




ဖိုးသူတော် (www.phothutaw.com)
Credit: 7Day

#Unicode Version#

ကျပ်တစ်ထောင်တန်ထီ ၏အနိမ့်ဆုံးဆုကို ကျပ်ငါးသောင်း သတ်မှတ်ထားပြီး ကျပ်ငါးရာတန် ထီထက်ဆုမဲအရေအတွက် ပိုမို ဖွင့်လှစ်မည်ဟု ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထွဋ်ကပြော သည်။ဖေဖော်ဝါရီတွင် စတင်ဖြန့် ဝေရောင်းချမည့် ကျပ်တစ်ထောင် တန်ထီ၏ အမြင့်ဆုံးဆုတန်ဖိုးကို ကျပ် သိန်းတစ်သောင်းခွဲသတ် မှတ်ထားပြီး အခြားဆုများကိုမူ အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာခြင်းမရှိသေးပေ။

ကျပ်တစ်ထောင်တန်ထီ တွင် ပါဝင်မည့်ဆုတန်ဖိုးနှင့်အ ရေအတွက်ကို ထုတ်ဖော်ပြော ကြားခြင်း မရှိသေးသော်လည်း အနည်းဆုံးဆုသည် ကျပ်ငါးရာ တန်ထီကဲ့သို့ ကျပ်ငါးသောင်းဆု သာဖြစ်မည်ဟု ဦးမင်းထွဋ်က ပြောသည်။‘‘ဆုမဲ အရေအတွက်က လည်း ကျပ်ငါးရာတန်ထီဆုမဲအ ရေအတွက်ထက် ပိုများပါမယ်။ ထီလက်မှတ်ရောင်းချပြီးမှ ဆုမဲ ကိုသတ်မှတ်နိုင်မှာဖြစ်လို့အခုအ ချိန်မှာ အတိအကျမပြောနိုင်သေး တာပါ’’ ဟု ဦးမင်းထွဋ်ကပြော သည်။

ကျပ်ငါးရာတန်ထီတွင် အမြင့်ဆုံးကျပ်သိန်းတစ်သောင်း ဆုအပါအဝင်လစဉ်ဆုအရေအ တွက် တစ်သိန်းကျော်ဖွင့်လှစ်ပေး နေသည်။ကျပ်တစ်ထောင်တန်ထီ ထွက်ရှိလာပြီးနောက်ဈေးကွက် အခြေအနေကိုကြည့်ကာကျပ်ငါး ရာတန်ထီဖွင့်လှစ်မှုကို ရပ်ဆိုင်း ရန်ရှိသည်ဟု ဦးမင်းထွဋ်က ပြော ကြားထားသည်။

လက်ရှိတွင် ထီဝယ်ယူ ကံစမ်းသူများက ကျပ်တစ်ထောင် တန်ထီအပေါ် စိတ်ဝင်စားမှုနည်း သေးကြောင်း ထီလုပ်ငန်းရှင်အ ချို့ကဆိုသည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top