ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


ရည္စားကသူ႔မွာကုိယ္၀န္ရွိလာေၾကာင္းေျပာရာမွ စကားမ်ားကာ ဓါးနဲ႔ ထိုးျပီး ေခ်ာက္ထဲတြန္းခ်ခဲ႔တဲ႔ ျဖစ္ရပ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း ဟုိပန္ျမိဳ႔တြင္ ခ်စ္ၾကိဳက္ရာမွ ကုိယ္၀န္ရွိလာ ေသာေၾကာင္႔ ရည္းစားျဖစ္သူမိန္းကေလး အား ဓါးနဲ႔ ထိုးသတ္ျပီး ေခ်ာက္အတြင္းတြန္းခ်မႈ ျဖစ္ပြားခဲ႔ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၁၂.၁၂.၂၀၁၈ ရက္ေန႔က နံနက္ ၁၁ နာရီ ၄၅မိနစ္အခ်ိန္ ဟုိပန္ျမိဳ႕နယ္ ပန္လုံရပ္ကြက္ ႏွင္႔ ေမာ္ေဟြရြာၾကား ဗ်ာဒိတ္ေပးဘုရားသြားလမ္း၏ ၀ဲဘက္ အနက္ ၁၅ေပခန္႔ရွိ ေခ်ာက္ထဲ ၌ ၉ရက္ေန႔ ည ၆နာရီးအခ်ိန္က အိမ္အလည္သြားရာမွ ေပ်ာက္ဆုံးေနသူ မ ××× ၁၅ႏွစ္အား ေသဆုံးေနသည္ကုိ အစ္ကုိျဖစ္သူမွ ေတြ႔ရွိရသျဖင္႔ အေရးယူေပးရန္ တိုင္ၾကားခ်က္အရ ဟိုပန္ျမိဳ႕မ ရဲစခန္း မွ (ပ)၃၁/၂၀၁၈ ရာဇသတ္ၾကီးပုဒ္မ ၃၀၂ ျဖင္႔ အမႈဖြင္႔ စုံစမ္းေဆာင္ရြက္ခဲ႔သည္။

ထိုတိုင္တန္းခ်က္အရ ရဲတပ္ဖြဲ႔၀င္မ်ား က ျပစ္မႈက်ဴးလြန္သူ အားဖမ္းဆီးရမိႏိုင္ေရး ေဆာင္ရြက္ေနစဥ္ အမႈမွ မသကၤာသူ ေနာင္မိုရြာေန ဆိုင္လိန္ (ခ) အိုက္လိန္ (၁၇)ႏွစ္အား စစ္ေဆးခဲ႔ရာ ၄င္းႏွင္႔ ေသဆုံးသူ  မ××× တို႕ ခ်စ္ၾကိဳက္ခဲ႔ရာမွ ၉.၁၂.၂၀၁၈ ညပိုင္းက အခင္းျဖစ္ေနရာတြင္ ေတြ႕ဆုံစကားေျပာရာ မ××× က သူ႕မွာ ကုိယ္၀န္ရွိေနေၾကာင္းေျပာရင္း ႏွစ္ဦးစကားမ်ားၾကရာမွ အိုက္လိန္က အသင္႔ပါလာေသာ စတီးဓါးျဖင္႔ထိုးကာ လမ္းေဘးေခ်ာက္ထဲသုိ႕ တြန္းခ်ခဲ႔ေၾကာင္း ၀န္ခံ ထြက္ဆိုခဲ႔သျဖင္႔ ဆိုင္လိန္ (ခ)အိုက္လိန္အားး ဖမ္းဆီးစစ္ေဆး ေဆာင္ရြက္လ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Real News

#Unicode Version#

ရည်စားကသူ့မှာကိုယ်ဝန်ရှိလာကြောင်းပြောရာမှ စကားများကာ ဓါးနဲ့ ထိုးပြီး ချောက်ထဲတွန်းချခဲ့တဲ့ ဖြစ်ရပ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့တွင် ချစ်ကြိုက်ရာမှ ကိုယ်ဝန်ရှိလာ သောကြောင့် ရည်းစားဖြစ်သူမိန်းကလေး အား ဓါးနဲ့ ထိုးသတ်ပြီး ချောက်အတွင်းတွန်းချမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၁၂.၁၂.၂၀၁၈ ရက်နေ့က နံနက် ၁၁ နာရီ ၄၅မိနစ်အချိန် ဟိုပန်မြို့နယ် ပန်လုံရပ်ကွက် နှင့် မော်ဟွေရွာကြား ဗျာဒိတ်ပေးဘုရားသွားလမ်း၏ ဝဲဘက် အနက် ၁၅ပေခန့်ရှိ ချောက်ထဲ ၌ ၉ရက်နေ့ ည ၆နာရီးအချိန်က အိမ်အလည်သွားရာမှ ပျောက်ဆုံးနေသူ မ ××× ၁၅နှစ်အား သေဆုံးနေသည်ကို အစ်ကိုဖြစ်သူမှ တွေ့ရှိရသဖြင့် အရေးယူပေးရန် တိုင်ကြားချက်အရ ဟိုပန်မြို့မ ရဲစခန်း မှ (ပ)၃၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။

ထိုတိုင်တန်းချက်အရ ရဲတပ်ဖွဲ့ဝင်များ က ပြစ်မှုကျူးလွန်သူ အားဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေစဉ် အမှုမှ မသင်္ကာသူ နောင်မိုရွာနေ ဆိုင်လိန် (ခ) အိုက်လိန် (၁၇)နှစ်အား စစ်ဆေးခဲ့ရာ ၎င်းနှင့် သေဆုံးသူ  မ××× တို့ ချစ်ကြိုက်ခဲ့ရာမှ ၉.၁၂.၂၀၁၈ ညပိုင်းက အခင်းဖြစ်နေရာတွင် တွေ့ဆုံစကားပြောရာ မ××× က သူ့မှာ ကိုယ်ဝန်ရှိနေကြောင်းပြောရင်း နှစ်ဦးစကားများကြရာမှ အိုက်လိန်က အသင့်ပါလာသော စတီးဓါးဖြင့်ထိုးကာ လမ်းဘေးချောက်ထဲသို့ တွန်းချခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သဖြင့် ဆိုင်လိန် (ခ)အိုက်လိန်အားး ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top