တက္တူးထိုးရတာကို လြန္လြန္ကြၽံကြၽံစြဲလန္းေနတဲ့ အသက္(၃၂)ႏွစ္အ႐ြယ္ Adam Curlykale အမည္ရ ႐ုရွႏိုင္ငံသားတစ္ဦးကေတာ့ သူမ်ားထက္ကို ပိုတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။

သူ႔ရဲ႕ ခႏၶာကိုယ္ရဲ႕ (၉၀)%ဟာ တက္တူးေတြနဲ႔ ဖုံးအုပ္ထားၿပီး၊ သူရဲ႕ လက္ရွိအလွတရားကို ေမြးရာပါျဖစ္တဲ့ ငယ္ပါက ၾကားဝင္ေႏွာက္ယွက္မွာစိုးလို႔ ျဖတ္ေတာက္ထားသည္အထိ ျဖစ္ခဲ့ပါတယ္။

Adam ဟာ ႐ုရွားႏိုင္ငံ ကလင္နင္ဂတ္မွာ ေနထိုင္သူျဖစ္ၿပီး လြန္ခဲ့တဲ့ (၁၂)ႏွစ္က ကင္ဆာေရာဂါကို ခံစားခဲ့ရၿပီးေနာက္ပိုင္း ေဆးမင္အနက္နဲ႔ တစ္ကိုယ္လုံးကို တက္တူးေတြ ထိုးခဲ့ပါတယ္။

သူရဲ႕မ်က္လုံးအဆံအတြင္းမွာေတာင္ ေဆးမင္နက္ေတြ ထိုးသြင္းခဲ့ၿပီး မ်က္ခုံးေမြးႏႈတ္ခမ္းေမြးေတြကိုေတာ့ အရွိအတိုင္း ထားခဲ့ပါတယ္။

Adam ဟာ Albinism လို႔ေခၚတဲ့ ေမြးရာပါ အသားေရ/အေမြးအမွ်င္ ဆြတ္ဆြတ္ျဖဴတဲ့ မ်ိဳးဗီဇေရာဂါကို ခံစားခဲ့ရၿပီး ဒီလို ျဖဴေဖြးေနတဲ့အသားအေရက သူ႔ကို စိတ္ဓာတ္ပိုက်ေစလို႔ အခုလို ေဆးမင္အနက္ ထိုးသြင္းလိုက္တာက သူ႔အတြက္ေတာ့ အေတာ္ေလးကို စိတ္သက္သာရာ ရေစတယ္လို႔ ေျပာပါတယ္။

ဒီလိုနဲ႔ Adam ဟာ သူ႔ကိုယ္သူ အေတာ္ေလးကို ၾကည့္ေကာင္းၿပီး လွပတယ္လို႔ ယူဆခဲေ့ပမယ့္ အလွဖ်က္ေနတဲ့အရာတစ္ခုကို သူ ေတြ႕သြားျပန္ပါတယ္။

အဲဒါကေတာ့ ငယ္ပါ,ပါဘဲ။ ငယ္ပါေၾကာင့္ သူရဲ႕ အလွတရားက မျပည့္စုံဘူးလို႔ Adam က ယူဆၿပီးေနာက္ ေငြေၾကးအကုန္အက်ခံကာ ငယ္ပါကို ျဖတ္ေတာက္ပစ္ခဲ့ပါတယ္။ ေနာက္ၿပီး နို့သီး ေတြကိုလည္း ျဖတ္ေတာက္ ပစ္ခဲ့ပါတယ္။

Adam ဟာ (၂၀၁၇)ခုႏွစ္မွာ စတင္နာမည္ႀကီးလာခဲ့သူျဖစ္ၿပီး ပိုလန္မွာ႐ိုက္ကူးခဲ့တဲ့ ‘Second Face’အမည္ရ တီဗြီ Show ဟာ သူ႔ကို ကမာၻေက်ာ္ျဖစ္ေစခဲ့ပါတယ္။

သူက အဲဒီ Show မွာ သူဟာ ကင္ဆာေရာဂါကို ေပ်ာက္ကင္းေအာင္ ကုသႏိုင္ခဲ့ေပမယ့္ ကင္ဆာေပ်ာက္ၿပီးေနာက္ အစာေျခစနစ္နဲ႔ ဝမ္းဗိုက္ဆိုင္ရာ ေရာဂါေတြက သူ႔ရဲ႕ Albinism လို႔ေခၚတဲ့ ေမြးရာပါေရာဂါကို ပိုဆိုးေစလို႔ အခုလို ေဆးအနက္ေတြ ထိုးသြင္းခဲ့တာလို႔ ေျပာခဲ့ပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wavecele

# Unicode Version ျဖင့္ ဖတ္ပါ #

တက်တူးထိုးရတာကို လွန်လွန်ကျွံကျွံစွဲလန်းနေတဲ့ အသက်(၃၂)နှစ်အရွယ် Adam Curlykale အမည်ရ ရုရှနိုင်ငံသားတစ်ဦးကတော့ သူများထက်ကို ပိုတယ်လို့တောင် ပြောလို့ရပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်ရဲ့ (၉၀)%ဟာ တက်တူးတွေနဲ့ ဖုံးအုပ်ထားပြီး၊ သူရဲ့ လက်ရှိအလှတရားကို မွေးရာပါဖြစ်တဲ့ ငယ်ပါက ကြားဝင်နှောက်ယှက်မှာစိုးလို့ ဖြတ်တောက်ထားသည်အထိ ဖြစ်ခဲ့ပါတယ်။

Adam ဟာ ရုရှားနိုင်ငံ ကလင်နင်ဂတ်မှာ နေထိုင်သူဖြစ်ပြီး လွန်ခဲ့တဲ့ (၁၂)နှစ်က ကင်ဆာရောဂါကို ခံစားခဲ့ရပြီးနောက်ပိုင်း ဆေးမင်အနက်နဲ့ တစ်ကိုယ်လုံးကို တက်တူးတွေ ထိုးခဲ့ပါတယ်။

သူရဲ့မျက်လုံးအဆံအတွင်းမှာတောင် ဆေးမင်နက်တွေ ထိုးသွင်းခဲ့ပြီး မျက်ခုံးမွေးနှုတ်ခမ်းမွေးတွေကိုတော့ အရှိအတိုင်း ထားခဲ့ပါတယ်။

Adam ဟာ Albinism လို့ခေါ်တဲ့ မွေးရာပါ အသားရေ/အမွေးအမျှင် ဆွတ်ဆွတ်ဖြူတဲ့ မျိုးဗီဇရောဂါကို ခံစားခဲ့ရပြီး ဒီလို ဖြူဖွေးနေတဲ့အသားအရေက သူ့ကို စိတ်ဓာတ်ပိုကျစေလို့ အခုလို ဆေးမင်အနက် ထိုးသွင်းလိုက်တာက သူ့အတွက်တော့ အတော်လေးကို စိတ်သက်သာရာ ရစေတယ်လို့ ပြောပါတယ်။

ဒီလိုနဲ့ Adam ဟာ သူ့ကိုယ်သူ အတော်လေးကို ကြည့်ကောင်းပြီး လှပတယ်လို့ ယူဆခဲေ့ပမယ့် အလှဖျက်နေတဲ့အရာတစ်ခုကို သူ တွေ့သွားပြန်ပါတယ်။

အဲဒါကတော့ ငယ်ပါ,ပါဘဲ။ ငယ်ပါကြောင့် သူရဲ့ အလှတရားက မပြည့်စုံဘူးလို့ Adam က ယူဆပြီးနောက် ငွေကြေးအကုန်အကျခံကာ ငယ်ပါကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ နောက်ပြီး နို့သီး တွေကိုလည်း ဖြတ်တောက် ပစ်ခဲ့ပါတယ်။

Adam ဟာ (၂၀၁၇)ခုနှစ်မှာ စတင်နာမည်ကြီးလာခဲ့သူဖြစ်ပြီး ပိုလန်မှာရိုက်ကူးခဲ့တဲ့ ‘Second Face’အမည်ရ တီဗွီ Show ဟာ သူ့ကို ကမ္ဘာကျော်ဖြစ်စေခဲ့ပါတယ်။

သူက အဲဒီ Show မှာ သူဟာ ကင်ဆာရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပေမယ့် ကင်ဆာပျောက်ပြီးနောက် အစာခြေစနစ်နဲ့ ဝမ်းဗိုက်ဆိုင်ရာ ရောဂါတွေက သူ့ရဲ့ Albinism လို့ခေါ်တဲ့ မွေးရာပါရောဂါကို ပိုဆိုးစေလို့ အခုလို ဆေးအနက်တွေ ထိုးသွင်းခဲ့တာလို့ ပြောခဲ့ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: Wavecele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top