တေလာတုန္းက ေဖ့ဘုတ္အသံုးျပဳသူေတြၾကားမွာ မိန္းမခ်င္း ခ်စ္ၾကည္ႏူး တစ္တီတူးေနတဲ့ ဓါတ္ပံုေတြေၾကာင့္ ေရပန္းစားသြားတဲ့ ထက္ထက္ထြန္းနဲ႔ ယြန္းဝင့္လႊာကိုေတာ့ မွတ္မိၾကဦးမွာပါ။ ယင္းဓါတ္ပံုေတြေၾကာင့္ ေဖ့ဘုတ္အသံုးျပဳသူမ်ားၾကားမွာ သူတို႔ႏွစ္ေယာက္ကိုေတာ့ မိန္းမအခ်င္းခ်င္းၾကိဳက္ေနတယ္လို႔ ေဝဖန္မႈေတြရွိခဲ့ျပီး သူတို႔ကလည္း ဝန္ခံခဲ့ပါတယ္။ တေယာက္နဲ႔ တေယာက္ ၾကိဳက္ေနေပမယ့္လည္း မိန္းမရည္းစားေတြလိုမ်ိဳး တဏွာခ်စ္ခ်စ္တာမဟုတ္တဲ့အတြက္လည္း အမ်ားၾကီးမေတြးၾကပါနဲ႔လို ေျပာၾကားလာခဲ့ပါတယ္။

ေမာ္ဒယ္ထက္ထက္ထြန္းကေတာ့ 8 day နဲ႔ အင္တာဗ်ဴးတြင္ မိန္းကေလးႏွစ္ေယာက္ခ်စ္တဲ့ ပံုေတြရိုက္ျပီး တင္တာက နာမည္ၾကီးခ်င္လို႔ိဆိုျပီး ေျပာၾကတဲ့အေပၚမွာေတာ့ “ဘယ္သူ႔ကိုမွလည္း ဘာမွစိတ္ထဲမွာ ေတြးျပီးမျမင္ပါဘူး။ ထက္စိတ္ထဲမွာရွိတာကိုပဲ ထက္လုပ္လိုက္တာပါ။ ပရိသတ္ေတြလည္း ျမင္ခ်င္သလိုေလး ျမင္ေပးလို႔ရတယ္ေပါ့။ ဒါေပမယ့္လည္း အမုန္းေတြေတာ့ မပြားေစခ်င္ပါဘူး။ ထက္တို႔ေၾကာင့္လည္း အကုသိုလ္ေတြ မမ်ားေစခ်င္ပါဘူး။ ထက္တို႔က ခ်စ္ျခင္းေမတၱာကို ျဖန္႔ေဝျခင္း ျဖစ္ပါတယ္။ ပတ္ဝန္းက်င္မွာ ရွိၾကတဲ့သူေတြကို ေမတၱာမ်ွေဝခ်င္တဲ့ သေဘာပါပဲ။ ခ်စ္တဲ့မ်က္လံုးေလးေတြနဲ႔ပဲ ၾကည့္ရင္ေတာ့ အဆင္ေျပမွာပါ”

ပရိသတ္ၾကား ပံုေတြ ပ်ံႏွံ႔သြားျပီး ပိုတင္ျဖစ္လာတာနဲ႔ ပတ္သက္ျပီး “ေအာင္ျမင္သြားျပီး ေနာက္ပိုင္းမွာေတာ့ ထပ္တင္တယ္ေျပာေတာ့ ထက္အရမ္းေတာ့ မေအာင္ျမင္ေသးပါဘူး။ ပံုတင္တယ္ဆုိတာကေတာ့ ထက္အေနနဲ႔လည္း မေအာင္ျမင္ခင္ အခ်ိန္ကတည္းက တင္ပါတယ္။ ေအာင္ျမင္တဲ့အတိုင္းအတာ ေရာက္လာေတာ့လည္း ကိုယ့္မွာ ရွိတဲ့အတိုင္းအတာ တခုနဲ႔ ပရိသတ္က ကုိယ့္ကို သတိထားမိတာေပါ့။ အဲ့ဒါပါပဲ။ ေအာင္ျမင္တဲ့သူပဲ ျဖစ္ျဖစ္ မေအာင္ျမင္တဲ့သူပဲ ျဖစ္ျဖစ္ ပံုေတြကေတာ့ တင္ေနၾကတာပဲေလ”

“Attention ကေတာ့ သီးသန္႔ယူစရာမလိုပါဘူး။ ဒီဟာကအဲ့လုိယူလို႔ရတာလည္း မဟုတ္ဘူး။ ျပီးေတာ့ ဒီလိုအရာေတြက Attention ယူရင္လည္း သိပ္ၾကာၾကာခံမွာ မဟုတ္ဘူးေလ။ အဲ့အတြက္ၾကီးေတာ့ လုပ္တာမရွိပါဘူး။ ထက္က ထက္စိတ္ထဲမွာ ရွိတာ လုပ္တတ္တယ္ဆိုတာ ထက္ကို ခင္တဲ့သူတိုင္း သိပါတယ္”

ခ်စ္သူရွိရဲ့သားနဲ႔ မိန္းမခ်င္းယူမွာလားဆိုတာကို ေစာင့္ၾကည့္မယ္ဆိုတဲ့အေပၚမွာေတာ့ “အစကတည္းကလည္း ထက္တို႔က ယူမယ္လို႔လည္း မေျပာခဲ့ဖူးဘူး။ မိန္းမရည္းစားလိုမ်ိဳး တဏွာစိတ္နဲ႔ ခ်စ္တယ္လို႔လည္း မေျပာခဲ့ဖူးဘူး။ ထက္သူ႔ကိုခ်စ္တယ္။ သူကလည္း ထက္ကို ခ်စ္တယ္။ သူ႔မွာလည္း ရည္းစားရွိတယ္။ ထက္မွာလည္း ရည္းစားရွိတယ္။ ဒီတိုင္းပဲ ခ်စ္ၾကပါတယ္လို႔ပဲ ေျပာလိုက္တာပဲေလ။ အဲ့ေလာက္ ထိၾကီးေတာ့ မေတြးပါနဲ႔ အဲ့ေလာက္ၾကီးထိလည္း မဟုတ္ေသးပါဘူး” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နာမည္ၾကီး


# Unicode Version ျဖင့္ ဖတ္ပါ #


တလောတုန်းက ဖေ့ဘုတ်အသုံးပြုသူတွေကြားမှာ မိန်းမချင်း ချစ်ကြည်နူး တစ်တီတူးနေတဲ့ ဓါတ်ပုံတွေကြောင့် ရေပန်းစားသွားတဲ့ ထက်ထက်ထွန်းနဲ့ ယွန်းဝင့်လွှာကိုတော့ မှတ်မိကြဦးမှာပါ။ ယင်းဓါတ်ပုံတွေကြောင့် ဖေ့ဘုတ်အသုံးပြုသူများကြားမှာ သူတို့နှစ်ယောက်ကိုတော့ မိန်းမအချင်းချင်းကြိုက်နေတယ်လို့ ဝေဖန်မှုတွေရှိခဲ့ပြီး သူတို့ကလည်း ဝန်ခံခဲ့ပါတယ်။ တယောက်နဲ့ တယောက် ကြိုက်နေပေမယ့်လည်း မိန်းမရည်းစားတွေလိုမျိုး တဏှာချစ်ချစ်တာမဟုတ်တဲ့အတွက်လည်း အများကြီးမတွေးကြပါနဲ့လို ပြောကြားလာခဲ့ပါတယ်။

မော်ဒယ်ထက်ထက်ထွန်းကတော့ 8 day နဲ့ အင်တာဗျူးတွင် မိန်းကလေးနှစ်ယောက်ချစ်တဲ့ ပုံတွေရိုက်ပြီး တင်တာက နာမည်ကြီးချင်လို့ိဆိုပြီး ပြောကြတဲ့အပေါ်မှာတော့ “ဘယ်သူ့ကိုမှလည်း ဘာမှစိတ်ထဲမှာ တွေးပြီးမမြင်ပါဘူး။ ထက်စိတ်ထဲမှာရှိတာကိုပဲ ထက်လုပ်လိုက်တာပါ။ ပရိသတ်တွေလည်း မြင်ချင်သလိုလေး မြင်ပေးလို့ရတယ်ပေါ့။ ဒါပေမယ့်လည်း အမုန်းတွေတော့ မပွားစေချင်ပါဘူး။ ထက်တို့ကြောင့်လည်း အကုသိုလ်တွေ မများစေချင်ပါဘူး။ ထက်တို့က ချစ်ခြင်းမေတ္တာကို ဖြန့်ဝေခြင်း ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ရှိကြတဲ့သူတွေကို မေတ္တာမျှဝေချင်တဲ့ သဘောပါပဲ။ ချစ်တဲ့မျက်လုံးလေးတွေနဲ့ပဲ ကြည့်ရင်တော့ အဆင်ပြေမှာပါ”

ပရိသတ်ကြား ပုံတွေ ပျံနှံ့သွားပြီး ပိုတင်ဖြစ်လာတာနဲ့ ပတ်သက်ပြီး “အောင်မြင်သွားပြီး နောက်ပိုင်းမှာတော့ ထပ်တင်တယ်ပြောတော့ ထက်အရမ်းတော့ မအောင်မြင်သေးပါဘူး။ ပုံတင်တယ်ဆိုတာကတော့ ထက်အနေနဲ့လည်း မအောင်မြင်ခင် အချိန်ကတည်းက တင်ပါတယ်။ အောင်မြင်တဲ့အတိုင်းအတာ ရောက်လာတော့လည်း ကိုယ့်မှာ ရှိတဲ့အတိုင်းအတာ တခုနဲ့ ပရိသတ်က ကိုယ့်ကို သတိထားမိတာပေါ့။ အဲ့ဒါပါပဲ။ အောင်မြင်တဲ့သူပဲ ဖြစ်ဖြစ် မအောင်မြင်တဲ့သူပဲ ဖြစ်ဖြစ် ပုံတွေကတော့ တင်နေကြတာပဲလေ”

“Attention ကတော့ သီးသန့်ယူစရာမလိုပါဘူး။ ဒီဟာကအဲ့လိုယူလို့ရတာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီလိုအရာတွေက Attention ယူရင်လည်း သိပ်ကြာကြာခံမှာ မဟုတ်ဘူးလေ။ အဲ့အတွက်ကြီးတော့ လုပ်တာမရှိပါဘူး။ ထက်က ထက်စိတ်ထဲမှာ ရှိတာ လုပ်တတ်တယ်ဆိုတာ ထက်ကို ခင်တဲ့သူတိုင်း သိပါတယ်”

ချစ်သူရှိရဲ့သားနဲ့ မိန်းမချင်းယူမှာလားဆိုတာကို စောင့်ကြည့်မယ်ဆိုတဲ့အပေါ်မှာတော့ “အစကတည်းကလည်း ထက်တို့က ယူမယ်လို့လည်း မပြောခဲ့ဖူးဘူး။ မိန်းမရည်းစားလိုမျိုး တဏှာစိတ်နဲ့ ချစ်တယ်လို့လည်း မပြောခဲ့ဖူးဘူး။ ထက်သူ့ကိုချစ်တယ်။ သူကလည်း ထက်ကို ချစ်တယ်။ သူ့မှာလည်း ရည်းစားရှိတယ်။ ထက်မှာလည်း ရည်းစားရှိတယ်။ ဒီတိုင်းပဲ ချစ်ကြပါတယ်လို့ပဲ ပြောလိုက်တာပဲလေ။ အဲ့လောက် ထိကြီးတော့ မတွေးပါနဲ့ အဲ့လောက်ကြီးထိလည်း မဟုတ်သေးပါဘူး” ဟု ပြောကြားသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top