ေဟာင္ေကာင္ႏိုင္ငံ လူမႈ႕ကြန္ရက္မွာ Bikini Climber  ဆိုျပီး နာမည္ၾကီးေနတဲ့ Gigi Wu တစ္ေယာက္ ကေတာ့ ပရိသတ္ၾကီးကို ႏႈတ္ဆက္သြားျပီပဲ ျဖစ္ပါတယ္ ။ သူမဟာ အမ်ားနဲ႔မတူတဲ့ ဖက္ရွင္ တစ္မ်ိဳးနဲ႔ ေတာင္တက္ေလ့ရွိပါတယ္။ ဘီကီနီ ၊ ေရကူးဝတ္စံု လိုမ်ိဳးကို ဝတ္ဆင္ျပီး ေတာင္တက္ေလ့ရွိတဲ့ သူမဟာ လူ႔မႈ႕ကြန္ယက္မွာ စိတ္ဝင္စားမႈ႕ကို ရရွိခဲ့သူပဲ ျဖစ္ပါတယ္။

Gigi ဟာ ေတာင္တက္သြားတဲ့ အခါတိုင္း ျဂိဳဟ္တုဖုန္းကိုသာ အသံုးျပဳေလ့ရွိသူျဖစ္ပါတယ္ ။ အခုတစ္ေခါက္ ေတာင္တက္တဲ့အခါမွာေတာ့ သူမဟာ ထိုင္ဝမ္က Yushan အမ်ိဳးသားဥယ်ာဥ္အတြင္းက ေတာင္တစ္ခုကို တက္ေရာက္စဥ္ လ်ိဳတစ္ခုအတြင္း ျပဳတ္က် ခဲ့တယ္လို႔ သူမကိုယ္တိုင္  သတင္းေပးခဲ့ပါတယ္ ။

ထိုသတင္းေပးခ်က္ကို သိသိျခင္းပဲ ကယ္ဆယ္ေရးအဖြဲ႔ေတြဟာ သူမ ရွိႏိုင္တဲ့ လ်ိဳအတြင္းဆီသို႔ ကယ္ဆယ္ေရးထြက္ခြာခဲ့ေသာ္လည္း ဆီႏွင္းေတြ ပိန္းပိတ္ပိန္းေအာင္ က်ေနျပီး ရာသီဥတုက အလြန္ဆိုးရြားတဲ့အတြက္ မေန႔ကအထိ သူမကို ရွာမေတြ႕ခဲ့ပါဘူး။

Gigi ဟာ သူမရဲ႕ ဘီကီနီနဲ႔သာ ေတာင္တက္ခရီးထြက္သြားခဲ့တာမုိ႔ အဝတ္အစားလည္း မ်ားမ်ားစားစား ယူမသြားခဲ့ျခင္းက သူမကို ေအးခဲေသေစသည္အထိ ျဖစ္ေစခဲ့ပါတယ္။ သူမကို ေတြ႕တဲ့အခ်ိန္မွာ ခ်မ္းလြန္းလုိ႔ တစ္ကုိယ္လုံးကို ေကြးကာ အခ်မ္းဒဏ္ကာကြယ္ခဲေ့ပမယ့္၊ ေသြးခဲၿပီး ေသဆုံးသြားပါေတာ့တယ္။

ေနာက္ၿပီး Gigi ဟာ ေပ(၁၀၀)အျမင့္ကေန ဒလိမ့္ေခါက္ေကြး ျပဳတ္က်ထားၿပီး၊ ဒဏ္ရာေတြကုိ စစ္ေဆးရာမွာေတာ့ အသက္ေသေစႏုိင္ေလာက္တဲ့ အေနအထား မဟုတ္ေသာ္လည္း လမ္းေလွ်ာက္ဖုိ႔ အလြန္ခဲ့ယဥ္းေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။ ကယ္ဆယ္ေရးအဖြဲ႕ရဲ႕အဆုိအရ သူမရဲ႕ အိိတ္ထဲမွာလည္း ဘီကီနီေတြသာ လဲလွယ္ဝတ္ဖုိ႔ ပါလာတယ္လုိ႔ ဆုိပါတယ္။ တစ္ျခား ထူထူထဲထဲ အေႏြးထည္ ပါမသြားျခင္းကလည္း ေရခဲေလာက္ေအာင္ ေအးတဲ့ေဆာင္းရာသီဒဏ္ကို ႀကံ့ႀကံ့ခံနုိင္ဖုိ႔ မလြယ္ပါဘူး။ အခုေတာ့ Gigi ဟာ သူမကုိ နာမည္ႀကီးေစခဲ့တဲ့ ဘီကီနီေၾကာင့္ပဲ၊ မေသသင့္ဘဲ အသက္ေသခဲ့ရတယ္လုိ႔ ဆုိေနၾကပါတယ္။

ပရိသတ္ၾကီးေရ ဘယ္ေနရာပဲ သြားသြား သတိဆိုတာ ပိုတယ္လို႔ မရွိပါဘူးေနာ္ တန္ေဆး လြန္ေဘးမို႔ ဘယ္အရာကိုမွ အလြန္အကြ်န္မလုပ္မိေစဖို႔ ဖိုးသူေတာ္က သတိေပးလိုက္ပါတယ္ေနာ္

ဖိုးသူေတာ္ (www.phothutaw.com)

# Unicode Version ျဖင့္ ဖတ္ပါ #

ဟောင်ကောင်နိုင်ငံ လူမှု့ကွန်ရက်မှာ Bikini Climber     ဆိုပြီး နာမည်ကြီးနေတဲ့ Gigi Wu တစ်ယောက် ကတော့ ပရိသတ်ကြီးကို နှုတ်ဆက်သွားပြီပဲ ဖြစ်ပါတယ် ။ သူမဟာ အများနဲ့မတူတဲ့ ဖက်ရှင် တစ်မျိုးနဲ့ တောင်တက်လေ့ရှိပါတယ်။ ဘီကီနီ ၊ ရေကူးဝတ်စုံ လိုမျိုးကို ဝတ်ဆင်ပြီး တောင်တက်လေ့ရှိတဲ့ သူမဟာ လူ့မှု့ကွန်ယက်မှာ စိတ်ဝင်စားမှု့ကို ရရှိခဲ့သူပဲ ဖြစ်ပါတယ်။

Gigi ဟာ တောင်တက်သွားတဲ့ အခါတိုင်း ဂြိုဟ်တုဖုန်းကိုသာ အသုံးပြုလေ့ရှိသူဖြစ်ပါတယ် ။ အခုတစ်ခေါက် တောင်တက်တဲ့အခါမှာတော့ သူမဟာ ထိုင်ဝမ်က Yushan အမျိုးသားဥယျာဉ်အတွင်းက တောင်တစ်ခုကို တက်ရောက်စဉ် လျိုတစ်ခုအတွင်း ပြုတ်ကျ ခဲ့တယ်လို့ သူမကိုယ်တိုင်  သတင်းပေးခဲ့ပါတယ် ။

ထိုသတင်းပေးချက်ကို သိသိခြင်းပဲ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သူမ ရှိနိုင်တဲ့ လျိုအတွင်းဆီသို့ ကယ်ဆယ်ရေးထွက်ခွာခဲ့သော်လည်း ဆီနှင်းတွေ ပိန်းပိတ်ပိန်းအောင် ကျနေပြီး ရာသီဥတုက အလွန်ဆိုးရွားတဲ့အတွက် မနေ့ကအထိ သူမကို ရှာမတွေ့ခဲ့ပါဘူး။

Gigi ဟာ သူမရဲ့ ဘီကီနီနဲ့သာ တောင်တက်ခရီးထွက်သွားခဲ့တာမို့ အဝတ်အစားလည်း များများစားစား ယူမသွားခဲ့ခြင်းက သူမကို အေးခဲသေစေသည်အထိ ဖြစ်စေခဲ့ပါတယ်။ သူမကို တွေ့တဲ့အချိန်မှာ ချမ်းလွန်းလို့ တစ်ကိုယ်လုံးကို ကွေးကာ အချမ်းဒဏ်ကာကွယ်ခဲေ့ပမယ့်၊ သွေးခဲပြီး သေဆုံးသွားပါတော့တယ်။

နောက်ပြီး Gigi ဟာ ပေ(၁၀၀)အမြင့်ကနေ ဒလိမ့်ခေါက်ကွေး ပြုတ်ကျထားပြီး၊ ဒဏ်ရာတွေကို စစ်ဆေးရာမှာတော့ အသက်သေစေနိုင်လောက်တဲ့ အနေအထား မဟုတ်သော်လည်း လမ်းလျှောက်ဖို့ အလွန်ခဲ့ယဉ်းကြောင်း တွေ့ရှိခဲ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ရဲ့အဆိုအရ သူမရဲ့ အိတ်ထဲမှာလည်း ဘီကီနီတွေသာ လဲလှယ်ဝတ်ဖို့ ပါလာတယ်လို့ ဆိုပါတယ်။ တစ်ခြား ထူထူထဲထဲ အနွေးထည် ပါမသွားခြင်းကလည်း ရေခဲလောက်အောင် အေးတဲ့ဆောင်းရာသီဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ မလွယ်ပါဘူး။ အခုတော့ Gigi ဟာ သူမကို နာမည်ကြီးစေခဲ့တဲ့ ဘီကီနီကြောင့်ပဲ၊ မသေသင့်ဘဲ အသက်သေခဲ့ရတယ်လို့ ဆိုနေကြပါတယ်။

ပရိသတ်ကြီးရေ ဘယ်နေရာပဲ သွားသွား သတိဆိုတာ ပိုတယ်လို့ မရှိပါဘူးနော် တန်ဆေး လွန်ဘေးမို့ ဘယ်အရာကိုမှ အလွန်အကျွန်မလုပ်မိစေဖို့ ဖိုးသူတော်က သတိပေးလိုက်ပါတယ်နော်

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top