အသက္ ၁၆ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး တိတ္တဆိတ္ကိုယ္ဝန္ရွိကာ လမေစ့ပဲ ကေလးေမြးဖြားခဲ့သည့္ အမႈတြင္ အသက္ ၁၄ ႏွစ္အ႐ြယ္ ေမာင္အရင္းျဖစ္သူ၏ ကာမစပ္ယွက္ခဲ့မႈေၾကာင္းျဖစ္ေၾကာင္း မေလးရွားႏိုင္ငံ ေအာက္တရား႐ုံးေတာ္က ေဖာ္ထုတ္ႏိုင္ခဲ့သည္။

လက္ရွိမွာေတာ့ လူငယ္ကိုထိန္းသိမ္းထားၿပီး အမိန္ခ်မွတ္ႏိုင္ရန္အတြက္ လူမႈဖူလုံေရးဌါနရဲ႕ အစီရင္ခံစာကို တရား႐ုံးက ေစာင့္ဆိုင္းလွ်က္ရွိသည္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၅ ရက္ေန႔က မိန္းကေလးတစ္ဦးဟာ ေနအိမ္ရွိ အိမ္သာထဲတြင္ လမေစ့တဲ့ကိုယ္ဝန္ကို ေမြးဖြားခဲ့ရာမွ အမႈမွန္ေပၚေပါက္ခဲ့ျခင္းျဖစ္သည္။

မိန္းကေလးမွာ ကိုယ္ဝန္ရွိေနမွန္းမသိပဲ ေနလာခဲ့ရာမွ ႐ုတ္တရက္ အိမ္သာထဲတြင္ လမေစ့ပဲ ကေလးမီးဖြားခဲ့ၿပီး၊ ကေလးေမြးမွန္ပင္ မသိတဲ့အတြက္ ကေလးမွာ အိမ္သာေႂကြအိုးအတြင္း ထြက္က်သြားခဲ့သည့္အတြက္ ကေလး၏ ဦးေခါင္းတြင္ ဒဏ္ရာရရွိသြားခဲ့သည္။

အဆိုပါကိုယ္ဝန္အား လက္သည္ရွာမရျဖစ္ခဲ့ၿပီးေနာက္ စစ္ေဆးရာမွ ေမာင္အရင္းျဖစ္သူက သူမအား ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာနဲ႔ ၂၀၁၈ ခုႏွစ္ ေမလတြင္းမွာ ကာမစပ္ယွက္ခဲ့ေၾကာင္း ေပၚေပါက္ဝန္ခံခဲ့သည္။

လူငယ္အား ပုဒ္မ ၃၇၆ခ(၁) ျဖင့္ အမႈဖြင့္အေရးယူထားၿပီး ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ႏွစ္၃၀ နဲ႔ ႀကိမ္ဒဏ္ပါက်ခံရဖြယ္ရွိေၾကာင္း မေလးရွားသတင္းတြင္ ေဖာ္ျပပါရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:popolay

#Unicode Version#
အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး တိတ်တဆိတ်ကိုယ်ဝန်ရှိကာ လမစေ့ပဲ ကလေးမွေးဖွားခဲ့သည့် အမှုတွင် အသက် ၁၄ နှစ်အရွယ် မောင်အရင်းဖြစ်သူ၏ ကာမစပ်ယှက်ခဲ့မှုကြောင်းဖြစ်ကြောင်း မလေးရှားနိုင်ငံ အောက်တရားရုံးတော်က ဖော်ထုတ်နိုင်ခဲ့သည်။

လက်ရှိမှာတော့ လူငယ်ကိုထိန်းသိမ်းထားပြီး အမိန်ချမှတ်နိုင်ရန်အတွက် လူမှုဖူလုံရေးဌါနရဲ့ အစီရင်ခံစာကို တရားရုံးက စောင့်ဆိုင်းလျှက်ရှိသည်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က မိန်းကလေးတစ်ဦးဟာ နေအိမ်ရှိ အိမ်သာထဲတွင် လမစေ့တဲ့ကိုယ်ဝန်ကို မွေးဖွားခဲ့ရာမှ အမှုမှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

မိန်းကလေးမှာ ကိုယ်ဝန်ရှိနေမှန်းမသိပဲ နေလာခဲ့ရာမှ ရုတ်တရက် အိမ်သာထဲတွင် လမစေ့ပဲ ကလေးမီးဖွားခဲ့ပြီး၊ ကလေးမွေးမှန်ပင် မသိတဲ့အတွက် ကလေးမှာ အိမ်သာကြွေအိုးအတွင်း ထွက်ကျသွားခဲ့သည့်အတွက် ကလေး၏ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားခဲ့သည်။

အဆိုပါကိုယ်ဝန်အား လက်သည်ရှာမရဖြစ်ခဲ့ပြီးနောက် စစ်ဆေးရာမှ မောင်အရင်းဖြစ်သူက သူမအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၁၈ ခုနှစ် မေလတွင်းမှာ ကာမစပ်ယှက်ခဲ့ကြောင်း ပေါ်ပေါက်ဝန်ခံခဲ့သည်။

လူငယ်အား ပုဒ်မ ၃၇၆ခ(၁) ဖြင့် အမှုဖွင့်အရေးယူထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ်၃၀ နဲ့ ကြိမ်ဒဏ်ပါကျခံရဖွယ်ရှိကြောင်း မလေးရှားသတင်းတွင် ဖော်ပြပါရှိသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top