မေလးရွားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရရွိမည့္ အခြင့္အေရးႏွင့္ ကြာလာလမ္ပူၿမိဳ႕ရွိ Pavilion Damansara Heights ကြန္ဒိုအေရာင္းျပပြဲ
×


ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ သက္မြန္ျမင့္က ရာသီဥတု အေျပာင္းအလဲေၾကာင့္ ပရိသတ္ေတြကို က်န္းမာေရးဂ႐ုစိုက္ဖို႔ ေျပာထားတာပါ ။

သ႐ုပ္ေဆာင္ သက္မြန္ျမင့္က သူ႔ရဲ႕ ပရိသတ္ေတြကို က်န္းမာေရး ဂ႐ုစိုက္ဖို႔ ေျပာထားတာေလး ေတြ႕ရပါတယ္။ သူကိုယ္တိုင္ ေနသိပ္မေကာင္းေပမယ့္ ပရိသတ္ေတြကို က်န္းမာေရး ဂ႐ုစိုက္ဖို႔ သတိတရ ေျပာျပလာတာေလးက ခ်စ္ဖို႔ ေကာင္းလွပါတယ္။


“ေဆာင္းတြင္းမိုး ေအးစိမ့္လို႔အိပ္ယာထဲ လဲေနသူက က်န္းမာေရး ဂ႐ုစိုက္ၾကဖို႔ ေျပာပါရေစ မွတ္ခ်က္- အိပ္ေရးပ်က္ၿပီး ေခါင္းကိုက္လို႔ အိပ္ေနျခင္းသာ.. စိတ္ပူရန္မဟုတ္အပ်င္းေရာဂါေျပာလည္း ရပါတယ္” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္မွာ ဇန္နဝါရီ(၉) ရက္ေန႔က ေရးသားထားတာပါ။

သူမကိုယ္တိုင္ ေနသိပ္မေကာင္းေပမယ့္လည္း ပရိသတ္ေတြ စိတ္ပူမွာစိုးလို႔ စေနာက္ၿပီး ေျပာထားပါေသးတယ္။သက္မြန္ျမင့္ဟာ အႏုပညာအလုပ္ေတြလုပ္ရင္း သားနဲ႔သမီးကိုလည္း အနီးကပ္ ျပဳစုေစာင့္ေရွာက္ေပးေနတဲ့ မိခင္တစ္ဦးျဖစ္ပါတယ္။


သက္မြန္ျမင့္မွာေတာ့ ခ်စ္စရာေကာင္းတဲ့ သားေလး အားခ်စ္နဲ႔ သမီးငယ္ေလး လဝန္းေမ ဆိုတဲ့ သားသမီးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားသူပါ။ အခုဆိုရင္ သမီးငယ္ေလး လဝန္းေမက စကားေျပာတတ္ေနၿပီတဲ့။သမီးေလး စကားစေျပာတတ္တဲ့ အခ်ိန္တုန္း က အမွတ္တရေတြ၊ ေမေမ လို႔ေခၚၿပီး သူ႔ကိုလည္း စေနာက္တတ္ တဲ့ အက်င့္ေလးေတြကိုလည္း သက္မြန္ျမင့္က ေျပာျပဖူးပါတယ္။

'' ဒိုင္း ဆိုၿပီးေတာ့ ေသနတ္ပစ္တာေပါ့။ အစ္ကိုေတြနဲ႔ ေဆာ့ေနရင္ ေသနတ္ပစ္ဆိုေတာ့ ဒိုင္း အဲ့ဒါစစခ်င္းေျပာတာ။ ဒိုင္း လို႔ ေျပာၿပီးေတာ့ ေမေမ လို႔ စေခၚတယ္။ ေမေမလို႔ စေခၚကတည္းက ဒီေကာင္မေလးက နည္းနည္း မ်က္ႏွာေျပာင္တယ္။ သူမ်ားကို သိပ္စတတ္တယ္။ ေမေမ ေခၚတာေတာင္မွ ေမေမလို႔ ေခၚၿပီး ပုန္းသြားလိုက္ေပါ့ အဲ့ဒီလို အမွတ္တရေလးေတာ့ ရွိတယ္'' လို႔ ဆိုပါတယ္။       

သက္မြန္ျမင့္ဟာ လက္ရွိမွာ မိသားစုကို အခ်ိန္ေပးရင္း သူမခ်စ္တဲ့အႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိပါတယ္။အကယ္ဒမီ သက္မြန္ ကေတာ့၂၀၁၄ခုႏွစ္ ေဖေဖာ္ဝါရီ(၁၄) ရက္ေန႔က ခင္ပြန္းျဖစ္သူ ကိုစစ္ႏိုင္နဲ႔ လက္ထပ္ခဲ့ၿပီး အခုဆိုရင္ သားေလးအားခ်စ္နဲ႔ သမီးေလး လဝန္းေမတို႔နဲ႔အတူ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ပရိသတ်တွေရဲ့ အချစ်တော် သက်မွန်မြင့်က ရာသီဥတု အပြောင်းအလဲကြောင့် ပရိသတ်တွေကို ကျန်းမာရေးဂရုစိုက်ဖို့ ပြောထားတာပါ ။

သရုပ်ဆောင် သက်မွန်မြင့်က သူ့ရဲ့ ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ဖို့ ပြောထားတာလေး တွေ့ရပါတယ်။ သူကိုယ်တိုင် နေသိပ်မကောင်းပေမယ့် ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ဖို့ သတိတရ ပြောပြလာတာလေးက ချစ်ဖို့ ကောင်းလှပါတယ်။

“ဆောင်းတွင်းမိုး အေးစိမ့်လို့အိပ်ယာထဲ လဲနေသူက ကျန်းမာရေး ဂရုစိုက်ကြဖို့ ပြောပါရစေ မှတ်ချက်- အိပ်ရေးပျက်ပြီး ခေါင်းကိုက်လို့ အိပ်နေခြင်းသာ.. စိတ်ပူရန်မဟုတ်အပျင်းရောဂါပြောလည်း ရပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇန်နဝါရီ(၉) ရက်နေ့က ရေးသားထားတာပါ။

သူမကိုယ်တိုင် နေသိပ်မကောင်းပေမယ့်လည်း ပရိသတ်တွေ စိတ်ပူမှာစိုးလို့ စနောက်ပြီး ပြောထားပါသေးတယ်။သက်မွန်မြင့်ဟာ အနုပညာအလုပ်တွေလုပ်ရင်း သားနဲ့သမီးကိုလည်း အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။

သက်မွန်မြင့်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး အားချစ်နဲ့ သမီးငယ်လေး လဝန်းမေ ဆိုတဲ့ သားသမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားသူပါ။ အခုဆိုရင် သမီးငယ်လေး လဝန်းမေက စကားပြောတတ်နေပြီတဲ့။သမီးလေး စကားစပြောတတ်တဲ့ အချိန်တုန်း က အမှတ်တရတွေ၊ မေမေ လို့ခေါ်ပြီး သူ့ကိုလည်း စနောက်တတ် တဲ့ အကျင့်လေးတွေကိုလည်း သက်မွန်မြင့်က ပြောပြဖူးပါတယ်။

'' ဒိုင်း ဆိုပြီးတော့ သေနတ်ပစ်တာပေါ့။ အစ်ကိုတွေနဲ့ ဆော့နေရင် သေနတ်ပစ်ဆိုတော့ ဒိုင်း အဲ့ဒါစစချင်းပြောတာ။ ဒိုင်း လို့ ပြောပြီးတော့ မေမေ လို့ စခေါ်တယ်။ မေမေလို့ စခေါ်ကတည်းက ဒီကောင်မလေးက နည်းနည်း မျက်နှာပြောင်တယ်။ သူများကို သိပ်စတတ်တယ်။ မေမေ ခေါ်တာတောင်မှ မေမေလို့ ခေါ်ပြီး ပုန်းသွားလိုက်ပေါ့ အဲ့ဒီလို အမှတ်တရလေးတော့ ရှိတယ်'' လို့ ဆိုပါတယ်။         

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top