သံလမ်းမှတ်တိုင်အနီး ဓမ္မသုခကျောင်းလမ်းရှိ မြေအချိုးကျ ပိုင်ဆိုင်မည့် The Leaf Residence အထူးအရောင်းပြပွဲ
×






# Unicode Version ဖြင့် ဖတ်ပါ #

၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ၁ရက်နေ့တွင် ကျင်းပမည့် ၂၃ကြိမ်မြောက် ကျပ်၅၀၀တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီအက္ခရာလုံးရေ ၅၂ လုံးအား မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ဖြန့်ချီရောင်းချခဲ့ပါသည်။

ထိုသို့ဖြန့်ချီရာတွင် အောင်ဘာလေသိန်းဆုဌါနခွဲ ( မန္တလေးရုံးခွဲ ) မှမကွေးတိုင်းဒေသကြီးသို့ ဖြန့်ချီသော ထီစာအုပ်များအနက် ထီစာအုပ် ၁၂၈၅အုပ် ( စောင်ရေ ၁၄၁၃၅ စောင်မှာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့သို့ စာတိုက်ချောဖြင့် ပို့ဆောင်ခဲ့ရာ လမ်းခရီးတွင်ပျောက်ဆုံးခဲ့ပါသည်။

ဖော်ပြပါ ပျောက်ဆုံးသွားသော ထီစာအုပ် ၁၂၈၅အုပ်သည် အောင်ဘာလေသိန်းဆုဌါနခွဲမှ မရောင်းချရသေးသည့်ထီစာအုပ်များဖြစ်ပါသည်။

၂၀၁၉ ခုနှစ်ဖေဖေါ်ဝါရီလ ၁ရက်နေ့တွင် ကျင်းပမည့် ၂၃ကြိမ်မြောက်ကျပ်၅၀၀တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် အဆိုပါ ထီလက်မှတ်နံပါတ်များမှ ဆုမဲများထွက်ပေါ်လာပါက အခူးဆုကြီးစနစ်နှင့် ဆုတစ်ဆုချင်းစနစ်တွင်ဖြစ်လျှင်ရောင်းချရသည့်ထီလက်မှတ်ဂဏန်းထွက်ပေါ်လာသည်အထိ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဝေဝေဆာဆာပဒေသာဆုမဲ စနစ်တွင်ဖြစ်လျင် ဆုမဲတန်ဖိုး စုစုပေါင်းအတွက် ဖွင့်လှစ်ပေးမည့် ဆုမဲများကြေငြာ၍ အစားထိုးပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ အဆိုပါပျောက်ဆုံးသွားသည့်ထီလက်မှတ်နံပါတ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ပြည်တွင်းအခွန်များဦးစီးဌါန
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top