စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

ကလင္– ကလင္– ကလင္။

မနက္ေစာေစာ ဖုန္းတစ္ေကာ ၀င္လာသည္။ အခ်ိန္ကို ၾကည့္လိုက္ေတာ့ မနက္ ၆း၀၀နာရီ။ ဒီအခ်ိန္ ဘယ္သူကမ်ား ဖုန္းဆက္ပါလိမ့္။

“ဆရာၾကီးရွင့္ – သမီး က၀က္ေက်းရြာက သားဖြားဆရာမနီလာထြန္းပါ။ သမီးရြာမွာ လူနာ မလွဥမၼာ ေမြးျပီး ေသြးသြန္ေနလို႕ရွင့္။ ေသြးေပါင္က တိုင္းမရေတာ့ဘူး။ သမီး အခု အနီးဆံုး စကျမား ေဆးရံု သြားေနပါျပီရွင့္”သိပ္မၾကာ က၀က္အပိုင္က ဆရာမၾကီး ေဒၚသန္းေအးထံမွ ဖုန္း ၀င္လာသည္။ သူလည္း လူနာႏွင့္အတူ ရွိေနျပီဆိုသည့္အေၾကာင္းစကျမားတိုက္နယ္က ဆရာ၀န္ေလး ေဒါက္တာစိုးမိုးေအာင္လည္း သမီးနီလာထြန္း ဖုန္းၾကိဳဆက္လုိ႕ သိႏွင့္ေနျပီ။ လူနာကို ခ်က္ခ်င္း ေျမာင္းျမေခၚ၍ မျဖစ္ေသး။ ေသြးေပါင္က သုည ျဖစ္ေနသည္။ ထို႕ေၾကာင့္ စကျမားမွာ လိုအပ္ေသာ အသက္ကယ္ကုသမႈေတြကို ခရီးတစ္ေထာက္နား ေဆာင္ရြက္ၾကျပန္သည္။ လိုအပ္ေသာ ေသြးႏွစ္လံုးကို စကျမားတိုက္နယ္ ေဆးရံုမွာ ၾကိဳတင္ျပင္ဆင္ထားလိုက္ႏုိင္သည္။ လူနာကုိ ေသြးသြင္း၊ စက္ေလွငွား၊ ျပင္စရာရွိတာျပင္။

မနက္ (၈း၃၀)နာရီ။

“ဆရာၾကီးခင္ဗ် ကၽြန္ေတာ္ စကျမားဆရာ၀န္ ေဒါက္တာစိုးမုိးေအာင္ပါ။ လူနာ ေသြးေပါင္က အေပၚေသြး ၁၀၀ ေရာက္ေနပါျပီ။ လူနာကို အခုပဲ ဆက္လႊဲပါေတာ့မယ္။ စက္္ေလွ ထြက္ပါေတာ့မယ္။ တစ္နာရီၾကာရင္ ေျမာင္းျမကို ေရာက္ပါ့မယ္ေဒါက္တာစိုးမိုးေအာင္ သတင္းပို႕ခ်က္္္္္ကို ရသည္ႏွင့္ လုပ္စရာရွိသည္မ်ား ဆက္လုပ္ရျပန္သည္။ ကားဒရိုင္ဘာ သက္ပိုင္ကို ေခၚသည္။ အေရးေပၚက ေဒါက္တာရဲ၀ံ့သူကို အေၾကာင္းၾကားသည္။ ျပည္သူ႕က်န္းမာမွ ေဒါက္တာစိုးထက္က ေဆးရံုမွာ အဆင္သင့္။ သားဖြားပါရဂူ ေဒါက္တာနီနီေဇာ္ကလည္း အေရးေပၚမွာေစာင့္လုိ႕။

မနက္ (၉း၃၀)နာရီ။

စက္ေလွကပ္ျပီ။ စက္ေလွဆိပ္ကို ကၽြန္ေတာ္ကိုယ္တိုင္ဆင္းသည္။ လူနာကို သြားေခၚသည္။ စက္ေလွေပၚကေန တံတားေလး ခေနာ္ခနဲ႕ကို ျဖတ္ျပီး လူနာတင္ကားထံ အဆင့္ဆင့္ ခက္ခက္ခဲခဲ သယ္လာရသည္။ ကားေပၚေရာက္၊ အေရးေပၚကို အျမန္ေမာင္းအေရးေပၚမွာ လက္ေထာက္ဆရာ၀န္ေတြ၊ သူနာျပဳေတြ ၀ိုင္း၀ိုင္းလည္။ အဆင္သင့္။ OG ေဒၚနီနီေဇာ္၏ အနီးကပ္ၾကီးၾကပ္မႈအတိုင္း တစ္ဖြဲ႕လံုး လႈပ္ရွားေနၾကသည္။

ေသြးဘဏ္က ေဒါက္တာသဇင္ေထြးက ေသြးအဆင္သင့္၊ ေမ့ေဆးက ေဒါက္တာ အိမြန္ထြန္းကလည္း ခြဲခန္းမွာ အဆင္သင့္ေသြးရျပီ။ ေသြး သြင္းစရာရွိတာ သြင္း၊ မၾကာခင္ ခြဲခန္းထဲ ၀င္ၾကသည္။ လူနာကို သားအိမ္ထုတ္ခြဲစိတ္မႈ လုပ္ၾကသည္။ ေန႕လည္ (၁)နာရီ လူနာ ခြဲစိတ္မႈ ေအာင္ျမင္သည္။ ေသြးမဆင္းေတာ့။ ေသြးေပါင္လည္း မွန္သြားျပီ။ ေသြးလွဴရွင္တို႕ လွဴေသာ ေမတၱာေသြးေတြက လူနာကိုယ္မွာ စီးဆင္းလို႕။ ကၽြန္ေတာ္တို႕ အားလံုး ျပံဳးေပ်ာ္ႏိုင္ၾကျပီ။

ဒီကေန႕ လူနာကို ကၽြန္ေတာ္ သြားၾကည့္သည္။ လူနာက သူေမြးထားေသာ (၂၁)ရက္သား ကေလးေလးကို ႏို႕တိုက္ေနသည္။ ကၽြန္ေတာ့္ကို ျမင္ေတာ့ ေက်းဇူးတင္စကားဆိုသည္။ ဆရာၾကီးတို႕ တစ္ေဆးရံုလံုးကို ကၽြန္မအရမ္းေက်းဇူးတင္ပါတယ္။ ဆရာၾကီးတို႕ေၾကာင့္ ကၽြန္မတို႕ မိသားစုေလး မျပိဳကြဲရတာပါဟု ဆိုရွာသည္။

လူနာနဲ႕ သူ႕မိသားစုကို ခြင့္ေတာင္း၊ အမွတ္တရ ဓါတ္ပံုေလး ရိုက္ၾကသည္။ အေဖရယ္၊ အေမရယ္၊ ကေလးေလးရယ္၊ အကိုေတြ အမေတြရယ္ ဥမကြဲ သိုက္မပ်က္ ေနႏိုင္ၾကေတာ့မည္။ သူတို႕ ေပ်ာ္လွ်င္ ကၽြန္ေတာ္တို႕လည္း ေပ်ာ္ပါသည္။ ဒီလိုနည္းနဲ႕ အသက္ေပါင္းမ်ားစြာလည္း ကယ္တင္ခဲ့ဖူးပါသည္။ တကယ္ေတာ့ ေျမာင္းျမက်န္းမာေရးမိသားစု၏ စည္းလံုးျခင္းႏွင့္ စနစ္တက် ကုသႏိုင္ခဲ့ျခငး္က သူတို႕ မိသားစုေလးကို သိုက္ျမံဳမပ်က္ေအာင္ ေဆာင္ရြက္ႏိုင္ခဲ့ျခင္းပင္ ျဖစ္ပါသည္။

ဆရာ၀န္ဘ၀၏ အရသာသည္ ခ်ိဳျမလြန္းလွပါေလသည္။

P.S- ပင္းတယမီးအိမ္ရွင္ ဆရာႀကီး ေဒါက္တာသန္းမင္းထြဋ္ရဲ႕ ကိုယ္တိုင္ေရး စာစုေလးကို ေလးစားၾကည္ညိဳစြာျဖင့္ ျပန္လည္မွ်ေဝလိုက္ပါတယ္ခင္ဗ်ာ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr.Than Min Htut
#Unicode Version#
ကလင်– ကလင်– ကလင်။

မနက်စောစော ဖုန်းတစ်ကော ဝင်လာသည်။ အချိန်ကို ကြည့်လိုက်တော့ မနက် ၆း၀၀နာရီ။ ဒီအချိန် ဘယ်သူကများ ဖုန်းဆက်ပါလိမ့်။

“ဆရာကြီးရှင့် – သမီး ကဝက်ကျေးရွာက သားဖွားဆရာမနီလာထွန်းပါ။ သမီးရွာမှာ လူနာ မလှဥမ္မာ မွေးပြီး သွေးသွန်နေလို့ရှင့်။ သွေးပေါင်က တိုင်းမရတော့ဘူး။ သမီး အခု အနီးဆုံး စကမြား ဆေးရုံ သွားနေပါပြီရှင့်”သိပ်မကြာ ကဝက်အပိုင်က ဆရာမကြီး ဒေါ်သန်းအေးထံမှ ဖုန်း ဝင်လာသည်။ သူလည်း လူနာနှင့်အတူ ရှိနေပြီဆိုသည့်အကြောင်းစကမြားတိုက်နယ်က ဆရာဝန်လေး ဒေါက်တာစိုးမိုးအောင်လည်း သမီးနီလာထွန်း ဖုန်းကြိုဆက်လို့ သိနှင့်နေပြီ။ လူနာကို ချက်ချင်း မြောင်းမြခေါ်၍ မဖြစ်သေး။ သွေးပေါင်က သုည ဖြစ်နေသည်။ ထို့ကြောင့် စကမြားမှာ လိုအပ်သော အသက်ကယ်ကုသမှုတွေကို ခရီးတစ်ထောက်နား ဆောင်ရွက်ကြပြန်သည်။ လိုအပ်သော သွေးနှစ်လုံးကို စကမြားတိုက်နယ် ဆေးရုံမှာ ကြိုတင်ပြင်ဆင်ထားလိုက်နိုင်သည်။ လူနာကို သွေးသွင်း၊ စက်လှေငှား၊ ပြင်စရာရှိတာပြင်။

မနက် (၈း၃၀)နာရီ။

“ဆရာကြီးခင်ဗျ ကျွန်တော် စကမြားဆရာဝန် ဒေါက်တာစိုးမိုးအောင်ပါ။ လူနာ သွေးပေါင်က အပေါ်သွေး ၁၀၀ ရောက်နေပါပြီ။ လူနာကို အခုပဲ ဆက်လွှဲပါတော့မယ်။ စက်လှေ ထွက်ပါတော့မယ်။ တစ်နာရီကြာရင် မြောင်းမြကို ရောက်ပါ့မယ်ဒေါက်တာစိုးမိုးအောင် သတင်းပို့ချက်ကို ရသည်နှင့် လုပ်စရာရှိသည်များ ဆက်လုပ်ရပြန်သည်။ ကားဒရိုင်ဘာ သက်ပိုင်ကို ခေါ်သည်။ အရေးပေါ်က ဒေါက်တာရဲဝံ့သူကို အကြောင်းကြားသည်။ ပြည်သူ့ကျန်းမာမှ ဒေါက်တာစိုးထက်က ဆေးရုံမှာ အဆင်သင့်။ သားဖွားပါရဂူ ဒေါက်တာနီနီဇော်ကလည်း အရေးပေါ်မှာစောင့်လို့။

မနက် (၉း၃၀)နာရီ။

စက်လှေကပ်ပြီ။ စက်လှေဆိပ်ကို ကျွန်တော်ကိုယ်တိုင်ဆင်းသည်။ လူနာကို သွားခေါ်သည်။ စက်လှေပေါ်ကနေ တံတားလေး ခနော်ခနဲ့ကို ဖြတ်ပြီး လူနာတင်ကားထံ အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်လာရသည်။ ကားပေါ်ရောက်၊ အရေးပေါ်ကို အမြန်မောင်းအရေးပေါ်မှာ လက်ထောက်ဆရာဝန်တွေ၊ သူနာပြုတွေ ဝိုင်းဝိုင်းလည်။ အဆင်သင့်။ OG ဒေါ်နီနီဇော်၏ အနီးကပ်ကြီးကြပ်မှုအတိုင်း တစ်ဖွဲ့လုံး လှုပ်ရှားနေကြသည်။

သွေးဘဏ်က ဒေါက်တာသဇင်ထွေးက သွေးအဆင်သင့်၊ မေ့ဆေးက ဒေါက်တာ အိမွန်ထွန်းကလည်း ခွဲခန်းမှာ အဆင်သင့်သွေးရပြီ။ သွေး သွင်းစရာရှိတာ သွင်း၊ မကြာခင် ခွဲခန်းထဲ ဝင်ကြသည်။ လူနာကို သားအိမ်ထုတ်ခွဲစိတ်မှု လုပ်ကြသည်။ နေ့လည် (၁)နာရီ လူနာ ခွဲစိတ်မှု အောင်မြင်သည်။ သွေးမဆင်းတော့။ သွေးပေါင်လည်း မှန်သွားပြီ။ သွေးလှူရှင်တို့ လှူသော မေတ္တာသွေးတွေက လူနာကိုယ်မှာ စီးဆင်းလို့။ ကျွန်တော်တို့ အားလုံး ပြုံးပျော်နိုင်ကြပြီ။

ဒီကနေ့ လူနာကို ကျွန်တော် သွားကြည့်သည်။ လူနာက သူမွေးထားသော (၂၁)ရက်သား ကလေးလေးကို နို့တိုက်နေသည်။ ကျွန်တော့်ကို မြင်တော့ ကျေးဇူးတင်စကားဆိုသည်။ ဆရာကြီးတို့ တစ်ဆေးရုံလုံးကို ကျွန်မအရမ်းကျေးဇူးတင်ပါတယ်။ ဆရာကြီးတို့ကြောင့် ကျွန်မတို့ မိသားစုလေး မပြိုကွဲရတာပါဟု ဆိုရှာသည်။

လူနာနဲ့ သူ့မိသားစုကို ခွင့်တောင်း၊ အမှတ်တရ ဓါတ်ပုံလေး ရိုက်ကြသည်။ အဖေရယ်၊ အမေရယ်၊ ကလေးလေးရယ်၊ အကိုတွေ အမတွေရယ် ဥမကွဲ သိုက်မပျက် နေနိုင်ကြတော့မည်။ သူတို့ ပျော်လျှင် ကျွန်တော်တို့လည်း ပျော်ပါသည်။ ဒီလိုနည်းနဲ့ အသက်ပေါင်းများစွာလည်း ကယ်တင်ခဲ့ဖူးပါသည်။ တကယ်တော့ မြောင်းမြကျန်းမာရေးမိသားစု၏ စည်းလုံးခြင်းနှင့် စနစ်တကျ ကုသနိုင်ခဲ့ခြင်းက သူတို့ မိသားစုလေးကို သိုက်မြုံမပျက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

ဆရာဝန်ဘဝ၏ အရသာသည် ချိုမြလွန်းလှပါလေသည်။

P.S- ပင်းတယမီးအိမ်ရှင် ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်ရဲ့ ကိုယ်တိုင်ရေး စာစုလေးကို လေးစားကြည်ညိုစွာဖြင့် ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ ။


ဖိုးသူတော်(www.phothutaw.com)
Credit:Dr.Than Min Htut
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top