ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ခရိုင္၊ ကနီၿမိဳ႕နယ္အတြင္း အေလာင္းေတာ္ကႆပအမ်ိဳးသား ဥယ်ာဥ္အတြင္းတည္ရွိေသာ အေလာင္းေတာ္ကႆပ စံေက်ာင္းႏွင့္ရုပ္ကလပ္ေတာ္တည္ရွိရာသို႕ သြားလာ ႏိုင္ေသာ ကပိုင္-သပိတ္ေဆးဘုရားဖူးလမ္းသည္ ယေန႔နံနက္ပိုင္းတြင္ လမ္းေခ်ာ္မႈျဖစ္ပြားလ်က္ ရွိေၾကာင္း အေလာင္းေတာ္ကႆပ အမ်ိဳးသားဥယ်ာဥ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေမာင္ႏိုင္၏ ေျပာၾကားခ်က္အရ သိရသည္။

” ဇန္နဝါရီ ၇ ရက္ေန႔ ညပိုင္းကနာရီဝက္ေလာက္ၾကာေအာင္ မိုးရြာတယ္၊ (၁၆)မိုင္မွာရွိတဲ့ ေခ်ာင္းမႀကီးေခ်ာင္းအတက္မွာ ကားေတြလမ္းေခ်ာ္ေနတယ္၊ က်န္တဲ့ေနရာေတြမွာေတာ့ အဆင္ေျပ တယ္၊ လမ္းပိတ္မႈမျဖစ္ေစဖို႕အတြက္ အတက္ကားေတြ ကိုေတာ့(၉)မိုင္စခန္းမွာ ခဏတားထားတယ္၊ အခုအေျခအေနအတိုင္း မိုးဆက္ရြာရင္ေတာ့ လမ္းပ်က္ႏိုင္ တဲ့အေနအထားရွိတယ္၊ မရြာရင္ေတာ့ အဆင္ေျပႏိုင္ တယ္၊ ေတာင္ေပၚကဆင္းလာတဲ့ ကားေတြကေတာ့ လမ္းေခ်ာ္တယ္လို႕ေျပာတယ္၊ လမ္းေျခာက္ ေအာင္ ေစာင့္ေနရတယ္” ဟု အေလာင္းေတာ္ကႆပ အမ်ိဳးသားဥယ်ာဥ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေမာင္ေမာင္ႏိုင္က ေျပာသည္။

အေလာင္းေတာ္ကႆပစံေက်ာင္းႏွင့္ ရုပ္ကလပ္ေတာ္တည္ရွိရာသို႕ သြားလာႏိုင္ေသာ ကပိုင္-သပိတ္ေဆးလမ္းအား ဇန္နဝါရီလ(၃)ရက္ေန႕တြင္ ဖြင့္လွစ္ခဲ့ျပီးေနာက္ ျမန္မာျပည္အရပ္ရပ္မွ ဘုရားဖူး ဧည့္သည္မ်ားလာေရာက္လ်က္ရွိရာ အခ်ိန္အခါမဟုတ္မုိးရြာသြန္းမႈေၾကာင့္ ယေန႕နံနက္ပိုင္းတြင္ လမ္းေခ်ာ္မႈ ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ထြန္းကိုကို(ယင္းမာပင္)

#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်အတွင်းတည်ရှိသော အလောင်းတော်ကဿပ စံကျောင်းနှင့်ရုပ်ကလပ်တော်တည်ရှိရာသို့ သွားလာ နိုင်သော ကပိုင်-သပိတ်ဆေးဘုရားဖူးလမ်းသည် ယနေ့နံနက်ပိုင်းတွင် လမ်းချော်မှုဖြစ်ပွားလျက် ရှိကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၏ ပြောကြားချက်အရ သိရသည်။

” ဇန်နဝါရီ ၇ ရက်နေ့ ညပိုင်းကနာရီဝက်လောက်ကြာအောင် မိုးရွာတယ်၊ (၁၆)မိုင်မှာရှိတဲ့ ချောင်းမကြီးချောင်းအတက်မှာ ကားတွေလမ်းချော်နေတယ်၊ ကျန်တဲ့နေရာတွေမှာတော့ အဆင်ပြေ တယ်၊ လမ်းပိတ်မှုမဖြစ်စေဖို့အတွက် အတက်ကားတွေ ကိုတော့(၉)မိုင်စခန်းမှာ ခဏတားထားတယ်၊ အခုအခြေအနေအတိုင်း မိုးဆက်ရွာရင်တော့ လမ်းပျက်နိုင် တဲ့အနေအထားရှိတယ်၊ မရွာရင်တော့ အဆင်ပြေနိုင် တယ်၊ တောင်ပေါ်ကဆင်းလာတဲ့ ကားတွေကတော့ လမ်းချော်တယ်လို့ပြောတယ်၊ လမ်းခြောက် အောင် စောင့်နေရတယ်” ဟု အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ပြောသည်။

အလောင်းတော်ကဿပစံကျောင်းနှင့် ရုပ်ကလပ်တော်တည်ရှိရာသို့ သွားလာနိုင်သော ကပိုင်-သပိတ်ဆေးလမ်းအား ဇန်နဝါရီလ(၃)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များလာရောက်လျက်ရှိရာ အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် လမ်းချော်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:ထွန်းကိုကို(ယင်းမာပင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top