စကၤာပူႏိုင္ငံတြင္က်င္းပမည့္ (၆) ႀကိမ္ေျမာက္ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ကိုယ္နဲ႔ေတာ့ မဆုိင္ဘူးဆိုေပမဲ့ မ်က္စိေ႐ွ႕မွာ ျမင္ျမင္ေနရတာ စိတ္မသက္သာလြန္းတဲ့ အတြဲအမ်ိဳးအစားေတြအေၾကာင္းေျပာျပခ်င္ပါတယ္ေယာင္းေရ။ ေနာက္ ဒီလုိ စံုတြဲေတြထဲ မပါေအာင္ ေယာင္းတုိ႔အေနနဲ႔ ဆင္ျခင္ႏုိင္ၾကေစဖို႔ ေျပာျပပါရေစေနာ္။

၁။ ရန္ျဖစ္လြန္း ျပန္ခ်စ္လြန္းေသာ စံုတြဲမ်ား

သမီးရည္းစား၊ လင္မယားေတြမွာ ရန္ျဖစ္လုိက္ ျပန္ခ်စ္လိုက္ ဆိုတာ မဆန္းေပမဲ့ တစ္ခ်ိဳ႕စံုတြဲေတြကေတာ့ လြန္လြန္းတယ္လုိ႔ ျမင္မိပါတယ္။ ရန္ျဖစ္တယ္ဆိုတာကလည္း ေဒါသအေလ်ာက္ျဖစ္ၾကတာဆိုေပမဲ့ လူၾကားသူၾကား ေအာ္ႀကီးဟစ္က်ယ္ရန္ျဖစ္တာမ်ိဳး၊ တစ္ေယာက္နဲ႔ တစ္ေယာက္ ဆဲဆိုေအာ္ဟစ္ၾကတာမ်ိဳးကေတာ့ ဘယ္လုိမွကို မျဖစ္သင့္ဘူးထင္ပါတယ္ေနာ္။
ရန္ျဖစ္ၾကတဲ့အခါ ပတ္ဝန္းက်င္မခံသာေအာင္ ေအာ္ဟစ္ရန္ျဖစ္ၾက၊ ေနာက္တစ္ေန႔က် လက္ခ်င္းတြဲၿပံဳးေပ်ာ္ေနၾကတဲ့ အတြဲမ်ိဳးကေတာ့ ေျပာမယံုၾကံဳမွသိဆိုသလိုပါပဲ။

၂။ အႏိုင္ယူလြန္းေသာ စံုတြဲမ်ား

တခ်ိဳ႕ စံုတြဲေတြက်ေတာ့လည္း ခ်စ္ျခင္း နဲ႔ အႏိုင္ယူျခင္းကို ဘယ္လိုညီမွ်ျခင္း ခ်ထားလဲ မသိပါဘူး။ ကိုယ့္လက္တြဲေဖာ္ ခ်စ္သူကို နားလည္မႈနဲ႔ လက္တြဲရမယ့္အစား လူေ႐ွ႕မေ႐ွာင္ ေအာ္ဟစ္အႏိုင္က်င့္ေနတာမ်ိဳး႐ွိတတ္ပါတယ္။
ဒါမ်ိဳးအတြဲေတြကို ျမင္ရတဲ့အခါ ကာယကံ႐ွင္ေတာ့မသိေပမဲ့ ေဘးလူေတြကေတာ့ ၾကည့္ရျမင္ရ မသက္သာဆိုသလိုပါပဲေနာ္။
ခ်စ္သူေတြဆိုတာ နားလည္မႈေတြ၊ ၾကင္နာမႈေတြနဲ႔ပဲ လက္တြဲသင့္တာပါ

၃။ ေတြ႔သမွ်လူ ႏွင့္ စြပ္စြဲခ်င္ၾကသူမ်ား

လူဆိုတာ ပတ္ဝန္းက်င္နဲ႔ ကင္းကြာလုိ႔မရသလို သမီးရည္းစားေတြ ဘယ္ေလာက္ခ်စ္ၾကသည္ျဖစ္ျဖစ္ ဒီႏွစ္ေယာက္ထဲနဲ႔ပဲ ေျပာဆိုဆက္ဆံေနရတာမဟုတ္ဘူးေလ။ ပတ္ဝန္းက်င္နဲ႔ အလုပ္သေဘာ၊ လူမႈေရးသေဘာအရ ပတ္သက္ၾကရတာေတြ႐ွိမွာပါ။
ဒီလုိ ဆက္ဆံေျပာဆိုၾကတဲ့အခါ သူ႔ရည္းစား နဲ႔ စကားေလးေျပာမိရင္ပဲ ၾကာကူလီ လိုလို၊ စႏိုက္ေၾကာ္ လိုလို တစ္ဘက္သားကို ရန္ေတြ႕တတ္ၾကတဲ့ အတြဲေတြလည္း ႐ွိျပန္ေရာ။ ဒီလုိအတြဲမ်ိဳးကလည္း ပတ္ဝန္းက်င္မွာ ေတြ႕ျမင္ရတာ တကယ္စိတ္ပ်က္စရာေကာင္းလြန္းလွပါတယ္။

၄။ ႐ိုးသားမႈမ႐ွိတဲ့ အတြဲေတြ

ဒါေတြကေတာ့ စိတ္ပ်က္စရာအေကာင္းဆံုးထဲမွာ ထိပ္ေခါင္တင္ပဲလုိ႔ ဆိုၾကပါစို႔။ ခ်စ္သူေတြဆုိတာ နားလည္မႈယံုၾကည္မႈေတြနဲ႔ လက္တြဲၾကတာေလ။ အမ်ားအျမင္မွာေတာ့ ခ်စ္သူေတြလုိ႔ အမည္ခံထားေပမဲ့ ေနာက္ကြယ္မွာ ေျခ႐ႈပ္တာေတြ ေျပာမကုန္ေအာင္လုပ္ၾကသလုိ တစ္ေယာက္ကုိ တစ္ေယာက္အၿမဲလိမ္ညာေနတတ္ၾကတဲ့ ခ်စ္သူေတြကလည္း တကယ့္ကို စိတ္ပ်က္စရာပါ။

သူတို႔ကေတာ့ ဒီလုိ လိမ္ညာေဖာက္ျပန္ရတာကို ဘယ္လုိသေဘာထားလဲဆုိတာ မသိေပမဲ့ သူတုိ႔အေၾကာင္းကို သိေနသူေတြကေတာ့ စိတ္ပ်က္ေနရတာေပါ့ေနာ္။

ဒါကေတာ့ ပတ္ဝန္းက်င္မွာ ေတြ႕ျမင္ေနရတဲ့ စိတ္ပ်က္စရာအေကာင္းဆံုးစံုတြဲအမ်ိဳးအစား (၄) မ်ိဳးအေၾကာင္းပါပဲ။

အခ်ိန္တန္အ႐ြယ္ေရာက္လုိ႔ သမီးရည္းစားထားတာမဆန္းေပမဲ့ ဒီလိုစိတ္ပ်က္စရာေကာင္းတဲ့ အတြဲအမ်ိဳးအစားထဲမပါေအာင္သတိထားၾကပါလုိ႔ တုိက္တြန္းပါရေစေယာင္းေရ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Sugar Cane (For Her Myanmar)

#Unicode Version#
ကိုယ်နဲ့တော့ မဆိုင်ဘူးဆိုပေမဲ့ မျက်စိရှေ့မှာ မြင်မြင်နေရတာ စိတ်မသက်သာလွန်းတဲ့ အတွဲအမျိုးအစားတွေအကြောင်းပြောပြချင်ပါတယ်ယောင်းရေ။ နောက် ဒီလို စုံတွဲတွေထဲ မပါအောင် ယောင်းတို့အနေနဲ့ ဆင်ခြင်နိုင်ကြစေဖို့ ပြောပြပါရစေနော်။

၁။ ရန်ဖြစ်လွန်း ပြန်ချစ်လွန်းသော စုံတွဲများ

သမီးရည်းစား၊ လင်မယားတွေမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတာ မဆန်းပေမဲ့ တစ်ချို့စုံတွဲတွေကတော့ လွန်လွန်းတယ်လို့ မြင်မိပါတယ်။ ရန်ဖြစ်တယ်ဆိုတာကလည်း ဒေါသအလျောက်ဖြစ်ကြတာဆိုပေမဲ့ လူကြားသူကြား အော်ကြီးဟစ်ကျယ်ရန်ဖြစ်တာမျိုး၊ တစ်ယောက်နဲ့ တစ်ယောက် ဆဲဆိုအော်ဟစ်ကြတာမျိုးကတော့ ဘယ်လိုမှကို မဖြစ်သင့်ဘူးထင်ပါတယ်နော်။
ရန်ဖြစ်ကြတဲ့အခါ ပတ်ဝန်းကျင်မခံသာအောင် အော်ဟစ်ရန်ဖြစ်ကြ၊ နောက်တစ်နေ့ကျ လက်ချင်းတွဲပြုံးပျော်နေကြတဲ့ အတွဲမျိုးကတော့ ပြောမယုံကြုံမှသိဆိုသလိုပါပဲ။

၂။ အနိုင်ယူလွန်းသော စုံတွဲများ

တချို့ စုံတွဲတွေကျတော့လည်း ချစ်ခြင်း နဲ့ အနိုင်ယူခြင်းကို ဘယ်လိုညီမျှခြင်း ချထားလဲ မသိပါဘူး။ ကိုယ့်လက်တွဲဖော် ချစ်သူကို နားလည်မှုနဲ့ လက်တွဲရမယ့်အစား လူရှေ့မရှောင် အော်ဟစ်အနိုင်ကျင့်နေတာမျိုးရှိတတ်ပါတယ်။
ဒါမျိုးအတွဲတွေကို မြင်ရတဲ့အခါ ကာယကံရှင်တော့မသိပေမဲ့ ဘေးလူတွေကတော့ ကြည့်ရမြင်ရ မသက်သာဆိုသလိုပါပဲနော်။
ချစ်သူတွေဆိုတာ နားလည်မှုတွေ၊ ကြင်နာမှုတွေနဲ့ပဲ လက်တွဲသင့်တာပါ

၃။ တွေ့သမျှလူ နှင့် စွပ်စွဲချင်ကြသူများ

လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့မရသလို သမီးရည်းစားတွေ ဘယ်လောက်ချစ်ကြသည်ဖြစ်ဖြစ် ဒီနှစ်ယောက်ထဲနဲ့ပဲ ပြောဆိုဆက်ဆံနေရတာမဟုတ်ဘူးလေ။ ပတ်ဝန်းကျင်နဲ့ အလုပ်သဘော၊ လူမှုရေးသဘောအရ ပတ်သက်ကြရတာတွေရှိမှာပါ။
ဒီလို ဆက်ဆံပြောဆိုကြတဲ့အခါ သူ့ရည်းစား နဲ့ စကားလေးပြောမိရင်ပဲ ကြာကူလီ လိုလို၊ စနိုက်ကြော် လိုလို တစ်ဘက်သားကို ရန်တွေ့တတ်ကြတဲ့ အတွဲတွေလည်း ရှိပြန်ရော။ ဒီလိုအတွဲမျိုးကလည်း ပတ်ဝန်းကျင်မှာ တွေ့မြင်ရတာ တကယ်စိတ်ပျက်စရာကောင်းလွန်းလှပါတယ်။

၄။ ရိုးသားမှုမရှိတဲ့ အတွဲတွေ

ဒါတွေကတော့ စိတ်ပျက်စရာအကောင်းဆုံးထဲမှာ ထိပ်ခေါင်တင်ပဲလို့ ဆိုကြပါစို့။ ချစ်သူတွေဆိုတာ နားလည်မှုယုံကြည်မှုတွေနဲ့ လက်တွဲကြတာလေ။ အများအမြင်မှာတော့ ချစ်သူတွေလို့ အမည်ခံထားပေမဲ့ နောက်ကွယ်မှာ ခြေရှုပ်တာတွေ ပြောမကုန်အောင်လုပ်ကြသလို တစ်ယောက်ကို တစ်ယောက်အမြဲလိမ်ညာနေတတ်ကြတဲ့ ချစ်သူတွေကလည်း တကယ့်ကို စိတ်ပျက်စရာပါ။

သူတို့ကတော့ ဒီလို လိမ်ညာဖောက်ပြန်ရတာကို ဘယ်လိုသဘောထားလဲဆိုတာ မသိပေမဲ့ သူတို့အကြောင်းကို သိနေသူတွေကတော့ စိတ်ပျက်နေရတာပေါ့နော်။

ဒါကတော့ ပတ်ဝန်းကျင်မှာ တွေ့မြင်နေရတဲ့ စိတ်ပျက်စရာအကောင်းဆုံးစုံတွဲအမျိုးအစား (၄) မျိုးအကြောင်းပါပဲ။

အချိန်တန်အရွယ်ရောက်လို့ သမီးရည်းစားထားတာမဆန်းပေမဲ့ ဒီလိုစိတ်ပျက်စရာကောင်းတဲ့ အတွဲအမျိုးအစားထဲမပါအောင်သတိထားကြပါလို့ တိုက်တွန်းပါရစေယောင်းရေ။

ဖိုးသူတော်(www.phothutaw.com)
Credit:Sugar Cane (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top