တစ္ေန႔တာလုံး အဆင္ေျပေခ်ာေမြ႕ၿပီး လန္းဆန္းတတ္ႂကြေနေစဖို႔ အေရးႀကီးဆုံး အခ်ိန္ကေတာ့ မနက္ခင္းအိပ္ရာထခ်ိန္ေလးပါပဲ။ အိပ္ရာထခ်ိန္ မနက္ခင္းေလးမွာ စိတ္ၾကည္လင္ လန္းဆန္းေနမယ္ဆိုရင္ ဘာလုပ္လုပ္အဆင္ေျပပါတယ္။

မနက္အိပ္ရာထကတည္းက တမႈိင္မႈိင္ တေတြေတြနဲ႔ မေပ်ာ္႐ႊင္ဘူးဆိုရင္ အျခားသူမ်ားနဲ႔ ေပါင္းသင္းဆက္ဆံရတဲ့အခါ အခက္အခဲေတြ ျဖစ္ေပၚလာနိင္ပါတယ္။

ကၽြန္ေတာ္တို႔အားလုံး မနက္အိပ္ရာထရင္ မ်က္ႏွာအရင္သစ္ၾကပါတယ္။ ကၽြမ္းက်င္ပညာရွင္ေတြရဲ႕ ေလ့လာစမ္းသပ္ခ်က္ေတြအရေတာ့ မ်က္ႏွာသစ္မေနေတာ့ဘဲ အိပ္ရာထတာနဲ႔တစ္ခါထဲ ေရခ်ိဳးျခင္းက ဦးေႏွာက္ကို ေပါ့ပါးသြက္လက္ေစၿပီး တစ္ေန႔တာလုံး စိတ္ၾကည္လင္ေစနိင္ပါတယ္တဲ့။ မနက္ေစာေစာေရခ်ိဳးတာက စိတ္ကူးဉာဏ္အသစ္မ်ားကိုလည္း ျဖစ္ေပၚေစနိင္တယ္လို႔ ဆိုထားပါတယ္။

ေရခ်ိဳးတဲ့အခါမွာလည္း ေရေႏြးနဲ႔ ခ်ိဳးတာက က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားစြာ ရရွိနိင္တယ္ဆိုေပမဲ့လည္း မနက္ပိုင္းမွာေတာ့ ေရေႏြးနဲ႔ မခ်ိဳးသင့္ပါဘူး။ မနက္ပိုင္းမွာေတာ့ သာမန္႐ိုး႐ိုးေရနဲ႔ပဲ ခ်ိဳးသင့္ပါတယ္။ သာမန္႐ိုး႐ိုးေရနဲ႔ ေန႔စဥ္ပုံမွန္ခ်ိဳးေပးမယ္ဆိုရင္ အသားအေရေျခာက္ေသြ႕ျခင္း ကင္းေဝးၿပီး တစ္ေန႔တာလုံး လႈပ္ရွား႐ုန္းကန္ဖို႔အတြက္ လုံေလာက္တဲ့ စိတ္ဓာတ္တက္ႂကြမႈကို ရရွိမွာျဖစ္ၿပီး သင့္ကို လန္းဆန္းေနေစမွာပါ။

ဒီတစ္ခုကေတာ့ သြားက်န္းမာေရးနဲ႔ ပတ္သတ္ၿပီး သတိျပဳစရာေလးပါ။ အခ်ဥ္ဓာတ္ပါဝင္တဲ့ သစ္သီးေတြကို မနက္စာအျဖစ္ စားေသာက္ၿပီးတဲ့အခါ ကၽြန္ေတာ္တို႔သြားေလးေတြရဲ႕ အေပၚယံေႂကြသြားအလႊာေလးက ပုံမွန္ထက္ ပိုၿပီးေပ်ာ့ေပ်ာင္းလာပါတယ္။ အဲ့ဒီလိုမ်ိဳး အခ်ဥ္ဓာတ္ပါဝင္တဲ့အစားအေသာက္ေတြကို စားေသာက္ၿပီးၿပီးျခင္းပဲ သြားတိုက္လိုက္မယ္ဆ္ိုရင္ သြားအေပၚယံေႂကြလႊာေလးေတြ ပ်က္စီးေစနိင္ပါတယ္။ သြားမတိုက္ဘဲ ပလုတ္က်င္းတာကေတာ့ အေကာင္းဆုံးျဖစ္ၿပီး သြားတိုက္မယ္ဆိုရင္ေတာ့ အစာစားၿပီး မိနစ္၃၀ေလာက္ၾကာမွသာ တိုက္သင့္ပါတယ္။

သင္က ေကာ္ဖီႀကိဳက္ႏွစ္သက္သူတစ္ေယာက္ျဖစ္ၿပီး အိပ္ရာကႏိုးႏိုးခ်င္း ေကာ္ဖီေသာက္တဲ့ အေလ့အထရွိတယ္ဆိုရင္ေတာ့ ေျပာင္းလဲသင့္ပါတယ္။ အစာအိမ္ထဲမွာ အစာမရွိဘဲ ေကာ္ဖီျပင္းျပင္းတစ္ခြက္ ေသာက္မိမယ္ဆိုရင္ ႏွလုံးတုန္ ရင္တုန္ၿပီးေတာ့ လန္းဆန္းတက္ႂကြမႈေတြ ေပ်ာက္ဆုံးေစနိင္ပါတယ္။ အေကာင္းဆုံးကေတာ့ မနက္အိပ္ရာထၿပီး ၃ ၄နာရီေလာက္အၾကာမွသာ ေကာ္ဖီေသာက္သင့္ပါတယ္။

အမ်ားစုက အိပ္ရာထတာနဲ႔ မိုဘိုင္းဖုန္းကို အရင္ဆုံး အသုံးျပဳတတ္ၾကပါတယ္။ ေဖ့စ္ဘြတ္ခ္လို လူမႈကြန္ရက္ေတြေပၚက သတင္းေတြ၊ အေၾကာင္းအရာေတြကို အရင္ဆုံးဖတ္ၾက ၾကည့္ၾကပါတယ္။ တကယ္လို႔ အခ်ိန္ၾကာျမင့္ေအာင္ အသုံးျပဳလိုက္မယ္ဆိုရင္ မနက္စာစားခ်ိန္ေနာက္က်ျခင္း၊ လုပ္ငန္းခြင္ကို ဝင္ေရာက္ဖို႔ေနာက္က်ျခင္း စတာေတြျဖစ္ေပၚနိင္ပါတယ္။ ဒါ့အျပင္ စိတ္ညစ္စရာအေၾကာင္းအရာမ်ား၊ စိတ္အႏွာက္အယွက္ျဖစ္စရာ ႐ုပ္ပုံမ်ား ေတြ႕ျမင္ ဖတ္႐ႈမိလိုက္မယ္ဆိုရင္ တစ္ေန႔တာလုံး စိတ္အေႏွာက္အယွက္ေတြ ျဖစ္ေနနိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yoyarlay

#Unicode Version#

တစ်နေ့တာလုံး အဆင်ပြေချောမွေ့ပြီး လန်းဆန်းတတ်ကြွနေစေဖို့ အရေးကြီးဆုံး အချိန်ကတော့ မနက်ခင်းအိပ်ရာထချိန်လေးပါပဲ။ အိပ်ရာထချိန် မနက်ခင်းလေးမှာ စိတ်ကြည်လင် လန်းဆန်းနေမယ်ဆိုရင် ဘာလုပ်လုပ်အဆင်ပြေပါတယ်။

မနက်အိပ်ရာထကတည်းက တမှိုင်မှိုင် တတွေတွေနဲ့ မပျော်ရွှင်ဘူးဆိုရင် အခြားသူများနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ အခက်အခဲတွေ ဖြစ်ပေါ်လာနိင်ပါတယ်။

ကျွန်တော်တို့အားလုံး မနက်အိပ်ရာထရင် မျက်နှာအရင်သစ်ကြပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်တွေအရတော့ မျက်နှာသစ်မနေတော့ဘဲ အိပ်ရာထတာနဲ့တစ်ခါထဲ ရေချိုးခြင်းက ဦးနှောက်ကို ပေါ့ပါးသွက်လက်စေပြီး တစ်နေ့တာလုံး စိတ်ကြည်လင်စေနိင်ပါတယ်တဲ့။ မနက်စောစောရေချိုးတာက စိတ်ကူးဉာဏ်အသစ်များကိုလည်း ဖြစ်ပေါ်စေနိင်တယ်လို့ ဆိုထားပါတယ်။

ရေချိုးတဲ့အခါမှာလည်း ရေနွေးနဲ့ ချိုးတာက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိင်တယ်ဆိုပေမဲ့လည်း မနက်ပိုင်းမှာတော့ ရေနွေးနဲ့ မချိုးသင့်ပါဘူး။ မနက်ပိုင်းမှာတော့ သာမန်ရိုးရိုးရေနဲ့ပဲ ချိုးသင့်ပါတယ်။ သာမန်ရိုးရိုးရေနဲ့ နေ့စဉ်ပုံမှန်ချိုးပေးမယ်ဆိုရင် အသားအရေခြောက်သွေ့ခြင်း ကင်းဝေးပြီး တစ်နေ့တာလုံး လှုပ်ရှားရုန်းကန်ဖို့အတွက် လုံလောက်တဲ့ စိတ်ဓာတ်တက်ကြွမှုကို ရရှိမှာဖြစ်ပြီး သင့်ကို လန်းဆန်းနေစေမှာပါ။

ဒီတစ်ခုကတော့ သွားကျန်းမာရေးနဲ့ ပတ်သတ်ပြီး သတိပြုစရာလေးပါ။ အချဉ်ဓာတ်ပါဝင်တဲ့ သစ်သီးတွေကို မနက်စာအဖြစ် စားသောက်ပြီးတဲ့အခါ ကျွန်တော်တို့သွားလေးတွေရဲ့ အပေါ်ယံကြွေသွားအလွှာလေးက ပုံမှန်ထက် ပိုပြီးပျော့ပျောင်းလာပါတယ်။ အဲ့ဒီလိုမျိုး အချဉ်ဓာတ်ပါဝင်တဲ့အစားအသောက်တွေကို စားသောက်ပြီးပြီးခြင်းပဲ သွားတိုက်လိုက်မယ်ဆိုရင် သွားအပေါ်ယံကြွေလွှာလေးတွေ ပျက်စီးစေနိင်ပါတယ်။ သွားမတိုက်ဘဲ ပလုတ်ကျင်းတာကတော့ အကောင်းဆုံးဖြစ်ပြီး သွားတိုက်မယ်ဆိုရင်တော့ အစာစားပြီး မိနစ်၃၀လောက်ကြာမှသာ တိုက်သင့်ပါတယ်။

သင်က ကော်ဖီကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပြီး အိပ်ရာကနိုးနိုးချင်း ကော်ဖီသောက်တဲ့ အလေ့အထရှိတယ်ဆိုရင်တော့ ပြောင်းလဲသင့်ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိဘဲ ကော်ဖီပြင်းပြင်းတစ်ခွက် သောက်မိမယ်ဆိုရင် နှလုံးတုန် ရင်တုန်ပြီးတော့ လန်းဆန်းတက်ကြွမှုတွေ ပျောက်ဆုံးစေနိင်ပါတယ်။ အကောင်းဆုံးကတော့ မနက်အိပ်ရာထပြီး ၃ ၄နာရီလောက်အကြာမှသာ ကော်ဖီသောက်သင့်ပါတယ်။

အများစုက အိပ်ရာထတာနဲ့ မိုဘိုင်းဖုန်းကို အရင်ဆုံး အသုံးပြုတတ်ကြပါတယ်။ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေပေါ်က သတင်းတွေ၊ အကြောင်းအရာတွေကို အရင်ဆုံးဖတ်ကြ ကြည့်ကြပါတယ်။ တကယ်လို့ အချိန်ကြာမြင့်အောင် အသုံးပြုလိုက်မယ်ဆိုရင် မနက်စာစားချိန်နောက်ကျခြင်း၊ လုပ်ငန်းခွင်ကို ဝင်ရောက်ဖို့နောက်ကျခြင်း စတာတွေဖြစ်ပေါ်နိင်ပါတယ်။ ဒါ့အပြင် စိတ်ညစ်စရာအကြောင်းအရာများ၊ စိတ်အနှာက်အယှက်ဖြစ်စရာ ရုပ်ပုံများ တွေ့မြင် ဖတ်ရှုမိလိုက်မယ်ဆိုရင် တစ်နေ့တာလုံး စိတ်အနှောက်အယှက်တွေ ဖြစ်နေနိင်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top