သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×

၁၉၈၂ ခုႏွစ္တြင္ အသက္ ၃၀ အရြယ္ရွိ မိုက္ကယ္ ဖာဂန္ဟူေသာ အမ်ဳိးသားသည္ ဘက္ကင္ဟမ္နန္းေတာ္အတြင္း ႏွစ္ၾကိမ္တိတိ ဝင္ေရာက္ခဲ့၏။

ပထမတစ္ၾကိမ္တြင္ မိုက္ကယ္ဖာဂန္သည္ မင္းသမီးဒိုင္ယာနာ ေနထိုင္ခဲ့ဖူးေသာ အခန္းအတြင္း လွည့္ပတ္သြားလာေနသည္ကို ေတြ႔ခဲ့ရျပီး ရာဇပလႅင္ေပၚတြင္ တက္ထိုင္ရန္ ၾကိဳးစားခဲ့ေသးသည္ဟု ဆိုသည္။

ဒုတိယတစ္ၾကိမ္တြင္ကား ဆူးခၽြန္မ်ား၊ သြပ္ဆူးၾကိဳးမ်ား ကာရံထားသည့္ ၁၄ ေပျမင့္ေသာ နန္းေတာ္နံရံမွ တြက္တက္ကာ အဲလိဇဘက္-၂ ဘုရင္မၾကီး၏ အိပ္ခန္းအတြင္း ဝင္ေရာက္ခဲ့သည္။

ထိုျဖစ္ရပ္မွာ ယေန႔ေခတ္သစ္ကာလအတြင္း ေတာ္ဝင္မိသားစုတစ္ဦး၏ လံုျခံဳေရးက်ဳိးေပါက္ေနမႈကို လွစ္ဟျပသေနသည္။

မိုက္ကယ္ ဖာဂန္မတိုင္မီကလည္း ဘက္ကင္ဟမ္နန္းေတာ္ၾကီးအတြင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္ခဲ့သည့္ျဖစ္ရပ္ အမ်ားအျပားရွိခဲ့သည္။

၁၉ ရာစုအတြင္းက ဘက္ကင္ဟမ္နန္းေတာ္အတြင္းသို႔ ၾကိမ္ဖန္မ်ားစြာဝင္ေရာက္ခဲ့သည့္ ဆယ္ေက်ာ္သက္လူငယ္မွာ ထိုေခတ္၏ ဆယ္လီတစ္ဦးျဖစ္ခဲ့သည္။

နန္းတြင္းအၾကီးအကဲတို႔သည္ ဝိတိုရိယဘုရင္မၾကီးကို အကာအကြယ္ေပးႏိုင္ရန္အတြက္ သမားရိုးက်မဟုတ္ေသာ အစီအမံမ်ားစြာ ေဆာင္ရြက္ခဲ့ရသည္။

ထိုလူငယ္ကို နန္းတြင္းအမႈထမ္းမ်ားက “ေကာင္ကေလးဂ်ံဳး”ဟု အမည္ေပးထားၾကသည္။

သာဓကအားျဖင့္ ေကာင္ကေလးဂ်ံဳးသည္ ေတာ္ဝင္နန္းေတာ္၏ စၾကၤန္တြင္ လွည့္ပတ္သြားလာေနသည္ကို ေတြ႔ရွိကာ ဖမ္းမိခဲ့ျခင္းျဖစ္ျပီး ထိုစဥ္က သူ၏အသက္မွာ ၁၄ ႏွစ္သာရွိေသးသည္။

သူ၏ ေဘာင္းဘီအတြင္း၌ ဝိတိုရိယဘုရင္မၾကီးပိုင္ဆိုင္သည့္ ေအာက္ခံေဘာင္းဘီကို ထိုးသိပ္ထည့္ထားသည္ကို ဖမ္းဆီးရမိခဲ့သည္။

စစ္ေဆးခ်က္မ်ားအရ သူသည္ ရူးသြပ္ေနသူတစ္ဦးလည္းမဟုတ္ဘဲ စိတ္အေျခအေနမူမွန္ရွိသည္ဟု ဆိုသည္။

ကာဒစ္ဖ္ တကၠသိုလ္မွ ေဒါက္တာ ဂ်န္ဘြန္ဒီဆန္က ေကာင္ကေလးဂ်ံဳး၏အေၾကာင္းကို အက်ယ္တဝင့္ေလ့လာခ်က္မ်ားျပဳလုပ္ခဲ့ျပီး ၂၀၁၀ ျပည့္ႏွစ္တြင္ စာအုပ္တစ္အုပ္ပင္ ေရးသားထုတ္ေဝခဲ့ဖူးသည္။

ေဒါက္တာ ဘြန္ဒီဆန္၏ ေရးသားခ်က္အရ “အက္ဒ္ဝပ္ ဂ်ံဳးစ္”ဟု အမည္ရေသာ အဆိုပါလူငယ္၏ စရိုက္လကၡဏာမွာ အလြန္ဆန္းၾကယ္လွသည္ဟု ဆိုသည္။

ထိုလူငယ္သည္ ဝိတိုရိယဘုရင္မၾကီးမွလြဲျပီး အျခားမည္သည့္မိန္းကေလးကိုမွ် စိတ္ဝင္စားသည့္လကၡဏာမျပခဲ့ဟု ဆို၏။

ဂ်ံဳးသည္ အဘယ္ေၾကာင့္ ဝိတိုရိယဘုရင္မၾကီးကို စြဲလမ္းခဲ့သည္ဟူျခင္းကို ရွင္းျပထားသည့္ မွတ္တမ္းမွတ္ရာ တစံုတရာ မရွိခဲ့ေခ်။

ဝိတိုရယဘုရင္မၾကီးသည္ ျဗိတိန္ႏွင့္ အိုင္ယာလန္တို႔ကို ၁၈၇၇ ခုႏွစ္မွ ၁၉၀၁ ခုႏွစ္ နတ္ရြာစံခ်ိန္အထိ အုပ္ခ်ဳပ္သြားခဲ့သူျဖစ္သည္။

ဂ်ံဳးသည္ နန္းေတာ္အတြင္းသို႔ ဝင္ေရာက္ရာတြင္ ဖြင့္ထားေသာ တံခါးမ်ား၊ ျပတင္းေပါက္မ်ားမွ ဝင္ေရာက္ခဲ့ျခင္းသာ ျဖစ္၏။

သူသည္ အလြန္ရုပ္ဆိုးျပီး ညစ္ပတ္လွသူျဖစ္ျပီး ေရခ်ဳိးျခင္း အလြန္နည္းပါးသည္ဟု ဆိုသည္။

သိမ္းျမစ္၏ လတာျပင္ ရႊံ႕ႏြံအမိႈက္မ်ားအတြင္းမွ ရွာေဖြစားေသာက္သည့္ အလုပ္ျဖင့္ ရပ္တည္သည္။

ဝိတိုရိယေခတ္ ေတာ္ဝင္စံအိမ္ဝန္းက်င္လံုျခံဳေရးမွာ အလြန္ေလ်ာ့ရဲခဲ့၏။

နန္းေတာ္ပရဝုဏ္အတြင္း ျမက္ခင္းမ်ားေပၚတြင္ အရက္သမားမ်ား၊ ဆင္းရဲသားမ်ား ဝင္ေရာက္အိပ္စက္ေနၾကသည္ကို ထိုေခတ္က မၾကာခဏေတြ႔ခဲ့ၾကရသည္။

နန္းေတာ္နံရံမ်ားမွာလည္း အလြယ္တကူ ေက်ာ္တက္ႏိုင္သည့္ အေနအထားရွိခဲ့သည္ဟု ဆို၏။

နန္းေတာ္အတြင္းသို႔ ေကာင္ကေလးဂ်ံဳး ပထမဆံုးစတင္ဝင္ေရာက္ခဲ့သည္မွာ ၁၈၃၈ ခုႏွစ္တြင္ ျဖစ္သည္။

ေနာက္တစ္ၾကိမ္တြင္ကား စားဖိုေတာ္ေဆာင္တြင္ ေတြ႔ခဲ့ရသည္ဟု ဆိုသည္။

ဂ်ံဳးသည္ ေနာက္ထပ္ ၂ ၾကိမ္တိုင္ ဆက္လက္က်ဴးေက်ာ္ဝင္ေရာက္ခဲ့ဖူးသည္။

နန္းေတာ္အတြင္း ဂ်ံဳးဝင္ေရာက္ခ်ိန္တြင္ မည္သည့္အရာမ်ား ေတြ႔ျမင္သြားခဲ့သည္ဟူသည့္အေၾကာင္းရပ္ႏွင့္ စပ္လ်ဥ္း၍ နန္းတြင္း မူးမတ္မ်ား မ်ားစြာရတက္မေအးျဖစ္ခဲ့သည္။

အခ်ဳိ႕၏ ေျပာၾကားခ်က္အရ ဂ်ံဳးသည္ ဘုရင္မၾကီးႏွင့္ မူးမတ္မ်ား ေဆြးေႏြးေနသည္ကို ခိုးနားေထာင္ခဲ့သည္ဟု ဆိုသည္။

ပထမအၾကိမ္ဖမ္းမိရာတြင္ ခ်က္ခ်င္းဆိုသလို ျပန္လႊတ္ေပးခဲ့ေသာ္လည္း ေနာင္အခါမ်ားတြင္ အေရးယူျခင္းခံခဲ့ရျပီး အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ လခ်မွတ္ျခင္းခံရသည္။

ထိုအခ်ိန္ကား ၁၈၄၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလတြင္ ျဖစ္ျပီး ဘုရင္မၾကီး၏ သီးသန္႔စက္ေတာ္ေခၚခန္းေဘး အခန္းအတြင္းရွိ ဆိုဖာေအာက္တြင္ ဖမ္းမိခဲ့ျခင္းျဖစ္သည္။

ဘုရင္မၾကီးက သူ၏ေန႔စဥ္မွတ္တမ္းအတြင္း အလြန္တုန္လႈပ္ခဲ့ရသည့္ျဖစ္ရပ္ဟု ေရးသားမွတ္တမ္းတင္ခဲ့ဖူးသည္။

ဂ်ံဳးသည္ ျပစ္ဒဏ္က်ခံျပီးေနာက္ ျပန္လည္လြတ္ေျမာက္လာခ်ိန္တြင္ ဘက္ကင္ဟမ္နန္းေတာ္အတြင္းသို႔ ထပ္မံဝင္ေရာက္ခဲ့ျပန္သည္။

ယခုတစ္ၾကိမ္တြင္ကား နန္းတြင္းအၾကီးအကဲတို႔မွာ ဂ်ံဳးကိုမည္သို႔ကိုင္တြယ္ရမည္ဟု မၾကံတတ္ေအာင္ျဖစ္သြားၾကသည္။

ေရတပ္သို႔ ဝင္ေရာက္အမႈထမ္းရန္ ဖိတ္ေခၚ၏။ ေရတပ္တြင္ အမႈထမ္းေနမည္ဆိုပါက နန္းေတာ္ႏွင့္ ေဝးရာတြင္ ထားရွိႏိုင္မည္ျဖစ္ေသာေၾကာင့္ျဖစ္သည္။ သို႔ရာတြင္ ဂ်ံဳးက လက္မခံေခ်။

ေနာက္ဆံုးတြင္ကား ဂ်ံဳးကို ဘရာဇီးသို႔ ပို႔လိုက္ကာ ေထာင္သေဘၤာၾကီးတစ္စင္းေပၚတြင္ ၆ ႏွစ္ၾကာ အက်ဥ္းခ်ထားခဲ့သည္။

ေထာင္သေဘၤာေပၚတြင္လည္း ဂ်ံဳးသည္ ေကာင္းမြန္စြာ ေနထိုင္ျခင္းမရွိ။ အရက္ေသာက္ျခင္း၊ ပစၥည္းခိုးယူျခင္းမ်ား ျပဳလုပ္ေသာေၾကာင့္ အဂၤလန္သို႔ ျပန္ပို႔ကာ ထိုမွတဆင့္ ၾသစေတးလ်သုိ႔ ပို႔ေဆာင္ခဲ့သည္။

ၾသစေတးလ်တြင္ ဂ်ံဳးသည္ ပ်ံက်ေစ်းသည္အျဖစ္ ကာလအတန္ၾကာလုပ္ကိုင္ခဲ့သည္။

ၾသစေတးလ်တြင္ ရွိေနစဥ္ ေသာမတ္စ္ဂ်ံဳးဟု အမည္ေျပာင္းလိုက္၏။ အမည္ေျပာင္းေသာ္လည္း အက်င့္ကား မေျပာင္းေခ်။

အရက္အလြန္အကၽြံေသာက္ကာ ၁၈၉၃ ခုႏွစ္တြင္ တံတားတစ္စင္းေပၚ၌ လဲက်ေသဆံုးသြားခဲ့သည္။

ဂ်ံဳး၏ ဘဝဇာတ္ေၾကာင္းကို ၁၉၅၀ ျပည့္ႏွစ္တြင္ The Mudlark ဟူေသာအမည္ျဖင့္ ရုပ္ရွင္ရိုက္ကူးခဲ့သည္။

ထိုဇာတ္ကားတြင္ ေကာင္ကေလးဂ်ံဳးအျဖစ္ အင္ဒရူးေရးက သရုပ္ေဆာင္ခဲ့ျပီး ဝိတိုရိယဘုရင္မၾကီးအျဖစ္ အိုင္ရင္း ဒြန္နီက သရုပ္ေဆာင္ခဲ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:BurmeseAsia

#Unicode Version#
၁၉၈၂ ခုနှစ်တွင် အသက် ၃၀ အရွယ်ရှိ မိုက်ကယ် ဖာဂန်ဟူသော အမျိုးသားသည် ဘက်ကင်ဟမ်နန်းတော်အတွင်း နှစ်ကြိမ်တိတိ ဝင်ရောက်ခဲ့၏။

ပထမတစ်ကြိမ်တွင် မိုက်ကယ်ဖာဂန်သည် မင်းသမီးဒိုင်ယာနာ နေထိုင်ခဲ့ဖူးသော အခန်းအတွင်း လှည့်ပတ်သွားလာနေသည်ကို တွေ့ခဲ့ရပြီး ရာဇပလ္လင်ပေါ်တွင် တက်ထိုင်ရန် ကြိုးစားခဲ့သေးသည်ဟု ဆိုသည်။

ဒုတိယတစ်ကြိမ်တွင်ကား ဆူးချွန်များ၊ သွပ်ဆူးကြိုးများ ကာရံထားသည့် ၁၄ ပေမြင့်သော နန်းတော်နံရံမှ တွက်တက်ကာ အဲလိဇဘက်-၂ ဘုရင်မကြီး၏ အိပ်ခန်းအတွင်း ဝင်ရောက်ခဲ့သည်။

ထိုဖြစ်ရပ်မှာ ယနေ့ခေတ်သစ်ကာလအတွင်း တော်ဝင်မိသားစုတစ်ဦး၏ လုံခြုံရေးကျိုးပေါက်နေမှုကို လှစ်ဟပြသနေသည်။

မိုက်ကယ် ဖာဂန်မတိုင်မီကလည်း ဘက်ကင်ဟမ်နန်းတော်ကြီးအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သည့်ဖြစ်ရပ် အများအပြားရှိခဲ့သည်။

၁၉ ရာစုအတွင်းက ဘက်ကင်ဟမ်နန်းတော်အတွင်းသို့ ကြိမ်ဖန်များစွာဝင်ရောက်ခဲ့သည့် ဆယ်ကျော်သက်လူငယ်မှာ ထိုခေတ်၏ ဆယ်လီတစ်ဦးဖြစ်ခဲ့သည်။

နန်းတွင်းအကြီးအကဲတို့သည် ဝိတိုရိယဘုရင်မကြီးကို အကာအကွယ်ပေးနိုင်ရန်အတွက် သမားရိုးကျမဟုတ်သော အစီအမံများစွာ ဆောင်ရွက်ခဲ့ရသည်။

ထိုလူငယ်ကို နန်းတွင်းအမှုထမ်းများက “ကောင်ကလေးဂျုံး”ဟု အမည်ပေးထားကြသည်။

သာဓကအားဖြင့် ကောင်ကလေးဂျုံးသည် တော်ဝင်နန်းတော်၏ စြင်္ကန်တွင် လှည့်ပတ်သွားလာနေသည်ကို တွေ့ရှိကာ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က သူ၏အသက်မှာ ၁၄ နှစ်သာရှိသေးသည်။

သူ၏ ဘောင်းဘီအတွင်း၌ ဝိတိုရိယဘုရင်မကြီးပိုင်ဆိုင်သည့် အောက်ခံဘောင်းဘီကို ထိုးသိပ်ထည့်ထားသည်ကို ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ သူသည် ရူးသွပ်နေသူတစ်ဦးလည်းမဟုတ်ဘဲ စိတ်အခြေအနေမူမှန်ရှိသည်ဟု ဆိုသည်။

ကာဒစ်ဖ် တက္ကသိုလ်မှ ဒေါက်တာ ဂျန်ဘွန်ဒီဆန်က ကောင်ကလေးဂျုံး၏အကြောင်းကို အကျယ်တဝင့်လေ့လာချက်များပြုလုပ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် စာအုပ်တစ်အုပ်ပင် ရေးသားထုတ်ဝေခဲ့ဖူးသည်။

ဒေါက်တာ ဘွန်ဒီဆန်၏ ရေးသားချက်အရ “အက်ဒ်ဝပ် ဂျုံးစ်”ဟု အမည်ရသော အဆိုပါလူငယ်၏ စရိုက်လက္ခဏာမှာ အလွန်ဆန်းကြယ်လှသည်ဟု ဆိုသည်။

ထိုလူငယ်သည် ဝိတိုရိယဘုရင်မကြီးမှလွဲပြီး အခြားမည်သည့်မိန်းကလေးကိုမျှ စိတ်ဝင်စားသည့်လက္ခဏာမပြခဲ့ဟု ဆို၏။

ဂျုံးသည် အဘယ်ကြောင့် ဝိတိုရိယဘုရင်မကြီးကို စွဲလမ်းခဲ့သည်ဟူခြင်းကို ရှင်းပြထားသည့် မှတ်တမ်းမှတ်ရာ တစုံတရာ မရှိခဲ့ချေ။

ဝိတိုရယဘုရင်မကြီးသည် ဗြိတိန်နှင့် အိုင်ယာလန်တို့ကို ၁၈၇၇ ခုနှစ်မှ ၁၉၀၁ ခုနှစ် နတ်ရွာစံချိန်အထိ အုပ်ချုပ်သွားခဲ့သူဖြစ်သည်။

ဂျုံးသည် နန်းတော်အတွင်းသို့ ဝင်ရောက်ရာတွင် ဖွင့်ထားသော တံခါးများ၊ ပြတင်းပေါက်များမှ ဝင်ရောက်ခဲ့ခြင်းသာ ဖြစ်၏။

သူသည် အလွန်ရုပ်ဆိုးပြီး ညစ်ပတ်လှသူဖြစ်ပြီး ရေချိုးခြင်း အလွန်နည်းပါးသည်ဟု ဆိုသည်။

သိမ်းမြစ်၏ လတာပြင် ရွှံ့နွံအမှိုက်များအတွင်းမှ ရှာဖွေစားသောက်သည့် အလုပ်ဖြင့် ရပ်တည်သည်။

ဝိတိုရိယခေတ် တော်ဝင်စံအိမ်ဝန်းကျင်လုံခြုံရေးမှာ အလွန်လျော့ရဲခဲ့၏။

နန်းတော်ပရဝုဏ်အတွင်း မြက်ခင်းများပေါ်တွင် အရက်သမားများ၊ ဆင်းရဲသားများ ဝင်ရောက်အိပ်စက်နေကြသည်ကို ထိုခေတ်က မကြာခဏတွေ့ခဲ့ကြရသည်။

နန်းတော်နံရံများမှာလည်း အလွယ်တကူ ကျော်တက်နိုင်သည့် အနေအထားရှိခဲ့သည်ဟု ဆို၏။

နန်းတော်အတွင်းသို့ ကောင်ကလေးဂျုံး ပထမဆုံးစတင်ဝင်ရောက်ခဲ့သည်မှာ ၁၈၃၈ ခုနှစ်တွင် ဖြစ်သည်။

နောက်တစ်ကြိမ်တွင်ကား စားဖိုတော်ဆောင်တွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။

ဂျုံးသည် နောက်ထပ် ၂ ကြိမ်တိုင် ဆက်လက်ကျူးကျော်ဝင်ရောက်ခဲ့ဖူးသည်။

နန်းတော်အတွင်း ဂျုံးဝင်ရောက်ချိန်တွင် မည်သည့်အရာများ တွေ့မြင်သွားခဲ့သည်ဟူသည့်အကြောင်းရပ်နှင့် စပ်လျဉ်း၍ နန်းတွင်း မူးမတ်များ များစွာရတက်မအေးဖြစ်ခဲ့သည်။

အချို့၏ ပြောကြားချက်အရ ဂျုံးသည် ဘုရင်မကြီးနှင့် မူးမတ်များ ဆွေးနွေးနေသည်ကို ခိုးနားထောင်ခဲ့သည်ဟု ဆိုသည်။

ပထမအကြိမ်ဖမ်းမိရာတွင် ချက်ချင်းဆိုသလို ပြန်လွှတ်ပေးခဲ့သော်လည်း နောင်အခါများတွင် အရေးယူခြင်းခံခဲ့ရပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ လချမှတ်ခြင်းခံရသည်။

ထိုအချိန်ကား ၁၈၄၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဖြစ်ပြီး ဘုရင်မကြီး၏ သီးသန့်စက်တော်ခေါ်ခန်းဘေး အခန်းအတွင်းရှိ ဆိုဖာအောက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဘုရင်မကြီးက သူ၏နေ့စဉ်မှတ်တမ်းအတွင်း အလွန်တုန်လှုပ်ခဲ့ရသည့်ဖြစ်ရပ်ဟု ရေးသားမှတ်တမ်းတင်ခဲ့ဖူးသည်။

ဂျုံးသည် ပြစ်ဒဏ်ကျခံပြီးနောက် ပြန်လည်လွတ်မြောက်လာချိန်တွင် ဘက်ကင်ဟမ်နန်းတော်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ပြန်သည်။

ယခုတစ်ကြိမ်တွင်ကား နန်းတွင်းအကြီးအကဲတို့မှာ ဂျုံးကိုမည်သို့ကိုင်တွယ်ရမည်ဟု မကြံတတ်အောင်ဖြစ်သွားကြသည်။

ရေတပ်သို့ ဝင်ရောက်အမှုထမ်းရန် ဖိတ်ခေါ်၏။ ရေတပ်တွင် အမှုထမ်းနေမည်ဆိုပါက နန်းတော်နှင့် ဝေးရာတွင် ထားရှိနိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် ဂျုံးက လက်မခံချေ။

နောက်ဆုံးတွင်ကား ဂျုံးကို ဘရာဇီးသို့ ပို့လိုက်ကာ ထောင်သင်္ဘောကြီးတစ်စင်းပေါ်တွင် ၆ နှစ်ကြာ အကျဉ်းချထားခဲ့သည်။

ထောင်သင်္ဘောပေါ်တွင်လည်း ဂျုံးသည် ကောင်းမွန်စွာ နေထိုင်ခြင်းမရှိ။ အရက်သောက်ခြင်း၊ ပစ္စည်းခိုးယူခြင်းများ ပြုလုပ်သောကြောင့် အင်္ဂလန်သို့ ပြန်ပို့ကာ ထိုမှတဆင့် သြစတေးလျသို့ ပို့ဆောင်ခဲ့သည်။

သြစတေးလျတွင် ဂျုံးသည် ပျံကျဈေးသည်အဖြစ် ကာလအတန်ကြာလုပ်ကိုင်ခဲ့သည်။

သြစတေးလျတွင် ရှိနေစဉ် သောမတ်စ်ဂျုံးဟု အမည်ပြောင်းလိုက်၏။ အမည်ပြောင်းသော်လည်း အကျင့်ကား မပြောင်းချေ။

အရက်အလွန်အကျွံသောက်ကာ ၁၈၉၃ ခုနှစ်တွင် တံတားတစ်စင်းပေါ်၌ လဲကျသေဆုံးသွားခဲ့သည်။

ဂျုံး၏ ဘဝဇာတ်ကြောင်းကို ၁၉၅၀ ပြည့်နှစ်တွင် The Mudlark ဟူသောအမည်ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။

ထိုဇာတ်ကားတွင် ကောင်ကလေးဂျုံးအဖြစ် အင်ဒရူးရေးက သရုပ်ဆောင်ခဲ့ပြီး ဝိတိုရိယဘုရင်မကြီးအဖြစ် အိုင်ရင်း ဒွန်နီက သရုပ်ဆောင်ခဲ့သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:BurmeseAsia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top