စကၤာပူတြင္က်င္းပမည့္ ကိုယ္ပိုင္ကမ္းေျခအသစ္ Kangyi Paradise ရွိ ေျမကြက္ ႏွင့္ Service Apartment အေရာင္းျပပြဲ
×

  ေတာင္ကိုရီးယားႏိုင္ငံ ေဂ်ာ္လဒို ခ႐ိုင္မွာ ငယ္စဥ္ကတည္းက ညီအစ္ ကိုေတြလို ရင္ႏွီးခ်စ္ခင္ၾကတဲ့ သူငယ္ခ်င္းတစ္စု ရွိတယ္။

သူတို႔ဟာ တစ္ရပ္ကြက္တည္းမွာ ႀကီးျပင္းလာၿပီး ေက်ာင္းတက္ေတာ့လည္း တစ္ေက်ာင္းတည္းသာရွိတဲ့ ေတာၿမိဳ႕ေလးမို႔ အားလံုး အတူတူ...။

ေျပာမနာ ဆိုမနာ သူငယ္ခ်င္းေတြေပါ့..။

သူငယ္ခ်င္း တစ္ေယာက္က ေကာင္မေလး တစ္ေယာက္ကို ႀကိဳက္ၿပီဆို က်န္တဲ့သူ ေတြ က ဝိုင္းကူညီၾက။

သူငယ္ခ်င္း တစ္ေယာက္နဲ႔ တစ္ေယာက္ ရန္ျဖစ္ရင္ က်န္သူငယ္ခ်င္းေတြက ၾကားထဲက ဝိုင္းျဖန္ေျဖၾက...။

သူတို႔အားလံုး အထက္တန္း ၊ တကၠသိုလ္အထိ မခြဲ တတြဲတြဲ...။

ေပ်ာ္စရာႀကီးေပါ့။

••••••••••••••••••••••••••••••••••••

သူတို႔ရဲ႕ နက္နဲတဲ့ ခင္မင္မႈေတြၾကားကို လွ်ဳိ့ဝွက္ခ်က္တစ္ခု ေရာက္လာတယ္။ အဲဒီ လွ်ဳိ့ဝွက္ခ်က္ေၾကာင့္ပဲ သူငယ္ခ်င္းေတြ စိတ္ဝမ္းကြဲကုန္ၾကတယ္။

၂၀၀၀ ခုႏွစ္ ၈ လပိုင္းေပါ့။

••••••••••••••••••••••••••••••••••••

အဲဒီ လွ်ိဳ ့ဝွက္ခ်က္ဟာ အင္မ္ ရဲ႕ ကုတင္ေပၚက ေမြ႕ယာက အနံ ့ဆိုးႀကီးက စတင္ခဲ့ တယ္။

ပိုၿပီး ေျခာက္ျခားဖို႔ေကာင္းတာက အင္မ္ ရဲ႕ ေမြ႕ယာေပၚမွာ အိပ္မိရင္ သရဲေျခာက္ခံရတယ္ဆိုတာပဲ...။

သရဲ စ ေျခာက္ၿပီဆို အနံ ့ ေတြက ပိုၿပီး လွႈိင္တက္လာတယ္။

••••••••••••••••••••••••••••••••••••

သရဲက ရွပ္အက်ႌ အျဖဴ လက္ရွည္ ဝတ္ထားတဲ့ သန္သန္မာမာ ဦးေလးႀကီးတစ္ေယာက္။

ပထမေတာ့ ဦးေလးႀကီးဟာ အေရွ႕မွာ ဘြားကနဲ ေပၚလာၿပီး ေက်ာခိုင္းထိုင္ေနတယ္။

ၿပီးေတာ့ တစ္ျဖည္းျဖည္း ခႏၶာကိုယ္ႀကီးက လွည့္လာၿပီး ကုတင္ေပၚမွာ အိပ္ေနသူကို စိုက္ၾကည့္ေတာ့တယ္။

သရဲ ဦးေလးႀကီးဟာ ဆံပင္တိုတို သပ္သပ္ရပ္ရပ္ ညႇပ္ထားတယ္။ ဦးေလးႀကီးမ်က္ႏွာက အံႀကိတ္ၿပီး ေဒါသထြက္ေနတယ္။

အိပ္မက္လိုလို တစ္ကယ္လိုလို...။ ဦးေလးႀကီးရဲ႕ မ်က္ႏွာဟာ သိသာထင္ရွားလြန္းလို႔ စိတ္ထဲ စြဲေနေအာင္ မွတ္မိသြားၾကတယ္။

သရဲ ဦးေလးႀကီးရဲ႕ အၾကည့္ခံရတဲ့ သူေတြဟာ ရင္ခုန္ႏႈန္းေတြ အလြန္ျမန္လာတယ္။

ေရငတ္ၿပီး ရင္ဘတ္ေတြ ေအာင့္လာတယ္။ လက္ေတြ ၊ ေျခေတြ ကုတင္မွာ ၿမဲျမံစြာ ကပ္ေနတယ္။ တစ္ကိုယ္လံုး လွႈပ္လို႔မရေတာ့ဘူး။ ေခြ်းစီးေတြ ထြက္လာတယ္။

သရဲ ဦးေလးႀကီးက သူ႔အၾကည့္ကို ဖယ္လိုက္မွ သရဲအေျခာက္ခံရသူဟာ ဝူးဝူးဝါးဝါး ေအာ္ႏိုင္ၿပီး ထ ထိုင္ႏိုင္တယ္။ သူတို႔ဟာ အလြန္ေၾကာက္ၿပီး က်န္ရစ္ခဲ့တယ္။

••••••••••••••••••••••••••••••••••••

ထူးဆန္းတာက သူငယ္ခ်င္းေတြ သရဲေျခာက္ခံရတဲ့ ပံုစံကလည္း အားလံုးအတူတူပဲျဖစ္တယ္..။

အင္မ္ ရဲ႕ ရည္းစားလည္း အင္မ္ ရဲ ့ ကုတင္ေပၚမွာ အိပ္ေပ်ာ္သြားၿပီး သရဲအေျခာက္ခံရတယ္။ အတူတူပဲ...ဆံပင္တိုတို သရဲ ဦးေလးႀကီး။

••••••••••••••••••••••••••••••••••••

ဒီလို လူေတြ သရဲအေျခာက္ခံရေပမဲ့ သရဲကို အင္မ္ က ေတာ့ မေၾကာက္ဘူး။

"ငါက သရဲကို ေၾကာက္မွ မေၾကာက္တာကြ။ သရဲက ငါ့ကို မေက်နပ္ဘူး။ "

ၿပီးေတာ့ အင္မ္ က ထပ္ေျပာျပတယ္။

"မင္းတို႔ ဘာလို႔ သရဲ အေျခာက္ခံရသလဲ ဆိုတာ ငါ သိတယ္ကြ... ဒါ လွ်ိဳ ့ဝွက္ခ်က္ပဲ။ မင္း ဘယ္သူ႔ကိုမွ မေျပာဘူးလို႔ ကတိေပး.."

အင္မ္ ဟာ ဒီ လွ်ိဳ ့ဝွက္ခ်က္ကို သူငယ္ခ်င္း အားလံုး စုထိုင္ၿပီး တစ္ ျပိဳင္နက္ေျပာျပတာေတာ့ မဟုတ္ဘူး။

တစ္ဦးခ်င္းစီ .. ဘယ္သူ႔မွ ျပန္မေျပာဖို႔ အတန္တန္ ကတိေတာင္းၿပီး ေျပာျပတယ္။

••••••••••••••••••••••••••••••••••••

ဒီအေၾကာင္း မ ေျပာျပခင္ ေမြ႕ယာနဲ႔ ကုတင္ၾကားက ေသတၱာပါးေလး တစ္ခုကို ထုတ္ျပတယ္။

ေသတၱာကို ဖြင့္လိုက္ေတာ့ ေသြးစြန္းေနတဲ့ ဓားတစ္လက္။ ေသြးပုပ္ ေတြေၾကာင့္ အနံ့က ေတာ္ေတာ္ဆိုးတယ္။

" ဟိုေကာင္ ကင္မ္ သိတယ္မဟုတ္လား။ ဒီေကာင္ ယတ္ခြ်န္း လမ္း ၅ ဆံု ဖက္မွာ တကၠစီ ဒ႐ိုင္ဘာဆီက ေငြလု ဓားျပတိုက္ၿပီး ဓားနဲ႔ထိုးသတ္ခဲ့တာ ။ ၿပီးေတာ့ ေၾကာက္ၿပီး ငါ့အိမ္မွာ တစ္ပါတ္ပုန္းေနတယ္။ ဓားကို ဒီမွာထားသြားၿပီး ေဖ်ာက္ဖ်က္ေပးဘို႔ ေျပာသြားတယ္။ ငါလည္း ေဖ်ာက္ဖ်က္လိုက္မွ သူ မိသြားမွာစိုးလို႔ ဘယ္မွာ လႊင့္ပစ္ရမလဲ မသိေသးလို႔ "

အင္မ္ ရည္းစားဆို အရမ္းေၾကာက္သြားၿပီ အင္မ္ ရဲ႕အိမ္ကိုေတာင္ မလာရဲေတာ့ဘူး။

••••••••••••••••••••••••••••••••••••

ကင္မ္ က ေတာ့ ဘယ္သူ႔ကို မွ ဒီအေၾကာင္းမေျပာဘူး။

အင္မ္ က ပဲ ေျပာေနတာျဖစ္တယ္။

••••••••••••••••••••••••••••••••••••

ရက္ အနည္းငယ္ၾကာေတာ့ ေဂ်ာ္လဒို မွာ တကၠစီ ဒ႐ိုင္ဘာ ဓားနဲ႔ အထိုးခံရတဲ့ သတင္းက တစ္ကယ္ပဲ သတင္းစာထဲပါလာတယ္။

ေနရာကလည္း အင္ေျပာတဲ့ ယတ္ခြ်န္း လမ္း ၅ ဆံု ..တဲ့။

တကၠစီ ဒ႐ိုင္ဘာရဲ႕ ႐ုပ္ပံုက အင္မ္ နဲ႔ ကင္မ္ ရဲ႕ သူငယ္ခ်င္းေတြ ေျခာက္တဲ့ သရဲႀကီး ...။
သရဲဦးေလးႀကီး မွ သရဲ ဦးေလးႀကီး စစ္စစ္..။

ဒါေပမဲ့ သတင္းထဲမွာ တရားခံ လူသတ္သမားက အသက္ ၁၅ ႏွစ္ အရြယ္ရွိတဲ့ ေကာင္ေလးလို႔ ေရးထားတယ္။

••••••••••••••••••••••••••••••••••••

အင္မ္ ရဲ႕ ရည္းစားနဲ႔ သူငယ္ခ်င္းေတြဟာ ေတြေဝသြားၾကတာေပါ့။

အင္မ္ က ေလွ်ာက္ လိမ္ေျပာေနတာလား?

ေသြးစြန္းဓားကေရာ..?

သရဲ က တကၠစီ ဒ႐ိုင္ဘာနဲ႔ တစ္ထပ္တည္းဆိုေတာ့ အင္မ္ ေျပာတာ အမွန္ေတြလား..?

ဒါဆို အျပစ္မရွိတဲ့ ကေလး ေထာင္က်သြားတာလား..?

"အင္မ္ေျပာတဲ့ ေနရာလဲမွန္ေနတယ္ေလ.."

ဘာပဲျဖစ္ျဖစ္ သူတို႔ဟာ သရဲနဲ႔ ေသြးစြန္းဓားအေၾကာင္း လွ်ိဳ႕ဝွက္ထားလိုက္တယ္။

••••••••••••••••••••••••••••••••••••

ဒီ လွ်ိဳ ့ဝွက္ခ်က္နဲ႔ ပါတ္သက္ၿပီး သူငယ္ခ်င္းေတြ စကားမ်ားလာတယ္။

သေဘာထား ကြဲလြဲလာၾကတယ္။

" ရဲတိုင္ ရမယ္..."

"သူငယ္ခ်င္းရဲ႕ လွ်ဳိ့ဝွက္ခ်က္မို႔ ရဲ မတိုင္သင့္ဘူး.."

••••••••••••••••••••••••••••••••••••

အင္မ္ နဲ႔ ကင္မ္ ဟာ စိတ္ဖိစီးမႈေတြ မ်ားေနတယ္ဆိုၿပီး စိတၱဇေဆး႐ုံမွာ တစ္လ ေဆးကုသမႈကို ခံယူလိုက္တယ္။

အကယ္၍မ်ား အဖမ္းခံရရင္ အ႐ူးလက္မွတ္နဲ႔ ေလ်ွာ ့ ေပါ့ခြင့္မ်ား ရမလားေပါ့..။

စိတၱဇေဆး႐ုံမွာလည္း အရက္ခိုးေသာက္၊ ဆရာဝန္ ေရွ႕ေရာက္ရင္ တစ္ေယာက္တည္း စကားေတြေျပာ ႐ူးခ်င္ေယာင္ေဆာင္ၿပီး ေနၾကတယ္။

ၿပီးေတာ့ ကင္မ္ဟာ ပံုမွန္ပဲ စိုးရိမ္ေၾကာင့္ၾကမႈ ကင္းမဲ့စြာ ဘဝကိုျဖတ္သန္းေနတယ္။

ဒါေပမဲ့ အင္မ္တစ္ေယာက္ကေတာ့ ဂနာမၿငိမ္...။

••••••••••••••••••••••••••••••••••••

ကင္မ္ကေတာ့ ၂၀၀၀ ခုႏွစ္က သူလုပ္ခဲ့တဲ့ အျပစ္ကို ေမ့သြားၿပီလား? ...။

သူငယ္ခ်င္းေတြဟာ သူတို႔ ႏွစ္ေယာက္ကို အၿမဲ အကဲခတ္ေနၾကတာေပါ့။

••••••••••••••••••••••••••••••••••••

သူတို႔ေျပာတဲ့ အတိုင္းသာမွန္ရင္ ကင္မ္ က လူသတ္မႈ၊ အင္မ္ က လူသတ္မႈကို ထိန္ခ်န္တဲ့ အမႈ...။

••••••••••••••••••••••••••••••••••••

ဒီလိုနဲ႔ ၃ ႏွစ္ ၾကာသြားတယ္။

ဒီသတင္းဟာ တစ္ေယာက္နား တစ္ေယာက္ ပ်ံ႕ၿပီး ရဲစခန္းအထိ ေရာက္သြားပါေလေရာ..။

ဒါေၾကာင့္ ၂၀၁၃ ခုႏွစ္ ၆ လပိုင္းမွာ ရဲစခန္းက အင္မ္ ကို အရင္ ေခၚယူစစ္ေဆးခဲ့တယ္။

" ဒီ သတင္းကို မင္းဆီကၾကားတယ္ဆိုၿပီး သတင္းထြက္ေနတယ္။ အမွန္အတိုင္းေျပာျပပါ.."

အင္မ္ က သူငယ္ခ်င္းေတြကို ေျပာျပတဲ့အတိုင္း ကင္မ္ ရဲ ့လွ်ိဳ ့ဝွက္ခ်က္ကို ရဲအရာရွိထံ အကုန္ေျပာျပလိုက္ေတာ့ တယ္။

" ကင္မ္ က ပထမ တကၠစီ ဒ႐ိုင္ဘာရဲ႕ လည္ပင္းကို လည္း ဓားနဲ႔ ထိုးတယ္တဲ့ဗ်...ၿပီးေတာ့ ဘယ္ေနရာကို ဆက္ၿပီး ဓားနဲ႔ထိုးခဲ့လဲ မမွတ္မိေတာ့ဘူးလို႔ ေျပာတာပဲ.."

" တကၠစီ ဒ႐ိုင္ဘာက ကယ္ၾကပါဦးလို ႔ေအာ္ၿပီး ကားထဲက ဆင္းေျပးတယ္တဲ့ဗ်...ဒါေၾကာင့္ ကင္မ္ က အနီးဆံုးျဖစ္တဲ့ ကြ်န္ေတာ့္ အိမ္ကို ေျပးလာခဲ့တာပါ.."

" ဓားမွာ ေသြးေတြေပေနတယ္။ ေသြးေတြထက္စာရင္ ဝက္သား အဆီေတြလို အဆီခဲေတြက အဖတ္လိုက္.. အဆီေတြက ပိုမ်ားတယ္။ ဓားက နည္းနည္းေကာက္ေနတယ္..။ ကင္မ္ က ဒီလိုေျပာတယ္။ ဓားက အ႐ိုးအထိ ဝင္သြားလို႔ နည္းနည္း ေကာက္သြားတယ္တဲ့။"

••••••••••••••••••••••••••••••••••••

ရဲတပ္ဖြဲ႕က ကင္မ္ ကို ဆက္လက္စစ္ေဆးတယ္။ ကင္မ္ က ပထမေတာ့ ျငင္းေသးတယ္။ ေနာက္ပိုင္း အင္မ္ က အားလံုးေျပာၿပီးၿပီလို႔ အမႈစစ္က ေျပာျပေတာ့ သူ႔အျပစ္ေတြ အားလံုးကို ဝန္ခံခဲ့တယ္။

" ပထမေတာ့ တကၠစီဖိုး မရွိလို႔ပါ။ ကြ်န္ေတာ္ တကၠစီဖိုးမရွိဘူးေျပာရင္ ဦးေလးႀကီက ရဲတိုင္မွာစိုးလို႔ ဓားျပေယာင္ေဆာင္မယ္လို႔ ေတြးမိလိုက္တယ္။ တကၠစီ ဦးေလးႀကီးက ထြက္ေျပးမယ္လုပ္ေတာ့ ဓားနဲ႔ထိုးမိၿပီး က်န္ေငြေတြပါ ယူၿပီး ေျပးမိပါတယ္.."

" အဲဒီ ဓားေရာ ဘယ္ေရာက္သြားလဲ...?"

" အင္မ္ ဆီမွာ အပ္ထားၿပီး ေနာက္ေတာ့ *** ရပ္ကြက္က အိမ္ပ်က္ႀကီးနားမွာ ျမဳွတ္ ခဲ ့ တယ္..."

ရဲတပ္ဖြဲ႕က ကင္မ္ နဲ႔ အင္မ္ ကို ဖမ္းဆီးလိုက္တယ္။

••••••••••••••••••••••••••••••••••••

အမႈအားလံုး စစ္ၿပီးေတာ့ ကင္မ္ ရဲ႕ ေနာက္ဆံုးေရးတင္ခဲ့တဲ့စာ...

ကြ်န္ေတာ့္ေၾကာင့္ ဒုကၡေရာက္ခဲ့သူေတြကို အႏူးအၫြႊတ္ ေတာင္းပန္ပါတယ္။ ကြ်န္ေတာ္လည္း အေတာ္ စိတ္ပင္ပန္းခဲ့ပါတယ္။ ဒီလို ျဖစ္သြားတာေၾကာင့္ ကြ်န္ေတာ္ စိတ္ထိခိုက္ၿပီး စိတ္မေကာင္းျဖစ္မိပါတယ္။ ဒီစကားကလြဲၿပီး ဘာေျပာရမွန္းမသိေတာ့ပါဘူး။

ေတာင္းပန္ပါတယ္။

ကင္မ္

••••••••••••••••••••••••••••••••••••

အင္မ္ ရဲ႕စာ

ကြ်န္ေတာ့္ သူငယ္ခ်င္းကို အျပစ္ေပးပါ။ ကြ်န္ေတာ္ဟာ ပထမ အစ ကတည္းက ဒီကိစၥကို အေၾကာင္းၾကားရမွာျဖစ္ေပမယ့္ ရဲကို တိုက္႐ိုက္ အေၾကာင္းမၾကားခဲ့မိတာ စိတ္မေကာင္းပါဘူး။

ကြ်န္ေတာ့္ သူငယ္ခ်င္းကို အျပစ္ေပးပါ။

အင္မ္

••••••••••••••••••••••••••••••••••••

ဒါေပမဲ့ ကင္မ္ နဲ႔ အင္မ္ ဟာ ၂ ရက္ ပဲ အဖမ္းခံရၿပီး ျပန္လြတ္လာတယ္။

ဒါဘာေၾကာင့္လဲ..?

••••••••••••••••••••••••••••••••••••

ဘာလို႔လဲဆိုေတာ့ ရဲတပ္ဖြဲ႕က တင္တဲ့ ကင္မ္ နဲ႔ အင္မ္ အမႈကို သက္ေသမရွိေတာ့လို႔ ဆိုၿပီး ေထာက္လွမ္းေရးဘက္က ပယ္ခ်လိုက္လို႔ပါပဲ။

••••••••••••••••••••••••••••••••••••

သက္ေသ အသစ္ေတြ လိုအပ္တဲ့အတြက္ သူတို႔ႏွစ္ေယာက္ ကို ျပန္ဖမ္းၿပီးေမးေတာ့ ကင္မ္နဲ႔ အင္မ္ရဲ႕ အေျဖေတြက ေျပာင္းကုန္ၿပီ။

" သူငယ္ခ်င္းေတြၾကား တမင္သက္သက္ ဒီသတင္းပ်ံ႕ေအာင္ ဇာတ္လမ္းထြင္ၿပီး ေျပာတာပါခင္ဗ်" လို႔ ေျဖေတာ့တယ္။

" ဟုတ္ပါတယ္...ကြ်န္ေတာ္တို႔ လူေတာင္ သတ္ရဲတယ္ဆို သူငယ္ခ်င္းေတြ အထင္ႀကီးမယ္လို႔ ထင္မိတယ္..."

" အဲဒီ ၂၀၀၃ ႏွစ္ တုန္းက ကြ်န္ေတာ့္ အေမနဲ႔အေဖ ကြာရွင္းၾကတယ္။ ဒါေၾကာင့္ အေမနဲ႔အေဖ ကြ်န္ေတာ့္ကို ဂ႐ုစိုက္ေအာင္ ဇာတ္လမ္းထြင္မိတာပါ..."

"မိဘေတြ စိတ္ေသာကေရာက္ေအာင္ ကြ်န္ေတာ္တို႔ ႏွစ္ေယာက္ လူသတ္တာလို႔ ရဲစခန္းမွာ ေျဖခဲ့တာပါ.."

" ဟာ.. ေတာ္ေတာ္ရွဳပ္တဲ့ ေကာင္ေလးေတြ.."

" အင္မ္... မင္းကိုယ္တိုင္ ေသြးစြန္းေနတဲ့ ဓားကိုေတြ႕ခဲ့တာဆို..."

"မေတြ႕ပါဘူးဗ်ာ... စိတ္ကူးယဥ္တာပါ...သူငယ္ခ်င္းေတြကို ေဆးအနီ သုတ္ထားတဲ့ ဓားကို ျပခဲ့တာပါ..."

••••••••••••••••••••••••••••••••••••

အမႈစစ္က ဒီလိုသံုးသပ္တယ္။

" ပထမအႀကိမ္ ကင္မ္ နဲ ႔အင္မ္ ကို စစ္ေဆးတုန္းက ကင္မ္ ဟာ လူသတ္မိပါတယ္လို႔ ဝန္ခံခဲ့တယ္။ အဲဒီအခ်ိန္ သူတို႔ မ်က္ႏွာေတြဟာ မလိမ္ မညာ အမွန္အတိုင္း ေျပာေနတယ္လို႔ ယူဆရတယ္။သူတို႔က ေၾကာက္ေနပံုလည္းရတယ္။ ဝမ္းနည္းပံုလည္းေပါက္ေနတယ္။"

" အဲ...ဒုတိယအႀကိမ္မွာေတာ့ လူမသတ္ပါဘူး ၊ဇာတ္လမ္းထြင္မိပါတယ္ ဘာညာနဲ႔ သူတို႔ သတိထားၿပီး ေျပာေနတယ္။ လိမ္တာျဖစ္ဖို႔မ်ားတယ္..။ သူတို႔ မ်က္ႏွာက မထီမဲ့ျမင္နဲ႔ .."

••••••••••••••••••••••••••••••••••••

ရဲတပ္ဖြဲ႕က ကင္မ္ ဓားလႊင့္ပစ္ခဲ့တဲ့ေနရာကို လိုက္ရွာၾကျပန္တယ္။

အဲဒီမွာ အိမ္အသစ္ ေဆာက္ထားၿပီ..။

အိမ္ရွင္က ဒီလိုေျပာတယ္။

" ဟုတ္တယ္ဗ်... အိမ္ စ ေဆာက္တုန္းက သံေခ်းတက္ေနတဲ့ ဓားတစ္လက္ ေျမႀကီးထဲက ထြက္လာတယ္။ ကြ်န္ေတာ္တို႔လည္း လႊင့္ပစ္လိုက္တယ္..."

“. အာ.. အဲဒီဓားက ေအာက္ပိုင္းမွာ သံေခ်းတက္ေနတယ္။ဓား က နည္းနည္း ေကာက္ေနတယ္ရွင့္ .." လို႔ အိမ္ရွင္လင္မယားက ေျပာခဲ့တယ္။

••••••••••••••••••••••••••••••••••••

ရဲတပ္ဖြဲ က အဲဒီအမႈကို အမွိုက္ပံုမွာ ဆက္ရွာဖို႔ ခြင့္ျပဴခ်က္ယူရမွာျဖစ္တယ္။

အမႈ ဆက္စစ္ဖို႔ အဲဒီဓားကို ရွာဖို႔ အထက္ကို တင္ျပရျပန္တယ္။ ရဲတပ္ဖြဲ ့အထက္က ေထာက္လွမ္းေရးေပါ့။

အထက္က ပယ္ခ်လိုက္ျပန္တယ္။

" ဒီေလာက္ၾကာေနၿပီ။ DNA လည္း စစ္လို႔ရမွာ မဟုတ္ဘူး.." တဲ့..။

ကင္မ္ နဲ႔ အင္မ္ ဟာ အမႈကေန ဒီလို လြယ္လြယ္ေလး လြတ္ေျမာက္သြားျပန္တယ္။

••••••••••••••••••••••••••••••••••••

အျခားတစ္ေယာက္ကို ဖမ္းထားၿပီးၿပီမို႔ သူတို႔ အလုပ္မ႐ွဳပ္ ခ်င္ေတာ့..။

မွားပါတယ္ဆိုၿပီး တရားခံအစစ္ကို ျပန္ဖမ္းဖို႔ စာရြက္စာတမ္းကိစၥ အခ်ိန္ စသျဖင္ ့ နည္းတဲ့ အလုပ္ေတြ မဟုတ္ဘူးေလ။

အျပစ္မဲ့ လုလင္တစ္ေယာက္ရဲ႕ဘဝဟာ သူတို႔ အလုပ္ရွဳပ္တာထက္ ပိုၿပီး အေရးမႀကီးဘူးေလ...။

အကယ္၍ အမႈျပန္ဖြင့္ရင္ အျပစ္မဲ့တဲ့ ေကာင္ေလးတစ္ေယာက္ ဘဝကို ဖ်က္မိတဲ့ ေထာက္လွမ္းေရး အရာရွိကစျပီး တရားသူႀကီးအထိ ျပႆနာေတြ တက္မယ္ေလ။

သူတို႔ မဟုတ္တာေတြလုပ္ထားတာ အကုန္ေပၚမယ္။

သူတို႔ ဒါေတြကို မလိုခ်င္..။

••••••••••••••••••••••••••••••••••••

ဒီလိုနဲ႔ ၁၅ ႏွစ္ ၾကာသြားတယ္။

လွ်ိဳ ့ဝွက္ခ်က္ဟာ တစ္ျဖည္းျဖည္း ပိုၿပီးေပါက္ၾကားလာတယ္။ ေပါက္ၾကားတာမွ SBS ႐ုပ္ျမင္သံၾကားအထိကို ေပါက္ၾကားသြားတယ္။

••••••••••••••••••••••••••••••••••••

ဒီလွ်ိဳ ့ဝွက္ခ်က္ဟာ သူတို႔ေနတဲ့ ေဂ်ာ္လဒို- အိခ္ဆန္ၿမိဳ႕ေလး ( Iksan City - North Jeolla Province, South Korea) မွာ ဒီ လွ်ိဳ ့ဝွက္ခ်က္ရဲ႕ တီးတိုးသံေတြ ထြက္ေနတာ ၁၅ ႏွစ္ ရိွၿပီေပါ့ ။

ကင္မ္ နဲ႔ အင္မ္ ရြယ္တူ ၁၉၈၁ ခုႏွစ္ ေမြးတဲ့ သူေတြဆို အကုန္နီးပါးသိေနၾကၿပီ။

“ သူငယ္ခ်င္းႏွစ္ေယာက္ ရဲ႕ လွ်ိဳ ့ဝွက္ခ်က္ နဲ႔ သရဲေျခာက္တဲ့ ကုတင္ “ အေၾကာင္းဟာ လွ်ိဳ ့ဝွက္ခ်က္တစ္ခုကေန ေကာလဟလ သတင္းတစ္ခုလိုျဖစ္သြားၿပီ။

ၿပီးေတာ့ တစ္ခ်ိဳ႕ သူငယ္ခ်င္းေတြဆို အင္မ္ နဲ႔ ကင္မ္ ကို ငယ္သူငယ္ခ်င္း စာရင္းက ပယ္ ဖ်က္လိုက္ၾကၿပီ။

လူသတ္သမား၊ လူယုတ္မာ၊ ကလိမ္ ကက်စ္ ႏွစ္ေယာက္...။

••••••••••••••••••••••••••••••••••••

ဘဝ မွာ ဘာမွ အျပစ္မလုပ္တဲ့ သူကေတာ့

" ကြ်န္ေတာ္ လူမသတ္ပါဘူး" လို႔ အႀကိမ္ႀကိမ္ ေတာင္းပန္ ေျပာဆိုလည္း လက္လြတ္စပယ္ တာဝန္ေက် လုပ္သူတို႔ေၾကာင့္ ဘဝတစ္ခုလံုး ေပးဆပ္လိုက္ရသလို...

" လူသတ္မိတယ္ဗ်ာ..." ေျပာလည္း အမႈျပန္ဖြင့္ရမွာ အလုပ္ရွဳပ္လို႔ ျပန္လႊတ္ေပးလိုက္တဲ့ အျဖစ္...။

ဒီလို အျဖစ္မ်ိဳးေတြ ေလာကႀကီးမွာ အမ်ားႀကီးရွိေနတယ္။

တန္ဖိုးရွိလွတဲ့ လူ႔ဘဝကို ေထာင္ထဲမွာ ဆံုးရွဳံးလိုက္ရတဲ့ အျပစ္မဲ့ လူသားတစ္ေယာက္ရဲ႕ဘဝကို စာနာစိတ္မထားႏိုင္ၾက..။

လူေတြ.... တစ္ကိုယ္ေကာင္းဆန္တယ္။

••••••••••••••••••••••••••••••••••••

ဒါဆို အျပစ္မဲ့တဲ့ လုလင္ဟာ ဘာလို႔ အဖမ္းခံခဲ့ရသလဲ... ဘာလို႔ တရားခံလို႔ အစြပ္စြဲခံခဲ့ရသလဲ...?

၂၀၀၀ ခုႏွစ္ မွာ အသက္ ၁၅ ႏွစ္ရွိတဲ့ ေက်ာင္းသားေလးဟာ လူသတ္မႈနဲ ့ ေထာင္က်ခဲ့တယ္။

သူ႔ နာမည္က ခၽြဲ** တဲ့။

••••••••••••••••••••••••••••••••••••

" ကြ်န္ေတာ္ အၿမဲစဥ္းစားမိတယ္။ ငါ ဘာလို႔ ေထာင္က်ပါလိမ့္.. လို႔၊ ေတြးလို႔ကို မရတာ။ ကြ်န္ေတာ္ စိတ္နာတာ ရဲေတြကိုပဲေပါ့.." လို႔ သူ က ေျပာတယ္။

••••••••••••••••••••••••••••••••••••

ခၽြဲတို႔ မိသားစုက ဆင္းရဲတယ္။ ေငြမရွိ ၊ အေနာက္က ပံ့ပိုးမယ့္သူမရွိေလေတာ့ အာဏာပိုင္တို႔ ထင္ရာစိုင္းရဲၾကတာေပါ့။

••••••••••••••••••••••••••••••••••••

ခၽြဲက အဲဒီေန႔က အေၾကာင္းကို ေျပာျပတယ္။

အဲဒီေန႔က ကြ်န္ေတာ္ ဆိုင္ကယ္တစ္စီးနဲ႔ ေကာ္ဖီ ပို႔တဲ့ အခ်ိန္ပိုင္း အလုပ္ လုပ္ေနတဲ့ေန႔ေပါ့။

တကၠစီ တစ္စီးရပ္ထားၿပီး ရဲကားေတြေရာ ရဲေတြေရာ လမ္းေပၚရွဳပ္႐ွက္ခတ္ေနတယ္။

ရဲေတြကို ၾကည့္လိုက္ေတာ့ အသိ ဦးေလးရဲႀကီး တစ္ေယာက္ပါေနတယ္။

သူတို႔က တစ္ခုခုကို လိုက္ရွာေနတယ္။

ကြ်န္ေတာ္ အသိဆိုေတာ့ ကြ်န္ေတာ္လည္း ဝမ္းပန္းတသာ ႏွဳတ္ဆက္လိုက္တာေပါ့။

"ဦးေလး ဘာလုပ္ေနတာလဲဗ်..?"

" ဓား တစ္ေခ်ာင္းလိုက္ရွာေနတာ ေက်ာင္းသားေလးေရ.."

" ဘာ ဓားလဲ ဦးေလး"

" တကၠစီ ဒ႐ိုင္ဘာကို လူသတ္သမားက ဓားနဲ႔ထိုးလိုက္တာေလ။ အဲဒီဓားကို လိုက္ရွာေနတာ ခြ်ဲ ေရ.."

" ဟာ ဟုတ္လား ဦးေလး.., ဟိုဘက္ကို လူႏွစ္ေယာက္ ေျပးသြားတာ ကြ်န္ေတာ္ ေတြ႕တယ္ဗ်.. ႏွစ္ေယာက္ဗ် .. တစ္ေယာက္တည္း ေတာ့ မဟုတ္ဘူး "

ၿပီးေတာ့ ကြ်န္ေတာ္လည္း ဆိုင္ကယ္နဲ႔ အလုပ္ဆက္လုပ္ဖို႔ ထြက္လာခဲ့တယ္။

ရဲေတြက ကြ်န္ေတာ္ နဲ႔ ဆိုင္ကယ္ကို ဓာတ္ပံု႐ိုက္တယ္ဗ်.. ။ ကြ်န္ေတာ္လည္း ဘာမွမေျပာပဲ အလုပ္ေနာက္က်မွာစိုးလို႔ ဆိုင္ကယ္ဆက္ေမာင္းထြက္သြား လိ္ုက္တယ္။

••••••••••••••••••••••••••••••••••••

ေနာက္တစ္ေန႔က်ေတာ့ သူတို႔ ကြ်န္ေတာ့္ကို လာဖမ္းတာပဲ။

" မင္းဟာ တကၠစီသမား နဲ႔ ရန္ျဖစ္ၿပီး တကၠစီသမားကို ဓားနဲ႔ထိုးခဲ့တယ္"

"ဗ်ာ?!?"

ျဖစ္ခ်င္ေတာ့ ကြ်န္ေတာ့္ ဆိုင္ကယ္ထဲမွာ ဓားတစ္ေခ်ာင္းရွိတယ္။ လိုရမယ္ရ အႏၲရယ္ရွိခဲ့ရင္ ဆိုတဲ့ အေတြးနဲ႔ ေဆာင္ထားခဲ့တာ။

အဲဒီ ဓားနဲ႔ တကၠစီ ဒ႐ိုင္ဘာရဲ႕ ဓားဒါဏ္ရာ စစ္ခ်က္ေတြထဲက ဓားနဲ႔ က တစ္ျခားစီ..။

ရဲေတြက ကြ်န္ေတာ္ အလုပ္လုပ္တဲ့ ဆိုင္က ဓားေတြ ေပ်ာက္ ၊ မ ေပ်ာက္ လာစစ္တယ္။ေကာ္ဖီဆိုင္ဆိုေတာ့ ဓားက တစ္ေခ်ာင္းပဲရွိတာ..။ ဓားက ရွိေနတာေပါ့..။

ကြ်န္ေတာ့္ ကိုယ္မွာေရာ ၊ ဆိုင္ကယ္ထဲက ဓားမွာေရာ တကၠစီ ဒ႐ိုင္ဘာရဲ႕ ေသြး DNA တစ္စက္ေလးမွ မရွိပါဘူး။

ေသြးစြန္းတဲ့ ေနရာ ဘယ္ေနရာပဲျဖစ္ျဖစ္၊ ဘယ္ေလာက္ပဲ သန္႔ရွင္းေရးလုပ္လုပ္ ေနာက္ဆံုးေပၚနည္းနဲ႔ စမ္းသပ္ လို ႔ရပါတယ္။

ဒါေပမဲ့ သူတို႔ မစမ္းသပ္ဘူး။

မ်က္ျမင္သက္ေသေတြလည္း ႐ွိတယ္။
သူတို႔က ေျပာျပကူညီတယ္။

" တကၠစီ ဒ႐ိုင္ဘာက ကားထဲကထြက္လာၿပီး ေအာ္တယ္။ လူတစ္ေယာက္က တစ္ဖက္ကို ထြက္ေျပးတယ္။ ေနာက္ ၂၀ မိနစ္ ေလာက္ၾကာမွ ေကာ္ဖီပို႔တဲ့ ေကာင္ေလးဆိုင္ကယ္နဲ႔ ေရာက္လာတယ္"

ဘာပဲျဖစ္ျဖစ္ ရဲေတြေျပာတာက
" မင္း တရားခံ" ပဲ...တဲ့ဗ်ာ။

ကြ်န္ေတာ့္ ကို အခန္းပိတ္႐ိုက္ၿပီး ဝန္ခံခိုင္းတယ္။

အိပ္လည္း မအိပ္ခိုင္းပဲ ေသေအာင္ ႐ိုက္ၾကတာဗ်..ကြ်န္ေတာ္ အရမ္း ေၾကာက္လာတယ္။

ကြ်န္ေတာ္ လူသတ္တယ္လို႔ ေျပာလိုက္ရတယ္။ မေျပာမခ်င္း သံေခ်ာင္းနဲ႔ကို ႐ိုက္တာဗ်..။

••••••••••••••••••••••••••••••••••••

တရားသူႀကီးက ကြ်န္ေတာ္ အသက္မျပည့္ေသးလို႔ဆိုၿပီး တစ္သက္တစ္ကြ်န္းေတာ့ ေထာင္မခ်ႏိုင္ခဲ့ဘူးေပါ့။ လူသတ္မႈနဲ႔ ေထာင္ ၁၅ ႏွစ္ အမိန္႔က်ခဲ့တယ္။

ကြ်န္ေတာ့္အေမက ဒုတိယ တရား႐ုံးတက္ၿပီး ကြ်န္ေတာ့္ကို အယူခံဝင္ဖို႔ ကူညီတယ္။

ဒါေၾကာင့္ ေထာင္ဒါဏ္ ၅ ႏွစ္ေပါ့ေလွ်ာ့ၿပီး ေထာင္ ၁၀ ႏွစ္က်သြားတယ္။

••••••••••••••••••••••••••••••••••••

"ကြ်န္မ သားေလး အခ်ဳပ္ထဲမွာရွိေနတုန္း တစ္ခါပဲေတြ႕ခြင့္ရခဲ့တယ္။ ကြ်န္မ သားနဲ႔ေတြ႕ၿပီး လွည့္အျပန္ သားေလးရဲ႕ ငိုသံၾကားလိုက္ရတယ္။"

ေထာက္လွမ္းေရးေတြက ေနာက္ထပ္ ကြ်န္မကို အလာမခံေတာ့ဘူး။

••••••••••••••••••••••••••••••••••••

ခၽြဲဟာ ၂၀၁၀ ခုႏွစ္မွာ ခြ်ဲ လြတ္ေျမာက္ခဲ့တယ္.. ။

ဘဝမွာ စာလည္း သင္ခြင့္မရခဲ့ေတာ့..။
သူတတ္လာတာ အဆဲအဆို၊ အားနည္းသူေတြကို အႏိုင္က်င့္ ၊ အားႀကီးတဲ့သူေတြဆီ ကြ်န္ခံ...။

ဘဝရဲ႕ တန္ဖိုးရွိတဲ့ အခ်ိန္ ၁၀ ႏွစ္ ...ငရဲျပည္လို ေထာင္ထဲမွာ ေနခဲ့ရၿပီ။

ေျမနွိမ့္ရာ လွံစိုက္ၾကတဲ့ လူယုတ္မာေတြေၾကာင့္ ဘဝရဲ႕ ေပ်ာ္စရာအေကာင္းဆံုးအခ်ိန္ေတြမွာ ခၽြဲတစ္ေယာက္ေတာ့ အလုပ္ၾကမ္းနဲ႔ေထာင္ ဒါဏ္...။

ဘဝမွာ " ေထာင္ထြက္ " ဆိုတဲ့ နာမည္ဆိုး ေၾကာင့္ အလုပ္တစ္ခုလုပ္ဖို႔လည္း မလြယ္ေတာ့။

ဒါေၾကာင့္ ခၽြဲ ဟာ သူ အျပစ္မရွိေၾကာင္း၊ သူ႔ ကိုယ္ေရးရာဇဝင္မွာ ေထာင္ထြက္ဆိုတာ ပယ္ဖ်က္ေပးဖို႔ စာတင္ခဲ့တယ္။

••••••••••••••••••••••••••••••••••••

၂၀၁၅ မွာ SBS ႐ုပ္ျမင္သံၾကားက ဒီအေၾကာင္းကို ေၾကျငာၿပီး အစြမ္းကုန္ကူညီခဲ့တယ္။

လူသတ္မႈက ၁၅ ႏွစ္ေက်ာ္သြားရင္ ဥပေဒအရ အမႈျပန္လည္စစ္ေဆးဘို႔ မလြယ္ေတာ့ဘူးေလ။

••••••••••••••••••••••••••••••••••••

သနားစရာ ခၽြဲရဲ႕ ဒီ ျဖစ္ရပ္မွန္ ဇာတ္လမ္းကို New Trial (재심 ) ဆိုတဲ့ အမည္နဲ႔ ႐ုပ္ရွင္ကားျပန္႐ိုက္ၿပီး တစ္ႏိုင္ငံလံုးကို သိေစခဲ့တယ္။

••••••••••••••••••••••••••••••••••••

ဒီလို SBS ႐ုပ္ျမင္သံၾကားက ကူညီခဲ့ၿပီး
၂၀၁၅ ခုႏွစ္ ၆ လပိုင္း ၂၂ ရက္ေန႔မွာ ခြ်ဲဟာ အမႈျပန္ဖြင့္ခြင့္ရခဲ့တယ္။

ၿပီးေတာ့ ဒါ႐ိုက္တာ ကင္မ္ထဲယြန္း (김태윤) ႐ိုက္တဲ့ New Trial ဆိုတဲ့ ႐ုပ္ရွင္ကို ၂၀၁၆ ခုႏွစ္မွာ႐ိုက္ခဲ့တာေပါ့။ အဲဒီတုန္းက အမႈက အသစ္ျပန္ဖြင့္႐ုံပဲရွိေသးတာေပါ့။

ဒီလို တစ္ႏိုင္ငံလံုးသိၿပီးမွ စည္းလံုးလာေတာ့မွ တကယ့္အေျဖဟာ ၂၀၁၈ ခုႏွစ္ ၃ လပိုင္း ၂၇ ရက္ေန႔မွ အၿပီးသတ္ထြက္ခဲ့တယ္။

အဲဒီ အေျဖကဘာလဲ..?

ကင္မ္ နဲ႔ အင္မ္ ေရာ အခု ဘယ္ဘဝ ေရာက္ေနၿပီး ဘယ္လို အၿပီးသတ္ခဲ့သလဲ ...?

••••••••••••••••••••••••••••••••••••

ပထမ အဆင့္အေနနဲ႔ ၂၀၁၆ ခုႏွစ္ ၁၁ လပိုင္း ၁၇ ရက္ေန႔မွာ တရားသူႀကီးဆီက ခြ်ဲဟာ အျပစ္လံုးဝမရွိေၾကာင္း အမိန္႔က်ခဲ့တယ္။

သူ႔ရဲ႕ ရာဇဝတ္မႈ သမိုင္းဟာ ျပန္ၿပီး ျဖဴစင္ခဲ့တာေပါ့။ နစ္နာေၾကးကိုလည္း ႏိ္ုင္ငံေတာ္ကေပးခဲ့တယ္။

••••••••••••••••••••••••••••••••••••

ဒါေပမဲ့ ကုန္သြားတဲ့ အခ်ိန္ေတြကို ေငြနဲ႔ေပးဝယ္လို႔ မရဘူးေလ။

••••••••••••••••••••••••••••••••••••

အင္မ္နဲ႔ ကင္မ္

သူတို႔ ႏွစ္ေယာက္ဟာ ငယ္စဥ္ကတည္းက ညီအစ္ ကို အရင္းေတြထက္ေတာင္ ခ်စ္ၾကတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ ျဖစ္တယ္။

အင္မ္ ဟာ ဒီကိစၥကို အစ ပထမ ကတည္းက ရဲကို တိုင္ခ်င္ခဲ့ေပမယ့္ သူငယ္ခ်င္းေၾကာင့္ ေတြေဝခဲ့တယ္။

ဒါေၾကာင့္ အင္မ္ဟာ ရဲေတြသိေအာင္ တမင္သက္သက္ သူငယ္ခ်င္းေတြကို ေျပာျပခဲ့တာပါတဲ့..။

ေနာက္ပိုင္း တကၠစီ ဒ႐ိုင္ဘာ သရဲႀကီးက အင္မ္ အိပ္မက္ထဲကို ေန႔တိုင္း လာခဲ့တယ္။

အင္မ္ ေနာင္တရတယ္။ တကၠစီ ဒ႐ိုင္ဘာႀကီးကို သနားတယ္။ ေထာင္က်ခဲ့တဲ့ ခၽြဲ ဆိုတဲ့ ေကာင္ေလးအတြက္လည္း စိတ္မေကာင္းဘူး။

အင္မ္ ဟာ သူ႔ အျပစ္အတြက္ သူ စိတ္မေကာင္းျဖစ္ၿပီး စိတ္က်ေရာဂါ ျဖစ္လာတယ္။

ၿပီးေတာ့ သူ႔ အခန္းတံခါး ေတြကို ျပဴတင္းေပါက္ေတြကို တိပ္နဲ႔ အေသ ပိတ္ၿပီး ေက်ာက္မီးေသြးဖိုေတြ မီးရွႈိ ခဲ့တယ္။ ကာဗြန္ အဆိပ္ေငြ႕ေတြ ရွဴရင္း မိမိကိုယ္ မိမိသတ္ေသလိုက္ေတာ့တယ္။

••••••••••••••••••••••••••••••••••••

အင္မ္ အသုဘကို ကင္မ္ နဲ ့ သူငယ္ခ်င္းေတြ အားလံုးလာၾကတယ္။ သူငယ္ခ်င္းေတြဟာ ကင္မ္ ရဲ ့ မ်က္ႏွာကို ၾကည့္ေတာင္ မၾကည့္ၾကဘူး။

ကင္မ္ ဟာ တကၠစီ ဒ႐ိုင္ဘာကိုပဲ သတ္ခဲ့တာ မဟုတ္ဘူး။ အခ်စ္ဆံုး သူငယ္ခ်င္းကိုလည္း ေသေစခဲ့ေလၿပီ။

••••••••••••••••••••••••••••••••••••

ကင္မ္ဟာ အမွန္တရားကို ေရွာင္လြဲလို႔မရဘူးဆိုတာ သိခဲ့ရၿပီ။

ျပည္သူတို႔ရဲ႕ မဟုတ္မခံမႈ၊စည္းလံုးမႈနဲ႔ ကူညီမႈေတြေၾကာင့္ ကင္မ္ကို ျပန္ၿပီး အမႈဖြင့္ႏိုင္ခဲ့တယ္ေလ... ။

၂၀၁၈ ခုႏွစ္ ၃ လပိုင္း ၂၇ ရက္ေန႔မွာ ကင္မ္ကို ေထာင္ ၁၅ ႏွစ္က်ခံေစလို႔ တရားသူႀကီးက အမိန္႔က်ခဲ့တယ္။

အခုေတာ့ ကင္မ္ေထာင္ထဲမွာ သူ႔အျပစ္ေတြအတြက္ ေပးဆပ္ေနရၿပီ... ။ သူငယ္ခ်င္း အင္မ္ကို သတိရလြမ္းဆြတ္ရင္းေပါ့။

••••••••••••••••••••••••••••••••••••

အားလံုး နစ္နာၿပီး ေၾကကြဲဖို႔ေကာင္းတဲ့ တကယ့္ ျဖစ္ရပ္မွန္ ဇာတ္လမ္း တစ္ခုျဖစ္ပါတယ္။

အမႈတစ္ခု ျဖစ္လာရင္ တစ္ကယ့္ လူသတ္သမားကို ရွာေဖြဖမ္းဆီးရမွာ ခက္ခဲတဲ့အတြက္... ၿပီးရင္ၿပီးေရာဆိုၿပီး ဘဝေတြကို ဖ်က္ဆီးပစ္တဲ့ ဒီလို အျဖစ္မ်ိဳးဟာ တရားဥပေဒစိုးမိုးတဲ့ ေတာင္ကိုရီးယားလို ႏိုင္ငံေတြမွာေတာင္ ရွိေနတယ္ဆိုရင္ ကြ်န္မတို႔ ျမန္မာႏိုင္ငံမွာ ဘယ္ေလာက္ေတာင္ ရွိေနၿပီလဲ...။

တစ္ခ်ိဳ႕ လူေတြဟာ စာနာစိတ္ မရွိၾကဘူး..။
ၿပီးေတာ့ ေျမနွိမ့္ရာ လွံစိုက္ၾကတယ္ေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မေရႊမိုး ( ကိုရီးယား )

# Unicode Version ျဖင့္ ဖတ္ပါ #

 တောင်ကိုရီးယားနိုင်ငံ ဂျော်လဒို ခရိုင်မှာ ငယ်စဉ်ကတည်းက ညီအစ် ကိုတွေလို ရင်နှီးချစ်ခင်ကြတဲ့ သူငယ်ချင်းတစ်စု ရှိတယ်။

သူတို့ဟာ တစ်ရပ်ကွက်တည်းမှာ ကြီးပြင်းလာပြီး ကျောင်းတက်တော့လည်း တစ်ကျောင်းတည်းသာရှိတဲ့ တောမြို့လေးမို့ အားလုံး အတူတူ...။

ပြောမနာ ဆိုမနာ သူငယ်ချင်းတွေပေါ့..။

သူငယ်ချင်း တစ်ယောက်က ကောင်မလေး တစ်ယောက်ကို ကြိုက်ပြီဆို ကျန်တဲ့သူ တွေ က ဝိုင်းကူညီကြ။

သူငယ်ချင်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ရင် ကျန်သူငယ်ချင်းတွေက ကြားထဲက ဝိုင်းဖြန်ဖြေကြ...။

သူတို့အားလုံး အထက်တန်း ၊ တက္ကသိုလ်အထိ မခွဲ တတွဲတွဲ...။

ပျော်စရာကြီးပေါ့။

••••••••••••••••••••••••••••••••••••

သူတို့ရဲ့ နက်နဲတဲ့ ခင်မင်မှုတွေကြားကို လျှို့ဝှက်ချက်တစ်ခု ရောက်လာတယ်။ အဲဒီ လျှို့ဝှက်ချက်ကြောင့်ပဲ သူငယ်ချင်းတွေ စိတ်ဝမ်းကွဲကုန်ကြတယ်။

၂၀၀၀ ခုနှစ် ၈ လပိုင်းပေါ့။

••••••••••••••••••••••••••••••••••••

အဲဒီ လျှို့ဝှက်ချက်ဟာ အင်မ် ရဲ့ ကုတင်ပေါ်က မွေ့ယာက အနံ့ဆိုးကြီးက စတင်ခဲ့ တယ်။

ပိုပြီး ခြောက်ခြားဖို့ကောင်းတာက အင်မ် ရဲ့ မွေ့ယာပေါ်မှာ အိပ်မိရင် သရဲခြောက်ခံရတယ်ဆိုတာပဲ...။

သရဲ စ ခြောက်ပြီဆို အနံ့ တွေက ပိုပြီး လှှိုင်တက်လာတယ်။

••••••••••••••••••••••••••••••••••••

သရဲက ရှပ်အင်္ကျီ အဖြူ လက်ရှည် ဝတ်ထားတဲ့ သန်သန်မာမာ ဦးလေးကြီးတစ်ယောက်။

ပထမတော့ ဦးလေးကြီးဟာ အရှေ့မှာ ဘွားကနဲ ပေါ်လာပြီး ကျောခိုင်းထိုင်နေတယ်။

ပြီးတော့ တစ်ဖြည်းဖြည်း ခန္ဓာကိုယ်ကြီးက လှည့်လာပြီး ကုတင်ပေါ်မှာ အိပ်နေသူကို စိုက်ကြည့်တော့တယ်။

သရဲ ဦးလေးကြီးဟာ ဆံပင်တိုတို သပ်သပ်ရပ်ရပ် ညှပ်ထားတယ်။ ဦးလေးကြီးမျက်နှာက အံကြိတ်ပြီး ဒေါသထွက်နေတယ်။

အိပ်မက်လိုလို တစ်ကယ်လိုလို...။ ဦးလေးကြီးရဲ့ မျက်နှာဟာ သိသာထင်ရှားလွန်းလို့ စိတ်ထဲ စွဲနေအောင် မှတ်မိသွားကြတယ်။

သရဲ ဦးလေးကြီးရဲ့ အကြည့်ခံရတဲ့ သူတွေဟာ ရင်ခုန်နှုန်းတွေ အလွန်မြန်လာတယ်။

ရေငတ်ပြီး ရင်ဘတ်တွေ အောင့်လာတယ်။ လက်တွေ ၊ ခြေတွေ ကုတင်မှာ မြဲမြံစွာ ကပ်နေတယ်။ တစ်ကိုယ်လုံး လှှုပ်လို့မရတော့ဘူး။ ချွေးစီးတွေ ထွက်လာတယ်။

သရဲ ဦးလေးကြီးက သူ့အကြည့်ကို ဖယ်လိုက်မှ သရဲအခြောက်ခံရသူဟာ ဝူးဝူးဝါးဝါး အော်နိုင်ပြီး ထ ထိုင်နိုင်တယ်။ သူတို့ဟာ အလွန်ကြောက်ပြီး ကျန်ရစ်ခဲ့တယ်။

••••••••••••••••••••••••••••••••••••

ထူးဆန်းတာက သူငယ်ချင်းတွေ သရဲခြောက်ခံရတဲ့ ပုံစံကလည်း အားလုံးအတူတူပဲဖြစ်တယ်..။

အင်မ် ရဲ့ ရည်းစားလည်း အင်မ် ရဲ့ ကုတင်ပေါ်မှာ အိပ်ပျော်သွားပြီး သရဲအခြောက်ခံရတယ်။ အတူတူပဲ...ဆံပင်တိုတို သရဲ ဦးလေးကြီး။

••••••••••••••••••••••••••••••••••••

ဒီလို လူတွေ သရဲအခြောက်ခံရပေမဲ့ သရဲကို အင်မ် က တော့ မကြောက်ဘူး။

"ငါက သရဲကို ကြောက်မှ မကြောက်တာကွ။ သရဲက ငါ့ကို မကျေနပ်ဘူး။ "

ပြီးတော့ အင်မ် က ထပ်ပြောပြတယ်။

"မင်းတို့ ဘာလို့ သရဲ အခြောက်ခံရသလဲ ဆိုတာ ငါ သိတယ်ကွ... ဒါ လျှို့ဝှက်ချက်ပဲ။ မင်း ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေး.."

အင်မ် ဟာ ဒီ လျှို့ဝှက်ချက်ကို သူငယ်ချင်း အားလုံး စုထိုင်ပြီး တစ် ပြိုင်နက်ပြောပြတာတော့ မဟုတ်ဘူး။

တစ်ဦးချင်းစီ .. ဘယ်သူ့မှ ပြန်မပြောဖို့ အတန်တန် ကတိတောင်းပြီး ပြောပြတယ်။

••••••••••••••••••••••••••••••••••••

ဒီအကြောင်း မ ပြောပြခင် မွေ့ယာနဲ့ ကုတင်ကြားက သေတ္တာပါးလေး တစ်ခုကို ထုတ်ပြတယ်။

သေတ္တာကို ဖွင့်လိုက်တော့ သွေးစွန်းနေတဲ့ ဓားတစ်လက်။ သွေးပုပ် တွေကြောင့် အနံ့က တော်တော်ဆိုးတယ်။

" ဟိုကောင် ကင်မ် သိတယ်မဟုတ်လား။ ဒီကောင် ယတ်ချွန်း လမ်း ၅ ဆုံ ဖက်မှာ တက္ကစီ ဒရိုင်ဘာဆီက ငွေလု ဓားပြတိုက်ပြီး ဓားနဲ့ထိုးသတ်ခဲ့တာ ။ ပြီးတော့ ကြောက်ပြီး ငါ့အိမ်မှာ တစ်ပါတ်ပုန်းနေတယ်။ ဓားကို ဒီမှာထားသွားပြီး ဖျောက်ဖျက်ပေးဘို့ ပြောသွားတယ်။ ငါလည်း ဖျောက်ဖျက်လိုက်မှ သူ မိသွားမှာစိုးလို့ ဘယ်မှာ လွှင့်ပစ်ရမလဲ မသိသေးလို့ "

အင်မ် ရည်းစားဆို အရမ်းကြောက်သွားပြီ အင်မ် ရဲ့အိမ်ကိုတောင် မလာရဲတော့ဘူး။

••••••••••••••••••••••••••••••••••••

ကင်မ် က တော့ ဘယ်သူ့ကို မှ ဒီအကြောင်းမပြောဘူး။

အင်မ် က ပဲ ပြောနေတာဖြစ်တယ်။

••••••••••••••••••••••••••••••••••••

ရက် အနည်းငယ်ကြာတော့ ဂျော်လဒို မှာ တက္ကစီ ဒရိုင်ဘာ ဓားနဲ့ အထိုးခံရတဲ့ သတင်းက တစ်ကယ်ပဲ သတင်းစာထဲပါလာတယ်။

နေရာကလည်း အင်ပြောတဲ့ ယတ်ချွန်း လမ်း ၅ ဆုံ ..တဲ့။

တက္ကစီ ဒရိုင်ဘာရဲ့ ရုပ်ပုံက အင်မ် နဲ့ ကင်မ် ရဲ့ သူငယ်ချင်းတွေ ခြောက်တဲ့ သရဲကြီး ...။
သရဲဦးလေးကြီး မှ သရဲ ဦးလေးကြီး စစ်စစ်..။

ဒါပေမဲ့ သတင်းထဲမှာ တရားခံ လူသတ်သမားက အသက် ၁၅ နှစ် အရွယ်ရှိတဲ့ ကောင်လေးလို့ ရေးထားတယ်။

••••••••••••••••••••••••••••••••••••

အင်မ် ရဲ့ ရည်းစားနဲ့ သူငယ်ချင်းတွေဟာ တွေဝေသွားကြတာပေါ့။

အင်မ် က လျှောက် လိမ်ပြောနေတာလား?

သွေးစွန်းဓားကရော..?

သရဲ က တက္ကစီ ဒရိုင်ဘာနဲ့ တစ်ထပ်တည်းဆိုတော့ အင်မ် ပြောတာ အမှန်တွေလား..?

ဒါဆို အပြစ်မရှိတဲ့ ကလေး ထောင်ကျသွားတာလား..?

"အင်မ်ပြောတဲ့ နေရာလဲမှန်နေတယ်လေ.."

ဘာပဲဖြစ်ဖြစ် သူတို့ဟာ သရဲနဲ့ သွေးစွန်းဓားအကြောင်း လျှို့ဝှက်ထားလိုက်တယ်။

••••••••••••••••••••••••••••••••••••

ဒီ လျှို့ဝှက်ချက်နဲ့ ပါတ်သက်ပြီး သူငယ်ချင်းတွေ စကားများလာတယ်။

သဘောထား ကွဲလွဲလာကြတယ်။

" ရဲတိုင် ရမယ်..."

"သူငယ်ချင်းရဲ့ လျှို့ဝှက်ချက်မို့ ရဲ မတိုင်သင့်ဘူး.."

••••••••••••••••••••••••••••••••••••

အင်မ် နဲ့ ကင်မ် ဟာ စိတ်ဖိစီးမှုတွေ များနေတယ်ဆိုပြီး စိတ္တဇဆေးရုံမှာ တစ်လ ဆေးကုသမှုကို ခံယူလိုက်တယ်။

အကယ်၍များ အဖမ်းခံရရင် အရူးလက်မှတ်နဲ့ လျှော့ ပေါ့ခွင့်များ ရမလားပေါ့..။

စိတ္တဇဆေးရုံမှာလည်း အရက်ခိုးသောက်၊ ဆရာဝန် ရှေ့ရောက်ရင် တစ်ယောက်တည်း စကားတွေပြော ရူးချင်ယောင်ဆောင်ပြီး နေကြတယ်။

ပြီးတော့ ကင်မ်ဟာ ပုံမှန်ပဲ စိုးရိမ်ကြောင့်ကြမှု ကင်းမဲ့စွာ ဘဝကိုဖြတ်သန်းနေတယ်။

ဒါပေမဲ့ အင်မ်တစ်ယောက်ကတော့ ဂနာမငြိမ်...။

••••••••••••••••••••••••••••••••••••

ကင်မ်ကတော့ ၂၀၀၀ ခုနှစ်က သူလုပ်ခဲ့တဲ့ အပြစ်ကို မေ့သွားပြီလား? ...။

သူငယ်ချင်းတွေဟာ သူတို့ နှစ်ယောက်ကို အမြဲ အကဲခတ်နေကြတာပေါ့။

••••••••••••••••••••••••••••••••••••

သူတို့ပြောတဲ့ အတိုင်းသာမှန်ရင် ကင်မ် က လူသတ်မှု၊ အင်မ် က လူသတ်မှုကို ထိန်ချန်တဲ့ အမှု...။

••••••••••••••••••••••••••••••••••••

ဒီလိုနဲ့ ၃ နှစ် ကြာသွားတယ်။

ဒီသတင်းဟာ တစ်ယောက်နား တစ်ယောက် ပျံ့ပြီး ရဲစခန်းအထိ ရောက်သွားပါလေရော..။

ဒါကြောင့် ၂၀၁၃ ခုနှစ် ၆ လပိုင်းမှာ ရဲစခန်းက အင်မ် ကို အရင် ခေါ်ယူစစ်ဆေးခဲ့တယ်။

" ဒီ သတင်းကို မင်းဆီကကြားတယ်ဆိုပြီး သတင်းထွက်နေတယ်။ အမှန်အတိုင်းပြောပြပါ.."

အင်မ် က သူငယ်ချင်းတွေကို ပြောပြတဲ့အတိုင်း ကင်မ် ရဲ့လျှို့ဝှက်ချက်ကို ရဲအရာရှိထံ အကုန်ပြောပြလိုက်တော့ တယ်။

" ကင်မ် က ပထမ တက္ကစီ ဒရိုင်ဘာရဲ့ လည်ပင်းကို လည်း ဓားနဲ့ ထိုးတယ်တဲ့ဗျ...ပြီးတော့ ဘယ်နေရာကို ဆက်ပြီး ဓားနဲ့ထိုးခဲ့လဲ မမှတ်မိတော့ဘူးလို့ ပြောတာပဲ.."

" တက္ကစီ ဒရိုင်ဘာက ကယ်ကြပါဦးလို့အော်ပြီး ကားထဲက ဆင်းပြေးတယ်တဲ့ဗျ...ဒါကြောင့် ကင်မ် က အနီးဆုံးဖြစ်တဲ့ ကျွန်တော့် အိမ်ကို ပြေးလာခဲ့တာပါ.."

" ဓားမှာ သွေးတွေပေနေတယ်။ သွေးတွေထက်စာရင် ဝက်သား အဆီတွေလို အဆီခဲတွေက အဖတ်လိုက်.. အဆီတွေက ပိုများတယ်။ ဓားက နည်းနည်းကောက်နေတယ်..။ ကင်မ် က ဒီလိုပြောတယ်။ ဓားက အရိုးအထိ ဝင်သွားလို့ နည်းနည်း ကောက်သွားတယ်တဲ့။"

••••••••••••••••••••••••••••••••••••

ရဲတပ်ဖွဲ့က ကင်မ် ကို ဆက်လက်စစ်ဆေးတယ်။ ကင်မ် က ပထမတော့ ငြင်းသေးတယ်။ နောက်ပိုင်း အင်မ် က အားလုံးပြောပြီးပြီလို့ အမှုစစ်က ပြောပြတော့ သူ့အပြစ်တွေ အားလုံးကို ဝန်ခံခဲ့တယ်။

" ပထမတော့ တက္ကစီဖိုး မရှိလို့ပါ။ ကျွန်တော် တက္ကစီဖိုးမရှိဘူးပြောရင် ဦးလေးကြီက ရဲတိုင်မှာစိုးလို့ ဓားပြယောင်ဆောင်မယ်လို့ တွေးမိလိုက်တယ်။ တက္ကစီ ဦးလေးကြီးက ထွက်ပြေးမယ်လုပ်တော့ ဓားနဲ့ထိုးမိပြီး ကျန်ငွေတွေပါ ယူပြီး ပြေးမိပါတယ်.."

" အဲဒီ ဓားရော ဘယ်ရောက်သွားလဲ...?"

" အင်မ် ဆီမှာ အပ်ထားပြီး နောက်တော့ *** ရပ်ကွက်က အိမ်ပျက်ကြီးနားမှာ မြုှတ် ခဲ့ တယ်..."

ရဲတပ်ဖွဲ့က ကင်မ် နဲ့ အင်မ် ကို ဖမ်းဆီးလိုက်တယ်။

••••••••••••••••••••••••••••••••••••

အမှုအားလုံး စစ်ပြီးတော့ ကင်မ် ရဲ့ နောက်ဆုံးရေးတင်ခဲ့တဲ့စာ...

ကျွန်တော့်ကြောင့် ဒုက္ခရောက်ခဲ့သူတွေကို အနူးအညွှတ် တောင်းပန်ပါတယ်။ ကျွန်တော်လည်း အတော် စိတ်ပင်ပန်းခဲ့ပါတယ်။ ဒီလို ဖြစ်သွားတာကြောင့် ကျွန်တော် စိတ်ထိခိုက်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒီစကားကလွဲပြီး ဘာပြောရမှန်းမသိတော့ပါဘူး။

တောင်းပန်ပါတယ်။

ကင်မ်

••••••••••••••••••••••••••••••••••••

အင်မ် ရဲ့စာ

ကျွန်တော့် သူငယ်ချင်းကို အပြစ်ပေးပါ။ ကျွန်တော်ဟာ ပထမ အစ ကတည်းက ဒီကိစ္စကို အကြောင်းကြားရမှာဖြစ်ပေမယ့် ရဲကို တိုက်ရိုက် အကြောင်းမကြားခဲ့မိတာ စိတ်မကောင်းပါဘူး။

ကျွန်တော့် သူငယ်ချင်းကို အပြစ်ပေးပါ။

အင်မ်

••••••••••••••••••••••••••••••••••••

ဒါပေမဲ့ ကင်မ် နဲ့ အင်မ် ဟာ ၂ ရက် ပဲ အဖမ်းခံရပြီး ပြန်လွတ်လာတယ်။

ဒါဘာကြောင့်လဲ..?

••••••••••••••••••••••••••••••••••••

ဘာလို့လဲဆိုတော့ ရဲတပ်ဖွဲ့က တင်တဲ့ ကင်မ် နဲ့ အင်မ် အမှုကို သက်သေမရှိတော့လို့ ဆိုပြီး ထောက်လှမ်းရေးဘက်က ပယ်ချလိုက်လို့ပါပဲ။

••••••••••••••••••••••••••••••••••••

သက်သေ အသစ်တွေ လိုအပ်တဲ့အတွက် သူတို့နှစ်ယောက် ကို ပြန်ဖမ်းပြီးမေးတော့ ကင်မ်နဲ့ အင်မ်ရဲ့ အဖြေတွေက ပြောင်းကုန်ပြီ။

" သူငယ်ချင်းတွေကြား တမင်သက်သက် ဒီသတင်းပျံ့အောင် ဇာတ်လမ်းထွင်ပြီး ပြောတာပါခင်ဗျ" လို့ ဖြေတော့တယ်။

" ဟုတ်ပါတယ်...ကျွန်တော်တို့ လူတောင် သတ်ရဲတယ်ဆို သူငယ်ချင်းတွေ အထင်ကြီးမယ်လို့ ထင်မိတယ်..."

" အဲဒီ ၂၀၀၃ နှစ် တုန်းက ကျွန်တော့် အမေနဲ့အဖေ ကွာရှင်းကြတယ်။ ဒါကြောင့် အမေနဲ့အဖေ ကျွန်တော့်ကို ဂရုစိုက်အောင် ဇာတ်လမ်းထွင်မိတာပါ..."

"မိဘတွေ စိတ်သောကရောက်အောင် ကျွန်တော်တို့ နှစ်ယောက် လူသတ်တာလို့ ရဲစခန်းမှာ ဖြေခဲ့တာပါ.."

" ဟာ.. တော်တော်ရှုပ်တဲ့ ကောင်လေးတွေ.."

" အင်မ်... မင်းကိုယ်တိုင် သွေးစွန်းနေတဲ့ ဓားကိုတွေ့ခဲ့တာဆို..."

"မတွေ့ပါဘူးဗျာ... စိတ်ကူးယဉ်တာပါ...သူငယ်ချင်းတွေကို ဆေးအနီ သုတ်ထားတဲ့ ဓားကို ပြခဲ့တာပါ..."

••••••••••••••••••••••••••••••••••••

အမှုစစ်က ဒီလိုသုံးသပ်တယ်။

" ပထမအကြိမ် ကင်မ် နဲ့အင်မ် ကို စစ်ဆေးတုန်းက ကင်မ် ဟာ လူသတ်မိပါတယ်လို့ ဝန်ခံခဲ့တယ်။ အဲဒီအချိန် သူတို့ မျက်နှာတွေဟာ မလိမ် မညာ အမှန်အတိုင်း ပြောနေတယ်လို့ ယူဆရတယ်။သူတို့က ကြောက်နေပုံလည်းရတယ်။ ဝမ်းနည်းပုံလည်းပေါက်နေတယ်။"

" အဲ...ဒုတိယအကြိမ်မှာတော့ လူမသတ်ပါဘူး ၊ဇာတ်လမ်းထွင်မိပါတယ် ဘာညာနဲ့ သူတို့ သတိထားပြီး ပြောနေတယ်။ လိမ်တာဖြစ်ဖို့များတယ်..။ သူတို့ မျက်နှာက မထီမဲ့မြင်နဲ့ .."

••••••••••••••••••••••••••••••••••••

ရဲတပ်ဖွဲ့က ကင်မ် ဓားလွှင့်ပစ်ခဲ့တဲ့နေရာကို လိုက်ရှာကြပြန်တယ်။

အဲဒီမှာ အိမ်အသစ် ဆောက်ထားပြီ..။

အိမ်ရှင်က ဒီလိုပြောတယ်။

" ဟုတ်တယ်ဗျ... အိမ် စ ဆောက်တုန်းက သံချေးတက်နေတဲ့ ဓားတစ်လက် မြေကြီးထဲက ထွက်လာတယ်။ ကျွန်တော်တို့လည်း လွှင့်ပစ်လိုက်တယ်..."

“. အာ.. အဲဒီဓားက အောက်ပိုင်းမှာ သံချေးတက်နေတယ်။ဓား က နည်းနည်း ကောက်နေတယ်ရှင့် .." လို့ အိမ်ရှင်လင်မယားက ပြောခဲ့တယ်။

••••••••••••••••••••••••••••••••••••

ရဲတပ်ဖွဲ က အဲဒီအမှုကို အမှိုက်ပုံမှာ ဆက်ရှာဖို့ ခွင့်ပြူချက်ယူရမှာဖြစ်တယ်။

အမှု ဆက်စစ်ဖို့ အဲဒီဓားကို ရှာဖို့ အထက်ကို တင်ပြရပြန်တယ်။ ရဲတပ်ဖွဲ့အထက်က ထောက်လှမ်းရေးပေါ့။

အထက်က ပယ်ချလိုက်ပြန်တယ်။

" ဒီလောက်ကြာနေပြီ။ DNA လည်း စစ်လို့ရမှာ မဟုတ်ဘူး.." တဲ့..။

ကင်မ် နဲ့ အင်မ် ဟာ အမှုကနေ ဒီလို လွယ်လွယ်လေး လွတ်မြောက်သွားပြန်တယ်။

••••••••••••••••••••••••••••••••••••

အခြားတစ်ယောက်ကို ဖမ်းထားပြီးပြီမို့ သူတို့ အလုပ်မရှုပ် ချင်တော့..။

မှားပါတယ်ဆိုပြီး တရားခံအစစ်ကို ပြန်ဖမ်းဖို့ စာရွက်စာတမ်းကိစ္စ အချိန် စသဖြင့် နည်းတဲ့ အလုပ်တွေ မဟုတ်ဘူးလေ။

အပြစ်မဲ့ လုလင်တစ်ယောက်ရဲ့ဘဝဟာ သူတို့ အလုပ်ရှုပ်တာထက် ပိုပြီး အရေးမကြီးဘူးလေ...။

အကယ်၍ အမှုပြန်ဖွင့်ရင် အပြစ်မဲ့တဲ့ ကောင်လေးတစ်ယောက် ဘဝကို ဖျက်မိတဲ့ ထောက်လှမ်းရေး အရာရှိကစပြီး တရားသူကြီးအထိ ပြဿနာတွေ တက်မယ်လေ။

သူတို့ မဟုတ်တာတွေလုပ်ထားတာ အကုန်ပေါ်မယ်။

သူတို့ ဒါတွေကို မလိုချင်..။

••••••••••••••••••••••••••••••••••••

ဒီလိုနဲ့ ၁၅ နှစ် ကြာသွားတယ်။

လျှို့ဝှက်ချက်ဟာ တစ်ဖြည်းဖြည်း ပိုပြီးပေါက်ကြားလာတယ်။ ပေါက်ကြားတာမှ SBS ရုပ်မြင်သံကြားအထိကို ပေါက်ကြားသွားတယ်။

••••••••••••••••••••••••••••••••••••

ဒီလျှို့ဝှက်ချက်ဟာ သူတို့နေတဲ့ ဂျော်လဒို- အိခ်ဆန်မြို့လေး ( Iksan City - North Jeolla Province, South Korea) မှာ ဒီ လျှို့ဝှက်ချက်ရဲ့ တီးတိုးသံတွေ ထွက်နေတာ ၁၅ နှစ် ရှိပြီပေါ့ ။

ကင်မ် နဲ့ အင်မ် ရွယ်တူ ၁၉၈၁ ခုနှစ် မွေးတဲ့ သူတွေဆို အကုန်နီးပါးသိနေကြပြီ။

“ သူငယ်ချင်းနှစ်ယောက် ရဲ့ လျှို့ဝှက်ချက် နဲ့ သရဲခြောက်တဲ့ ကုတင် “ အကြောင်းဟာ လျှို့ဝှက်ချက်တစ်ခုကနေ ကောလဟလ သတင်းတစ်ခုလိုဖြစ်သွားပြီ။

ပြီးတော့ တစ်ချို့ သူငယ်ချင်းတွေဆို အင်မ် နဲ့ ကင်မ် ကို ငယ်သူငယ်ချင်း စာရင်းက ပယ် ဖျက်လိုက်ကြပြီ။

လူသတ်သမား၊ လူယုတ်မာ၊ ကလိမ် ကကျစ် နှစ်ယောက်...။

••••••••••••••••••••••••••••••••••••

ဘဝ မှာ ဘာမှ အပြစ်မလုပ်တဲ့ သူကတော့

" ကျွန်တော် လူမသတ်ပါဘူး" လို့ အကြိမ်ကြိမ် တောင်းပန် ပြောဆိုလည်း လက်လွတ်စပယ် တာဝန်ကျေ လုပ်သူတို့ကြောင့် ဘဝတစ်ခုလုံး ပေးဆပ်လိုက်ရသလို...

" လူသတ်မိတယ်ဗျာ..." ပြောလည်း အမှုပြန်ဖွင့်ရမှာ အလုပ်ရှုပ်လို့ ပြန်လွှတ်ပေးလိုက်တဲ့ အဖြစ်...။

ဒီလို အဖြစ်မျိုးတွေ လောကကြီးမှာ အများကြီးရှိနေတယ်။

တန်ဖိုးရှိလှတဲ့ လူ့ဘဝကို ထောင်ထဲမှာ ဆုံးရှုံးလိုက်ရတဲ့ အပြစ်မဲ့ လူသားတစ်ယောက်ရဲ့ဘဝကို စာနာစိတ်မထားနိုင်ကြ..။

လူတွေ.... တစ်ကိုယ်ကောင်းဆန်တယ်။

••••••••••••••••••••••••••••••••••••

ဒါဆို အပြစ်မဲ့တဲ့ လုလင်ဟာ ဘာလို့ အဖမ်းခံခဲ့ရသလဲ... ဘာလို့ တရားခံလို့ အစွပ်စွဲခံခဲ့ရသလဲ...?

၂၀၀၀ ခုနှစ် မှာ အသက် ၁၅ နှစ်ရှိတဲ့ ကျောင်းသားလေးဟာ လူသတ်မှုနဲ့ ထောင်ကျခဲ့တယ်။

သူ့ နာမည်က ချွဲ** တဲ့။

••••••••••••••••••••••••••••••••••••

" ကျွန်တော် အမြဲစဉ်းစားမိတယ်။ ငါ ဘာလို့ ထောင်ကျပါလိမ့်.. လို့၊ တွေးလို့ကို မရတာ။ ကျွန်တော် စိတ်နာတာ ရဲတွေကိုပဲပေါ့.." လို့ သူ က ပြောတယ်။

••••••••••••••••••••••••••••••••••••

ချွဲတို့ မိသားစုက ဆင်းရဲတယ်။ ငွေမရှိ ၊ အနောက်က ပံ့ပိုးမယ့်သူမရှိလေတော့ အာဏာပိုင်တို့ ထင်ရာစိုင်းရဲကြတာပေါ့။

••••••••••••••••••••••••••••••••••••

ချွဲက အဲဒီနေ့က အကြောင်းကို ပြောပြတယ်။

အဲဒီနေ့က ကျွန်တော် ဆိုင်ကယ်တစ်စီးနဲ့ ကော်ဖီ ပို့တဲ့ အချိန်ပိုင်း အလုပ် လုပ်နေတဲ့နေ့ပေါ့။

တက္ကစီ တစ်စီးရပ်ထားပြီး ရဲကားတွေရော ရဲတွေရော လမ်းပေါ်ရှုပ်ရှက်ခတ်နေတယ်။

ရဲတွေကို ကြည့်လိုက်တော့ အသိ ဦးလေးရဲကြီး တစ်ယောက်ပါနေတယ်။

သူတို့က တစ်ခုခုကို လိုက်ရှာနေတယ်။

ကျွန်တော် အသိဆိုတော့ ကျွန်တော်လည်း ဝမ်းပန်းတသာ နှုတ်ဆက်လိုက်တာပေါ့။

"ဦးလေး ဘာလုပ်နေတာလဲဗျ..?"

" ဓား တစ်ချောင်းလိုက်ရှာနေတာ ကျောင်းသားလေးရေ.."

" ဘာ ဓားလဲ ဦးလေး"

" တက္ကစီ ဒရိုင်ဘာကို လူသတ်သမားက ဓားနဲ့ထိုးလိုက်တာလေ။ အဲဒီဓားကို လိုက်ရှာနေတာ ချွဲ ရေ.."

" ဟာ ဟုတ်လား ဦးလေး.., ဟိုဘက်ကို လူနှစ်ယောက် ပြေးသွားတာ ကျွန်တော် တွေ့တယ်ဗျ.. နှစ်ယောက်ဗျ .. တစ်ယောက်တည်း တော့ မဟုတ်ဘူး "

ပြီးတော့ ကျွန်တော်လည်း ဆိုင်ကယ်နဲ့ အလုပ်ဆက်လုပ်ဖို့ ထွက်လာခဲ့တယ်။

ရဲတွေက ကျွန်တော် နဲ့ ဆိုင်ကယ်ကို ဓာတ်ပုံရိုက်တယ်ဗျ.. ။ ကျွန်တော်လည်း ဘာမှမပြောပဲ အလုပ်နောက်ကျမှာစိုးလို့ ဆိုင်ကယ်ဆက်မောင်းထွက်သွား လိုက်တယ်။

••••••••••••••••••••••••••••••••••••

နောက်တစ်နေ့ကျတော့ သူတို့ ကျွန်တော့်ကို လာဖမ်းတာပဲ။

" မင်းဟာ တက္ကစီသမား နဲ့ ရန်ဖြစ်ပြီး တက္ကစီသမားကို ဓားနဲ့ထိုးခဲ့တယ်"

"ဗျာ?!?"

ဖြစ်ချင်တော့ ကျွန်တော့် ဆိုင်ကယ်ထဲမှာ ဓားတစ်ချောင်းရှိတယ်။ လိုရမယ်ရ အန္တရယ်ရှိခဲ့ရင် ဆိုတဲ့ အတွေးနဲ့ ဆောင်ထားခဲ့တာ။

အဲဒီ ဓားနဲ့ တက္ကစီ ဒရိုင်ဘာရဲ့ ဓားဒါဏ်ရာ စစ်ချက်တွေထဲက ဓားနဲ့ က တစ်ခြားစီ..။

ရဲတွေက ကျွန်တော် အလုပ်လုပ်တဲ့ ဆိုင်က ဓားတွေ ပျောက် ၊ မ ပျောက် လာစစ်တယ်။ကော်ဖီဆိုင်ဆိုတော့ ဓားက တစ်ချောင်းပဲရှိတာ..။ ဓားက ရှိနေတာပေါ့..။

ကျွန်တော့် ကိုယ်မှာရော ၊ ဆိုင်ကယ်ထဲက ဓားမှာရော တက္ကစီ ဒရိုင်ဘာရဲ့ သွေး DNA တစ်စက်လေးမှ မရှိပါဘူး။

သွေးစွန်းတဲ့ နေရာ ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ သန့်ရှင်းရေးလုပ်လုပ် နောက်ဆုံးပေါ်နည်းနဲ့ စမ်းသပ် လို့ရပါတယ်။

ဒါပေမဲ့ သူတို့ မစမ်းသပ်ဘူး။

မျက်မြင်သက်သေတွေလည်း ရှိတယ်။
သူတို့က ပြောပြကူညီတယ်။

" တက္ကစီ ဒရိုင်ဘာက ကားထဲကထွက်လာပြီး အော်တယ်။ လူတစ်ယောက်က တစ်ဖက်ကို ထွက်ပြေးတယ်။ နောက် ၂၀ မိနစ် လောက်ကြာမှ ကော်ဖီပို့တဲ့ ကောင်လေးဆိုင်ကယ်နဲ့ ရောက်လာတယ်"

ဘာပဲဖြစ်ဖြစ် ရဲတွေပြောတာက
" မင်း တရားခံ" ပဲ...တဲ့ဗျာ။

ကျွန်တော့် ကို အခန်းပိတ်ရိုက်ပြီး ဝန်ခံခိုင်းတယ်။

အိပ်လည်း မအိပ်ခိုင်းပဲ သေအောင် ရိုက်ကြတာဗျ..ကျွန်တော် အရမ်း ကြောက်လာတယ်။

ကျွန်တော် လူသတ်တယ်လို့ ပြောလိုက်ရတယ်။ မပြောမချင်း သံချောင်းနဲ့ကို ရိုက်တာဗျ..။

••••••••••••••••••••••••••••••••••••

တရားသူကြီးက ကျွန်တော် အသက်မပြည့်သေးလို့ဆိုပြီး တစ်သက်တစ်ကျွန်းတော့ ထောင်မချနိုင်ခဲ့ဘူးပေါ့။ လူသတ်မှုနဲ့ ထောင် ၁၅ နှစ် အမိန့်ကျခဲ့တယ်။

ကျွန်တော့်အမေက ဒုတိယ တရားရုံးတက်ပြီး ကျွန်တော့်ကို အယူခံဝင်ဖို့ ကူညီတယ်။

ဒါကြောင့် ထောင်ဒါဏ် ၅ နှစ်ပေါ့လျှော့ပြီး ထောင် ၁၀ နှစ်ကျသွားတယ်။

••••••••••••••••••••••••••••••••••••

"ကျွန်မ သားလေး အချုပ်ထဲမှာရှိနေတုန်း တစ်ခါပဲတွေ့ခွင့်ရခဲ့တယ်။ ကျွန်မ သားနဲ့တွေ့ပြီး လှည့်အပြန် သားလေးရဲ့ ငိုသံကြားလိုက်ရတယ်။"

ထောက်လှမ်းရေးတွေက နောက်ထပ် ကျွန်မကို အလာမခံတော့ဘူး။

••••••••••••••••••••••••••••••••••••

ချွဲဟာ ၂၀၁၀ ခုနှစ်မှာ ချွဲ လွတ်မြောက်ခဲ့တယ်.. ။

ဘဝမှာ စာလည်း သင်ခွင့်မရခဲ့တော့..။
သူတတ်လာတာ အဆဲအဆို၊ အားနည်းသူတွေကို အနိုင်ကျင့် ၊ အားကြီးတဲ့သူတွေဆီ ကျွန်ခံ...။

ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန် ၁၀ နှစ် ...ငရဲပြည်လို ထောင်ထဲမှာ နေခဲ့ရပြီ။

မြေနှိမ့်ရာ လှံစိုက်ကြတဲ့ လူယုတ်မာတွေကြောင့် ဘဝရဲ့ ပျော်စရာအကောင်းဆုံးအချိန်တွေမှာ ချွဲတစ်ယောက်တော့ အလုပ်ကြမ်းနဲ့ထောင် ဒါဏ်...။

ဘဝမှာ " ထောင်ထွက် " ဆိုတဲ့ နာမည်ဆိုး ကြောင့် အလုပ်တစ်ခုလုပ်ဖို့လည်း မလွယ်တော့။

ဒါကြောင့် ချွဲ ဟာ သူ အပြစ်မရှိကြောင်း၊ သူ့ ကိုယ်ရေးရာဇဝင်မှာ ထောင်ထွက်ဆိုတာ ပယ်ဖျက်ပေးဖို့ စာတင်ခဲ့တယ်။

••••••••••••••••••••••••••••••••••••

၂၀၁၅ မှာ SBS ရုပ်မြင်သံကြားက ဒီအကြောင်းကို ကြေငြာပြီး အစွမ်းကုန်ကူညီခဲ့တယ်။

လူသတ်မှုက ၁၅ နှစ်ကျော်သွားရင် ဥပဒေအရ အမှုပြန်လည်စစ်ဆေးဘို့ မလွယ်တော့ဘူးလေ။

••••••••••••••••••••••••••••••••••••

သနားစရာ ချွဲရဲ့ ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်းကို New Trial (재심 ) ဆိုတဲ့ အမည်နဲ့ ရုပ်ရှင်ကားပြန်ရိုက်ပြီး တစ်နိုင်ငံလုံးကို သိစေခဲ့တယ်။

••••••••••••••••••••••••••••••••••••

ဒီလို SBS ရုပ်မြင်သံကြားက ကူညီခဲ့ပြီး
၂၀၁၅ ခုနှစ် ၆ လပိုင်း ၂၂ ရက်နေ့မှာ ချွဲဟာ အမှုပြန်ဖွင့်ခွင့်ရခဲ့တယ်။

ပြီးတော့ ဒါရိုက်တာ ကင်မ်ထဲယွန်း (김태윤) ရိုက်တဲ့ New Trial ဆိုတဲ့ ရုပ်ရှင်ကို ၂၀၁၆ ခုနှစ်မှာရိုက်ခဲ့တာပေါ့။ အဲဒီတုန်းက အမှုက အသစ်ပြန်ဖွင့်ရုံပဲရှိသေးတာပေါ့။

ဒီလို တစ်နိုင်ငံလုံးသိပြီးမှ စည်းလုံးလာတော့မှ တကယ့်အဖြေဟာ ၂၀၁၈ ခုနှစ် ၃ လပိုင်း ၂၇ ရက်နေ့မှ အပြီးသတ်ထွက်ခဲ့တယ်။

အဲဒီ အဖြေကဘာလဲ..?

ကင်မ် နဲ့ အင်မ် ရော အခု ဘယ်ဘဝ ရောက်နေပြီး ဘယ်လို အပြီးသတ်ခဲ့သလဲ ...?

••••••••••••••••••••••••••••••••••••

ပထမ အဆင့်အနေနဲ့ ၂၀၁၆ ခုနှစ် ၁၁ လပိုင်း ၁၇ ရက်နေ့မှာ တရားသူကြီးဆီက ချွဲဟာ အပြစ်လုံးဝမရှိကြောင်း အမိန့်ကျခဲ့တယ်။

သူ့ရဲ့ ရာဇဝတ်မှု သမိုင်းဟာ ပြန်ပြီး ဖြူစင်ခဲ့တာပေါ့။ နစ်နာကြေးကိုလည်း နိုင်ငံတော်ကပေးခဲ့တယ်။

••••••••••••••••••••••••••••••••••••

ဒါပေမဲ့ ကုန်သွားတဲ့ အချိန်တွေကို ငွေနဲ့ပေးဝယ်လို့ မရဘူးလေ။

••••••••••••••••••••••••••••••••••••

အင်မ်နဲ့ ကင်မ်

သူတို့ နှစ်ယောက်ဟာ ငယ်စဉ်ကတည်းက ညီအစ် ကို အရင်းတွေထက်တောင် ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်တယ်။

အင်မ် ဟာ ဒီကိစ္စကို အစ ပထမ ကတည်းက ရဲကို တိုင်ချင်ခဲ့ပေမယ့် သူငယ်ချင်းကြောင့် တွေဝေခဲ့တယ်။

ဒါကြောင့် အင်မ်ဟာ ရဲတွေသိအောင် တမင်သက်သက် သူငယ်ချင်းတွေကို ပြောပြခဲ့တာပါတဲ့..။

နောက်ပိုင်း တက္ကစီ ဒရိုင်ဘာ သရဲကြီးက အင်မ် အိပ်မက်ထဲကို နေ့တိုင်း လာခဲ့တယ်။

အင်မ် နောင်တရတယ်။ တက္ကစီ ဒရိုင်ဘာကြီးကို သနားတယ်။ ထောင်ကျခဲ့တဲ့ ချွဲ ဆိုတဲ့ ကောင်လေးအတွက်လည်း စိတ်မကောင်းဘူး။

အင်မ် ဟာ သူ့ အပြစ်အတွက် သူ စိတ်မကောင်းဖြစ်ပြီး စိတ်ကျရောဂါ ဖြစ်လာတယ်။

ပြီးတော့ သူ့ အခန်းတံခါး တွေကို ပြူတင်းပေါက်တွေကို တိပ်နဲ့ အသေ ပိတ်ပြီး ကျောက်မီးသွေးဖိုတွေ မီးရှှို ခဲ့တယ်။ ကာဗွန် အဆိပ်ငွေ့တွေ ရှူရင်း မိမိကိုယ် မိမိသတ်သေလိုက်တော့တယ်။

••••••••••••••••••••••••••••••••••••

အင်မ် အသုဘကို ကင်မ် နဲ့ သူငယ်ချင်းတွေ အားလုံးလာကြတယ်။ သူငယ်ချင်းတွေဟာ ကင်မ် ရဲ့ မျက်နှာကို ကြည့်တောင် မကြည့်ကြဘူး။

ကင်မ် ဟာ တက္ကစီ ဒရိုင်ဘာကိုပဲ သတ်ခဲ့တာ မဟုတ်ဘူး။ အချစ်ဆုံး သူငယ်ချင်းကိုလည်း သေစေခဲ့လေပြီ။

••••••••••••••••••••••••••••••••••••

ကင်မ်ဟာ အမှန်တရားကို ရှောင်လွဲလို့မရဘူးဆိုတာ သိခဲ့ရပြီ။

ပြည်သူတို့ရဲ့ မဟုတ်မခံမှု၊စည်းလုံးမှုနဲ့ ကူညီမှုတွေကြောင့် ကင်မ်ကို ပြန်ပြီး အမှုဖွင့်နိုင်ခဲ့တယ်လေ... ။

၂၀၁၈ ခုနှစ် ၃ လပိုင်း ၂၇ ရက်နေ့မှာ ကင်မ်ကို ထောင် ၁၅ နှစ်ကျခံစေလို့ တရားသူကြီးက အမိန့်ကျခဲ့တယ်။

အခုတော့ ကင်မ်ထောင်ထဲမှာ သူ့အပြစ်တွေအတွက် ပေးဆပ်နေရပြီ... ။ သူငယ်ချင်း အင်မ်ကို သတိရလွမ်းဆွတ်ရင်းပေါ့။

••••••••••••••••••••••••••••••••••••

အားလုံး နစ်နာပြီး ကြေကွဲဖို့ကောင်းတဲ့ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ခုဖြစ်ပါတယ်။

အမှုတစ်ခု ဖြစ်လာရင် တစ်ကယ့် လူသတ်သမားကို ရှာဖွေဖမ်းဆီးရမှာ ခက်ခဲတဲ့အတွက်... ပြီးရင်ပြီးရောဆိုပြီး ဘဝတွေကို ဖျက်ဆီးပစ်တဲ့ ဒီလို အဖြစ်မျိုးဟာ တရားဥပဒေစိုးမိုးတဲ့ တောင်ကိုရီးယားလို နိုင်ငံတွေမှာတောင် ရှိနေတယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာ ဘယ်လောက်တောင် ရှိနေပြီလဲ...။

တစ်ချို့ လူတွေဟာ စာနာစိတ် မရှိကြဘူး..။
ပြီးတော့ မြေနှိမ့်ရာ လှံစိုက်ကြတယ်လေ။

ဖိုးသူတော် (www.phothutaw.com)
Credit: မရွှေမိုး ( ကိုရီးယား )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top