ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ျမင့္ျမတ္ဟာ လြန္ခဲ့တဲ့နွစ္ေတြအၾကာကတည္းက ေအာင္ျမင္လာခဲ့တဲ့ ျမန္မာနုိင္ငံရဲ႕ ထိပ္တန္းမင္းသားတစ္ေယာက္ျဖစ္ျပီး တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို ရရွိပုိင္ဆိုင္ထားသူတစ္ဦးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ျမင့္ျမတ္က လုပ္ေဖာ္ကုိင္ဖက္ေတြရဲ႕ ေလးစားမႈေတြျမတ္နိုးမႈေတြကုိ အပုိင္သိမ္းထားသူလည္းျဖစ္ပါတယ္။ ဟုိတေလာကလည္း လူမႈကြန္ယက္မွာ လႈိင္သာယာက ဆိုးေပ့မုိက္ေပ့ဆိုတဲ့လူမုိက္တစ္ဦးက ျမင့္ျမတ္ရဲ႕အဆံုးအမေၾကာင့္ လိမ္မာသြားတယ္ဆိုတဲ့ သတင္းေကာင္းတစ္ခု ပ်ံ႕နွံ႕လာခဲ့ပါေသးတယ္။ အဲဒီ ကိစၥနဲ႔ပတ္သက္ျပီးျမင့္ျမတ္က မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့ပါတယ္။

လိမ္မာသြားတယ္ဆိုတဲ့လူမိုက္ဟာ ျမင့္ျမတ္အနားမွာေနေနတာၾကာျပီျဖစ္ေၾကာင္း “ကြ်န္ေတာ္ကေတာ့ ဘယ္လိုေျပာရမလဲ သူဆိုလို႔ရွိရင္ ၾကာျပီဗ်ာ ကြ်န္ေတာ့္နားမွာ၊ ကြ်န္ေတာ္သရုပ္ေဆာင္စလုပ္ကတည္းက ကြ်န္ေတာ့္နားမွာရွိေနတာ။ သူ႔ဟာသူအျပင္မွာ လူမိုက္လားဘာလားေတာ့ ကြ်န္ေတာ္လည္းမသိဘူး။ ကြ်န္ေတာ့္နားမွာေရာက္တယ္။ အားလံုး ညီအစ္ကုိလိုမိသားစုလိုဆိုေတာ့ သူ႔ကုိလည္းကြ်န္ေတာ္ လူမုိက္လို႔လည္း မျမင္ဘူး”လို႔ ေျပာျပထားပါတယ္။

အဲဒီလူက လူမုိက္ပံုလည္းမေပါက္တဲ့အျပင္ အနုပညာေလာကထဲေရာက္ျပီးမွ စိတ္သေဘာထားနူးညံ့လာတယ္ ဆိုျပီးေတာ့လည္း ျမင့္ျမတ္က “သူက ဘယ္ေလာက္ဟုိဟာျဖစ္ျဖစ္လည္း လူမုိက္ပံုလည္းမေပါက္ပါဘူး။ သူ႔ဟာသူေတာ့မုိက္တာေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားေတာ့ ကြ်န္ေတာ္လည္းသတိထားမိပါတယ္။ ေတာ္ေတာ္မ်ားမ်ားဟာ အနုပညာေလာကထဲဝင္ေရာက္လာလို႔ရွိရင္စိတ္ေလးေတြေျပာင္းလာၾကတယ္ေပါ့ေနာ္။ ေျပာတာဆိုတာ ေနတာထုိင္တာကအစ စိတ္သေဘာထားေတြေျပာင္းလာၾကတယ္။ သိမ္ေမြ႕လာတယ္ အဲ့လုိေလးေပါ့”လို႔ ေျပာျပထားပါတယ္။

စက္အဖြဲ႕သားေတြက ျမင့္ျမတ္ကုိကန္ေတာ့တာနဲ႔ပတ္သက္ျပီး ခံစားခ်က္ကုိ “ကြ်န္ေတာ္ကေတာ့ မိသားစုလိုပဲသေဘာထားပါတယ္။လုပ္ေဖာ္ကုိင္ဖက္ဆိုတာထက္။ေျပာရမယ္ဆိုလို႔ရွိရင္ ကြ်န္ေတာ္တို႔ေန႔စဥ္ပံုမွန္နီးပါးပါပဲ ရုိက္ကြင္းရွိတယ္ေပါ့ေနာ္။ မနက္တိုင္း ဆယ္နာရီခြဲဆယ့္တစ္နာရီေလာက္ဆို ကြ်န္ေတာ္ရိုက္ကြင္းေရာက္ျပီ။ ပံုမွန္ညေနေျခာက္နာရီေလာက္ထိေပါ့။ Night Scence ပါရင္ ဆယ့္တစ္၊ဆယ့္နွစ္လည္းျဖစ္ခ်င္ျဖစ္မယ္။ ေျပာခ်င္တာက ကြ်န္ေတာ့္မိသားစုနဲ႔ေတြ႕ရတဲ့အခ်ိန္ထက္ ဒီရုပ္ရွင္ေလာကသားေတြနဲ႔ ေတြ႕ရတဲ့အခ်ိန္က ပုိမ်ားတယ္။ကြ်န္ေတာ့္အိမ္မွာဆိုရင္ ကြ်န္ေတာ့္မိသားစုနဲ႔ေတာင္ သိပ္မေတြ႕ျဖစ္ဘူး Night Scence ပါလို႔ရွိရင္။ ရုပ္ရွင္ေလာကသားေတြနဲ ႔ပုိေတြ႕ျဖစ္တယ္။ အဲ့ေတာ့ အကုန္လံုးက သံေယာဇဥ္ေတြျဖစ္ေနၾကတာေပ့ါ။ ကြ်န္ေတာ္ကေတာ့ အားလံုးကုိမိသားစုလိုပဲ သေဘာထားပါတယ္”လို႔ ရင္ဖြင့္ထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ျမင့္ျမတ္ကုိခ်စ္ၾကလား။ ျမင့္ျမတ္ရဲ႕ဘယ္ရုပ္ရွင္ကားကုိအၾကိဳက္ဆံုးလဲ။ မိသားစုနဲ႔အတူေနရမယ့္အခ်ိန္ေတြကုိစြန္႔လႊတ္ျပီးရိုက္ကူးထားရတဲ့ ျမင့္ျမတ္ရဲ႕ရုပ္ရွင္ေတြကုိဆက္လက္အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say

# Unicode Version ျဖင့္ ဖတ္ပါ #

မြင့်မြတ်ဟာ လွန်ခဲ့တဲ့နှစ်တွေအကြာကတည်းက အောင်မြင်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြင့်မြတ်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ လေးစားမှုတွေမြတ်နိုးမှုတွေကို အပိုင်သိမ်းထားသူလည်းဖြစ်ပါတယ်။ ဟိုတလောကလည်း လူမှုကွန်ယက်မှာ လှိုင်သာယာက ဆိုးပေ့မိုက်ပေ့ဆိုတဲ့လူမိုက်တစ်ဦးက မြင့်မြတ်ရဲ့အဆုံးအမကြောင့် လိမ်မာသွားတယ်ဆိုတဲ့ သတင်းကောင်းတစ်ခု ပျံ့နှံ့လာခဲ့ပါသေးတယ်။ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးမြင့်မြတ်က မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

လိမ်မာသွားတယ်ဆိုတဲ့လူမိုက်ဟာ မြင့်မြတ်အနားမှာနေနေတာကြာပြီဖြစ်ကြောင်း “ကျွန်တော်ကတော့ ဘယ်လိုပြောရမလဲ သူဆိုလို့ရှိရင် ကြာပြီဗျာ ကျွန်တော့်နားမှာ၊ ကျွန်တော်သရုပ်ဆောင်စလုပ်ကတည်းက ကျွန်တော့်နားမှာရှိနေတာ။ သူ့ဟာသူအပြင်မှာ လူမိုက်လားဘာလားတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော့်နားမှာရောက်တယ်။ အားလုံး ညီအစ်ကိုလိုမိသားစုလိုဆိုတော့ သူ့ကိုလည်းကျွန်တော် လူမိုက်လို့လည်း မမြင်ဘူး”လို့ ပြောပြထားပါတယ်။

အဲဒီလူက လူမိုက်ပုံလည်းမပေါက်တဲ့အပြင် အနုပညာလောကထဲရောက်ပြီးမှ စိတ်သဘောထားနူးညံ့လာတယ် ဆိုပြီးတော့လည်း မြင့်မြတ်က “သူက ဘယ်လောက်ဟိုဟာဖြစ်ဖြစ်လည်း လူမိုက်ပုံလည်းမပေါက်ပါဘူး။ သူ့ဟာသူတော့မိုက်တာပေါ့နော်။ တော်တော်များများတော့ ကျွန်တော်လည်းသတိထားမိပါတယ်။ တော်တော်များများဟာ အနုပညာလောကထဲဝင်ရောက်လာလို့ရှိရင်စိတ်လေးတွေပြောင်းလာကြတယ်ပေါ့နော်။ ပြောတာဆိုတာ နေတာထိုင်တာကအစ စိတ်သဘောထားတွေပြောင်းလာကြတယ်။ သိမ်မွေ့လာတယ် အဲ့လိုလေးပေါ့”လို့ ပြောပြထားပါတယ်။

စက်အဖွဲ့သားတွေက မြင့်မြတ်ကိုကန်တော့တာနဲ့ပတ်သက်ပြီး ခံစားချက်ကို “ကျွန်တော်ကတော့ မိသားစုလိုပဲသဘောထားပါတယ်။လုပ်ဖော်ကိုင်ဖက်ဆိုတာထက်။ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နေ့စဉ်ပုံမှန်နီးပါးပါပဲ ရိုက်ကွင်းရှိတယ်ပေါ့နော်။ မနက်တိုင်း ဆယ်နာရီခွဲဆယ့်တစ်နာရီလောက်ဆို ကျွန်တော်ရိုက်ကွင်းရောက်ပြီ။ ပုံမှန်ညနေခြောက်နာရီလောက်ထိပေါ့။ Night Scence ပါရင် ဆယ့်တစ်၊ဆယ့်နှစ်လည်းဖြစ်ချင်ဖြစ်မယ်။ ပြောချင်တာက ကျွန်တော့်မိသားစုနဲ့တွေ့ရတဲ့အချိန်ထက် ဒီရုပ်ရှင်လောကသားတွေနဲ့ တွေ့ရတဲ့အချိန်က ပိုများတယ်။ကျွန်တော့်အိမ်မှာဆိုရင် ကျွန်တော့်မိသားစုနဲ့တောင် သိပ်မတွေ့ဖြစ်ဘူး Night Scence ပါလို့ရှိရင်။ ရုပ်ရှင်လောကသားတွေနဲ့ပိုတွေ့ဖြစ်တယ်။ အဲ့တော့ အကုန်လုံးက သံယောဇဉ်တွေဖြစ်နေကြတာပေ့ါ။ ကျွန်တော်ကတော့ အားလုံးကိုမိသားစုလိုပဲ သဘောထားပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မြင့်မြတ်ကိုချစ်ကြလား။ မြင့်မြတ်ရဲ့ဘယ်ရုပ်ရှင်ကားကိုအကြိုက်ဆုံးလဲ။ မိသားစုနဲ့အတူနေရမယ့်အချိန်တွေကိုစွန့်လွှတ်ပြီးရိုက်ကူးထားရတဲ့ မြင့်မြတ်ရဲ့ရုပ်ရှင်တွေကိုဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top