သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×

အူမႀကီးကင္ဆာဟာ ၁၉၉၀ ျပည့္ႏွစ္ ေနာက္ပိုင္းေတြမွာ အလြန္အျဖစ္မ်ားတဲ့ ေရာဂါတစ္ခု ျဖစ္လို႔လာပါတယ္။ ႀကိဳတင္ကာကြယ္ျခင္းဟာ ကုသျခင္းထက္ ပိုေကာင္းတယ္ ဆိုတာကိုေတာ့ လက္ခံသေဘာေပါက္ၾကမွာပါ။ ဒါေၾကာင့္ ရင္သားကို ကိုယ့္ကိုယ္ကို ပံုမွန္စစ္ေဆးသလို၊ မွည့္ကို အၿမဲတမ္း သတိျပဳေစာင့္ၾကည့္သလို၊ ဝမ္းနဲ႔ ပတ္သက္လို႔လည္း အၿမဲဆင္ျခင္ ေစာင့္ၾကည့္သင့္ပါၿပီ။

ကံေကာင္းေထာက္မတဲ့ အခ်က္ကေတာ့ အူမႀကီးကင္ဆာဟာ ကာကြယ္ႏိုင္တဲ့ ကင္ဆာအမ်ိဳးအစားထဲမွာ ပါတာေၾကာင့္ ေအာက္မွာေဖာ္ျပသြားမယ့္ လကၡဏာရပ္ေတြကို အစဥ္မျပတ္ သတိမူသင့္ပါတယ္။ အထူးသျဖင့္ မိသားစုမ်ိဳး႐ိုးရွိသူေတြမွာ ပိုသတိထားရပါမယ္။ လကၡဏာရပ္ေတြ ေတြ႕တဲ့အခါ ဆရာဝန္နဲ႔ ျပသတိုင္ပင္ၿပီး ဆရာဝန္က လိုအပ္တယ္ထင္ရင္ အူမွန္ေျပာင္း ႐ိုက္တာမ်ိဳးေတြ ျပဳလုပ္ေစပါလိမ့္မယ္။

● ဝမ္းသြားၿပီးေနာက္ ေသြးအနီရဲရဲေတြ ေတြ႕ရတာဟာ လိပ္ေခါင္းေတြ၊ ဂရင္ဂ်ီနာေတြေၾကာင့္လည္း ျဖစ္ႏိုင္ေပမယ့္ ေသြးထြက္မ်ားတာမ်ိဳးျဖစ္ေစ၊ အနီပုပ္ပုပ္၊ မရမ္းေရာင္လိုမ်ိဳးေတြ ထြက္လာခဲ့ရင္ျဖစ္ေစ အူမႀကီးကေန ထြက္လာတာ ျဖစ္ႏိုင္တဲ့အတြက္ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

● လူတိုင္းလူတိုင္းဟာ တစ္ခါတစ္ရံ ဝမ္းခ်ဳပ္တတ္ေလ့ရွိေပမယ့္ ဝမ္းအၾကာႀကီး ခ်ဳပ္ေနတာမ်ိဳးျဖစ္လာရင္ သတိထားရပါမယ္။ အူအစေလာက္မွာ ဝမ္းေပ်ာ့ေသးတာေၾကာင့္ ေတာ္႐ံု အဖုအထစ္ အႀကိတ္ေတြကို အလြယ္တကူ ျဖတ္ေက်ာ္ႏိုင္ေပမယ့္ အူမႀကီးေအာက္ပိုင္းကို ေရာက္လာေလေလ ပိုက်စ္ ပိုမာလာေလေလ ျဖစ္တာေၾကာင့္ အူမႀကီးအဆံုးပိုင္းမွာ အႀကိတ္ရွိေနခဲ့ရင္ မေက်ာ္ျဖတ္ႏိုင္ဘဲ တစ္ဆို႔ေနတတ္ပါတယ္။ ဒါတင္မကပဲ ရက္အေတာ္ၾကာ ဝမ္းေလ်ာေနတဲ့အခါမွာလည္း သတိမူသင့္ပါတယ္။

● ဗိုက္ရစ္ရစ္နာတာဟာ ေလထတာ ျဖစ္ႏိုင္သလို ဒီထက္ဆိုးတဲ့ အူမႀကီးကင္ဆာလိုမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ဝမ္းသြားခ်င္သလိုျဖစ္ၿပီး တကယ္တမ္း ထိုင္ၾကည့္တဲ့ခါ မသြားႏိုင္ရင္လည္း ဆရာဝန္ကို ေမးျမန္းျပသၾကည့္ဖို႔ တိုက္တြန္းလိုပါတယ္။

● အူမႀကီးမွာ တစ္စံုတစ္ခု ပိတ္စို႔ေနတဲ့အခါ ပိတ္ေနတဲ့ေနရာကို တိုးထြက္လာရတဲ့ ဝမ္းေတြဟာ ေသးေသးမွ်င္မွ်င္ေလးေတြ ျဖစ္ေနတတ္ပါတယ္။ ဒီလိုအခါမ်ိဳးမွာလည္း ဆရာဝန္ကို ျပသသင့္ပါတယ္။ အျခားအေၾကာင္း တစ္စံုတစ္ရာေၾကာင့္လည္း ျဖစ္ႏိုင္ေပမယ့္ သတိဟူသည္ ပိုသည္မရွိတာေၾကာင့္ လံုၿခံဳစိတ္ခ်ရေလေအာင္ မသကၤာဖြယ္ရာ လကၡဏာတစ္ခုခုေတြ႕တိုင္း ဆရာဝန္နဲ႔ ျပသတာက အေကာင္းဆံုး ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)

#Unicode Version#
အူမကြီးကင်ဆာဟာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွေမှာ အလွန်အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်လို့လာပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ် ဆိုတာကိုတော့ လက်ခံသဘောပေါက်ကြမှာပါ။ ဒါကြောင့် ရင်သားကို ကိုယ့်ကိုယ်ကို ပုံမှန်စစ်ဆေးသလို၊ မှည့်ကို အမြဲတမ်း သတိပြုစောင့်ကြည့်သလို၊ ဝမ်းနဲ့ ပတ်သက်လို့လည်း အမြဲဆင်ခြင် စောင့်ကြည့်သင့်ပါပြီ။

ကံကောင်းထောက်မတဲ့ အချက်ကတော့ အူမကြီးကင်ဆာဟာ ကာကွယ်နိုင်တဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါတာကြောင့် အောက်မှာဖော်ပြသွားမယ့် လက္ခဏာရပ်တွေကို အစဉ်မပြတ် သတိမူသင့်ပါတယ်။ အထူးသဖြင့် မိသားစုမျိုးရိုးရှိသူတွေမှာ ပိုသတိထားရပါမယ်။ လက္ခဏာရပ်တွေ တွေ့တဲ့အခါ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆရာဝန်က လိုအပ်တယ်ထင်ရင် အူမှန်ပြောင်း ရိုက်တာမျိုးတွေ ပြုလုပ်စေပါလိမ့်မယ်။

● ဝမ်းသွားပြီးနောက် သွေးအနီရဲရဲတွေ တွေ့ရတာဟာ လိပ်ခေါင်းတွေ၊ ဂရင်ဂျီနာတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် သွေးထွက်များတာမျိုးဖြစ်စေ၊ အနီပုပ်ပုပ်၊ မရမ်းရောင်လိုမျိုးတွေ ထွက်လာခဲ့ရင်ဖြစ်စေ အူမကြီးကနေ ထွက်လာတာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

● လူတိုင်းလူတိုင်းဟာ တစ်ခါတစ်ရံ ဝမ်းချုပ်တတ်လေ့ရှိပေမယ့် ဝမ်းအကြာကြီး ချုပ်နေတာမျိုးဖြစ်လာရင် သတိထားရပါမယ်။ အူအစလောက်မှာ ဝမ်းပျော့သေးတာကြောင့် တော်ရုံ အဖုအထစ် အကြိတ်တွေကို အလွယ်တကူ ဖြတ်ကျော်နိုင်ပေမယ့် အူမကြီးအောက်ပိုင်းကို ရောက်လာလေလေ ပိုကျစ် ပိုမာလာလေလေ ဖြစ်တာကြောင့် အူမကြီးအဆုံးပိုင်းမှာ အကြိတ်ရှိနေခဲ့ရင် မကျော်ဖြတ်နိုင်ဘဲ တစ်ဆို့နေတတ်ပါတယ်။ ဒါတင်မကပဲ ရက်အတော်ကြာ ဝမ်းလျောနေတဲ့အခါမှာလည်း သတိမူသင့်ပါတယ်။

● ဗိုက်ရစ်ရစ်နာတာဟာ လေထတာ ဖြစ်နိုင်သလို ဒီထက်ဆိုးတဲ့ အူမကြီးကင်ဆာလိုမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဝမ်းသွားချင်သလိုဖြစ်ပြီး တကယ်တမ်း ထိုင်ကြည့်တဲ့ခါ မသွားနိုင်ရင်လည်း ဆရာဝန်ကို မေးမြန်းပြသကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

● အူမကြီးမှာ တစ်စုံတစ်ခု ပိတ်စို့နေတဲ့အခါ ပိတ်နေတဲ့နေရာကို တိုးထွက်လာရတဲ့ ဝမ်းတွေဟာ သေးသေးမျှင်မျှင်လေးတွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာလည်း ဆရာဝန်ကို ပြသသင့်ပါတယ်။ အခြားအကြောင်း တစ်စုံတစ်ရာကြောင့်လည်း ဖြစ်နိုင်ပေမယ့် သတိဟူသည် ပိုသည်မရှိတာကြောင့် လုံခြုံစိတ်ချရလေအောင် မသင်္ကာဖွယ်ရာ လက္ခဏာတစ်ခုခုတွေ့တိုင်း ဆရာဝန်နဲ့ ပြသတာက အကောင်းဆုံး ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top