း နည္းသြားတယ္။ သက္မြန္အခုေရာက္ေနတဲ့ အေနအထားအရေပါ့ေနာ္။ အခုေနာက္ပိုင္းရိုက္တာက်ေတာ့ ေသခ်ာျပင္ဆင္ျပီးေတာ့ ရိုက္ရတာေတြ ရွိတယ္။ အဲ့ခါက်ေတာ့ တခုခု အဆင္မေျပျဖစ္သြားရင္ ေတာက္ေလွ်ာက္ေနာက္ဆုတ္သြားေတာ့ ဇာတ္ကားေတြက နည္းသြားတာေပါ့။ ေၾကာ္ျငာေတြကေတာ့ ရိုက္ျဖစ္ပါတယ္။ အႏုပညာလႈပ္ရွားမႈေတြေတာ့ ရွိပါတယ္။ ဇာတ္ကားရိုက္တာပဲ နည္းသြားတာပါ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နာမည္ၾကီး

# Unicode Version ျဖင့္ ဖတ္ပါ #

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကလည်း မကြာခင် ပြုလုပ်တော့မှာ ဖြစ်တာကြောင့် အနုပညာရှင်တွေရော ပရိသတ်တွေကပါ အကယ်ဒမီအတွက် ရင်ခုန်နေကြတာ ဖြစ်ပါတယ်။ အကယ်ဒမီရင်ခုန်နေကြတဲ့ သူတွေအနက်ပြည်သူ့အချစ်တော် မင်းသမီးသက်မွန်မြင့်လည်း ပါဝင်ပါတယ်။ သက်မွန်မြင့်ကတော့ အင်တာဗျူးမှာ သူ့ရဲ့ အကယ်ဒမီရင်ခုန်သံကို ပြောကြားသွားခဲ့ပါတယ်။

သက်မွန်မြင့်ကတော့ Sunday Journal နဲ့ အင်တာဗျူးတွင် အကယ်ဒမီနဲ့ ပတ်သက်ပြီး “ဒီနှစ်အကယ်ဒမီပေးပွဲကတော့ တက်ဖြစ်မှာပါ။ ဘယ်လိုရင်ခုန်လည်းဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ မှာက ဇာတ်ကားကောင်းတွေ အများကြီးထွက်တယ်။ ပြီးတော့ သရုပ်ဆောင်တွေကလည်း သူတို့ကျရာဇာတ်ကောင်တွေမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ကြတာဆိုတော့ ဒိုင်တွေတော့ ခေါင်းစားမယ်ထင်တယ်။ ပရိသတ်တွေလည်း တော်တော်ရင်ခုန်ရမှာပါ”

“နေတိုးကတော့ ထွေထွေထူးထူးပြောစရာမလိုပါဘူး။ သူ့ရဲ့ဇာတ်ကောင်တိုင်းမှာကို သူက ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တယ်။ သရုပ်ဆောင်နိုင်တာအပြင်ကို သူကအဝတ်စားအပြင်ဆင်ပိုင်းမှာလည်း အရမ်းကို ကောင်းမွန်အောင် ပြင်ဆင်တတ်တဲ့ သူတယောက်ပဲလေ။ သူကတော့ အကယ်ဒမီရနိုင်ပါတယ်။ မုန်းစွဲဆိုလည်း သက်မွန်တို့ တော်တော်ကြိုက်တယ်။ အသိတရားလည်း ရတယ်။ ဇာတ်လမ်းလည်း ကောင်းတယ်”

“အတိကျကြီးတော့ မပြောတတ်ပါဘူး။ သူကလည်း အောင်မြင်မှုအများကြီး ရထားတော့ ဆုတခုခုတော့ ရမယ်ထင်ပါတယ်။ ခုနက ပြောသလို ၂၀၁၈ ထဲမှာ ကားကောင်းတွေက အများကြီးထွက်လာတာဆိုတော့ အကယ်ဒမီအတွက်ကတော့ အပြိုင်အဆိုင်ပါပဲ”

“သက်မွန်ရိုက်ကူးရေး နည်းသွားတာဆိုတာက ဇာတ်ကောင်လည်း နည်းသွားတယ်။ သက်မွန်အခုရောက်နေတဲ့ အနေအထားအရပေါ့နော်။ အခုနောက်ပိုင်းရိုက်တာကျတော့ သေချာပြင်ဆင်ပြီးတော့ ရိုက်ရတာတွေ ရှိတယ်။ အဲ့ခါကျတော့ တခုခု အဆင်မပြေဖြစ်သွားရင် တောက်လျှောက်နောက်ဆုတ်သွားတော့ ဇာတ်ကားတွေက နည်းသွားတာပေါ့။ ကြော်ငြာတွေကတော့ ရိုက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေတော့ ရှိပါတယ်။ ဇာတ်ကားရိုက်တာပဲ နည်းသွားတာပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top