စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

 အႏုပညာေလာကထဲမွာ ေတာ္ေတာ္ၾကာၾကာက်င္လည္ခဲ့ၿပီး လက္႐ွိအခ်ိန္မွာ ေတာကားေတြကုိ ႐ုိက္တယ္ဆုိၿပီး facebook ေပၚမွာ troll တာေတာ္ေတာ္မ်ားမ်ားကုိ ခံေနရတဲ့ ေနထူးႏုိင္ကေတာ့ မီဒီယာေတြက သူ႔ကုိ အင္တာဗ်ဴးလုပ္ရင္ အႏုပညာေၾကးေပးရမယ္လုိ႔ သတ္မွတ္ထားၿပီး ဘာေၾကာင့္ ဒီလုိမ်ိဳးသတ္မွတ္ထားလဲဆုိတာကုိ အင္တာဗ်ဴးတစ္ခုမွ ေျပာသြားခဲ့ပါတယ္။

အင္တာဗ်ဴးေျဖရင္ ပုိက္ဆံယူတာနဲ႔ ပတ္သက္ျပီးေနထူးႏုိင္က “ကြၽန္​​ေတာ္​ စာနယ္​ဇင္​​း​ေတြကို မ​ေျဖတာၾကာပါၿပီ။ အခုလာ​ေမးတဲ့ စာနယ္​ဇင္​း​ေတြက ရန္​ကုန္​က​ေန မႏၱ​ေလး ​ထိလာၿပီး​ေတာ့ တကူးတကလာ​ေမးတဲ့အတြက္​ ကြၽန္​​ေတာ္​ဘက္​က ျပန္​ၿပီး​ေတာ့ တံု႔ျပန္​တဲ့အ​ေနနဲ႔ အခုလိုမ​်ိဳး​ေျဖျခင္​းျဖစ္​ပါတယ္​။ ကြၽန္​​ေတာ္​့​ေမြး​ေနတုန္းက ​​အင္​တာဗ်ဴးလုပ္​ရင္​ အႏုပညာ​ေၾကးယူမယ္​ဆိုတာ​ေျပာထားပါတယ္​။ ကြၽန္​​ေတာ္​တကယ္​လဲယူပါတယ္​။ ဘာ​ေၾကာင္​့ယူရလဲဆိုတဲ့ အ​ေၾကာင္​းအရင္​း႐ွိပါတယ္​။

ကြၽန္​​ေတာ္​တို႔က အခုစိုးသီဟပြဲကိုလာတယ္​ အဲ့ဒီအခ်ိန္​မွာအခု ကြၽန္​​ေတာ္​့ကိုဝိုင္​းၿပီး​ေမး​ေနၾကတယ္​။ ဒါဆိုရင္​ စိုးသီဟအတြက္​​ေရာ ​ေကာင္​းသလား။ ဘယ္​သူ႔အတြက္​မွမ​ေကာင္​းဘူး​ေလ။ အဲ့​ေတာ့ ဒီ မီဒီယာအတြက္​နဲ႔ ကြၽန္​​ေတာ္​တို႔ကို အသံုးခ်သလိုႀကီး ျဖစ္​​ေနတယ္​။ အဲ့​ေတာ့ တစ္​​ေယာက္​နဲ႔တစ္​​ေယာက္​ ကိုင္​းကြၽန္​းမွီ ကြၽန္​းကိုင္​းမွီ ကြၽန္​​ေတာ္​တို႔​ေတြက အႏုပညာ​ေမာင္​ႏွမ​ေတြ ကြၽန္​​ေတာ္​တို႔ကို ပရိသတ္​နဲ႔ထိ​ေတြ႔​ေပးတယ္​။ ကြၽန္​​ေတာ္​တို႔ကို ပရိသတ္​နဲ႔​ေပါင္​းကူး​ေပးတယ္​ ဆိုတဲ့အခ်ိန္​မွာ ကြၽန္​​ေတာ္​ သူတို႔ရဲ႕လက္​႐ွိလာတက္​တဲ့ ပြဲရဲ႕ Image ကိုမထိခိုက္​​ေစခ်င္​လိို႔ အဲ့လိုအႏုပညာ​ေၾကးယူတယ္​လို႔ ​ေျပာျခင္​းျဖစ္​တယ္​။

တစ္​ခ်ိဴ႕ကက်​ေတာ့​ ​ေျပာပါတယ္​။ ​ေတာကား႐ိုက္​ၿပီး ​ေတာမင္​းသားက အင္​တာဗ်ဴးလုပ္​ရင္​ ပိုက္​ဆံယူတယ္​။ ဒါကဒီစာနယ္​ဇင္​း​ေတြထဲ ကပဲထိုးတယ္​ဆိုတာလဲ ကြၽန္​​ေတာ္​သိပါတယ္​။ သူတို႔က သူတို႔အျမင္​ကလဲအဲ့လိုျမင္​တယ္​ ကြၽန္​​ေတာ္​ကလဲ ကြၽန္​​ေတာ့အျမင္​​ေပါ့။ၿပီး​ေတာ့​ဗ်ာ ႐ုပ္​႐ွင္​ကားကို Press Show သြားၾကည္​့တယ္​ဆိုၾကပါစို႔။ ၾကည္​့တဲ့အခ်ိန္​မွာကြၽန္​​ေတာ္​့အာ့ဇာတ္​ကားကိုမၾကည္​့ရ​ေသးဘူး ကြၽန္​​ေတာ့္​ကို အင္​တာဗ်ဴးမယ္​ဆို​ေတာ့ ကြၽန္​​ေတာ္​ဘယ္​လို​ေျဖ​ေပးရမလဲ။ ဒီကားအ​ေၾကာင္​းလဲကြၽန္​​ေတာ္​မသိဘူးဗ်ာ။ အဲ့​ေတာ့ကြၽန္​​ေတာ္​ဒီကားၾကည့္​ၿပီးၿပီလား ၾကည္​့ၿပီးထြက္​လာတဲ့အခ်ိန္​မွာ ဒီကားနဲ႔ပတ္​သက္​တာ​ေမးရင္​ကြၽန္​​ေတာ္​​ေျဖပါတယ္​။

ဆိုလိုတာက ကြၽန္​​ေတာ္​မၾကည္​့ရ​ေသးတဲ့ကားႀကီးကိုလာၿပီး​ေတာ့ ​ေမးတယ္​ဆိုရင္​ ကြၽန္​​ေတာ္​ဘယ္​လိုမွ မ​ေျဖႏိုင္​ဘူး​ေလ။ မ​ေျဖႏုိင္​တာႀကီးကို သူ႔အတြက္​လဲ အခ်ိန္​ကုန္​သလို သူ႔အတြက္​လဲအခ်ိန္​ကုန္​တယ္​။ တျခား​ေသာလက္​႐ွိဒီပြဲႀကီးကိုက်င္​း​ပ​ေနတဲ့ လူ​ေတြအတြက္​လဲႏွ​ေျမာစရာႀကီး​ေလ။ အဲ့အတြက္​ကြၽန္​​ေတာ္​မ​ေျဖျခင္​းျဖစ္​ပါတယ္​။ အဲ့လိုမ်ိဴး ​ေတာသား​ေတာကား႐ိုက္​လို႔ မ​ေျဖျခင္​း မာနႀကီးျခင္​းမဟုတ္​ပါဘူး။”လုိ႔ ေျပာသြားခဲ့ပါတယ္။

နယ္ေတြမွာ သီးသန္႔အင္တာဗ်ဴးလုပ္မယ္ဆုိရင္ အႏုပညာေၾကး မေပးရဘူးလားဆုိတဲ့ ေမးခြန္းကုိ ေနထူးႏုိင္က “အဓိက တစ္ေယာက္နဲ႔ တစ္ေယာက္က အခ်ိန္ယူရမယ္။ ကြၽန္ေတာ္႐ုိက္ကြင္းမွာ အင္တာဗ်ဴးမလုပ္ဘူး။ ကြၽန္ေတာ့္႐ုိက္ကြင္းမွာ လာၿပီးေတာ့ အင္တာဗ်ဴးလုပ္ရင္လည္း ကြၽန္ေတာ္ မၾကဳိက္ဘူး။ ဘာလုိ႔လဲဆုိေတာ့ ကြၽန္ေတာ္တုိ႔ေတြ အခ်ိန္က ၂၄နာရီလုံး မအားတာ မဟုတ္ဘူး။ ႏုိင္ငံတကာလုိ ဒီဇာတ္Frameႀကီးကုိတစ္ႏွစ္လုံး ေခါင္းထဲမွာ ထည့္ထားတာမဟုတ္ဘူး။ ကြၽန္ေတာ္ဒီကားၿပီးရင္ ေသခ်ာတယ္ ၂ရက္၃ရက္ေတာ့ ဟတာပဲ။

အဲ့အခ်ိန္တြင္းမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ Respectေပါ့ေနာ္ ကုိေနထူးႏုိင္ေရကြၽန္မတုိ႔ေတာ့ ဘယ္လုိေလးလုပ္ခ်င္တယ္။ ဒါဆုိရင္ ကြၽန္ေတာ္လည္း အခ်ိန္ပုိၿပီးေပးရတာ မဟုတ္ဘူး ညီမတုိ႔အတြက္လည္း သြားရလာရတာ အဆင္ေျပတယ္။ ကြၽန္ေတာ္ကေတာ့ အဲ့လုိမ်ိဳး ျမင္တယ္။ လာပါ ကြၽန္ေတာ့္ကုိ အခ်ိန္ေပးပါ ကြၽန္ေတာ္လည္း အခ်ိန္ေပးပါမယ္။ ႐ုုိက္ကြင္းကုိသာလွ်င္ ကြၽန္ေတာ္ အင္တာဗ်ဴးမလုပ္တာပါ။ ကြၽန္ေတာ္အားတဲ့အခ်ိန္မွာ မည္သည့္စာနယ္ဇင္း မည္သည့္႐ုပ္သံမဆုိ ကြၽန္ေတာ္ အင္တာဗ်ဴးလုပ္ေပးပါတယ္။ ခုဏက ကြၽန္ေတာ္ အႏုပညာေၾကးယူတယ္ဆုိတာကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ Respectလုပ္လုိက္တဲ့ သေဘာပါ။

ကြၽန္ေတာ္ေၾကာင့္ သူမ်ားပြဲကုိ တက္တဲ့အခ်ိန္မွာ အေနာက္အယွက္မျဖစ္ေစခ်င္သလုိ သူတုိ႔စိတ္ထဲမွာလည္း ဟာေနထူးႏုိင္ကုိပဲ ဝုိင္းေမးေနၾကတယ္။ အခုစုိးသီဟပြဲ ကြၽန္ေတာ့္ကုိဝုိင္းေမးေနတယ္ သူ႔ကုိဘယ္သူမွမေမးဘူးဆုိရင္သူ႔စိတ္ထဲမွာ ဘယ္လုိေနမလဲ။ ကြၽန္ေတာ္က ခုဏေျပာသလုိ ႏွစ္ေပါင္း၂၀ေက်ာ္သြားၿပီ အႏုပညာေလာကထဲေရာက္တာ အရမ္းနာမည္ႀကီးတဲ့ မင္းသားႀကီးရဲ႕ ေနာက္ကုိ လုိက္ၿပီးေတာ့ ကြၽန္ေတာ္ ဖိနပ္ကုိင္ အဝတ္ေခါက္ခဲ့ရတာ။ ႐ွဴတင္မန္ေနဂ်ာလုပ္ရတယ္ ႐ွဴတင္ကားေမာင္းရတယ္။ အမ်ားႀကီးပဲ အဲ့ဘဝကေန ကြၽန္ေတာ္လာတာေလ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နာမည္ၾကီး

# Unicode Version ျဖင့္ ဖတ္ပါ #

အနုပညာလောကထဲမှာ တော်တော်ကြာကြာကျင်လည်ခဲ့ပြီး လက်ရှိအချိန်မှာ တောကားတွေကို ရိုက်တယ်ဆိုပြီး facebook ပေါ်မှာ troll တာတော်တော်များများကို ခံနေရတဲ့ နေထူးနိုင်ကတော့ မီဒီယာတွေက သူ့ကို အင်တာဗျူးလုပ်ရင် အနုပညာကြေးပေးရမယ်လို့ သတ်မှတ်ထားပြီး ဘာကြောင့် ဒီလိုမျိုးသတ်မှတ်ထားလဲဆိုတာကို အင်တာဗျူးတစ်ခုမှ ပြောသွားခဲ့ပါတယ်။

အင်တာဗျူးဖြေရင် ပိုက်ဆံယူတာနဲ့ ပတ်သက်ပြီးနေထူးနိုင်က “ကျွန်တော် စာနယ်ဇင်းတွေကို မဖြေတာကြာပါပြီ။ အခုလာမေးတဲ့ စာနယ်ဇင်းတွေက ရန်ကုန်ကနေ မန္တလေး ထိလာပြီးတော့ တကူးတကလာမေးတဲ့အတွက် ကျွန်တော်ဘက်က ပြန်ပြီးတော့ တုံ့ပြန်တဲ့အနေနဲ့ အခုလိုမျိုးဖြေခြင်းဖြစ်ပါတယ်။ ကျွန်တော့်မွေးနေတုန်းက အင်တာဗျူးလုပ်ရင် အနုပညာကြေးယူမယ်ဆိုတာပြောထားပါတယ်။ ကျွန်တော်တကယ်လဲယူပါတယ်။ ဘာကြောင့်ယူရလဲဆိုတဲ့ အကြောင်းအရင်းရှိပါတယ်။

ကျွန်တော်တို့က အခုစိုးသီဟပွဲကိုလာတယ် အဲ့ဒီအချိန်မှာအခု ကျွန်တော့်ကိုဝိုင်းပြီးမေးနေကြတယ်။ ဒါဆိုရင် စိုးသီဟအတွက်ရော ကောင်းသလား။ ဘယ်သူ့အတွက်မှမကောင်းဘူးလေ။ အဲ့တော့ ဒီ မီဒီယာအတွက်နဲ့ ကျွန်တော်တို့ကို အသုံးချသလိုကြီး ဖြစ်နေတယ်။ အဲ့တော့ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ကျွန်တော်တို့တွေက အနုပညာမောင်နှမတွေ ကျွန်တော်တို့ကို ပရိသတ်နဲ့ထိတွေ့ပေးတယ်။ ကျွန်တော်တို့ကို ပရိသတ်နဲ့ပေါင်းကူးပေးတယ် ဆိုတဲ့အချိန်မှာ ကျွန်တော် သူတို့ရဲ့လက်ရှိလာတက်တဲ့ ပွဲရဲ့ Image ကိုမထိခိုက်စေချင်လို့ အဲ့လိုအနုပညာကြေးယူတယ်လို့ ပြောခြင်းဖြစ်တယ်။

တစ်ချိူ့ကကျတော့ ပြောပါတယ်။ တောကားရိုက်ပြီး တောမင်းသားက အင်တာဗျူးလုပ်ရင် ပိုက်ဆံယူတယ်။ ဒါကဒီစာနယ်ဇင်းတွေထဲ ကပဲထိုးတယ်ဆိုတာလဲ ကျွန်တော်သိပါတယ်။ သူတို့က သူတို့အမြင်ကလဲအဲ့လိုမြင်တယ် ကျွန်တော်ကလဲ ကျွန်တော့အမြင်ပေါ့။ပြီးတော့ဗျာ ရုပ်ရှင်ကားကို Press Show သွားကြည့်တယ်ဆိုကြပါစို့။ ကြည့်တဲ့အချိန်မှာကျွန်တော့်အာ့ဇာတ်ကားကိုမကြည့်ရသေးဘူး ကျွန်တော့်ကို အင်တာဗျူးမယ်ဆိုတော့ ကျွန်တော်ဘယ်လိုဖြေပေးရမလဲ။ ဒီကားအကြောင်းလဲကျွန်တော်မသိဘူးဗျာ။ အဲ့တော့ကျွန်တော်ဒီကားကြည့်ပြီးပြီလား ကြည့်ပြီးထွက်လာတဲ့အချိန်မှာ ဒီကားနဲ့ပတ်သက်တာမေးရင်ကျွန်တော်ဖြေပါတယ်။

ဆိုလိုတာက ကျွန်တော်မကြည့်ရသေးတဲ့ကားကြီးကိုလာပြီးတော့ မေးတယ်ဆိုရင် ကျွန်တော်ဘယ်လိုမှ မဖြေနိုင်ဘူးလေ။ မဖြေနိုင်တာကြီးကို သူ့အတွက်လဲ အချိန်ကုန်သလို သူ့အတွက်လဲအချိန်ကုန်တယ်။ တခြားသောလက်ရှိဒီပွဲကြီးကိုကျင်းပနေတဲ့ လူတွေအတွက်လဲနှမြောစရာကြီးလေ။ အဲ့အတွက်ကျွန်တော်မဖြေခြင်းဖြစ်ပါတယ်။ အဲ့လိုမျိူး တောသားတောကားရိုက်လို့ မဖြေခြင်း မာနကြီးခြင်းမဟုတ်ပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

နယ်တွေမှာ သီးသန့်အင်တာဗျူးလုပ်မယ်ဆိုရင် အနုပညာကြေး မပေးရဘူးလားဆိုတဲ့ မေးခွန်းကို နေထူးနိုင်က “အဓိက တစ်ယောက်နဲ့ တစ်ယောက်က အချိန်ယူရမယ်။ ကျွန်တော်ရိုက်ကွင်းမှာ အင်တာဗျူးမလုပ်ဘူး။ ကျွန်တော့်ရိုက်ကွင်းမှာ လာပြီးတော့ အင်တာဗျူးလုပ်ရင်လည်း ကျွန်တော် မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေ အချိန်က ၂၄နာရီလုံး မအားတာ မဟုတ်ဘူး။ နိုင်ငံတကာလို ဒီဇာတ်Frameကြီးကိုတစ်နှစ်လုံး ခေါင်းထဲမှာ ထည့်ထားတာမဟုတ်ဘူး။ ကျွန်တော်ဒီကားပြီးရင် သေချာတယ် ၂ရက်၃ရက်တော့ ဟတာပဲ။

အဲ့အချိန်တွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် Respectပေါ့နော် ကိုနေထူးနိုင်ရေကျွန်မတို့တော့ ဘယ်လိုလေးလုပ်ချင်တယ်။ ဒါဆိုရင် ကျွန်တော်လည်း အချိန်ပိုပြီးပေးရတာ မဟုတ်ဘူး ညီမတို့အတွက်လည်း သွားရလာရတာ အဆင်ပြေတယ်။ ကျွန်တော်ကတော့ အဲ့လိုမျိုး မြင်တယ်။ လာပါ ကျွန်တော့်ကို အချိန်ပေးပါ ကျွန်တော်လည်း အချိန်ပေးပါမယ်။ ရိုက်ကွင်းကိုသာလျှင် ကျွန်တော် အင်တာဗျူးမလုပ်တာပါ။ ကျွန်တော်အားတဲ့အချိန်မှာ မည်သည့်စာနယ်ဇင်း မည်သည့်ရုပ်သံမဆို ကျွန်တော် အင်တာဗျူးလုပ်ပေးပါတယ်။ ခုဏက ကျွန်တော် အနုပညာကြေးယူတယ်ဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက် Respectလုပ်လိုက်တဲ့ သဘောပါ။

ကျွန်တော်ကြောင့် သူများပွဲကို တက်တဲ့အချိန်မှာ အနောက်အယှက်မဖြစ်စေချင်သလို သူတို့စိတ်ထဲမှာလည်း ဟာနေထူးနိုင်ကိုပဲ ဝိုင်းမေးနေကြတယ်။ အခုစိုးသီဟပွဲ ကျွန်တော့်ကိုဝိုင်းမေးနေတယ် သူ့ကိုဘယ်သူမှမမေးဘူးဆိုရင်သူ့စိတ်ထဲမှာ ဘယ်လိုနေမလဲ။ ကျွန်တော်က ခုဏပြောသလို နှစ်ပေါင်း၂၀ကျော်သွားပြီ အနုပညာလောကထဲရောက်တာ အရမ်းနာမည်ကြီးတဲ့ မင်းသားကြီးရဲ့ နောက်ကို လိုက်ပြီးတော့ ကျွန်တော် ဖိနပ်ကိုင် အဝတ်ခေါက်ခဲ့ရတာ။ ရှူတင်မန်နေဂျာလုပ်ရတယ် ရှူတင်ကားမောင်းရတယ်။ အများကြီးပဲ အဲ့ဘဝကနေ ကျွန်တော်လာတာလေ။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နာမည်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top