မလေးရှားနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိမည့် အခွင့်အရေးနှင့် ကွာလာလမ်ပူမြို့ရှိ Pavilion Damansara Heights ကွန်ဒိုအရောင်းပြပွဲ
×

ချစ်ပရိသတ်တွေအတွက် အများအကျိုးဆောင်လို့ အသိအမှတ်ပြုခံလိုက်ရတဲ့ ဝေဠုကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။





Credit:Thutasone

#Unicode Version#
ပရဟိတတွေကို ကိုယ်ကျိုးကိုမကြည့်ပဲ စွမ်းစွမ်းတမံ ပြုလုပ်လေ့ရှိတာကြောင့် ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတမင်းသားကြီးလို့တောင် ခေါ်ဝေါ်ရသူတစ်ဦးပါ။ လတ်တလောမှာလည်း မြန်မာနိုင်ငံအနှံ့က အကူအညီလိုအပ်နေတဲ့ နေရာတွေမှာ အကူအညီပေးနေတဲ့ မင်းသားကြီး ဝေဠုကျော်ကတော့ နာဂဒေသသို့ ခရီးစဉ်သွားရင်း မင်းမူမြို့နယ်လုးံဆိုင်ရာ ပရဟိတ ပေါင်းစုံ ကွန်ရက်ကြီးရဲ့ နှစ်ပတ်လည် ညီလာခံ အခမ်းအနားမှာ ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရတာပါ။ ဝေဠုကျော်ကတော့ အမြဲလိုလို ပရဟိတအလုပ်ကိုပဲ အာရုံစိုက်နေသူတစ်ဦးမို့ ဂုဏ်ထူးဆောင်ဆုတွေကို မကြာခဏ ရရှိလေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် အများအကျိုးဆောင်လို့ အသိအမှတ်ပြုခံလိုက်ရတဲ့ ဝေဠုကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နေ်ာ။

ဝေဠုကျော် ဖောင်ဒေးရှင်းကတော့ “10-1-2019 နာဂဒေသသို့ ခရီးစဉ်သွားရင်း မနေ့က မြင်းမူမြို့နယ်လုးံဆိုင်ရာ ပရဟိတ ပေါင်းစုံ ကွန်ရက်ကြီး၏ နှစ်ပတ်လည် ညီလာခံသို့ တက်ရောက်ပြီး ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်းကို ဂုဏ်ထူးဆောင် ဒုဥက္ကဌ (၁) အဖြစ် ဦးမောင်မောင်သန့် ဂုဏ်ထူးဆောင် ဒုဥက္ကဌ(၂)အဖြစ် မခိုင်နှင်းဝေ တို့နှင့်အတူ လက်ခံရယူခဲ့ပါသည်။ ဝေဠုကျော်ဖောင်ဒေးရှင်း ခေတ္တ-ဟုမ္မလင်း ” ဆိုပြီး ပီတိတွေများစွာနဲ့ ရေးသားထားတာ တွေ့ရပါတယ်။

ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်း ဝေဠုကျော်ရဲ့အကြောင်းကတော့ တကယ့်ကို ကြည်နူးစရာပါပဲနော်။

ဝေဠုကျော်နဲ့အတူ သရုပ်ဆောင် ခိုင်နှင်းဝေကလည်း ဂုဏ်ထူးဆောင် ဒုဥက္ကဌ(၂)အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဝေဠုကျော်ကတော့ လတ်တလောမှာ မြန်မာနိုင်ငံအတွင်းက အကူအညီလိုအပ်နေတဲ့ နေရာတွေကို နေပူမရှောင် မိုးရွာမရှောင် ကိုယ်တိုင်သွားရောက်ပြီး အကူအညီပေးနေတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း စိတ်ထားကောင်းလို့ အမြဲအသိအမှတ်ပြုခံရတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကို အားပေးတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top