စဥ္းေတာ့ စဥ္းစားစရာပါပဲ။ မိမိေမြးဖြားလာတဲ့ မိမိကိုျပဳစုေစာင့္ေ႐ွာက္ေပးခဲ့တဲ့ ပတ္ဝန္းက်င္မွာ အႏိုင္က်င့္ခံရတာ အႏိုင္ယူခံရတာေတြ ၾကံဳရတယ္ဆိုတာ ဘယ္လိုေတြကိုေခၚတာလဲ။ ခင္ပြန္းနဲ႔ ဇနီးၾကား/သားသမီးနဲ႔မိဘၾကား/ညီအကိုေမာင္ႏွမေတြအၾကား ဘယ္လိုေတြ ျဖစ္ေပၚခံစားေနရတတ္သလဲ?

>>    စကားအားျဖင့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္နစ္နာေစျခင္း

          ေအာ္ဟစ္ေျပာဆိုျခင္း တျခားလူေတြေ႐ွ႕ (သို႔မဟုတ္) မိသားစုဝင္အခ်င္းခ်င္းၾကား ႏွိမ္ခ်ဆက္ဆံျခင္း

          မိသားစုဝင္ကို စိတ္မသက္မသာျဖစ္ေအာင္ စိတ္အားငယ္ေအာင္ ေျပာဆိုဖိႏွိပ္ျခင္း

>>    ကိုယ္အားျဖင့္ ထိခိုက္နစ္နာေစျခင္း

1.       လက္သီးျဖင့္ ထိုးျခင္း

2.       ႐ိုက္ႏွက္ျခင္း

3.       ကိုက္ျခင္း

4.       တြန္းထိုးျခင္း

>>    လိင္ပိုင္းဆိုင္ရာေစာ္ကားျခင္း

          ကိုယ္ကို မထိတထိ ေစာ္ကားထိခိုက္ျခင္းေတြ ပါဝင္ပါတယ္။

        ေနာက္ၿပီး မယံုသကၤာနဲ႔ ေထာက္လွမ္းျခင္း သူတို႔ေပါင္းသင္းဆက္ဆံေနတဲ့ အသိုင္းအဝိုင္းကို သူငယ္ခ်င္းေတြကို လိုက္လံစံုစမ္းျခင္း၊ တယ္လီဖုန္း စစ္ေဆးျခင္း၊ တစ္ခ်ိန္လံုး ဖုန္းဆက္ၿပီး စစ္ေဆးေမးျမန္းတာေတြ သူတို္႔နဲ႔ ဆက္စပ္ေနတဲ့သူေတြကို ၿခိမ္းေျခာက္အႏိုင္က်င့္ျခင္း၊ ေငြ မကိုင္ခိုင္းတာ၊ ဖုန္းေျပာတာ၊ စကားေျပာတာ ပိတ္ပင္တာ၊ မိမိကိုးကြယ္ ယံုၾကည္တဲ့ဘာသာတရားကို မယံုၾကည္ဖို႔ တြန္းအားေပးတာ၊ အသံုးအေဆာင္ေတြကို ဖ်က္ဆီးေႏွာင့္ယွက္တာ၊ တစ္စံုတစ္ေယာက္ကို စိတ္ပိုင္းဆိုင္ရာ ထိခိုက္ေစလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ သူတို႔ျမတ္ႏိုးတဲ့ တိရစာၦန္ေတြကို ႏွိပ္စက္တာ ျဖစ္ေနတတ္ပါတယ္။

          မိသားစုတြင္း ႏွိပ္စက္ညႇင္းပန္းမႈ ခံစားရတဲ့ လကၡဏာေတြကေတာ့ -

●        ခႏၶာကိုယ္ေပၚမွာ ကုတ္ရာျခစ္ရာေတြ

●        မိမိရဲ႕ခင္ပြန္း၊ တျခားမိသားစုဝင္တစ္ေယာက္ကို အေၾကာင္းမဲ့ ေၾကာက္ေနတာ

●        ထိန္းခ်ဳပ္လြန္တဲ့အေၾကာင္း ေျပာျပတာ

●        ယခင္လို လူထဲ သိပ္မထြက္ေတာ့တာ

●        ေျပာင္းလဲလာတာ

●        စိတ္မတည္မၿငိမ္ျဖစ္တာ

●        မၾကာခဏ စိတ္ဓာတ္က်ေနတာေတြ ေတြ႕႐ွိရတာ။

          ဒီလိုလကၡဏာေတြ႐ွိေနတဲ့သူ တစ္ေယာက္ကို ဆရာဝန္၊ ဆရာမတစ္ေယာက္ဆီ အသိအကြၽမ္း၊ လူႀကီးသူမ တစ္ေယာက္ေယာက္ဆီ ေခၚသြားၿပီး ရင္ဖြင့္ေျပာျပပါေစ။ မိသားစုတြင္းမွာ အမွန္တကယ္ အဆင္မေျပမႈေတြ ႐ွိေနတဲ့ အျမဲစိတ္မခ်မ္းမသာ ျဖစ္ေနရတဲ့ လူတစ္ေယာက္ကို မိမိပတ္ဝန္းက်င္မွာ ေတြ႕ႀကံဳတဲ့အခါ ဘယ္လိုမ်ိဳး သိ႐ွိႏိုင္တယ္၊ ကူညီေဖးမၾကဖို႔ သတိေပး အသိမွ်ေဝလိုက္ပါတယ္ေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

#Unicode Version#
စဉ်းတော့ စဉ်းစားစရာပါပဲ။ မိမိမွေးဖွားလာတဲ့ မိမိကိုပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ပတ်ဝန်းကျင်မှာ အနိုင်ကျင့်ခံရတာ အနိုင်ယူခံရတာတွေ ကြုံရတယ်ဆိုတာ ဘယ်လိုတွေကိုခေါ်တာလဲ။ ခင်ပွန်းနဲ့ ဇနီးကြား/သားသမီးနဲ့မိဘကြား/ညီအကိုမောင်နှမတွေအကြား ဘယ်လိုတွေ ဖြစ်ပေါ်ခံစားနေရတတ်သလဲ?

>>    စကားအားဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေခြင်း

          အော်ဟစ်ပြောဆိုခြင်း တခြားလူတွေရှေ့ (သို့မဟုတ်) မိသားစုဝင်အချင်းချင်းကြား နှိမ်ချဆက်ဆံခြင်း

          မိသားစုဝင်ကို စိတ်မသက်မသာဖြစ်အောင် စိတ်အားငယ်အောင် ပြောဆိုဖိနှိပ်ခြင်း

>>    ကိုယ်အားဖြင့် ထိခိုက်နစ်နာစေခြင်း

1.       လက်သီးဖြင့် ထိုးခြင်း

2.       ရိုက်နှက်ခြင်း

3.       ကိုက်ခြင်း

4.       တွန်းထိုးခြင်း

>>    လိင်ပိုင်းဆိုင်ရာစော်ကားခြင်း

          ကိုယ်ကို မထိတထိ စော်ကားထိခိုက်ခြင်းတွေ ပါဝင်ပါတယ်။

        နောက်ပြီး မယုံသင်္ကာနဲ့ ထောက်လှမ်းခြင်း သူတို့ပေါင်းသင်းဆက်ဆံနေတဲ့ အသိုင်းအဝိုင်းကို သူငယ်ချင်းတွေကို လိုက်လံစုံစမ်းခြင်း၊ တယ်လီဖုန်း စစ်ဆေးခြင်း၊ တစ်ချိန်လုံး ဖုန်းဆက်ပြီး စစ်ဆေးမေးမြန်းတာတွေ သူတို့်နဲ့ ဆက်စပ်နေတဲ့သူတွေကို ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ငွေ မကိုင်ခိုင်းတာ၊ ဖုန်းပြောတာ၊ စကားပြောတာ ပိတ်ပင်တာ၊ မိမိကိုးကွယ် ယုံကြည်တဲ့ဘာသာတရားကို မယုံကြည်ဖို့ တွန်းအားပေးတာ၊ အသုံးအဆောင်တွေကို ဖျက်ဆီးနှောင့်ယှက်တာ၊ တစ်စုံတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့မြတ်နိုးတဲ့ တိရစ္ဆာန်တွေကို နှိပ်စက်တာ ဖြစ်နေတတ်ပါတယ်။

          မိသားစုတွင်း နှိပ်စက်ညှင်းပန်းမှု ခံစားရတဲ့ လက္ခဏာတွေကတော့ -

●        ခန္ဓာကိုယ်ပေါ်မှာ ကုတ်ရာခြစ်ရာတွေ

●        မိမိရဲ့ခင်ပွန်း၊ တခြားမိသားစုဝင်တစ်ယောက်ကို အကြောင်းမဲ့ ကြောက်နေတာ

●        ထိန်းချုပ်လွန်တဲ့အကြောင်း ပြောပြတာ

●        ယခင်လို လူထဲ သိပ်မထွက်တော့တာ

●        ပြောင်းလဲလာတာ

●        စိတ်မတည်မငြိမ်ဖြစ်တာ

●        မကြာခဏ စိတ်ဓာတ်ကျနေတာတွေ တွေ့ရှိရတာ။

          ဒီလိုလက္ခဏာတွေရှိနေတဲ့သူ တစ်ယောက်ကို ဆရာဝန်၊ ဆရာမတစ်ယောက်ဆီ အသိအကျွမ်း၊ လူကြီးသူမ တစ်ယောက်ယောက်ဆီ ခေါ်သွားပြီး ရင်ဖွင့်ပြောပြပါစေ။ မိသားစုတွင်းမှာ အမှန်တကယ် အဆင်မပြေမှုတွေ ရှိနေတဲ့ အမြဲစိတ်မချမ်းမသာ ဖြစ်နေရတဲ့ လူတစ်ယောက်ကို မိမိပတ်ဝန်းကျင်မှာ တွေ့ကြုံတဲ့အခါ ဘယ်လိုမျိုး သိရှိနိုင်တယ်၊ ကူညီဖေးမကြဖို့ သတိပေး အသိမျှဝေလိုက်ပါတယ်နော်။

ဖိုးသူတော်(www.phothutaw.com)
Credit:ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top