ဆန္ဒ​တွေ​တော့ရှိတယ်
မ​တောင်းဆို​တော့ဘူး
မ​ပြောပြ​တော့ဘူး
မဆုံချင်​​တော့ဘူး ...

မလိုအပ်​​တော့ဘူး
မဆုံချင်​​တော့ဘူး ...

မသက်​ဆိုင်​​တော့ဘူး
မ​မေ့နိုင်​​သေးတဲ့ခံစားချက်​​တွေ​တော့ရှိတယ်

မ​မျှော်​လင့်​​တော့ဘူး
မဆုံချင်​​တော့ဘူး ...

အပြီးတိုင်​​မေ့​ဖျောက်​နိုင်​စွမ်း​တော့မရှိ​သေးဘူး
မဆုံချင်​​တော့ဘူး ...

တကယ်​ချစ်​ခဲ့လို့…
အသိဆုံးဖြစ်​လိမ့်​မယ်
နောက်​ထပ်​ဘယ်​​တော့မှ
မဆုံချင်​​တော့ဘူး ...။

ဆန္ဒတွေတော့ ရှိသည်
သို့ သော်…


မရှိသည် ဖြစ်စေ…



Credit:steemit

#Unicode Version#

အချစ်ကြီးရင်အရှုံးရတယ်
နာလည်မှုတွေပေးရင်လှည့်စားတယ်
အောက်ကျွံခံရင်မာန်တတ်တရ်
စာနာစိတ်နဲ့ကူညီရင်စော်ကားတတ်ကြတရ်
လူတချို့ကစာနာစိတ်တွေ
အချစ်တွေဂုနာတွေနဲ့မတန်သူတွေ
ဆန္ဒတွေတော့ရှိတယ်
မတောင်းဆိုတော့ဘူး
ဂရုစိုက်မှုတွေတော့လိုချင်ခဲ့တယ်
မပြောပြတော့ဘူး
နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ
မဆုံချင်တော့ဘူး ...

တကယ်ချစ်ခဲ့တာတော့ဝန်ခံတယ်
မလိုအပ်တော့ဘူး
ပေးဆပ်ခဲ့သမျှတွေတော့သိစေချင်တယ်
နစ်နာခဲ့တယ်လို့မသတ်မှတ်ဘူး
သူသိသည်ဖြစ်စေ သူမေ့သည်ဖြစ်စေ
မဆုံချင်တော့ဘူး ...

အချစ်နဲ့တော့ပတ်သက်နေတယ်
မသက်ဆိုင်တော့ဘူး
မမေ့နိူင်သေးတဲ့ခံစားချက်တွေတော့ရှိတယ်
နာကျည်းမုန်းတီးနေတာမဟုတ်ဘူး
ဘယ်သူမှန်သည်ဖြစ်စေ ဘယ်သူမှားသည်ဖြစ်စေ မဆုံချင်တော့ဘူး ...

အကြောင်းတိုက်ဆိုင်တိုင်းခံစားချက်တွေဖြစ်တည်နေတယ်
မမျှော်လင့်တော့ဘူး
နှလုံသားကတိုးထွက်လာမှုတွေသာဖြစ်တယ်
နာကျင်စွာအသည်း တွေကွဲပြီးခံစားနေတာတော့မဟုတ်ဘူး
ပြန်ဆုံသည်ဖြစ်စေ မဆုံဖြစ်တော့သည်ဖြစ်စေ
မဆုံချင်တော့ဘူး ...

ရာသီတွေပြောင်းလဲနေတယ်
ဟိုအရင်လိုသက်ပြင်းချက်တွေနဲ့မမွန်းကျပ်တော့ဘူး
အချိန်တွေနဲ့ကုစားခဲ့တာဖြစ်တယ်
အပြီးတိုင်မေ့ဖျောက်နိူင်စွမ်းတော့မရှိသေးဘူး
ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ
မဆုံချင်တော့ဘူး ...

တကယ်ချစ်ခဲ့လို့…
နာကျင်စွာခံစားဖူးတဲ့ သူတိုင်းသာ
အသိဆုံးဖြစ်လိမ့်မယ်
ချစ်ဖူးခဲ့တဲ့အချစ်မျိုးကို
နောက်ထပ်ဘယ်တော့မှ
မဆုံချင်တော့ဘူး ...။

ဆန္ဒတွေတော့ ရှိသည်
မျှော်လင့်ချက်တော့ မရှိပါ ။
သို့သော်…
သူ့ကို ကျွန်မ အလွန်ချစ်ပါသည် ။

ကျွန်မလေ …သူ့ကို ဘယ်တော့မှ မမျှော်လင့် တော့ပါဘူး ။

ကျွန်မဘေးမှာ သူ ရှိသည်ဖြစ်စေ…
မရှိသည် ဖြစ်စေ…
ကျွန်မ ရင်ဘတ်ထဲ အသည်းနှလုံးထဲမှာ
သူသာလျှင် ထာဝရ ရှိနေမှာပါကွယ်…

ရယူလိုမှု့ တစ်စုံတစ်ရာ မပါပဲ
သူ့ကို မြတ်နိုးစွာ ချစ်ခဲ့တယ်ဆိုတာ…

ပျော်စရာတွေကို ဝေမျှလိုက်ရင် နှစ်ဆတိုးပွှားလာပြီး သင့်ကော သင့်ပတ်ဝန်းကျင်ကော ပျော်ရွှင်ရတယ် စိတ်ညစ်စရာကို ဝေမျှလိုက်ရင် သင်နဲ့ရင်ဘတ်ခြင်းနီးသူက ကူခံစားပေးလို့ တစ်ဝက်သက်သာလာလိမ့်မယ်………။


ဖိုးသူတော်(www.phothutaw.com)
Credit:steemit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top