ေဂၚရင္ဂ်ီကၽြန္းကို မသြားသင့္တဲ့ အေၾကာင္းအရင္း ၅ ခ်က္ အေၾကာင္း မၽွေဝေပးလုိက္ပါတယ္။

(၁) ခရီးလမ္းၾကမ္းတယ္။

ပထမဆံုးအခ်က္အေနနဲ႔ ဒီခရီးဟာ ရန္ကုန္ေနျပည္ေတာ္ အျမန္လမ္းလို ေခ်ာေမြ႔ေနတဲ့လမ္း မဟုတ္ဘူးဆိုတာ သိေစခ်င္ ပါတယ္။ ညသြားၿပီးမနက္မွေရာက္တာမို႔ ခရီးေ၀းလို႔ဆိုႏိုင္ပါတယ္။ လမ္းမွာ အေကြ႔ အေကာက္ အနိမ့္အျမင့္ေတြကို ေက်ာ္ျဖတ္ ရမွာမို႔ ကားမူးတာေတြ၊ တစ္ကိုယ္လံုးကိုက္ခဲတာေတြျဖစ္ႏိုင္ပါတယ္။ ။

(၂) ေနစရာမရွိဘူး။

ငရုတ္ေကာင္းကိုေရာက္လို႔ ကြ်န္းေပၚသြားၿပီး အိပ္မယ္၊ ေနမယ္ ဆိုတဲ့အခါ ဆင္းရဲတြင္းထဲေရာက္ေတာ့မယ္လို႔သာေတြးၾကည့္လိုက္ပါ။ ေနစရာ ေတာ္ေတာ္ရွားပါတယ္။ အျခား ကမ္းေျခေတြလို ဘန္ဂလို၊ ရီေဆာ့ ေတြဟီးေနေအာင္ မရွိပါ ဘူး။ ရွိတဲ့ တည္းခိုခန္းသာသာေလးကို မ်က္ႏွာငယ္ေလးနဲ႔အသနားခံ ပိုက္ဆံေပးၿပီးငွားရမွာ၊ ရွာရမွာ အေသအခ်ာ ပါပဲ။

(၃) စားစရာရွားတယ္။

ကမ္းေျခဆိုၿပီး ပင္လယ္စာေတြေပါတယ္၊ အကင္ေရာင္းတဲ့သူေတြရွိမယ္လို႔ လံုး၀မေတြးပါနဲ႔။ ရွိတဲ့ႏွစ္ေနရာသံုးေနရာမွာ ျဖစ္သလို ႀကံဳသလို ပိုက္ဆံေပးၿပီး စားၾကရမွာပါ။

(၄) ထိခိုက္ဒဏ္ရာ ရတတ္တယ္။

ကြ်န္းအရိုင္းႀကီးမို႔ သဲေသာင္ျပင္ခ်ည္းရွိေနတယ္ မထင္ပါနဲ႔။ အထူးသျဖင့္ ပန္းကန္လံုးကြ်န္း၊ လိပ္ခ်ိဳင္ တို႔သြားတဲ့အခါ မွာ ဖိနပ္ပါးစီးၿပီးသြားမွ အဆင္ေျပမယ္။ေျမႀကီးတို႔ သဲတို႔မဟုတ္ပါဘူး။ ခရုခြံေတြေပၚ ေလွ်ာက္ရတာမို႔လို႔ပါ။ ေနရာက အနိမ့္အျမင့္ေတြမ်ားတယ္။ ဒါေၾကာင့္ မေတာ္တဆေခ်ာ္ လဲတတ္ပါတယ္။ ဒါကအထူးသတိထားရမွာပါ။

(၅) အေရျပား Allergic ေတြထမယ္။

ျပန္လာရင္ေတာ့ တစ္ကိုယ္လံုးယားယံၿပီး အလဂ်စ္ေတြ ထပါလိမ့္မယ္။ ေရမသန္႔တာ မဟုတ္ပါဘူး။ ေရအသန္႔လြန္တာ ေၾကာင့္ ေဆာ့လို႔ေကာင္းရင္း ေဆာ့တာလြန္တဲ့ေနာက္ ဆက္တြဲလို႔ထင္ပါတယ္။

(၆) Safety Zone မရွိပါ။

အျခားကမ္းေျခေတြမွာလို အႏၱရယ္မျဖစ္ေအာင္ ကန္႔သတ္နယ္ေျမထားၿပီး ေရကစားေစတာမ်ိဳးမရွိပါ။ လံုၿခံဳေရးေတြလည္း မရွိပါ။ ကြ်န္းက အရိုင္းပဲရွိေသးတာမို႔ ေရေတြ ဘာေတြကူးရင္ေတာ့ သတိေတာ့ ထားဖို႔လိုပါတယ္။

ကဲ … အခု ေျပာျပေပးလိုက္တဲ့အေၾကာင္းအရာေလးကို ေဂၚရန္ဂ်ီကၽြန္းကို သြားဖို႔အထုပ္ျပင္ေန တဲ့ ကိုယ့္ေဘာ္ဒါေတြ အတြက္ လက္ဆင့္ကမ္း မၽွေဝလိုက္ပါ ဦး ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:thadinyatkwat

# Unicode Version # ျဖင့္ ဖတ္ပါ #

ဂေါ်ရင်ဂျီကျွန်းကို မသွားသင့်တဲ့ အကြောင်းအရင်း ၅ ချက် အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) ခရီးလမ်းကြမ်းတယ်။

ပထမဆုံးအချက်အနေနဲ့ ဒီခရီးဟာ ရန်ကုန်နေပြည်တော် အမြန်လမ်းလို ချောမွေ့နေတဲ့လမ်း မဟုတ်ဘူးဆိုတာ သိစေချင် ပါတယ်။ ညသွားပြီးမနက်မှရောက်တာမို့ ခရီးဝေးလို့ဆိုနိုင်ပါတယ်။ လမ်းမှာ အကွေ့ အကောက် အနိမ့်အမြင့်တွေကို ကျော်ဖြတ် ရမှာမို့ ကားမူးတာတွေ၊ တစ်ကိုယ်လုံးကိုက်ခဲတာတွေဖြစ်နိုင်ပါတယ်။ ။

(၂) နေစရာမရှိဘူး။

ငရုတ်ကောင်းကိုရောက်လို့ ကျွန်းပေါ်သွားပြီး အိပ်မယ်၊ နေမယ် ဆိုတဲ့အခါ ဆင်းရဲတွင်းထဲရောက်တော့မယ်လို့သာတွေးကြည့်လိုက်ပါ။ နေစရာ တော်တော်ရှားပါတယ်။ အခြား ကမ်းခြေတွေလို ဘန်ဂလို၊ ရီဆော့ တွေဟီးနေအောင် မရှိပါ ဘူး။ ရှိတဲ့ တည်းခိုခန်းသာသာလေးကို မျက်နှာငယ်လေးနဲ့အသနားခံ ပိုက်ဆံပေးပြီးငှားရမှာ၊ ရှာရမှာ အသေအချာ ပါပဲ။

(၃) စားစရာရှားတယ်။

ကမ်းခြေဆိုပြီး ပင်လယ်စာတွေပေါတယ်၊ အကင်ရောင်းတဲ့သူတွေရှိမယ်လို့ လုံးဝမတွေးပါနဲ့။ ရှိတဲ့နှစ်နေရာသုံးနေရာမှာ ဖြစ်သလို ကြုံသလို ပိုက်ဆံပေးပြီး စားကြရမှာပါ။

(၄) ထိခိုက်ဒဏ်ရာ ရတတ်တယ်။

ကျွန်းအရိုင်းကြီးမို့ သဲသောင်ပြင်ချည်းရှိနေတယ် မထင်ပါနဲ့။ အထူးသဖြင့် ပန်းကန်လုံးကျွန်း၊ လိပ်ချိုင် တို့သွားတဲ့အခါ မှာ ဖိနပ်ပါးစီးပြီးသွားမှ အဆင်ပြေမယ်။မြေကြီးတို့ သဲတို့မဟုတ်ပါဘူး။ ခရုခွံတွေပေါ် လျှောက်ရတာမို့လို့ပါ။ နေရာက အနိမ့်အမြင့်တွေများတယ်။ ဒါကြောင့် မတော်တဆချော် လဲတတ်ပါတယ်။ ဒါကအထူးသတိထားရမှာပါ။

(၅) အရေပြား Allergic တွေထမယ်။

ပြန်လာရင်တော့ တစ်ကိုယ်လုံးယားယံပြီး အလဂျစ်တွေ ထပါလိမ့်မယ်။ ရေမသန့်တာ မဟုတ်ပါဘူး။ ရေအသန့်လွန်တာ ကြောင့် ဆော့လို့ကောင်းရင်း ဆော့တာလွန်တဲ့နောက် ဆက်တွဲလို့ထင်ပါတယ်။

(၆) Safety Zone မရှိပါ။

အခြားကမ်းခြေတွေမှာလို အန္တရယ်မဖြစ်အောင် ကန့်သတ်နယ်မြေထားပြီး ရေကစားစေတာမျိုးမရှိပါ။ လုံခြုံရေးတွေလည်း မရှိပါ။ ကျွန်းက အရိုင်းပဲရှိသေးတာမို့ ရေတွေ ဘာတွေကူးရင်တော့ သတိတော့ ထားဖို့လိုပါတယ်။

ကဲ … အခု ပြောပြပေးလိုက်တဲ့အကြောင်းအရာလေးကို ဂေါ်ရန်ဂျီကျွန်းကို သွားဖို့အထုပ်ပြင်နေ တဲ့ ကိုယ့်ဘော်ဒါတွေ အတွက် လက်ဆင့်ကမ်း မျှဝေလိုက်ပါ ဦး ။


ဖိုးသူတော် (www.phothutaw.com)
Credit:thadinyatkwat

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top