ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ဆယ္ေက်ာ္သက္အ႐ြယ္ မိန္းကေလး ငါးေသာင္းေက်ာ္သည္ ကေလးမီးဖြားလ်က္ရွိၿပီး ကိုယ္ဝန္ေဆာင္စဥ္ကာလတြင္ အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ ကိုယ္အေလးခ်ိန္ မျပည့္သည့္ကေလး ပို၍ေမြးဖြားႏိုင္ေၾကာင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာန အမ်ိဳးသားအာဟာရႏွင့္ သုေတသနဌာနခြဲမွ ေခတၱၫႊန္ၾကားေရးမွဴး ေဒါက္တာလြင္မာလိႈင္က ေျပာၾကားသည္။

အဆိုပါ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ား အာဟာရခ်ိဳ႕တဲ့ျခင္းေနာက္ဆက္တြဲ ဆိုးက်ိဳးျဖစ္သည့္ ေမြးစကိုယ္အေလးခ်ိန္မျပည့္သည့္ ကေလးေမြးဖြားႏႈန္း ၈ ဒသမ ၁ ရာခိုင္ႏႈန္းရွိေၾကာင္း၊ ထို႔အတူ မိခင္ႏွင့္ ကေလးသူငယ္မ်ား၏ အာဟာရခ်ိဳ႕တဲ့မႈသည္ ေရာဂါျဖစ္ပြားႏႈန္း၊ မိခင္ႏွင့္ ကေလးငယ္မ်ား ေသဆံုးႏႈန္းကို ျမင့္မားေစႏိုင္ေၾကာင္း က႑ေပါင္းစံုပါဝင္ေသာ အမ်ိဳးသား အာဟာရဖြံၿဖိဳးမႈဆိုင္ရာ အႏွစ္ခ်ဳပ္တင္ျပခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ၂၀၁၈ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္အတြက္ က႑ေပါင္းစံုပါဝင္ေသာ အမ်ိဳးသား အာဟာရဖြံၿဖိဳးမႈဆိုင္ရာ ငါးႏွစ္စီမံကိန္း အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ျမန္မာက်ပ္ေငြ ၉၂၉ ဘီလီယံအသံုးျပဳမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ အာဟာရဖြံၿဖိဳးၿမႇင့္တင္ေရး အမ်ိဳးသားအဆင့္ ဦးေဆာင္ေကာ္မတီထံမွ သိရသည္။

အဆိုပါ အမ်ိဳးသား အာဟာရဖြံၿဖိဳးမႈဆိုင္ရာ ငါးႏွစ္စီမံကိန္းမွ အဓိက ရလဒ္မ်ားအေနျဖင့္ မိခင္မ်ားႏွင့္ ကေလးသူငယ္မ်ားတြင္ ျဖစ္ပြားသည့္ အာဟာရ ျပႆနာမ်ား အားလံုးကို ေလွ်ာ့ခ်ျခင္း၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအားလံုး အလယ္တန္းပညာကို သင္ယူၿပီးေျမာက္၍ အာဟာရျပည့္ဝကာ မွန္ကန္ေသာအာဟာရဆိုင္ရာ အမူအက်င့္ေကာင္းမ်ား ရရွိေစရန္၊ ဥပါဒ္ကင္း၍ အမ်ိဳးအစားအုပ္စု စံုလင္ေသာ အစားအေသာက္မ်ားကို ပံုမွန္ လက္လွမ္းမီစားသံုးႏိုင္ရန္ႏွင့္ အာဟာရခ်ိဳ႕တဲ့လြယ္ေသာ လူအုပ္စုမ်ားသည္ လူမႈကာကြယ္ေစာင့္ေရွာက္ေရးႏွင့္ ကယ္ဆယ္ေရးပံ့ပိုးမႈမ်ား၊ အာဟာရျမႇင့္တင္ေရး အက်ိဳးေက်းဇူးမ်ားကို ရရွိခံစားရရန္အတြက္ ေဆာင္႐ြက္သြားမည္ျဖစ္သည္။

ထို႔အတြက္ ပထမက႑ေလးခုအတြက္ ငါးႏွစ္တာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ က်န္းမာေရးက႑အတြက္ ကုန္က်စရိတ္ က်ပ္ ၂၈၅ ဘီလီယံ၊ ပညာေရးဝန္ႀကီးဌာနအတြက္ ကုန္က်စရိတ္ က်ပ္ ၂၀၄ ဘီလီယံ၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနအတြက္ ကုန္က်စရိတ္ က်ပ္ ၁၉၇ ဘီလီယံ၊ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနအတြက္ ကုန္က်စရိတ္ က်ပ္ ၂၂၅ ဘီလီယံတို႔ျဖစ္ေၾကာင္း အာဟာရဖ႔ြံၿဖိဳးျမႇင့္တင္ေရး အမ်ိဳးသားအဆင့္ ဦးေဆာင္ေကာ္မတီက ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar
#Unicode Version#
မြန်မာနိုင်ငံတွင် နှစ်စဉ်ဆယ်ကျော်သက်အရွယ် မိန်းကလေး ငါးသောင်းကျော်သည် ကလေးမီးဖွားလျက်ရှိပြီး ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အာဟာရချို့တဲ့မှုကြောင့် ကိုယ်အလေးချိန် မပြည့်သည့်ကလေး ပို၍မွေးဖွားနိုင်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အမျိုးသားအာဟာရနှင့် သုတေသနဌာနခွဲမှ ခေတ္တညွှန်ကြားရေးမှူး ဒေါက်တာလွင်မာလှိုင်က ပြောကြားသည်။

အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အာဟာရချို့တဲ့ခြင်းနောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် မွေးစကိုယ်အလေးချိန်မပြည့်သည့် ကလေးမွေးဖွားနှုန်း ၈ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း၊ ထို့အတူ မိခင်နှင့် ကလေးသူငယ်များ၏ အာဟာရချို့တဲ့မှုသည် ရောဂါဖြစ်ပွားနှုန်း၊ မိခင်နှင့် ကလေးငယ်များ သေဆုံးနှုန်းကို မြင့်မားစေနိုင်ကြောင်း ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသား အာဟာရဖွံဖြိုးမှုဆိုင်ရာ အနှစ်ချုပ်တင်ပြချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွက် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသား အာဟာရဖွံဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာကျပ်ငွေ ၉၂၉ ဘီလီယံအသုံးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အာဟာရဖွံဖြိုးမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီထံမှ သိရသည်။

အဆိုပါ အမျိုးသား အာဟာရဖွံဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်းမှ အဓိက ရလဒ်များအနေဖြင့် မိခင်များနှင့် ကလေးသူငယ်များတွင် ဖြစ်ပွားသည့် အာဟာရ ပြဿနာများ အားလုံးကို လျှော့ချခြင်း၊ ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းပညာကို သင်ယူပြီးမြောက်၍ အာဟာရပြည့်ဝကာ မှန်ကန်သောအာဟာရဆိုင်ရာ အမူအကျင့်ကောင်းများ ရရှိစေရန်၊ ဥပါဒ်ကင်း၍ အမျိုးအစားအုပ်စု စုံလင်သော အစားအသောက်များကို ပုံမှန် လက်လှမ်းမီစားသုံးနိုင်ရန်နှင့် အာဟာရချို့တဲ့လွယ်သော လူအုပ်စုများသည် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကယ်ဆယ်ရေးပံ့ပိုးမှုများ၊ အာဟာရမြှင့်တင်ရေး အကျိုးကျေးဇူးများကို ရရှိခံစားရရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အတွက် ပထမကဏ္ဍလေးခုအတွက် ငါးနှစ်တာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်းမာရေးကဏ္ဍအတွက် ကုန်ကျစရိတ် ကျပ် ၂၈၅ ဘီလီယံ၊ ပညာရေးဝန်ကြီးဌာနအတွက် ကုန်ကျစရိတ် ကျပ် ၂၀၄ ဘီလီယံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် ကုန်ကျစရိတ် ကျပ် ၁၉၇ ဘီလီယံ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအတွက် ကုန်ကျစရိတ် ကျပ် ၂၂၅ ဘီလီယံတို့ဖြစ်ကြောင်း အာဟာရဖ့ွံဖြိုးမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top