မေလးရွားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရရွိမည့္ အခြင့္အေရးႏွင့္ ကြာလာလမ္ပူၿမိဳ႕ရွိ Pavilion Damansara Heights ကြန္ဒိုအေရာင္းျပပြဲ
×


Cover Song ေတြကို အလန္းစားသီဆိုျပီး MTV ေတြကိုလည္း အၾကမ္းစားေတြ ရိုက္ကူးတတ္တဲ့ အဆိုေတာ္ ေနေရႊေသြးေအာင္ကေတာ့ အႏုပညာေတြကို ခံစားခ်က္အျပည့္နဲ႔ အေသးစိတ္ဖန္တီးေလ့ရွိတာေၾကာင့္ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈကို အျပည့္အဝရရွိထားတာပါ။ လတ္တေလာမွာေတာ့ ေနေရႊေသြးေအာင္က နာမည္ၾကီး Beauty Blogger မေလး ေနျခည္ဦးနဲ႔ အတူေတြ႔ဆံုေနတဲ့ ပံုရိပ္ေလးတစ္ခုကို လူမႈကြန္ယက္ေပၚမွာ တင္ထားတာ ေတြ႔ရပါတယ္။ အျမဲလိုလို အသစ္အဆန္းေတြကို ဖန္တီးေလ့ရွိတဲ့ သူတို႔နွစ္ဦးရဲ႕ဆံုေတြ႔မႈကိုေတာ့ ပရိသတ္ေတြက အရမ္းကို စိတ္ဝင္စားေနၾကတာပါ။

ခ်စ္ပရိသတ္ေတြအတြက္ နွစ္ေယာက္အတူ ဆံုေတြ႔ခဲ့ၾကတဲ့ ေနေရႊေသြးေအာင္နဲ႔ ေနျခည္ဦးတို႔ရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ေနေရႊေသြးေအာင္ကေတာ့ မေန႔ညက ေနျခည္ဦးနဲ႔ ေတြ႔ဆံုခဲ့တဲ့ ပံုရိပ္ေလး တစ္ခုကို သူ႔ရဲ႕ေဖ့စ္ဘုတ္ေပၚမွာ တင္ထားတာပဲ ျဖစ္ပါတယ္။


ေနေရႊေသြးေအာင္နဲ႔ ေနျခည္ဦးတို႔နွစ္ဦးကေတာ့ တစ္ဦးနဲ႔တစ္ဦး ခင္ခင္မင္မင္ရွိၾကျပီး မဂၤလာေဆာင္တစ္ခုမွာလည္း အတူတြဲေတြ႔ခဲ့ရေသးပါတယ္။ ေနျခည္ဦးကေတာ့ တေလာကထြက္ရွိထားတဲ့ ေနေရႊေသြးေအာင္ရဲ႕ သီခ်င္း MTV ေလးကိုလည္း ခ်ီးက်ဴးစကား သြားေျပာခဲ့ပါေသးတယ္ေနာ္။

ဒိတ္ဒိတ္ၾကဲ ဆယ္လီနွစ္ေယာက္လို႔ ေျပာလို႔ရတဲ့ ေနေရႊေသြးေအာင္နဲ႔ ေနျခည္ဦးတို႔နွစ္ဦးရဲ႕ေတြ႔ဆံုမႈကေတာ့ အရမ္းကို စိတ္ဝင္စားစရာ ေကာင္းေနပါတယ္ေနာ္။ သူတို႔နွစ္ဦးက အႏုပညာအလုပ္ေတြ အတူတြဲလုပ္ၾကေတာ့မယ္လို႔လည္း ပရိသတ္ေတြက ထင္ေၾကးေပးေနၾကပါေသးတယ္။ သူတို႔နွစ္ဦးသာ အႏုပညာအတူလုပ္ရင္ ပရိသတ္ေတြၾကားမွာ ေတာ္ေတာ္ေလးကို နာမည္ၾကီးသြားႏိုင္တာမို႔ ပရိသတ္ေတြက စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကတာပါ။ ခ်စ္ပရိသတ္ေတြလည္း သူတို႔နွစ္ဦး တကယ္ပဲ အႏုပညာအတူတြဲလုပ္ၾကမွာလားဆိုတာ ေစာင့္ေမွ်ာ္ၾကည့္လိုက္ၾကပါဦးေနာ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Burmese.asia

#Unicode Version#

Cover Song တွေကို အလန်းစားသီဆိုပြီး MTV တွေကိုလည်း အကြမ်းစားတွေ ရိုက်ကူးတတ်တဲ့ အဆိုတော် နေရွှေသွေးအောင်ကတော့ အနုပညာတွေကို ခံစားချက်အပြည့်နဲ့ အသေးစိတ်ဖန်တီးလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ နေရွှေသွေးအောင်က နာမည်ကြီး Beauty Blogger မလေး နေခြည်ဦးနဲ့ အတူတွေ့ဆုံနေတဲ့ ပုံရိပ်လေးတစ်ခုကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ အမြဲလိုလို အသစ်အဆန်းတွေကို ဖန်တီးလေ့ရှိတဲ့ သူတို့နှစ်ဦးရဲ့ဆုံတွေ့မှုကိုတော့ ပရိသတ်တွေက အရမ်းကို စိတ်ဝင်စားနေကြတာပါ။

ချစ်ပရိသတ်တွေအတွက် နှစ်ယောက်အတူ ဆုံတွေ့ခဲ့ကြတဲ့ နေရွှေသွေးအောင်နဲ့ နေခြည်ဦးတို့ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။နေရွှေသွေးအောင်ကတော့ မနေ့ညက နေခြည်ဦးနဲ့ တွေ့ဆုံခဲ့တဲ့ ပုံရိပ်လေး တစ်ခုကို သူ့ရဲ့ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

နေရွှေသွေးအောင်နဲ့ နေခြည်ဦးတို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး ခင်ခင်မင်မင်ရှိကြပြီး မင်္ဂလာဆောင်တစ်ခုမှာလည်း အတူတွဲတွေ့ခဲ့ရသေးပါတယ်။ နေခြည်ဦးကတော့ တလောကထွက်ရှိထားတဲ့ နေရွှေသွေးအောင်ရဲ့ သီချင်း MTV လေးကိုလည်း ချီးကျူးစကား သွားပြောခဲ့ပါသေးတယ်နော်။

ဒိတ်ဒိတ်ကြဲ ဆယ်လီနှစ်ယောက်လို့ ပြောလို့ရတဲ့ နေရွှေသွေးအောင်နဲ့ နေခြည်ဦးတို့နှစ်ဦးရဲ့တွေ့ဆုံမှုကတော့ အရမ်းကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်နော်။ သူတို့နှစ်ဦးက အနုပညာအလုပ်တွေ အတူတွဲလုပ်ကြတော့မယ်လို့လည်း ပရိသတ်တွေက ထင်ကြေးပေးနေကြပါသေးတယ်။ သူတို့နှစ်ဦးသာ အနုပညာအတူလုပ်ရင် ပရိသတ်တွေကြားမှာ တော်တော်လေးကို နာမည်ကြီးသွားနိုင်တာမို့ ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ ချစ်ပရိသတ်တွေလည်း သူတို့နှစ်ဦး တကယ်ပဲ အနုပညာအတူတွဲလုပ်ကြမှာလားဆိုတာ စောင့်မျှော်ကြည့်လိုက်ကြပါဦးနော်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top