သံလမ္းမွတ္တိုင္အနီး ဓမၼသုခေက်ာင္းလမ္းရွိ ေျမအခ်ိဳးက် ပိုင္ဆိုင္မည့္ The Leaf Residence အထူးအေရာင္းျပပြဲ
×


အိႏၵိယသမၼတ ပရာနက္ဘ္မူခါဂ်ီဟာ Namma Metro’s Green Line ကုမၼဏီဖြင့္လွစ္ပြဲကို တက္ေရာက္ဖုိ႔ Bengaluru ၿမိဳ႕ကို အေစာင့္အေရွာက္၊ ၀န္ႀကီး၀န္ငယ္ စုံလင္စြာနဲ႔ ေရာက္ရွိလာခဲ့ပါတယ္။

ေဒသခံရဲတပ္ဖြဲ႕နဲ႔ တပ္မေတာ္တပ္ရင္းေတြဟာ VVIPs အဆင့္ လုံၿခဳံေရးမုိ႔ အမွားမခံဘဲ ဂ႐ုတစုိက္ ေဆာင္ရြက္ခဲ့ၾကပါတယ္။ ဒီအထဲမွာ လမ္းေၾကာင္းရွင္းလင္းေရးကလည္း ယာဥ္ထိန္းတပ္ဖြဲ႕၀င္ေတြအတြက္ေတာ့ အလြန္အေရးႀကီးတဲ့ အလုပ္ျဖစ္ၿပီး၊ တာ၀န္လည္း ႀကီးမားပါတယ္။


ယာဥ္ထိန္းတပ္ဖြဲ႕မွာ ၾကယ္ႏွစ္ပြင့္ ဗုိလ္ႀကီးအဆင့္နဲ႔ တာ၀န္ထမ္းေဆာင္ေနတဲ့ Nijalingappa ကေတာ့ ၿမဳိ႕လယ္ေခါင္က အ၀ုိင္းပတ္မွာ တာ၀န္ယူရၿပီး၊ လမ္းေၾကာင္းရွင္းလင္းေရးကုိ ေဆာင္ရြက္ ရပါတယ္။သူဟာ သူရဲ႕ တပ္စိတ္နဲ႔အတူ အ၀ုိင္းမွာ တာ၀န္ထမ္းေဆာင္ေနစဥ္ သမၼတယာဥ္တန္းထက္၊ မိနစ္ပုိင္း ေလာက္ေစာၿပီး လူနာတင္ကားတစ္စီး ေရာက္လာခဲ့ပါတယ္။

သြားေရာက္စစ္ေဆးစဥ္မွာ ေသြးထြက္လြန္ဒဏ္ရာနဲ႔ ကေလးလူနာတစ္ဦး တင္ေဆာင္လာတာ ျဖစ္ၿပီး အေရးေပၚအေျခအေနပါဘဲ။ဒီအခ်ိန္မွာပဲ Nijalingappa ဟာ လူနာတင္ကား ျဖတ္သန္းခြင့္ကုိ ဦးစားေပးလုိက္ၿပီး၊ သမၼတယာဥ္တန္းကို တားဆီးလုိက္ပါတယ္။


လူနာတင္ကား ျဖတ္သန္းေမာင္းႏွင္သြားမွ သမၼတယာဥ္တန္းကို သြားခြင့္ေပးခဲ့တာပါ။ ပထမေတာ့ လုပ္ေဖာ္ကုိင္ဘက္ေတြက ဒီလုပ္ရပ္ေၾကာင့္ Nijalingappa ကို ရာထူးေတာ့ အနည္းဆုံးျပဳတ္လိမ့္မယ္လုိ႔ ေတြးေနခဲ့ၾကေပမယ့္၊သူကေတာ့ Bengaluru ၿမိဳ႕ေတာ္၀န္ရဲ႕ ဆုခ်ီးျမင့္ျခင္း ခံခဲ့ရသလုိ၊ ရဲမွဴးႀကီး Abhei Goyal ကလည္း ၎ရဲ႕ တြစ္တာမွတစ္ဆင့္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကဟာ ၂၀၁၇ ခုနွစ္က ျဖစ္ခဲ့တာျဖစ္ျပီး ေလးစားအားက်ထိုက္ေသာ လုပ္ရပ္ျဖစ္၍ ဗဟုသုတအေနျဖင့္ ဗီဒီယိုဖိုင္ ရုပ္သံ မွတ္တမ္းပါ တြဲ၍ တင္ျပလိုက္ျခင္းျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: မူရင္းေရးသားသူ

#Unicode Version#

အိန္ဒိယသမ္မတ ပရာနက်ဘ်မူခါဂျီဟာ Namma Metro’s Green Line ကုမ္မဏီဖွင့်လှစ်ပွဲကို တက်ရောက်ဖို့ Bengaluru မြို့ကို အစောင့်အရှောက်၊ ဝန်ကြီးဝန်ငယ် စုံလင်စွာနဲ့ ရောက်ရှိလာခဲ့ပါတယ်။

ဒေသခံရဲတပ်ဖွဲ့နဲ့ တပ်မတော်တပ်ရင်းတွေဟာ VVIPs အဆင့် လုံခြုံရေးမို့ အမှားမခံဘဲ ဂရုတစိုက် ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီအထဲမှာ လမ်းကြောင်းရှင်းလင်းရေးကလည်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေအတွက်တော့ အလွန်အရေးကြီးတဲ့ အလုပ်ဖြစ်ပြီး၊ တာဝန်လည်း ကြီးမားပါတယ်။

ယာဉ်ထိန်းတပ်ဖွဲ့မှာ ကြယ်နှစ်ပွင့် ဗိုလ်ကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ Nijalingappa ကတော့ မြို့လယ်ခေါင်က အဝိုင်းပတ်မှာ တာဝန်ယူရပြီး၊ လမ်းကြောင်းရှင်းလင်းရေးကို ဆောင်ရွက် ရပါတယ်။သူဟာ သူရဲ့ တပ်စိတ်နဲ့အတူ အဝိုင်းမှာ တာဝန်ထမ်းဆောင်နေစဉ် သမ္မတယာဉ်တန်းထက်၊ မိနစ်ပိုင်း လောက်စောပြီး လူနာတင်ကားတစ်စီး ရောက်လာခဲ့ပါတယ်။

သွားရောက်စစ်ဆေးစဉ်မှာ သွေးထွက်လွန်ဒဏ်ရာနဲ့ ကလေးလူနာတစ်ဦး တင်ဆောင်လာတာ ဖြစ်ပြီး အရေးပေါ်အခြေအနေပါဘဲ။ဒီအချိန်မှာပဲ Nijalingappa ဟာ လူနာတင်ကား ဖြတ်သန်းခွင့်ကို ဦးစားပေးလိုက်ပြီး၊ သမ္မတယာဉ်တန်းကို တားဆီးလိုက်ပါတယ်။

လူနာတင်ကား ဖြတ်သန်းမောင်းနှင်သွားမှ သမ္မတယာဉ်တန်းကို သွားခွင့်ပေးခဲ့တာပါ။ ပထမတော့ လုပ်ဖော်ကိုင်ဘက်တွေက ဒီလုပ်ရပ်ကြောင့် Nijalingappa ကို ရာထူးတော့ အနည်းဆုံးပြုတ်လိမ့်မယ်လို့ တွေးနေခဲ့ကြပေမယ့်၊သူကတော့ Bengaluru မြို့တော်ဝန်ရဲ့ ဆုချီးမြင့်ခြင်း ခံခဲ့ရသလို၊ ရဲမှူးကြီး Abhei Goyal ကလည်း ၎င်းရဲ့ တွစ်တာမှတစ်ဆင့် ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကဟာ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တာဖြစ်ပြီး လေးစားအားကျထိုက်သော လုပ်ရပ်ဖြစ်၍ ဗဟုသုတအနေဖြင့် ဗီဒီယိုဖိုင် ရုပ်သံ မှတ်တမ်းပါ တွဲ၍ တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top