သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×

ဖမ္းဆီးရာတြင္ သာသနာနယ္ေျမျဖစ္ေနသျဖင့္ ခရိုင္သာသနာေရးဦးစီးဌာန၊ ျမို့နယ္အေထြေထြ အုပ္ခ်ုပ္ေရး ဦးစီးဌာန၊ ျမို့နယ္သံဃနာယကအဖြဲ့၊ နတ္ တလူသာသနာျပုစခန္း၏ ျသဝါဒဆရာေတာ္မ်ားနွင့္အတူ ရဲတပ္ဖြဲ့ဝင္အင္အာ ၈၀ ေက်ာ္ျဖင့္ ဝင္ေရာက္ရွာေဖြ ဖမ္းဆီးခဲ့ျခင္း ျဖစ္ရာ သာသနာျပုစခန္းတြင္ လူစုလူေဝးလည္းျဖစ္ေပၚခဲ့ေျကာင္း သိရသည္။

စစ္ကိုင္းတိုင္းေဒသျကီး၊ ကန့္ဘလူျမို့နယ္တရားရံုးက ဖမ္းဝရမ္းထုတ္ထားသည့္ ကန့္ဘလူျမို့နယ္၊ မင္းကုန္း (ဂ) ေက်းရြာရွိ မဟာေဗာဓိျမိုင္ ဆရာေတာ္ျကီး၏ နတ္တလူသာသနာျပုစခန္းမွ အေစာင့္ရဟန္းေယာဂီ ဦးဝရဉာဏအား ဇန္နဝါရီ ၈ ရက္ေန့က ဖမ္းဆီးရမိခဲ့ေျကာင္း ကန့္ဘလူ ျမို့နယ္ရဲတပ္ဖြဲ့မွ သိရသည္။

ကန့္ဘလူ ျမို့နယ္ရဲတပ္ဖြဲ့မွ ယာယီျမို့နယ္မႈး ဒုရဲမႈး ေအာင္ေက်ာ္မိုး က “ဖမ္းဝရမ္းထုတ္တားတဲ့ တရားခံမို့ သာသနာျပုစခန္းထဲအထိ ဝင္ေရာက္ ရွာေဖြျပီး ဖမ္းဆီးခဲ့တာပါ၊ အဓိကတရားခံျဖစ္တဲ့ အတြက္ ဖမ္းမိျပီးတာနဲ့ ခ်က္ခ်င္းတရားရံုးမွာ ခ်ုပ္ရမန္ယူခဲ့ပါတယ္” ဟု ေျပာသည္။

နတ္တလူသာသနာျပုစခန္း ေဂါပကအဖြဲ့ဝင္ ဦးဟန္ဝင္းကလည္း “ကန့္ဘလူခရိုင္ရဲတပ္ဖြဲ့မႈးကိုယ္တိုင္ ဦးစီးျပီး ဖမ္းဆီးခဲ့တာပါ၊ သကၤန္းဝတ္ျဖစ္ေနတာေျကာင့္ သံဃနာယကအဖြဲ့ကေန သာသနာျပုစခန္းထဲမွာပဲ လူဝတ္လဲေပးခဲ့တာပါ၊ ဘုန္းျကီးကို မေက်နပ္တဲ့ ရြာသားေတြ ရွိေနတာေျကာင့္ ခ်ုပ္ရမန္ယူျပီး ရဲစခန္းမွာ ဖမ္းထားပါတယ္၊ အခုအမႈက အျခားတရားခံေတြကိုေတာ့ မဖမ္းမိေသးပါဘူး” ဟု ေျပာသည္။

ဦးဝရဉာဏသည္ မင္းကုန္း (ဂ) ေက်းရြာေန အမ်ိုးသမီးငယ္တဦးအေပၚ ကာမလိမ္လည္ရယူျပီး ကိုယ္ဝန္ရွိလာသည့္အခါ အျခားတဦးျဖင့္ အတင္းအဓမၼ လက္ထပ္ခိုင္းေစျခင္းမ်ား ျပုလုပ္ခဲ့မႈေျကာင့္ ကန့္ဘလူျမို့နယ္တရားရံုးက ဖမ္းဝရမ္းထုတ္ ထားျခင္းဟု သိရသည္။

ဦးဝရဉာဏသည္ မင္းကုန္းရြာ ဇာတိျဖစ္သည့္ မဟာေဗာဓိျမိုင္ဆရာေတာ္ျကီးနွင့္ တရြာတည္းသားျဖစ္ျပီး ဆရာေတာ္ျကီး ရြာတြင္ရွိစဉ္အခါက ရဟန္းေဘာင္ဝင္ခဲ့ျပီး ဆရာေတာ္ျကီး ေတာရေဆာက္တည္စဉ္မွ စကာ နတ္တလူ သာသနာျပုစခန္း၏ ေက်ာင္းေစာင့္ ရဟန္းေယာဂီျဖစ္လာခဲ့သူဟု သိရသည္။

အဆိုပါအမႈျဖစ္စဉ္နွင့္ ပက္သက္၍ ၂၀၁၈ခုနွစ္ ျသဂုတ္ ၃၀ ရက္ေန့က မနၱေလးျမို့ ခ်မ္းေအးသာစံျမို့နယ္ ၆၈လမ္း၊ ၃၂ လမ္းနွင့္ ၃၃ လမ္းျကားရွိ ကြန္ျမူနတီစင္တာ (လူထုေနရာ) တြင္ သတင္းစာရွင္းလင္းပြဲျပုလုပ္ခဲ့သည္။

နတ္တလူ သာသနာျပုစခန္း၌ ယခုကဲ့သို့ အမႈအခင္းကိစၥရပ္မ်ား ျဖစ္ေပၚလာမႈေျကာင့္ ေနရာအနွံ့ ေတာရေဆာက္တည္ကာ တပါးတည္း တရားဓမၼ က်င့္ျကံေနသည့္ မဟာေဗာဓိျမိုင္ ဆရာေတာ္ျကီးသည္ ၄င္း၏ တပည့္ျဖစ္သူ ဦးဝရဉာဏ အရႈပ္အေထြးကိစၥ ျကားသိရသည့္အခါ ျမို့နယ္သံဃနာယကထံသို့ လက္ေရးျဖင့္ စာတစ္ေစာင္ ဆက္ကပ္ခဲ့ရာတြင္ ထို အမႈနွင့္ပတ္သက္လွ်င္ အမႈထင္ရွားပါက ဓမၼစက္ အာဏာစက္တို့ျဖင့္ လိုအပ္သလို ေဆာင္ရြက္နိုင္ေျကာင္း ေဖာ္ျပထားသည္။

အမႈျဖစ္စဉ္မွာ မင္းကုန္း (ဂ) ေက်းရြာေန မအိစနၵာဆိုသူျဖစ္ျပီး ၂၀၁၅ ခုနွစ္အတြင္းက ေရွြဘိုျမို့နယ္ရွိ ဆိပ္ခြန္ေက်း ရြာတြင္ ရက္ကန္း ပညာ သြားေရာက္ သင္ျကားေနစဉ္ ဒီဇင္ဘာလတြင္ မအိစနၵာ၏ အိမ္မွ ျခံုေစာင္ လူျကံုပါးလိုက္သျဖင့္ လာယူရန္ မိဘမ်ားနွင့္ ဆရာ-ဒကာ ဆက္ဆံေရး ရွိသည့္ ဦးဝရဉာဏက ဖုန္းဆက္လာသျဖင့္ ရက္ကန္းသင္ေနသည့္ရြာမွ ေရွြဘိုျမို့ေပၚသို့ သံုးဘီးစီးကာ ခ်ိန္းထားသည့္ ေနရာသို့ သြားေရာက္ခဲ့ရာမွ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေျကာင္း သိရသည္။

ဦးဝရဉာဏသည္ မအိစနၵာအား ဘူတာ တခုအနီးရွိ ဒကာ၊ ဒကာမမ်ားအိမ္ဟုဆိုေသာ တည္းခိုးခန္းတခုသို့ ေခၚေဆာင္သြားျပီးေနာက္ ျခံုေစာင္လူျကံုေပး လိုက္သည္ဆိုသည္မွာ လိမ္ေျပာျခင္း ျဖစ္ေျကာင္း၊ ဦးဝရဉာဏက သူနွင့္အိပ္ရမည္၊ မအိပ္လွ်င္ ျပန္မပို့ဘူး၊ သတ္ျပစ္ခဲ့လည္း ဘယ္သူမွမသိဘူးဟု ျခိမ္းေျခာက္၍ မအိစနၵာ၏ ဆနၵမပါဘဲ အဓမၼျပုက်င့္ခဲ့ေျကာင္း၊

အဓမၼျပုက်င့္ျပီးေနာက္ တဦးတေယာက္ကို ေျပာျပလွ်င္ သတ္ပစ္မည္ဟု ထပ္မံျခိမ္ေျခာက္ ေျပာဆိုမႈမ်ားကို ျပုလုပ္ခဲ့ရာမအိစနၵာမွ ေျကာက္လန့္ျပီး မည္သူကိုမွ ျပန္မေျပာဘဲ ေနခဲ့သည္ဟု မအိစနၵာမွ ရွင္းျပသည္။ဦးဝရဉာဏသည္ သားမယားျပုက်င့္ျပီးေနာက္ ေဆးနွစ္လံုးတိုက္ကာ ရက္ကန္းသင္ေနသည့္ ရြာသို့ ျပန္ပို့ ေပးခဲ့သည္ဟု ဆိုသည္။

ထို့ေနာက္ ၂၀၁၆ ခုနွစ္ ေမလတြင္ မင္းကုန္းရြာသို့ ျပန္လာခဲ့ျပီးေနာက္ ယင္းနွစ္ နိုဝင္ဘာလခန့္တြင္ ဦးဝရဉာဏသည္ မအိစနၵာ အိမ္တြင္ တေယာက္တည္း ရွိေနစဉ္ အိမ္ေပၚသို့ တက္လာျပီး ဒုတိယအျကိမ္ ထပ္မံ က်ူးလြန္ခဲ့သည္ဟု ဆိုသည္။

ယင္းသို့ က်ူးလြန္ခံရမႈမ်ားနွင့္ ပတ္သက္၍ ဦးဝရဉာဏ အေပၚ မေက်နပ္ေသာ္လည္း ျခိမ္းေျခာက္ထားမႈ၊ ရွက္ေျကာက္မႈတို့ေျကာင့္ ျမိုသိပ္ထားခဲ့ရေျကာင္း၊ ဒုတိယအျကိမ္ က်ူးလြန္ျပီးေနာက္ တလခန့္အျကာတြင္ နတ္တလူ သာသနာျပုစခန္းအနီး လယ္ေတာတြင္ ေကာက္လွိုင္းတိုက္ သြားေရာက္စဉ္ ဦးဝရဉာဏေရာက္ရွိလာျပီး လယ္ေတာရွိ တဲအတြင္း၌ တတိယအျကိမ္ေျမာက္က်ူးလြန္ခဲ့ျခင္းဟု သိရသည္။

တတိယအျကိမ္ေျမာက္ က်ူးလြန္ျပီးေနာက္ ဦးဝရဉာဏမွ မအိစနၵာအား လူထြက္၍ လက္ထပ္ယူပါမည္ဟု ေျပာျကားခဲ့ရာ မအိစနၵာမွ သူမ၏ အပ်ိုဘဝပ်က္ဆီးခဲ့မႈေျကာင့္ ဦးဝရဉာဏအေပၚ ယံုျကည္ခဲ့မိေျကာင္း၊ မအိစနၵာတြင္ ကိုယ္ဝန္ရွိလာခ်ိန္၌ ဦးဝရဉာဏအား ၂၀၁၇ ခုနွစ္ ဇြန္လ ၅ ရက္ေန့က ဆက္သြယ္ခဲ့ေျကာင္း၊ ထိုေန့ညေနတြင္ ဦးဝရဉာဏသည္ မအိစနၵာကို အျခားလူ သံုး၊ ေလးဦးနွင့္အတူ ကားျဖင့္ ေရွြဘိုျမို့သို့ လိုက္သြားခိုင္းခဲ့ျပီး မဟာေဗာဓိျမိုင္ ဆရာေတာ္အား လႉထားေသာကားျဖင့္ ဦးဝရဉာဏကိုယ္တိုင္ နတ္တလူေက်ာင္းမွ ေရွြဘိုသို့ ထိုညတြင္ လိုက္လာခဲ့သည္ဟု ဆိုသည္။

ယင္းသို့ ေခၚေဆာင္သြားျခင္းမွာ မအိစနၵာတြင္ ရွိေနသည့္ ကိုယ္ဝန္ဖ်က္ခ်ရန္ အတြက္ဆိုသည္ကို ေရာက္ရွိျပီးမွ မအိစနၵာသိခဲ့ရျပီး ကိုယ္ဝန္မွာ လရင့္ေနျပီျုဖစ္ေသာေျကာင့္ လက္သည္မွ ဖ်က္ခ်မေပးခဲ့ရာ မအိစနၵာအား အိမ္တအိမ္၏ အခန္းတခုအတြင္း ပိတ္ေလွာင္ထားခံခဲ့ရျပီးေနာက္ ၄င္းနွင့္ တခါမွ မျမင္ဘူး၊ မေတြ့ ဘူးသည့္ ကိုေအာင္ျဖိုးေဝဆိုသူနွင့္ အတင္းအဓမၼ ျခိမ္းေျခာက္၍ လက္ထပ္စာခ်ုပ္၌ လက္မွတ္ထိုးခိုင္းခဲ့သည္ဟု ဆိုသည္။

ကိုေအာင္ျဖိုးေဝနွင့္ လက္ထပ္ျပီးေနာက္ မအိစနၵာ၏ မိခင္အား ညမိုးခ်ုပ္အခ်ိန္၌ သြားေရာက္ကန္ေတာ့ျပီးေနာက္ ခ်က္ခ်င္းရြာမွ ထြက္ခဲ့ရျပီး မိတၳီလာျမို့နယ္ရွိ ေညာင္ပင္သာရြာသို့ ကိုေအာင္ျဖိုးေဝက မအိစနၵာကိုေခၚသြားျပီး ၄င္း၏ မိဘမ်ား အိမ္ဟု ဆိုသည့္ ျကိုတင္ငွားရမ္း ထားေသာ အိမ္တြင္ ထားခဲ့ျပီး ေညာင္ပင္သာရြာမွာပင္ သားေယာက်ာ္းေလးကို ၂၀၁၇ ခုနွစ္ ဇူလိုင္လ ၆ ရက္ေန့တြင္ ေမြးဖြားခဲ့သည္။

မအိစနၵာ က “သူနဲ့လက္ထပ္ခဲ့ေပမယ့္ ကာမစပ္ယွက္ေပါင္းသင္းခဲ့တာမ်ိုးမရွိခဲ့ပါဘူး၊ ေအာင္ျဖိုးေဝက ေညာင္ပင္သာကို ပို့ျပီးျပီးခ်င္း နယ္မွာ အလုပ္ရွိလို့ဆိုျပီး ထြက္သြားတယ္၊ ေညာင္ပင္သာဆိုတဲ့ ရြာေလးမွာ က်မကိုယ္ဝန္ျကီးနဲ့ မ်က္စိသူငယ္ နားသူငယ္နဲ့ ကေလးကို ေမြးဖြားခဲ့ရပါတယ္၊ ကေလး နွစ္လသားရွိမွ ေအာင္ျဖိုးေဝ ျပန္ေရာက္လာျပီး က်မကို ရြာျပန္ပို့ဖို့ စီစဉ္ျပီး ရြာျပန္ ေရာက္ေတာ့ နွစ္ရက္ေနျပီး သူက မနၱေလးျပန္သြားတယ္” ဟု ေျပာသည္။

မအိစနၵာ၏ မိသားစုဝင္မ်ားက ကိုေအာင္ျဖိုးေဝနွင့္ အမွန္တကယ္ လင္မယား ဟုတ္မဟုတ္ သကၤ࿿ာမကင္း ျဖစ္ျပီး ေမးျမန္း ရာမွ ေဆြမ်ိုးသားခ်င္း မ်ားနွင့္ ေက်းရြာအုပ္စု အုပ္ခ်ုပ္ေရးမႉး၊ နတ္တလူ သာသနာျပုစခန္း ေဂါပကအဖြဲ့မ်ားကို ဦးဝရဉာဏ နွင့္ပက္သက္ခဲ့သမွ်ကို ေျပာျပခဲ့ျပီးေနာက္တြင္ ဇီးကုန္းရဲစခန္းတြင္ သြားေရာက္ အမႈဖြင့္ခဲ့ရာ အမႈဖြင့္လွစ္မေပးဘဲ တရားရံုး သို့ ဦးတိုက္ေလွ်ာက္ထားရန္ ခိုင္းေစျခင္းေျကာင့္ ၂၀၁၈ ခုနွစ္ ေမလ ၂၉ ရက္ေန့က ဦးတိုက္ ေလွ်ာက္ထားခဲ့ရျခင္းဟု သိရသည္။

ကန့္ဘလူျမို့နယ္ တရားရံုးက ရာဇသတ္ျကီး ဥပေဒပုဒ္မ ၄၁၇ ျဖင့္ လက္ခံခဲ့ျပီး စြပ္စြဲခံရသူ ဦးဝရဉာဏအား တရားရံုးလုပ္ထံုး လုပ္နည္းမ်ားအရ ဆင့္ေခၚစာ အျကိမ္ျကိမ္ ထုတ္ခဲ့ေသာ္လည္း လာေရာက္ေျဖရွင္းျခင္းမရွိသျဖင့္ ဖမ္းဝရမ္းထုတ္ခဲ့ျခင္းျဖစ္ ေျကာင္း သိရသည္။

ထို့အျပင္ မအိစနၵာ၏ မိခင္ျဖစ္သူကလည္း သမီးျဖစ္သူ၏ အလိုဆနၵမပါဘဲ အတင္အဓမၼ ျခိမ္းေျခာက္ လက္ထပ္ခိုင္းေစခဲ့ ျခင္းေျကာင့္ အတင္အဓမၼ ျခိမ္းေျခာက္ လက္ထပ္ခဲ့သူ ကိုေအာင္ျဖိုးေဝ အပါ ၅ ဦးအား ကန့္ဘလူျမို့မ ရဲစခန္းသို့ တိုင္ျကားခဲ့ရာ (ပ) ၂၂၁ / ၂၁၁၈၊ ပုဒ္မ ၃၆၆၊ ၃၄၃၊ ၁၁၄ ျဖင့္ လက္ခံစစ္ေဆးခဲ့ေျကာင္း သိရသည္။

မအိစနၵာအမႈအား လိုက္ပါကူညီ ေဆာင္ရြက္ေပးေနသူ အမ်ိုးသမီးအေရး တက္ျကြလႈပ္ရွားသူ မဝါဝါ ဝင္း က “မအိစနၵာကို အဓမၼျပုက်င့္ျပီးေနာက္ လံုးဝမသိမျမင္ဖူးသူ အျခားအမ်ိုးသားတစ္ဦးနဲ့ အတင္းအဓမၼျခိမ္းေျခာက္လက္ထပ္ ေစခဲ့သူမ်ားကို အမႈဖြင့္တိုင္ျကားခဲ့ေတာ့ ပုဒ္မ ၃၆၆၊ ၃၄၃၊ ၁၁၄နဲ့ လက္ခံစစ္ေဆးခဲ့တာပါ၊ အဲဒီမွာ သက္ေသမ်ားရဲ့ ထြက္ဆိုခ်က္အရ ဦးဝရဉာဏ ဦးေဆာင္ ပါဝင္ပက္သက္ေနတာေျကာင့္ ထပ္ျပီးအမႈဖြင့္ခဲ့ေတာ့ ဦးဝရဉာဏကို ပုဒ္မ ၃၆၆ နဲ့ လက္ခံ စစ္ေဆးခဲ့တယ္” ဟု ေျပာသည္။

မအိစနၵာ၏ အလိုဆနၵမပါဘဲ အတင္အဓမၼ ျခိမ္းေျခာက္ လက္ထပ္ခိုင္းေစခဲ့သည့္ အမႈတြင္ ဦးဝရဉာဏ၏ ခိုင္းေစမႈေျကာင့္ ျဖစ္ ပြားရျခင္းဟု သိရသျဖင့္ ဦးဝရဉာဏအား (ပ)၂၇၁/ ၂၀၁၈၊ ပုဒ္မ ၃၆၆ ျဖင့္ အမႈဖြင့္လွစ္ထားေျကာင္း သိရသည္။

ဒုရဲမႈး ေအာင္ေက်ာ္မိုး က “မအိစနၵာကေန တရားရံုး ဦးတိုက္ ေလွ်ာက္ထားခဲ့တဲ့ အမႈကို တရားရံုးကေန ဦးဝရဉာဏကို အာမခံေပးခဲ့ပါတယ္၊ ဒါေပမယ့္ သူ့ကို ထပ္ျပီး အမႈဖြင့္ တိုင္ျကားထား တာေတြရွိေတာ့ အမႈစစ္ေဆးရမွာမို့ ပုဒ္မ ၃၆၆ နဲ့ ခ်ုပ္ရမန္ယူခဲ့တယ္၊ လက္ရွိ အဓိက တရားခံလို့ စြပ္စြဲခံရသူ ဦးဝရဉာဏအျပင္ ေနာက္တဦးကိုလည္း ဖမ္းမိထားပါျပီး၊ က်န္တရားခံေတြကိုလည္း ဆက္လက္ ဖမ္းဆီးျပီး အေရးယူနိုင္ေအာင္ ေဆာင္ရြက္သြားမွာပါ” ဟု ေျပာသည္။

အဆိုပါအမႈျဖစ္စဉ္မ်ားအရ ျမန္မာနိုင္ငံရဲတပ္ဖြဲ့က မအိစနၵာနွင့္ ဦးဝရဉာဏတို့အား DNA စစ္ေဆးရန္ညွြန္ျကားစာေပးပို့ရာ မအိစနၵာဘက္မွ DNA စစ္ေဆးခံရန္ အသင့္ရွိေနသျဖင့္ တရားရံုးသို့ DNA စစ္ေဆးရန္ ေလွ်ာက္ထားခဲ့ေျကာင္း၊ ဦးဝရဉာဏ အား ခ်ုပ္ရမန္ယူျပီးေနာက္ ဇန္နဝါရီ ၂၂ ရက္ေန့သို့ ရံုးခ်ိန္ထပ္မံခ်ိန္းဆိုခဲ့ေျကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Irrawaddy – Burmese Edition

#Unicode Version#
ဖမ်းဆီးရာတွင် သာသနာနယ်မြေဖြစ်နေသဖြင့် ခရိုင်သာသနာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်သံဃနာယကအဖွဲ့၊ နတ် တလူသာသနာပြုစခန်း၏ သြဝါဒဆရာတော်များနှင့်အတူ ရဲတပ်ဖွဲ့ဝင်အင်အာ ၈၀ ကျော်ဖြင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ခြင်း ဖြစ်ရာ သာသနာပြုစခန်းတွင် လူစုလူဝေးလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည့် ကန့်ဘလူမြို့နယ်၊ မင်းကုန်း (ဂ) ကျေးရွာရှိ မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ နတ်တလူသာသနာပြုစခန်းမှ အစောင့်ရဟန်းယောဂီ ဦးဝရဉာဏအား ဇန်နဝါရီ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ကန့်ဘလူ မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ကန့်ဘလူ မြို့နယ်ရဲတပ်ဖွဲ့မှ ယာယီမြို့နယ်မှုး ဒုရဲမှုး အောင်ကျော်မိုး က “ဖမ်းဝရမ်းထုတ်တားတဲ့ တရားခံမို့ သာသနာပြုစခန်းထဲအထိ ဝင်ရောက် ရှာဖွေပြီး ဖမ်းဆီးခဲ့တာပါ၊ အဓိကတရားခံဖြစ်တဲ့ အတွက် ဖမ်းမိပြီးတာနဲ့ ချက်ချင်းတရားရုံးမှာ ချုပ်ရမန်ယူခဲ့ပါတယ်” ဟု ပြောသည်။

နတ်တလူသာသနာပြုစခန်း ဂေါပကအဖွဲ့ဝင် ဦးဟန်ဝင်းကလည်း “ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့မှုးကိုယ်တိုင် ဦးစီးပြီး ဖမ်းဆီးခဲ့တာပါ၊ သင်္ကန်းဝတ်ဖြစ်နေတာကြောင့် သံဃနာယကအဖွဲ့ကနေ သာသနာပြုစခန်းထဲမှာပဲ လူဝတ်လဲပေးခဲ့တာပါ၊ ဘုန်းကြီးကို မကျေနပ်တဲ့ ရွာသားတွေ ရှိနေတာကြောင့် ချုပ်ရမန်ယူပြီး ရဲစခန်းမှာ ဖမ်းထားပါတယ်၊ အခုအမှုက အခြားတရားခံတွေကိုတော့ မဖမ်းမိသေးပါဘူး” ဟု ပြောသည်။

ဦးဝရဉာဏသည် မင်းကုန်း (ဂ) ကျေးရွာနေ အမျိုးသမီးငယ်တဦးအပေါ် ကာမလိမ်လည်ရယူပြီး ကိုယ်ဝန်ရှိလာသည့်အခါ အခြားတဦးဖြင့် အတင်းအဓမ္မ လက်ထပ်ခိုင်းစေခြင်းများ ပြုလုပ်ခဲ့မှုကြောင့် ကန့်ဘလူမြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ် ထားခြင်းဟု သိရသည်။

ဦးဝရဉာဏသည် မင်းကုန်းရွာ ဇာတိဖြစ်သည့် မဟာဗောဓိမြိုင်ဆရာတော်ကြီးနှင့် တရွာတည်းသားဖြစ်ပြီး ဆရာတော်ကြီး ရွာတွင်ရှိစဉ်အခါက ရဟန်းဘောင်ဝင်ခဲ့ပြီး ဆရာတော်ကြီး တောရဆောက်တည်စဉ်မှ စကာ နတ်တလူ သာသနာပြုစခန်း၏ ကျောင်းစောင့် ရဟန်းယောဂီဖြစ်လာခဲ့သူဟု သိရသည်။

အဆိုပါအမှုဖြစ်စဉ်နှင့် ပက်သက်၍ ၂၀၁၈ခုနှစ် သြဂုတ် ၃၀ ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၈လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ ကွန်မြူနတီစင်တာ (လူထုနေရာ) တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

နတ်တလူ သာသနာပြုစခန်း၌ ယခုကဲ့သို့ အမှုအခင်းကိစ္စရပ်များ ဖြစ်ပေါ်လာမှုကြောင့် နေရာအနှံ့ တောရဆောက်တည်ကာ တပါးတည်း တရားဓမ္မ ကျင့်ကြံနေသည့် မဟာဗောဓိမြိုင် ဆရာတော်ကြီးသည် ၎င်း၏ တပည့်ဖြစ်သူ ဦးဝရဉာဏ အရှုပ်အထွေးကိစ္စ ကြားသိရသည့်အခါ မြို့နယ်သံဃနာယကထံသို့ လက်ရေးဖြင့် စာတစ်စောင် ဆက်ကပ်ခဲ့ရာတွင် ထို အမှုနှင့်ပတ်သက်လျှင် အမှုထင်ရှားပါက ဓမ္မစက် အာဏာစက်တို့ဖြင့် လိုအပ်သလို ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်။

အမှုဖြစ်စဉ်မှာ မင်းကုန်း (ဂ) ကျေးရွာနေ မအိစန္ဒာဆိုသူဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်းက ရွှေဘိုမြို့နယ်ရှိ ဆိပ်ခွန်ကျေး ရွာတွင် ရက်ကန်း ပညာ သွားရောက် သင်ကြားနေစဉ် ဒီဇင်ဘာလတွင် မအိစန္ဒာ၏ အိမ်မှ ခြုံစောင် လူကြုံပါးလိုက်သဖြင့် လာယူရန် မိဘများနှင့် ဆရာ-ဒကာ ဆက်ဆံရေး ရှိသည့် ဦးဝရဉာဏက ဖုန်းဆက်လာသဖြင့် ရက်ကန်းသင်နေသည့်ရွာမှ ရွှေဘိုမြို့ပေါ်သို့ သုံးဘီးစီးကာ ချိန်းထားသည့် နေရာသို့ သွားရောက်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဝရဉာဏသည် မအိစန္ဒာအား ဘူတာ တခုအနီးရှိ ဒကာ၊ ဒကာမများအိမ်ဟုဆိုသော တည်းခိုးခန်းတခုသို့ ခေါ်ဆောင်သွားပြီးနောက် ခြုံစောင်လူကြုံပေး လိုက်သည်ဆိုသည်မှာ လိမ်ပြောခြင်း ဖြစ်ကြောင်း၊ ဦးဝရဉာဏက သူနှင့်အိပ်ရမည်၊ မအိပ်လျှင် ပြန်မပို့ဘူး၊ သတ်ပြစ်ခဲ့လည်း ဘယ်သူမှမသိဘူးဟု ခြိမ်းခြောက်၍ မအိစန္ဒာ၏ ဆန္ဒမပါဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း၊

အဓမ္မပြုကျင့်ပြီးနောက် တဦးတယောက်ကို ပြောပြလျှင် သတ်ပစ်မည်ဟု ထပ်မံခြိမ်ခြောက် ပြောဆိုမှုများကို ပြုလုပ်ခဲ့ရာမအိစန္ဒာမှ ကြောက်လန့်ပြီး မည်သူကိုမှ ပြန်မပြောဘဲ နေခဲ့သည်ဟု မအိစန္ဒာမှ ရှင်းပြသည်။ဦးဝရဉာဏသည် သားမယားပြုကျင့်ပြီးနောက် ဆေးနှစ်လုံးတိုက်ကာ ရက်ကန်းသင်နေသည့် ရွာသို့ ပြန်ပို့ ပေးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ၂၀၁၆ ခုနှစ် မေလတွင် မင်းကုန်းရွာသို့ ပြန်လာခဲ့ပြီးနောက် ယင်းနှစ် နိုဝင်ဘာလခန့်တွင် ဦးဝရဉာဏသည် မအိစန္ဒာ အိမ်တွင် တယောက်တည်း ရှိနေစဉ် အိမ်ပေါ်သို့ တက်လာပြီး ဒုတိယအကြိမ် ထပ်မံ ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

ယင်းသို့ ကျူးလွန်ခံရမှုများနှင့် ပတ်သက်၍ ဦးဝရဉာဏ အပေါ် မကျေနပ်သော်လည်း ခြိမ်းခြောက်ထားမှု၊ ရှက်ကြောက်မှုတို့ကြောင့် မြိုသိပ်ထားခဲ့ရကြောင်း၊ ဒုတိယအကြိမ် ကျူးလွန်ပြီးနောက် တလခန့်အကြာတွင် နတ်တလူ သာသနာပြုစခန်းအနီး လယ်တောတွင် ကောက်လှိုင်းတိုက် သွားရောက်စဉ် ဦးဝရဉာဏရောက်ရှိလာပြီး လယ်တောရှိ တဲအတွင်း၌ တတိယအကြိမ်မြောက်ကျူးလွန်ခဲ့ခြင်းဟု သိရသည်။

တတိယအကြိမ်မြောက် ကျူးလွန်ပြီးနောက် ဦးဝရဉာဏမှ မအိစန္ဒာအား လူထွက်၍ လက်ထပ်ယူပါမည်ဟု ပြောကြားခဲ့ရာ မအိစန္ဒာမှ သူမ၏ အပျိုဘဝပျက်ဆီးခဲ့မှုကြောင့် ဦးဝရဉာဏအပေါ် ယုံကြည်ခဲ့မိကြောင်း၊ မအိစန္ဒာတွင် ကိုယ်ဝန်ရှိလာချိန်၌ ဦးဝရဉာဏအား ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဆက်သွယ်ခဲ့ကြောင်း၊ ထိုနေ့ညနေတွင် ဦးဝရဉာဏသည် မအိစန္ဒာကို အခြားလူ သုံး၊ လေးဦးနှင့်အတူ ကားဖြင့် ရွှေဘိုမြို့သို့ လိုက်သွားခိုင်းခဲ့ပြီး မဟာဗောဓိမြိုင် ဆရာတော်အား လှူထားသောကားဖြင့် ဦးဝရဉာဏကိုယ်တိုင် နတ်တလူကျောင်းမှ ရွှေဘိုသို့ ထိုညတွင် လိုက်လာခဲ့သည်ဟု ဆိုသည်။

ယင်းသို့ ခေါ်ဆောင်သွားခြင်းမှာ မအိစန္ဒာတွင် ရှိနေသည့် ကိုယ်ဝန်ဖျက်ချရန် အတွက်ဆိုသည်ကို ရောက်ရှိပြီးမှ မအိစန္ဒာသိခဲ့ရပြီး ကိုယ်ဝန်မှာ လရင့်နေပြီြုဖစ်သောကြောင့် လက်သည်မှ ဖျက်ချမပေးခဲ့ရာ မအိစန္ဒာအား အိမ်တအိမ်၏ အခန်းတခုအတွင်း ပိတ်လှောင်ထားခံခဲ့ရပြီးနောက် ၎င်းနှင့် တခါမှ မမြင်ဘူး၊ မတွေ့ ဘူးသည့် ကိုအောင်ဖြိုးဝေဆိုသူနှင့် အတင်းအဓမ္မ ခြိမ်းခြောက်၍ လက်ထပ်စာချုပ်၌ လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။

ကိုအောင်ဖြိုးဝေနှင့် လက်ထပ်ပြီးနောက် မအိစန္ဒာ၏ မိခင်အား ညမိုးချုပ်အချိန်၌ သွားရောက်ကန်တော့ပြီးနောက် ချက်ချင်းရွာမှ ထွက်ခဲ့ရပြီး မိတ္ထီလာမြို့နယ်ရှိ ညောင်ပင်သာရွာသို့ ကိုအောင်ဖြိုးဝေက မအိစန္ဒာကိုခေါ်သွားပြီး ၎င်း၏ မိဘများ အိမ်ဟု ဆိုသည့် ကြိုတင်ငှားရမ်း ထားသော အိမ်တွင် ထားခဲ့ပြီး ညောင်ပင်သာရွာမှာပင် သားယောကျာ်းလေးကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။

မအိစန္ဒာ က “သူနဲ့လက်ထပ်ခဲ့ပေမယ့် ကာမစပ်ယှက်ပေါင်းသင်းခဲ့တာမျိုးမရှိခဲ့ပါဘူး၊ အောင်ဖြိုးဝေက ညောင်ပင်သာကို ပို့ပြီးပြီးချင်း နယ်မှာ အလုပ်ရှိလို့ဆိုပြီး ထွက်သွားတယ်၊ ညောင်ပင်သာဆိုတဲ့ ရွာလေးမှာ ကျမကိုယ်ဝန်ကြီးနဲ့ မျက်စိသူငယ် နားသူငယ်နဲ့ ကလေးကို မွေးဖွားခဲ့ရပါတယ်၊ ကလေး နှစ်လသားရှိမှ အောင်ဖြိုးဝေ ပြန်ရောက်လာပြီး ကျမကို ရွာပြန်ပို့ဖို့ စီစဉ်ပြီး ရွာပြန် ရောက်တော့ နှစ်ရက်နေပြီး သူက မန္တလေးပြန်သွားတယ်” ဟု ပြောသည်။

မအိစန္ဒာ၏ မိသားစုဝင်များက ကိုအောင်ဖြိုးဝေနှင့် အမှန်တကယ် လင်မယား ဟုတ်မဟုတ် သင်္က࿿ာမကင်း ဖြစ်ပြီး မေးမြန်း ရာမှ ဆွေမျိုးသားချင်း များနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ နတ်တလူ သာသနာပြုစခန်း ဂေါပကအဖွဲ့များကို ဦးဝရဉာဏ နှင့်ပက်သက်ခဲ့သမျှကို ပြောပြခဲ့ပြီးနောက်တွင် ဇီးကုန်းရဲစခန်းတွင် သွားရောက် အမှုဖွင့်ခဲ့ရာ အမှုဖွင့်လှစ်မပေးဘဲ တရားရုံး သို့ ဦးတိုက်လျှောက်ထားရန် ခိုင်းစေခြင်းကြောင့် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့က ဦးတိုက် လျှောက်ထားခဲ့ရခြင်းဟု သိရသည်။

ကန့်ဘလူမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၁၇ ဖြင့် လက်ခံခဲ့ပြီး စွပ်စွဲခံရသူ ဦးဝရဉာဏအား တရားရုံးလုပ်ထုံး လုပ်နည်းများအရ ဆင့်ခေါ်စာ အကြိမ်ကြိမ် ထုတ်ခဲ့သော်လည်း လာရောက်ဖြေရှင်းခြင်းမရှိသဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့အပြင် မအိစန္ဒာ၏ မိခင်ဖြစ်သူကလည်း သမီးဖြစ်သူ၏ အလိုဆန္ဒမပါဘဲ အတင်အဓမ္မ ခြိမ်းခြောက် လက်ထပ်ခိုင်းစေခဲ့ ခြင်းကြောင့် အတင်အဓမ္မ ခြိမ်းခြောက် လက်ထပ်ခဲ့သူ ကိုအောင်ဖြိုးဝေ အပါ ၅ ဦးအား ကန့်ဘလူမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ရာ (ပ) ၂၂၁ / ၂၁၁၈၊ ပုဒ်မ ၃၆၆၊ ၃၄၃၊ ၁၁၄ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။

မအိစန္ဒာအမှုအား လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မဝါဝါ ဝင်း က “မအိစန္ဒာကို အဓမ္မပြုကျင့်ပြီးနောက် လုံးဝမသိမမြင်ဖူးသူ အခြားအမျိုးသားတစ်ဦးနဲ့ အတင်းအဓမ္မခြိမ်းခြောက်လက်ထပ် စေခဲ့သူများကို အမှုဖွင့်တိုင်ကြားခဲ့တော့ ပုဒ်မ ၃၆၆၊ ၃၄၃၊ ၁၁၄နဲ့ လက်ခံစစ်ဆေးခဲ့တာပါ၊ အဲဒီမှာ သက်သေများရဲ့ ထွက်ဆိုချက်အရ ဦးဝရဉာဏ ဦးဆောင် ပါဝင်ပက်သက်နေတာကြောင့် ထပ်ပြီးအမှုဖွင့်ခဲ့တော့ ဦးဝရဉာဏကို ပုဒ်မ ၃၆၆ နဲ့ လက်ခံ စစ်ဆေးခဲ့တယ်” ဟု ပြောသည်။

မအိစန္ဒာ၏ အလိုဆန္ဒမပါဘဲ အတင်အဓမ္မ ခြိမ်းခြောက် လက်ထပ်ခိုင်းစေခဲ့သည့် အမှုတွင် ဦးဝရဉာဏ၏ ခိုင်းစေမှုကြောင့် ဖြစ် ပွားရခြင်းဟု သိရသဖြင့် ဦးဝရဉာဏအား (ပ)၂၇၁/ ၂၀၁၈၊ ပုဒ်မ ၃၆၆ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ဒုရဲမှုး အောင်ကျော်မိုး က “မအိစန္ဒာကနေ တရားရုံး ဦးတိုက် လျှောက်ထားခဲ့တဲ့ အမှုကို တရားရုံးကနေ ဦးဝရဉာဏကို အာမခံပေးခဲ့ပါတယ်၊ ဒါပေမယ့် သူ့ကို ထပ်ပြီး အမှုဖွင့် တိုင်ကြားထား တာတွေရှိတော့ အမှုစစ်ဆေးရမှာမို့ ပုဒ်မ ၃၆၆ နဲ့ ချုပ်ရမန်ယူခဲ့တယ်၊ လက်ရှိ အဓိက တရားခံလို့ စွပ်စွဲခံရသူ ဦးဝရဉာဏအပြင် နောက်တဦးကိုလည်း ဖမ်းမိထားပါပြီး၊ ကျန်တရားခံတွေကိုလည်း ဆက်လက် ဖမ်းဆီးပြီး အရေးယူနိုင်အောင် ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။

အဆိုပါအမှုဖြစ်စဉ်များအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မအိစန္ဒာနှင့် ဦးဝရဉာဏတို့အား DNA စစ်ဆေးရန်ညွှန်ကြားစာပေးပို့ရာ မအိစန္ဒာဘက်မှ DNA စစ်ဆေးခံရန် အသင့်ရှိနေသဖြင့် တရားရုံးသို့ DNA စစ်ဆေးရန် လျှောက်ထားခဲ့ကြောင်း၊ ဦးဝရဉာဏ အား ချုပ်ရမန်ယူပြီးနောက် ဇန်နဝါရီ ၂၂ ရက်နေ့သို့ ရုံးချိန်ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:The Irrawaddy – Burmese Edition
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top