စင်္ကာပူတွင်ကျင်းပမည့် ကိုယ်ပိုင်ကမ်းခြေအသစ် Kangyi Paradise ရှိ မြေကွက် နှင့် Service Apartment အရောင်းပြပွဲ
×
ဘာကြောင့်လဲဆိုတော့ ပထမ မိန်းလေးက ယောကျာင်္းတွေအများကြီးတွဲခဲ့တယ်။ လေ့လာတယ်။
ဒုတိယ မိန်းလေးက ယောကျားတစ်ယောက်ကိုသာ တွဲပီး အဲ့ယောကျာင်္း ကိုပ ကောင်းကောင်း မကောင်းကာင်း သူနဲ့သာ အိမ်ထောင်ပြုကြတယ်။
လူတကာငေးမောကြတယ်။ လူတကာအားကြတယ်။
Credit: Original
# Unicode Version ဖြင့် ဖတ်ပါ #
မိန်းမတော်တော်များက အိမ်ထောင်ကျ ကံကောင်း မကောင်းဆိုတာမသိနိုင်ပါဘူး။ ကိုယ်တွေ့ဖူးတဲ့ မိန်းလေးတွေရှိတယ်။
အိမ်ထောင်မကျခင်က ယောကျာၤးတွေနဲ့ တယောက်ပီး တယောက်တွဲ။ တစ်ယောက်တောင် မပြတ်သေးဘူး နောက်တစ်ယောက်က အဆင်သင့်။
ဒါမဲ့ အဲ့လိုမိန်းမတော်တော်များများက အိမ်ထောင်ကျကံကောင်းလိုက်ကြတာ။
သူတို့ယောင်္ကျားတွေက ရွှေတဆင်ဆာ ကားတွေ ဘာတွေ အပြည့်စုံထားပေးကြတယ်။
ဒါမှမဟုတ် စိတ်ချမ်းသာအောင်ထားပေးကြတယ်။အမြဲတမ်းတောက်တောက်ပြောင်နေရတယ်။
ဒါမဲ့ တချို့မိန်းမတွေကတော့လည်း အိမ်ထောင်မကျခင် ချစ်သူတစ်ယောက်တည်းအပေါ် သစ္စာရှိခဲ့တယ်။ သူ့အပေါ်အနှစ်နာခံခဲ့တယ်။
သူတို့ဘယ်လောက်ဆိုးဆိုး မပြတ်နိုင်ခဲ့ဘူး။ သူ့တစ်ယောက်တည်းကိုသာ ချစ်ခဲ့ကြတယ်။
ဘေးမှာ တခြားယောက်င်္ကျားတွေ ချစ်ခွင့်ပန်ရင်တောင်ငြင်းပယ်ခဲ့ကြတယ်။တစ်ကမ္ဘာလုံးမှာ ယောကျာၤး တစ်ယောက်ပဲရှိတယ်လို့မြင်ခဲ့ကြတယ်။
ဒါပေမဲ့ အဲ့လောက်ကောင်းတဲ့ မိန်းခလေး အိမ်ထောင်ကျတဲ့ အခါ တော်တော်များကံဆိုးကြတယ်။ အိမ်ထောင်ကျကံမကောင်းဘူး။
ဘာကြောင့်လဲဆိုတော့ ပထမ မိန်းလေးက ယောကျာၤးတွေအများကြီးတွဲခဲ့တယ်။ လေ့လာတယ်။
သူ့ပေါ် ဘယ်သူ အနစ်နာခံလဲ။ သူအပေါ်မကောင်းတဲ့သူဆို စွန့်ပစ်တယ်။ အဲ့ထဲက သူ့အပေါ်အကောင်းဆုံးယောင်္ကျားကို သာသူရွှေးချယ်ခဲ့တယ်။
ဒုတိယ မိန်းလေးက ယောကျားတစ်ယောက်ကိုသာ တွဲပီး အဲ့ယောကျာၤး ကိုပ ကောင်းကောင်း မကောင်းကာင်း သူနဲ့သာ အိမ်ထောင်ပြုကြတယ်။
တခြားလူကို သူတို့ မလေ့လာခဲ့ကြဘူး။ မရွှေးချယ်ပဲယူလိုက်တယ်။ ဒါကြောင့်လည်း ဒုက္ခရောက်ကြတယ်။
အိမ်ထောင်ကျကံကောင်းတဲ့ မိန်းခလေးက ဘာနဲ့တူလည်းဆိုတာ အရမ်းတန်ဖိုးကြီးတဲ့ သရဖူ တစ်ခုရတာနဲ့တူတယ်။
လူတကာငေးမောကြတယ်။ လူတကာအားကြတယ်။
အိမ်ထောင်ကျ ကံဆိုးတဲ့မိန်းမကျတော့ အရမ်းလေးတဲ့ သံခမောက်ရတာနဲ့တူတယ်။ နေကလည်းပူ ချွတ်လို့လည်းမရ။ အရိပ်တော့ရတယ်။ ဒါပေမဲ့လေးတယ်။
တချို့ယောက်င်္ကျားက သံခမောက်နဲ့တူကြတယ်။ မိန်းမသားတွေက အဲ့ယောင်္ကျားနဲ့ ကွာမယ်ဆိုတော့လည်း သားသမီးမျက်နှာထောက်ရ ။
အဖေမရှိမျက်နှာငယ်မှာလည်းဆိုး။ ယောင်္ကျားမရှိတော့ သူများ အထင်သေးခံရမှာလည်းကြောက် အကြောင်းအမျိုးမျိုးကြောင့် ဆိုးသွမ်းပေမဲ့မကွာနိုင်။
သံခမောက်နဲ့တူတယ်။ မဆောင်းရင်လည်းနေပူ။ ဆောင်းရင်ကျတော့လည်း အရမ်းလေး။ ဒါနဲ့ပဲ သံသယာလည်။
ဒါကြောင့်အိမ်ထောင်မကျသေးတဲ့ ညီမငယ်များ အိမ်ထောင်ကျမယ်ဆိုသံခမောက်နဲ့ သရဖူကို ရွှေးချယ်ကြပါ။
ရည်းစားဘဝကတည်းက ကိုယ့်အပေါ်မကောင်းတဲ့ယောင်္ကျားက အိမ်ထောင်ကျသွားရင်ကောင်းမယ်လို့မထင်ကြပါနဲ့။
ပိုဆိုးသွားမယ်။ သူတို့သာ ကိုယ့်ကို တကယ်ချစ်ရင် ကိုယ့်အပေါ်အနှစ်နာခံမယ်။ ရိုးသားမယ်။ ကြိုးစားမယ်။
ညမငယ်တို့ရေ မိုက်ရူးရဲမဆန်ပါနဲ့။ အိမ်ထောင်ကျတယ်ဆိုတာ တစ်ဘဝစာ အတွက်ပါ။ မရွှေးချယ်ပဲမဆုံးဖြတ်ကြပါနဲ့ယ ရွှေးချယ်ကြပါ။ သေချာလေး ရွှေးချယ်ကြပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Original
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top